AYPA Myanmar

AYPA Myanmar

Share

VISION
For Christ And Church

AIM
To be a committed Christian
To be a good citizen

23/10/2025

Happy Blessed AYPA Day✨🌟

15/08/2024

🔔လာမယ့် ၁၇ ဩဂုတ် ၂၀၂၄ နံနက် (၉) နာရီကနေ နေ့လည် (၂) နာရီအထိ သာသနာပိုင်ချုပ်ရုံးမှာ ပြုလုပ်မယ့် အစီအစဉ်မှာ အလငသမောင်မယ်များ အတူတကွ ပါဝင်ကြဖို့အတွက် နွေးထွေးစွာ ဖိတ်ကြားအပ်ပါတယ်။

🖥️ In-Person မပါဝင်နိုင်တဲ့သူတွေအတွက်လည်း Zoom ကနေ ပါဝင်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။

🍲🥪 Breakfast + Lunch လည်း ပြင်ဆင်ပေးထားပါတယ်။

26/07/2024

သာသနာပိုင်ချုပ်နယ်၊ မိခင်များအသင်း၏ရည်မှန်းချက် (၁) အရ လက်ထပ်ခြင်းကိုတန်ဖိုးထားတတ်ရန်နှင့် သားသမီးများအားသွန်သင်နိုင်ရန်ရည်ရွယ်၍ သာသနာပိုင်ချုပ်နယ်၊ မိခင်များအသင်း​မှ စီစဉ်ကာ ဘုန်းတော်ကြီးမိုးစက်ကစိုထောမှ ဝေမျှမည့် "ခရစ်ယာန်လက်ထပ်​ခြင်းနှင့် ခရစ်ယာန်အိမ်ထောင်" ခေါင်းစဉ်ဖြင့် online ဝေမျှခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် အလငသမောင်မယ်များ ပါဝင်တက်ရောက်နိုင်ပါရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် : ၂၇.၇.၂၀၂၄ စနေနေ့
အချိန် : ညနေ ၆:၃၀-၈:၃၀နာရီ
ZOOM : lD 628 263 7907 PC: 123

Photos from AYPA Myanmar's post 25/02/2024

အ.လ.င.သ စုပေါင်းဝတ် AYPA Combined Worship Service အား ၂၀၂၄ ဖေဖေါ်ဝါရီ ၂၄ ည (၇) နာရီတွင် Zoom ဖြင့် ပြုလုပ်ခဲ့ရာနေရာဒေသအသီးသီးမှ အ.လ.င.သ ညီအစ်ကို မောင်နှမများ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ သက်သေခံခြင်း၊ အထူးဆုတောင်းခြင်း၊ နုတ်ကပါတ်တော်ကြားနာခံယူခြင်းများဖြင့် မိတ်သဟာရဖွဲ့ခွင့်ရရှိခဲ့သည့်အတွက် အထူးပင်ကျေးဇူးတော်ချီးမွမ်းသကဲ့သို့ ပါဝင်ဆက်ကပ်ပေးကြသော ဆရာတော်များနှင့်တကွ အ.လ.င.သ မောင်နှမများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

🔳အစီအစဉ်တွင် သမ္မာကျမ်းစာပဟေဠိအစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ရာ အောက်ဖော်ပြပါ ညီအစ်ကို မောင်နှမများမှ သတ်မှတ်အချိန်အတွင်း အမှတ်အများဆုံးရရှိအောင် ဖြေဆိုနိုင်ခဲ့ကြသဖြင့် အထူးပင်ဂုဏ်ယူပါကြောင်းနှင့် အလငသမှ ပြန်လည်ဆက်သွယ်၍ ဆုများ ချီးမြှင့်ပေးမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ အလငသညီအစ်ကိုမောင်နှမများအားလုံးအပေါ် ဘုရားသခင်သာ၍ ကောင်းချီးချပေးသွန်းလောင်းပါစေ။ အာမင်။

🏆ဆုရရှိသူများ
1. Nant Cecilia Htoo (Pathein Diocese)
2. Saw Christy Win (Hpa-an Diocese)
3. Esther Ei Mon Kyaw (Pathein Diocese)
4. Salai Stephen Nada Soe (Pyay Diocese)
5. Aik soe (Sittwe Diocese)
6. Samuel Zwe (Pathein Diocese)

23/10/2023

အ.လ.င.သ ၏ (၆၃) နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


140 Pyidaungsu Yeiktha Road, Dagon
Yangon