MyanmarSar Classroom
The new challenge for MyanmarSar teaching and learning. "We encourage. We Help."
☎️ 09 899929972, 09 799538496
နေ့စဉ်သုံး မြန်မာစာမှာ မှားလေ့ မှားထ ရှိကြတဲ့ ရပင့် " ကျ " နဲ့ ရရစ် " ကြ " ကို လွယ်လွယ်ကူကူ ခွဲခြားတတ်စေဖို့
ြန်မာစာ
ဗျည်းအက္ခရာလေးတွေ သင်ယူကြတဲ့အခါ ကလေးတွေ မပျင်းစေဖို့ Game လေးတွေဆော့ရင်း သင်ကြမယ်
ြန်မာစာ
12/07/2026
📌 Junior Admin - ၁ ဦး
Myanmarsar Classroom သင်တန်းကျောင်း တွင် တာဝန်ထမ်းဆောင်ရန် Junior admin ၁ ဦး အလိုရှိသည်။
Work Place - ကျိုက်ဝိုင်းဘုရားလမ်း၊ မရန်းကုန်း။
Work Days – 6 days ( One weekday & some public holidays off )
Time – 9:00 AM to 6:30 PM
Salary - ညှိနှိုင်း
🚨Responsibility
🖊️ ရုံးနှင့်သက်ဆိုင်သော အထွေထွေစီမံခန့်ခွဲမှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရမည်။
🖊️ နေ့စဉ် ရငွေ/ပေးငွေ စာရင်းများကို တိကျစွာ မှတ်တမ်းတင် ထိန်းသိမ်းနိုင်ရမည်။
🖊️ ကျောင်းသား/သူများ၏ အချက်အလက်များနှင့် သင်တန်းအပ်နှံမှု မှတ်တမ်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်။
🖊️ စကားပြောပြစ်ပြီး ချိုသာစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
🖊️ လစဉ် ငွေစာရင်း အစီရင်ခံစာများ (Monthly Financial Reports) ပြင်ဆင်ရာတွင် ကူညီနိုင်ရမည်။
🚨Requirements
♦️ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) နောက်ဆုံးနှစ် ကျောင်းသား/သူ ဖြစ်ရမည်။
• အသက် 25 နှင့် 40 ကြား ရေရှည်လုပ်ကိုင်နိုင်သောသူ ( အနည်းဆုံး ၁နှစ် ) ဖြစ်ရပါမည်။
♦️ စာရင်းကိုင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
♦️ Microsoft Office (Word, Excel) နှင့် Internet/Email အသုံးပြုရာတွင် ကျွမ်းကျင်မှုရှိရမည်။
♦️ အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ ရိုးသားကြိုးစားပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။
♦️ ဆက်ဆံရေးပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
🚨 မှတ်ချက် - မရမ်းကုန်း၊ အင်းစိန်၊ သမိုင်း အနီးတဝိုက်နေထိုင်သူ ဦးစားပေးမည်။
‼️ Viber No: 09 799538496 သို့ ကိုယ်ရေးအချက်အလက် အပြည့်အစုံပါသော CV ပေးပို့ကာ စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပါသည်။
12/07/2026
📌 Academic Supervisor or Center Manager - ၁ ဦး
Work Days – Monday to Sun ( One weekday & some public holidays off )
Location - Kyike Wine Pagoda Road, Mayangone.
Time – 9:00 AM to 6:30 PM
Salary - Negotiable
🚨Responsibility
❇️ စာသင်ခန်းတွင်း အခြေအနေများကို ပုံမှန်ဝင်ရောက်လေ့လာဆန်းစစ်ရန်၊ တိုးတက်ရန်လိုအပ်သည်များကို အပြုသဘော အကြံပြုဆွေးနွေးရန်နှင့် ကျောင်း၏သင်ကြားရေးစံနှုန်းများအတိုင်း ဖြစ်စေရန် မွမ်းမံသင်တန်းများနှင့် အရည်အသွေးမြှင့်တင်ရေး။
❇️ ဆရာမများ၏ အတန်းအချိန်ဇယားများကို စီမံခန့်ခွဲရန်၊ အတန်းများ ခွဲဝေချထားရန်နှင့် ဆရာမတစ်ဦးဦး ပျက်ကွက်ပါက ချက်ချင်း အစားထိုးသင်ကြားနိုင်မည့် အစီအစဉ်များကို ညှိနှိုင်းပေးရန်။
❇️ ကျောင်းသားများ၏ ပညာရေးတိုးတက်မှုနှင့် ပတ်သက်၍ အတန်းပိုင်ဆရာမအဆင့်ဖြင့် ဖြေရှင်းရန် ခက်ခဲသော မိဘများ၏ မေးမြန်းစုံစမ်းမှု၊ တိုင်ကြားမှုများကို ကြားခံညှိနှိုင်းဖြေရှင်းပေးရန်။
❇️ ဆရာမများ၏ စွမ်းဆောင်ရည်အကဲဖြတ်ချက်) ကို မှတ်တမ်းတင်ရန်နှင့် ရှေ့ဆက်ရမည့် မဟာဗျူဟာများအတွက် အထက်လူကြီးများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရန်။
🚨Requirements
