Stay A While
Nice Place, Live Music, Chinese Food, Mala Curries, Bar and Cocktails
03/01/2017
လတ်ဆတ်ပြီး အေးမြတဲ့ ဘီယာက သောက်လို့အကောင်းဆုံးပါ။ Stay a while မှာ ၂ ခွက်သောက်တိုင်း ၁ ခွက်လက်ဆောင်ရတဲ့ အစီအစဉ်ကို Draught Beer နှစ်သက်သူများအတွက် နေ့စဉ်ဝန်ဆောင်မှုပေးထားပါတယ်။ လိုက်ဖက်ညီတဲ့ Beer Mate အမြည်းတွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ အရသာအကောင်းဆုံး ဖြစ်အောင်စီစဉ်ပေးထားပါတယ်။ အမှတ် ၁၅၊ ပါရမီလမ်းမ RC-2 ကျောင်းအနီးမှာပါ။
31/12/2016
နှစ်သစ်ကူးတဲ့ရက်မှာ ပျင်းစရာကောင်းတဲ့ ထိုင်နေကျဆိုင်တွေမှာ အချိန်ဖြုန်းမည့်အစား (၇) မိုင် အေဒီမီးပွိုင့်အနီး ပါရမီလမ်းမပေါ်က အာစီ-2 အဝင်ဝနီးမှာရှိတဲ့ Stay a While ကိုလာခဲ့လိုက်ပါ။ သီချင်းကောင်းတွေတီးခတ်ပေးမယ့် Live Music Band လည်းရှိတယ်၊ ထိပ်တန်းမာလာဟင်းမျိုးစုံလည်းရှိတယ်၊ ဝိုင် နဲ့ ကော့တေး မျိုးစုံလည်းမှာလို့ရနိုင်သလို နိုင်ငံခြားကနေတင်သွင်းတဲ့ ရှီရှားအရသာအမျိုးမျိုးကိုလည်း ရှားပါးအိုးအမျိုးမျိုးနဲ့ စိတ်တိုင်းကျမှာယူနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၆ ခုနှစ်ကို နုတ်ဆက်မည့်ညမှာ ၂၀၁၇ နှစ်သစ်ရောက်သည်အထိ အပန်းဖြေနိုင်မည့် Stay a While ကိုရွေးချယ်တာအကောင်းဆုံးပါ။ နှစ်သစ်ကူးညမှာ အားလုံး ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
30/12/2016
နှစ်သစ်ကူးဖို့ နာရီပိုင်းပဲလိုတော့တယ်နော်။ အမှတ်တရညစာစားဖို့အတွက် ဆိုင်ရွေးရတာမူးနောက်နေပြီလား။ ရန်ကုန်မြို့ထဲမှာရှားပါးနေပြီဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ငါးရောင်စုံကူးခတ်နေတဲ့ စမ်းချောင်းလေးရယ်၊ အုပ်ဆိုင်းဆိုင်းဝါးပင်၊ ငှက်ပျောပင်၊ ပန်းပင်လေးတွေဝိုင်းရံထားတဲ့ သီးသန့်တဲငယ်လေးတွေက တစ်ပတ်တာပင်ပန်းထားသမျှကို ပြေပျောက်စေမှာပါ။ Stay A While ဆိုင်ရဲ့အထူးလက်ရာ ဂဏန်းမာလာဟင်းကတော့ အရသာအကောင်းဆုံးဖြစ်ပါတယ်။ နှစ်သစ်ကူးညအတွက် live music band တေးဂီတနဲ့အတူ ၂ ခွက်သောက်ရင် ၁ ခွက်လက်ဆောင်ရနိုင်တဲ့ ဘီယာအထူးအစီအစဉ်ကိုတွဲဖက်စီစဉ်ထားတာမို့ ဒီကနေ့ညအတွက်ကတော့ ဘာမှမစဉ်းစားဘဲ အေဒီမီးပွိုင့်အနီး ပါရမီလမ်းမ ပေါ်က Stay A While ကိုသာလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
06/12/2016
Welcome!
Stay A While Restaurant & Bar တွင် AGD Card ကို အသုံးပြု၍ ငွေပေးချေဖြင်းဖြင့် ၁၀% discount ခံစားခွင့်ကို အရယူလိုက်ပါ။
Get 10% off at "Stay A While Restaurant & Bar" with AGD Cards.
..
Stay A While Restaurant & Bar
15/ Parami Road,AD Junction, Near Hlaing Campus.
Yangon, Myanmar.
07/10/2016
小呆🌸一下!Stay A While……🎤🎸🎶
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11091