Mechanic Auto Parts
မဂ်လာပါခင်ဗျာ🙏
27/05/2026
**** သစ်ရွက်လေးတွေ အကြောင်း ဗဟုသုတ****
Mazda Demio = Mazda 2
မြန်မာပြည်ရဲ့ လူကြိုက်များလှတဲ့ ကားအမျိုးအစားတွေထဲမှာ Mazda ရဲ့ Demio လေးကတော့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ရုပ်ထွက်က ကျလောက်စရာ ရှိပါတယ်။ Mazda ဆိုတာကလည်း နည်းပညာ မှာ ရှေ့တန်းက ပြေးနေတဲ့ ကုမ္ပဏီဖြစ်နေတော့ သူ့ရဲ့ မျိုးဆက်သစ် ကားတွေကို တည်ဆောက်တဲ့ နေရာမှာ သူမတူအောင် ခွဲထုတ်နိုင်စွမ်း ရှိလို့နေပါသေးတယ်။ လက်ရှိအချိန်မှာတော့ မျိုးဆက် ၄ ဆက်ထိ ထုတ်လုပ်ပြီးနေပါပြီ။
First Generation DW (1996-2002)
ဒီမျိုးဆက်ကတော့ Mazda ရဲ့ 121 ရုပ်ထွက်နဲ့ နာမည်ပြောင်းပွဲထုတ်လာခဲ့တဲ့ ပထမဆုံး Mazda 2 ခေါ် Demio ဖြစ်ပါတယ်။ Demio လို့ ဂျပန်မှာ ခေါ်ပေမယ့် International မှာတော့ Mazda 2 လို့ တံဆိပ်တပ်သလို Europe market မှာတော့ 121 လို့သာခေါ်ခဲ့ပါတယ်။ 1.3L B3 နဲ့ 1.5L B5 အင်ဂျင် နှစ်မျိုး တပ်ဆင်ပေးခဲ့တဲ့ ဒီ မျိုးဆက်မှာ ခေတ်အခါအရ လူကြိုက်များခဲ့တဲ့ hatchback အမျိုးအစား ကားလေးဟာဆိုရင် ဂျပန်မှာ လူကြိုက်များခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ 2001 မော်ဒယ်မှာ ရှေ့ဘန်ဘာ အနည်းငယ် အပြောင်းအလဲရှိတာကလွဲလို့ တောက်လျောက် ဒီပုံစံနဲ့ ထုတ်ခဲ့တာပါ။
Second Generation DY (2002-2007)
ဒီမျိုးဆက်ကတော့ မြန်မာပြည်မှာ အတွေ့ရနည်းတဲ့ အမျိုးအစားဖြစ်ပြီးတော့ ဂျပန်မှာတော့ စထုတ်ထုတ်ချင်းနှစ်မှာ အရောင်းရဆုံး နံပါတ် ၇ ချိတ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဂျပန်မျိုးဆက်နဲ့ international ကို ခွဲထုတ်ခဲ့ပါတယ်။ အဓိက ကတော့ Europe ရဲ့ Emissions control rule ကို တင်းကျပ်ခဲ့တဲ့အတွက် ကားတွေရဲ့ အင်ဂျင်ပါဝါကို သင့်သလို လျော့ပစ်ခဲ့ရတကြောင့်ပါ။
ဂျပန် Demio မှာတော့ 1.3L ZJ-VE i4 နဲ့ 1.5L ZY-VE I4 နှစ်မျိုး တပ်ဆင်ရရှိနိုင်ပြီး, Mazda 2 မှာတော့ 1.4L MZI C4 နဲ့ 1.6L MZI C6 တွေအပြင် ဒီဇယ် ဗားရှင်းအဖြစ် 1.4L MZ-CTDi ကိုလည်း ထုတ်ပေးထားပါသေးတယ်။ ဂီယာအနေနဲ့တော့ အော်တို ၄ ချက် ဒါမှမဟုတ် မန်နူရယ် ၅ ချက် နဲ့ တွဲလာပြီး 4WD ကတော့ optional အနေနဲ့သာရွေးချယ် တပ်ဆင်နိုင်ပါတယ်။
ဂရိတ်အနေနဲ့ Cozy , Sport နဲ့ Causal ဆိုပြီး သုံး မျိုး ခွဲလာပါတယ်။
