The Content Code
Boost typically means to raise or increase something in a positive way.Promote, on the other hand, ge
Hello Everyone! NEO Boost And Promote Service မှကြိုဆိုလိုက်ပါတယ်ဗျာ....👋🙋🏻♂️
ကျွန်တော်ဒီရက်ပိုင်းတွေမှာ နေမကောင်းဖြစ်နေလို့Post အသစ်ထပ်မတင်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်...☹️😢
ဟိုနေ့ကကျွန်တော် Facebook Policyအကြောင်းပြောပြရင်း နဲ့ ဘယ်လိုအရာမျိုး တွေကြောင့် Policyနဲ့ငြိတတ်တာကို တင်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ် ဒါဆို ဆက်လိုက်ရအောင်....!!!
Part -1
1. ပုံများပေါ်တွင်စာသားပါ၀င်မှု ကန့်သတ်ချက်
ဒီစည်းကမ်းချက်ကတော့ advertising ၀န်ဆောင်မှုပေးတဲ့သူတော်တော်များများခေါင်းကိုက်ရတဲ့ အချက်ပါ။ ပုံပေါ်မှာ စာသား 20% ထက်ကျော်ပြီးပါလို့မရတဲ့ စည်းကမ်းဖြစ်ပါတယ်။ ဒါ့အပြင် အခုအခါမှာ Texture တွေလိုမျိုးရှုပ်နေတဲ့ပုံမျိုးဆိုပြန်စစ်ဆေးပါတယ်။ အထူးသဖြင့် အခုမြန်မာဝတ်စုံတစ်ချို့ကြော်ငြာတဲ့အခါမှာတွေ့ရတတ်ပါတယ်။
2. တားမြစ် ပစ္စည်းများ (Prohibited contents)
(1) မူးယစ်ဆေးများ
(2) ဆေးရွက်ကြီး၊ဆေးလိပ်နှင့်ဆက်စပ်ပစ္စည်းများ
(3) အန္တရာယ်ရှိသည်ဟုသတ်မှတ်ထားသော ဖြည့်စွက်အစာများ၊ဆေးများ
(ဆေးဝါးပစ္စည်းရောင်းချသော ကြော်ငြာများအတွက် မကြော်ငြာမှီ ကြိုတင်ပြီး ခွင့်ပြုချက်ယူရပါမည်။)
(4) လက်နက် နှင့် ပေါက်ကွဲစေတတ်သော အရာများ
(5) 18+ Products/ Service များ
(အမျိုးသား၊အမျိုးသမီး များ Date တွေ့ဖို့ရာ ၀န်ဆောင်မှုပေးသည့် dating service များ၊ website များအနေဖြင့် မကြော်ငြာမှီ Facebook သို့တရား၀င်ခွင့်တောင်းစာတင်ရပါမည်။)
(6) Alcohol
(Alcohol ကို ကြော်ငြာချင်တယ်ဆိုလျှင် ကိုယ်ဦးတည်မည့်နိုင်ငံ၏ ဥပဒေများကို လိုက်နာရမည့်အပြင် အရက်ထုတ်လုပ်သောစက်ရုံ ၏ code, approval, License အစရှိသည်တို့ကို ဖော်ပြရပါမည်။
နိုင်ငံပေါ်မူတည်ပြီး အသက်ကန့်သတ်ထားမှုများကိုလိုက်နာရပါမည်။)
(7) Online ပေါ်မှ real money ဖြင့် ကစားရသော လောင်းကစားနည်းများ
(Casino, Sports Books, Bingo, or Poker များအတွက် ကြိုတင်ပြီး ခွင့်ပြုချက်တောင်းခံရပါမည်။)
နောက်လဲOnline shopနဲ့ပတ်သတ်တဲ့ knowledge လေးတွေကျွန်တော်သိသလောက် တင်ပေးမှာမို့ page လေးကို like and follow လေးလုပ်ဖို့မမေ့နဲ့နော်
Hello Everyone….! NEO Boost And Promote Serviceမှကြိုဆိုလိုက်ပါတယ်ဗျာ.....💁🏻♂️🙆🏻
🗣️ ဒီနေ့ကျွန်တော် boost တို့ Promote တို့ဆိုတာဘာလဲမေပြာခင် Facebookနဲ့Metaverse ရဲ့policyအကြောင်းအရင်ပြောပြချင်ပါတယ်...