❇️ M.Ed , B.Ed သို့မဟုတ် ပညာရေးစီမံခန့်ခွဲမှု (Educational Administration) နှင့် သက်ဆိုင်သော ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
❇️ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။ (ကလေးငယ်များကို သင်ကြားဖူးသူ သို့မဟုတ် Phonics/Interactive learning စနစ်များဖြင့် ရင်းနှီးသူများကို ဦးစားပေးမည်)။ Senior Teacher၊ Lead Teacher သို့မဟုတ် Academic Coordinator ရာထူးဖြင့် လုပ်ကိုင်ဖူးသူများကို ပိုမိုဦးစားပေးမည်။
❇️ အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်း၊ မြေတောင်မြှောက်ပေးနိုင်စွမ်းနှင့် စိတ်ခံစားမှုဆိုင်ရာ ထက်မြက်မှု (EQ) ကောင်းမွန်ခြင်း။
❇️ အချိန်ဇယားများနှင့် ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းနိုင်စွမ်းရှိခြင်း။
❇️ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံးဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်မှု ကောင်းမွန်ခြင်း။
❇️ ကလေးဗဟိုပြု ခေတ်မီပညာရေးစနစ်ကိုသိရှိနားလည်ပြီး Junior ဆရာမများ တိုးတက်အောင်မြင်လာသည်ကို မြင်တွေ့လိုစိတ် ရှိသူဖြစ်ရမည်။
‼️ မျှော်မှန်းလစာ နှင့်တကွ Viber No: 09 799538496 သို့ ကိုယ်ရေးအချက်အလက် အပြည့်အစုံပါသော CV ပေးပို့ကာ စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပါသည်။
အိမ်ခြံဝင်း 🤔
အိမ်ခြံဝန်း 🧐
ဘယ်နေရာတွေမှာ သုံးရမလဲ ❓
ကွဲကွဲပြားပြားသိချင်ရင်တော့ 🤩
အဖြေကို vdo မှာရှင်းပြပေးထားတယ်နော်
ြန်မာစာ
အရင်က မြန်မာစာ သင်ရမယ်ဆို အမြဲအိပ်ငိုက်တတ်တဲ့ ကလေးလေးဖြစ်ခဲ့တာ 😴
Myanmarsar Classroom မှာတက်ပြီးမှ အခုဆိုရင်တော့ မြန်မာစာ သင်ရမယ်ဆိုရင် အမြဲတက်ကြွတဲ့ ကလေးလေးအဖြစ်ပြောင်းလဲလာခဲ့ပြီပေါ့ 👍🏻
ြန်မာစာ
13/06/2026
ကလေးကို များများတွေးပါစေ🧐 ဒါမှ များများရေးတတ်မှာပါ ✍🏻
စာတွေတော့ ဖတ်နိုင်ပါရဲ့။ စာရဲ့ ဆိုလိုရင်း၊ ပေးချင်တဲ့ အကြောင်းအရာကို နားလည်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ မေးခွန်းကို ဖတ်ပြီး နားလည်မှသာ ဘာမေးလဲဆိုတာကို သေချာပြန်ဖြေနိုင်မှာဆိုတော့
မြန်မာစာမှာ ပုံပြင်တွေ ကဗျာတွေဖတ်ပြီး
ဆရာမပြောပြတဲ့ အဖြေတွေ ပြန်ကူးရေးတဲ့နည်းတွေနဲ့ သင်ယူနေရင်တော့ အမြဲတမ်းအလွတ်ကျက်ရတဲ့ ဒုက္ခက ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ပါဘူး။
စာပေလေ့လာသင်ယူမှုလမ်းခရီးမှာ အလွတ်ကျက်တယ်ဆိုတာက ခေတ်နောက်ပြန်ဆွဲနေတဲ့ သင်ယူနည်းပါ။
ကိုယ်ပိုင်စဥ်းစားတွေးခေါ်နိုင်စွမ်းရည် Critical thinking ကိုလည်း ကျဆင်းစေသလို ဖွံ့ဖြိုးနေတဲ့ ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေကိုလည်း အသေသတ်လိုက်တာနဲ့ အတူတူပါပဲ ။
MMSC မှာတော့ မြန်မာစာဟာ ကျက်စာမဟုတ်ပါဘူး။ ကိုယ်တိုင်ခံစားနားလည်ပြီး သိရှိလာတဲ့ ကိုယ်ပိုင်အတွေးတွေကို စာရွက်ပေါ်မှာ ချရေးလာနိုင်တဲ့အထိကို လေ့ကျင့်သင်ကြားပေးပါတယ်။
ြန်မာစာ
" လျှင် " နဲ့ " လျင် " ဘယ်လိုမျိုးကွာခြားသလဲ 🧐
ြန်မာစာ
အိမ်က သားသားမီးမီးတွေက မြန်မာစာကို ကြိုက်တာလား 😍
မြန်မာစာကို ကြောက်နေတာလား 😔
မြန်မာစာ ကြိုက်တဲ့ သားသားမီးမီးလေးတွေဖြစ်စေဖို့အတွက် MyanmarSar Classroom က ကူညီပေးပါရစေ 🤝🏼
ြန်မာစာ
သားသားမီးမီးတို့အတွက် မြန်မာစာရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဗျည်းအက္ခရာတွေရဲ့ ရေးဆွဲနည်းနဲ့ အသံတွေကို ပျော်ရွှင်တက်ကြွစွာနဲ့ သင်ယူလေ့လာနိုင်စေဖို့ MMSC မှ တာဝန်ယူပါရစေ 👍🏻
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 941, Kyikewine Pagoda Road, Mayangone Township
Yangon
11812