Third Generation DE(2007-2014)
ဒီတတိယ မျိုးကတော့ လက်ရှိ မြန်မာပြည်မှာ လူကြိုက်များပြီး အသုံးများလို့ ပိုပိုသာသာလေး ဖေါက်သည်ချချင်ပါတယ်။ ဒီဇိုင်းပိုင်း အများကြီး ပြောင်းလဲလိုက်တဲ့ Demio ဟာဆိုရင် 2007 Geneva Motor Show မှာ ပွဲထုတ်ပြသခဲ့ပြီး သိပ်မကြာခင် မှာ Mazda 2 အမည်နဲ့ ရောင်းချခဲ့ပါတယ်။ အရင်ဆုံး ဖြန့်ချိခဲ့တဲ့ စျေးကွက်ကတော့ ဂျပန်စျေးကွက်ဖြစ်ပြီး Demio အမည်နဲ့ပဲ ပွဲထုတ်ခဲ့တာဟာ 2007 July ကတည်းကဖြစ်ပါတယ်။ အင်ဂျင်အနေနဲ့ကတော့ ယခင် မျိုးဆက်က အင်ဂျင်အမျိုးအစားတွေသာ တပ်ဆင်ပေးပေမယ့် ပါဝါပိုမိုကောင်းမွန်လာပါတယ်။ ဂျပန် မှာတော့ အဓိက Hiroshima နဲ့ Hofu တို့မှာ ရှိတဲ့ စက်ရုံတွေကနေ ထုတ်လုပ်ပြီး , ထိုင်းနိုင်ငံမှာတော့ AutoAlliance စက်ရုံ, တရုတ်မှာတော့ Changan နဲ့ ဗီယက်နမ်မှာတော့ Vina Mazda တို့ကနေ အသီးသီးထုတ်ကြပါတယ်။ ဘယ်မောင်းအများစုကိုတော့ တရုတ်နဲ့ ဗီယာက်နမ်တို့က ထုတ်ပေးပြီး ဒီဇယ် မော်ဒယ် အများစုကိုတော့ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ကြပါတယ်။ 2011 မော်ဒယ်မှာတော့ ရှေ့ရှဲလ် အနည်းငယ် အပြောင်းအလဲရှိပါတယ်။ မူလ ရှေ့ရှဲလ် မှာ Mazda logo လေးသာ ပါပေမယ့် 2011 မော်ဒယ်မှာတော့ ရှဲလ် အလယ်မှာ အရှည်လိုက် လိုင်းလေး တစ်ခု ပါလာပါတယ်။ 3 door coupe , 5 door hatch back နဲ့ 4 door sedan ဆိုပြီး ခွဲထုတ်ပေမယ့် ဆီဒင် မော်ဒယ်ကိုတော့ ဂျပန်မှာ ရောင်းချခြင်းမရှိပါဘူး။ ဂရိတ်ခွဲအနေနဲ့ ၆ မျိုးလောက်သာ ရှိပြီး CVT စနစ်လည်း တပ်ဆင်ပေးထားပါတယ်။
13F, 13C ဆိုတဲ့ ဂရိတ်မှာတော့ ရိုးရိုး ဂရိတ်အဖြစ်သာ တပ်ဆင်ပေးပါတယ်။
13C-V grade ကတော့ CVT တပ်ဆင်ပေးတဲ့ အမျိုးအစားဖြစ်ပြီး ဆီစားပိုသက်သာစေပါတယ်။
13S ကတော့ 1.3L အင်ဂျင်တပ် sport version ဖြစ်ပြီးတော့ e-4WD ကတော့ optional ပါ။
15C ဂရိတ်ကတော့ 1.5L အင်ဂျင်နဲ့ ဖြစ်သွားမယ်, Manual ဂီယာ ၅ ချက်နဲ့ လာသလို CVT နဲ့လည်းလာပါတယ်။
SPORT grade ကတော့ အမြင့်ဆုံး ဖြစ်သွားပါပြီ, digital aircon, ဘက်မှန်မီး, ရှေ့နောက် မှန် heater, 17 inch alloy, CVT ဂီယာ ၇ ချက်, paddle shifter အပြင် ရွေ့ရှဲလ် မတူပါဘူး။ သူကတော့ 1.5L အင်ဂျင်နဲ့သာရှိပါတယ်။ မန်နူရယ် ဂီယာနဲ့ ရှိပေမယ့် အရမ်းရှားပါတယ်။
Chassis အနေနဲ့ကတော့ မှတ်ရလွယ်ကူပါတယ်။
1.3L 2WD. ဆိုရင် DBA-DE3FS