ဘာလို့လဲဆိုတော့ လူကြီးမင်းတို့ ကိုယ့်ရဲ့Online shopလုပ်ရင် ကြော်ငြာအပ်တဲ့အခါ..မိမိတို့postမှာဘယ်လိုစကားလုံးတွေသုံးရင်မရဘူးလဲ ဘယ်လိုမျိုးပုံတွေကိုလက်မခံဘူးလဲဆိုတာသိသင့်ပါတယ်
Facebookကအရင်လိုမဟုတ်တော့ဘဲ အရမ်းစည်းကမ်းတင်းကျပ်သွားတာကြောင့်...
ကိုယ်က post boost(or) page promote လုပ်ရင် Facebookက စစ်ဆေးဖို့အချိန် ၁၅မိနစ်ကနေ ၂၄နာရီထိကြာနိုင်ပါတယ်(ဒါကLegal Announcementပါ) Facebook ကဒီလိုလုပ်ရတဲ့အကြောင်းအရင်းကိုတော့ Secure Environment Platform for every user(FBသုံးတဲ့သူတွေအတွက်စိတ်ချရတဲ့နေရာ)တစ်ခုဖြစ်အောင်ဆိုပြီးပြောထားပါတယ်
အခုနောက်ပိုင်းမှာ တော်တော်များများ post တွေအတွက် ခွင့်ပြုချက် ချက်ချင်းရတတ်ပေမယ့် အချီု့post တွေကတော့ ၁၂ နာရီလောက်စောင့်ရတာတွေ့ပါတယ်။ အထူးသဖြင့် ပုံများသော post များ၊ boost လေ့ boost ထ မရှိသော ပုံများ ဆိုလျှင် ကြာတတ်ပါတယ်။ အလိုအလျောက် ခွင့်ပြုချက်ရသွားတဲ့ post တွေကိုလည်း အခုနောက်ပိုင်းမှာ ပြန်လည် စစ်ဆေးပြီး စည်းကမ်းနဲ့မကိုက်ညီမပါ approve ကို ပြန်ရပ်လိုက်တာမျိုးတွေလည်း ရှိပါတယ်
အကယ်လို့ မိမိကဒီအရာတွေမသိဘဲ postရေးပြီးကြော်ငြာအပ်(Boost)လုပ်ပြီဆိုကြပါစို့....!
မိမိရဲ့ကြော်ငြာကိုလက်မခံဘဲAD restrict (ကန့်သတ်)လိုက်တာမျိုးတွေ Lockချလိုက်တာမျိုးတွေ pageပျက်သွားတာတွေ Account Ban(Community Standardဆိုပြီး)ခံရတာတွေကြုံရတော့မှာ ...ဒီလိုသာဖြစ်လာပီဆိုရင် နှောင့်နှေးမှုတွေ စောင့်ဆိုင်းရတာတွေ နဲ့အချိန်ကမကြန့်ကြာသင့်ဘဲကြာနေပြီး လူကြီးမင်းတို့ အတွက်လဲပင်ပန်းရမှာပါ..
မနက်ဖြန်ကျရင် ဘယ်လိုမျိုးအရာတွေရှောင်သင့်လဲ ဘယ်လိုစကားလုံးတွေမသုံးသင့်ဘူးလဲ နဲ့ပတ်သတ်ပီးထပ်ပြီး ပြောပြသွားပါမယ်
နောက်လဲOnline shopနဲ့ပတ်သတ်တဲ့ knowledge လေးတွေကျွန်တော်သိသလောက် တင်ပေးမှာမို့ page လေးကို like and follow လေးလုပ်ဖို့မမေ့နဲ့နော်😚
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
N0(278) Kyaikasan Road Tamwe
Yangon
11211