1.3L 4WD ဆိုရင် DBA-DE3AS
1.5L 2WD ဆိုရင် DBA-DE5FS
2012 ရဲ့အထက် SkyActiv ကားတွေမှာတော့ DBA-DEJFS ဆိုပြီး ထွက်ပါတယ်။
Fourth Generation DJ (2014-Present)
ဒီနောက်ဆုံး မျိုးဆက်မှာတော့ တတိယ မျိူးဆက်နဲ့ အဓိက ကွဲပြားသွားတာက ရှေ့ရုပ်ထွက်ဖြစ်ပြီး ကြွားထွက်လာပါတယ်။ SkyActiv လို့ခေါ်တဲ့ 2011 နောက်ပိုင်း မှာ လူကြိုက်များခဲ့တဲ့ အင်ဂျင်အမျိုးအစားသာ သုံးစွဲထားပြီး ဒီဇယ်ဗားရှင်းလည်း ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ Transmission အနေနဲ့ကတော့ ထူးထူး ခြားခြား 6 speed Auto နဲ့ 6 speed manual ဆိုပြီး ၂ မျိုး ရွေးချယ်စရာ ရှိနေပါတယ်။ လက်ရှိ အနေအထား အရ မြန်မာပြည်ရဲ့ အနာဂတ် လမ်းပေါ်မှာ အတွေ့ရများလာနိုင်တဲ့ မော်ဒယ်မို့လို့ ဂရိတ်လေးတွေအကြောင်းရှင်းပြချင်ပါတယ်။
1.3L P3-VPS I4 (SkyActiv) အင်ဂျင်တပ် ထဲမှာတော့ 13C,13S နဲ့ 13S L ဆိုပြီး ရှိပါတယ် ( 13S L ကအမြင့်ဆုံးဂရိတ်)။
1.5L P5-VPS I4 (SkyActiv) အင်ဂျင်တပ် ထဲမှာတော့ 15C ဆိုတဲ့ ဂရိတ် တစ်မျိုးသာ ထုတ်ပေးပြီး ရှားပါးအမျိုးအစားပါ။
ဒီဇယ် အင်ဂျင်အမျိုးအစား ကတော့ 1.5L S5-DPTS I4 အမျိုးအစားသာ ရှိပြီး Grade အနေနဲ့ကတော့ XD, XD Touring နဲ့ XD Touring L ဆိုပြီး ၃ မျိုး ထွက်ပါတယ်။
Chassis အနေနဲ့ကတော့ ဓါတ်ဆီ မော်ဒယ် တွေမှာ
1.3L 2WD ဆိုရင် DBA-DJ3FS
1.3L 4WD ဆိုရင် DBA-DJ3AS
1.5L 2WD ဆိုရင် DBA-DJ5FS
ဒီဇယ် အင်ဂျင်တပ်မှာတော့
1.5L 2WD ဆိုရင် LDA-DJ5FS
1.5L 4WD ဆိုရင် LDA-DJ5AS ဆိုပြီးကွဲပြားပါတယ်။
အခုလောက်ဆိုရင်တော့ လမ်းပေါ်မှာအများကြီးတွေ့ရလေ့ရှိတဲ့ Mazda Demio အကြောင်း အနည်းငယ် သိရှိပြီလို့ ယူဆပါရစေ။
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
23/05/2026
ယနေ့စက်သုံးဆီစျေးနှုန်း (၂၃-၅-၂၀၂၆)
Crd 🙏DLifeClub
21/05/2026
TOYOTA WISH အကြောင်း
မြန်မာပြည်မှာတော့ လူကြိုက်များတဲ့ ကားလေးပါပဲ။MPV အမျိုးအစား ကိုယ်လုံးကိုယ်ထည် မကြီးပေမဲ့ အတွင်းလူဝင်ဆံ့ပုံက အံ့မခန်းပါပဲ။
၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်မှာ အရောင်းရဆုံး နံပါတ် ၁ ကနေ ၅ အတွင်းမှာ အချိန်အကြာဆုံး ရှိခဲ့ပါတယ်။ယခုဆိုရင် second generation တောင်ရောက်ရှိလာပါပြီ။First generation ကတော့ 2003 to 2008 ဖြစ်ပြီး Second generation ကတော့ 2009 to present ဖြစ်ပါတယ်။ Wish အကြောင်းကတော့ လူတော်တော်များများလည်း သိပြီးသားဆိုတော့ ဒီမှာ grade နဲ့ အင်ဂျင်အကြောင်းကို ပိုအသားပေးပြီး ပြောပေးပါ့မယ်။
First Generation
သူက မြန်မာပြည်မှာ တော်တော်များများတွေ့နေရပါပြီ။ အင်ဂျင်မှာတော့ ၁.၈လီတာကို 1ZZ-FE နဲ့ထုတ်လုပ်ပြီး ၂.ဝလီတာကိုတော့ 1AZ. FSE နဲ့ထုတ်လုပ်ကာ ဂီယာလေးချက် အော်တိုဂီယာစနစ် ဂီယာခုနစ်ချက် Super CVT-i စနစ်များနဲ့ ထုတ်လုပ်ပါတယ်။ ဘီးနှစ်ဖက်အကျယ် 2750mm (108.3 inch) အရှည် 4560mm(179.5 inch) အ ကျယ်1695mm(66.7inch) အမြင့် 1590mm (62.6 inch) အသီးသီးရှိပါတယ်။ ဦးဆောင်ထုတ်လုပ်ခဲ့တဲ့အင်ဂျင်နီယာကတော့ Mr.Takesh Yoshidea ဖြစ်ပြီွးှWish ရဲ့ပထမ Generation ကို Tokyo Motor Show မှာ 2002 October မှာစတင်မိတ်ဆက်ခဲ့ပြီး ဂျပန်ဈေးကွက်မှာတော့ ၂ဝဝ၃ ခုနှစ် January မှာစတင်ရောင်းချပေးခဲ့ပါတယ်။ ရှေ့ဘီးယက် 2wheels drive ကိုတော့ Codename ZNE 10G နဲ့ ထုတ်လုပ်ပြီး 4 wheels drive ကို ZNE 14G နဲ့ ထုတ်လုပ်ထားပါတယ်။
Grade တွေကတော့…
၁.၈ လီတာ အင်ဂျင်တပ်ထား ရင် ၄ မျိုးလောက် တွေ့ရပါတယ်။ X / XE package / XS package / X areo sport ဆို ပြီးတော့ပါ။ဘောင်နံပါတ်ကတော့ ZNE10 နဲ့ စပါလိမ့်မယ်။နောက်တစ်ခုက 2WD နဲ့ 4WD ပါ။ ရှေ့ယက်စနစ်မှာ ဘာမှ မပြောပေမဲ့ လေးဘီးလုံးမောင်းရင်တော့ 4WD ဆိုတာလေး ပါပါတယ်။ ဘောင်နံပါတ်က ZNE14 ဖြစ်ပါလိမ့်မယ်။ မြန်မာတွေအကြိုက်ကတော့ 2WD ပါ။ ဆီစားနှုန်းသက်သာလို့ပါ။၂.၀ လီတာ မှာတော့ နှစ်မျိုး အဓိက တွေ့ရပါတယ်။ G grade နဲ့ Z grade ပါ။ Z က ပိုမြင့်ပါတယ်။ ဘောင်နံပါတ်ကတော့ ANE10 / ANE11 စသဖြင့် ရှိပါတယ်။ NEO edition ဆိုတဲ့ တစ်မျိုးလည်း တွေ့ဖူးပါတယ်။ G နဲ့ X မော်ဒယ်တွေမှာပါ။
2003 model အင်ဂျင် 1.8L/ZZFE အင်ဂျင်မှာ မြင်းကောင်ရေ 170mm (125lb/ft) four-wheel speed automatic ဖြစ်ပြီး 2.0L မှာတော့ ခြောက်ယောက်စီးအတွက် Codename ANE 11W နဲ့ ခုနစ်ယောက်စီးအတွက် ANE 10G version မျိုးကွဲနှစ်မျိုးကွဲပါသေးတယ်။ 2.0L မှာတော့ IAZ FSE Direct injection ဖြစ်ပြီး မြင်းကောင်ရေ ၁၅၅ကောင် (114 kw)ရုန်းအား 192Nm(142lb/ft) ရှိပါတယ်။ မျိုးကွဲအနေနဲ့ 2.0 D4 အင်ဂျင်များကို CVT ဂီယာဘောက်များနဲ့ တွဲဖက်ထုတ်လုပ်ပါသေးတယ်။ Wish ဟာဈေးကွက်အတွင်း အချိန်တိုကာလမှာပဲ Top 5 စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ပြိုင်ဘက်များကတော့ Honda Stream, Mazda Premacy နဲ့ Mazada 5 တို့ဖြင့်ပြီး Thailand market မှာတော့ ၂ဝဝ၃နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ထိုင်းဈေးကွက်ထုတ် Wish မှာတော့ အင်ဂျင် 1AZ FE, wheel 17inch size, No privacy glass, Leather upholstery standard, 2 WD wheel drive, စတာတွေနဲ့ကန့်သတ်ထုတ်လုပ်ပြီး ၂ဝဝ၄ ခုနှစ် နိုဝင်ဘာမှာထုတ်လုပ်ခဲ့ တဲ့Taiwan Market မှာတော့ D4 Technology အင်ဂျင်အဆင့်မြှင့်ထားတဲ့LED နောက်မီး၊ Body color, packing censor စနစ် dual moonroof, leather seat တွေနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်
၂ဝဝ၅ခုနှစ်မှာတော့ Wish ရဲ့အောင်မြင်မှုအရှိန်ဟာ ဈေးကွက်မှာပိုမိုမြင့်မားလာတာကြောင့် အနည်းငယ်အ ဆင့်မြှင့်တင်ထားတဲ့ Wish ကိုထုတ်လုပ်ခဲ့ပါတယ်။ Headlight Bumpass LED taillight နဲ့ Dashboard တွေကို အဆင့်မြှင့်တင်ခဲ့တာကြောင့် ဆီသုံးစွဲမှုကိုထိထိရောက်ရောက်လျှော့ချနိုင်ခဲ့ပါတယ်။ 2005 model မှာ Wish ရဲ့ ‘W’ သင်္ကေတအစုံကို အနည်းငယ်ပြောင်းလဲခဲ့ပြီး Electronic throttle control စနစ်ကိုလည်း ပြောင်း လဲတပ်ဆင်ပေးခဲ့ပါတယ်။2007 mode မှာ တော့ G-Book ခေါ်တဲ့Telematics service ကိုဂျပန်မှာတပ်ဆင် ရောင်းချတဲ့ကားတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။2008 Wish model မှာတော့ စင်ကာပူဈေးကွက်မှာ အများအပြားတင်သွင်းခဲ့ပြီးကားရဲ့ Bodykit ငါးမျိုး နောက် LED break မီး၊ နောက်ကင်မရာ၊ ဘက်မှန်အချက်ပြမီး Flluminated Scuff plate, window muffler cutter စတဲ့ အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။
2015 Wish model
Wish ဒုတိယမျိုးဆက်(၂ဝဝ၉)ရဲ့ 2015 model မှာတော့ အတွင်းအပြင်ပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့အဆင့် မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး ခရီးသည်ရှစ်ဦးအထိ တင်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။ ပိုမိုသက်သောင့်သက်သာ ဖြစ်စေမယ့်ထိုင်ခုံတွေ၊ ဝန်စည်စလယ်တွေတင်နိုင်မယ့်ကျယ်ဝန်းတဲ့ Luggage space ၊ အဆင့်မြင့်လေအေးပေးစနစ် နဲ့သတင်းအချက်အလက်ပေးစနစ်များ၊ ဖျော်ဖြေရေးစနစ်နဲ့ DVD sound စနစ်တွေအဆင့်မြှင့်တင်ပေးခဲ့ပါတယ်။
Dynamic stability control, Airbag ရှစ်လုံးဆီစားနှုန်းဓာတ်ဆီတစ်လီတာ ၁၆ကီလိုမီတာဖြစ်ပြီး 1800 CC ကို (Chassis ZGE 20G ၊ 2000 CCကို ZGE 22W 4WD) တွေကိုတော့ ZGE25 W နဲ့ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်မှာလူကြိုက်များတဲ့ Grade တွေကတော့ ZGE 20 CX, S ဂရိတ် ZGE 22, Z Grade) များပဲဖြစ်ပါ တယ်။ ZGE 20 မှာတော့ ဂရိတ်ခွဲ X, A, S ဆိုပြီးခွဲပါသေးတယ်။ X ဂရိတ်ကတော့ ရှေ့ Shell မှာနီကယ်မဖြစ် Bumper Spoiler မပါတာ Fog Light မီးမပါတာ Push start မဖြစ်တာတွေရှိပါတယ်။ S Grade မှာတော့ရှေ့ Shell နီကယ်၊ Bumper Spoilers, Fog Light မီးပါပြီး Xenon headlight, Gear Daddle Shift 16” အလွိုင်း Push Start ဖြစ်ပါပြီ။ အမြင့်ဆုံးဂရိတ် Z မှာတော့ အင်ဂျင်ပါဝါ 2.0 L ZGE 22 နဲ့ထုတ်လုပ်ပြီး Overfender, 17” Original allay, Fog Light, Xenon Headlight, Push start, Cruise Control, Steptronic ဂီယာခုနစ် ချက်အပြင် Sport/Eco mode ခရီးသည်ခြောက်ဦးစီလျှောက်လမ်းပါပါတယ်။
သူကတော့ ၁.၈ လီတာ အင်ဂျင်တပ်ရင် grade 2 မျိုးလာပါတယ်။ S and X Grade တွေပါ။ ၂.၀ လီတာဆိုရင် နှစ်မျိုးလာပါတယ။ G and Z Grade ပါ။ ဘောင်နံပါတ်တွေက S and X – ZGE20 / ZGE25 (4WD)၊ G – ZGE21 ၊ Z – ZGE22 တို့ဖြစ်ကြပါတယ်။ များသောအားဖြင့် ၁.၈ လီတာတွေမှာ ဂီယာ ၄ ချက် အော်တို Transmission ဖြစ်ပြီးတော့ ၂.၀ လီတာ အင်ဂျင်တွေမှာ CVT ဆိုတာကို သုံးပါတယ်။First generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 1ZZ-FE , I4 , DOHC 16 Valve , 2.0 L 1AZ-FSE , I4 , VVT-i 16 valve တို့ဖြစ်ကြပါတယ်။
Second generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 2ZR-FAE , I4 Dual VVT-i , 2.0 L 3ZR-FAE , I4 Valve Matic တို့တပ်ဆင်ထားပါတယ်။ Engine ရဲ့ စွမ်းအားတွေ ကွာသွားပါတယ်။ ဆီစားနှုန်းတွေလဲ ကွာသွားပါတယ်။ နောက်ပြီး ဂျပန်တွေ ကိုယ်တိုင် 4WD ကို မကြိုက်တာတွေ့ရပါတယ်။ ၂၀၀၅ လောက်ကစပြီး 4WD မော်ဒယ် အတွေ့ရနည်းသွားပါတယ်။
🚘 Toyota Wish အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ်450 ခေမာသီလမ်းမကြီးပေါ် ညရပ်ကွက် မဥကလာ
Yangon