ACMT 24Hr clinic

ACMT 24Hr clinic

Share

၅၂ (က)ရပ်ကွက် နှင်းဆီကုန်းလမ်း
သင်္ဃန်းကျွန်း (သုဝဏ္ဏ စုပေါင်းမှတ်တိုင် အနီး) YBS -၁၁၈ / ၇၅ / ၆၃/ ၂၅

11/01/2024
11/01/2024

ဒီနေ့ လက်မောင်းထဲက

တားဆေးထုတ်ဖြစ် ပါတယ်

လူနာက သွားစရာရှိတယ်

အချိန် သိပ်မရဘူးဆိုလို့

၁၅မိနစ်ပါပဲလို့ အာမခံနဲ့

ထုတ်ပေးလိုက်ရတယ်

တော်သေးတာပေါ့ အချိန်မီသွားလို့ 😮‍💨



#နေလ

Photos from နေလ-Nayla's post 08/12/2023
08/12/2023

ဆရာဝန် -
အစ်မရောဂါက ပိုးသတ်ဆေး ၇ရက်ထိုးရမယ်နော်

လူနာ - ဟုတ်ကဲ့ဆရာ

၁ရက် ၂ရက် ၃ရက် လာထိုးပီးနောက်

၄ရက်မြောက် -ပေါ်မလာ

၅ရက်မြောက်-ပေါ်မလာ

ဖုန်းဆက်ကြည့်တော့…ပိုက်ဆံမရှိလို့ဆရာတဲ့

အယ်..အဲလို ရပ်လိုက်ရင် ရောဂါပြန်ထတဲ့အခါပိုကုန်မှာပေါ့…ပိုက်ဆံမရှိရင် အလကား ဆေးထိုးပေးမယ် လာခဲ့

၆ရက်မြောက် …ဆေးခန်းကို လာပါတယ်

ဒီလိုနဲ့ ပိုးသတ်ဆေး ၇ရက်ပြည့်အောင်

ကြိုးစားယူလိုက်ရပါတယ်

နောက်ဆုံးနေ့မှာ သူပြောသွားတယ်

ဆရာ ကျမ ယောက်ျားဆိုင်ကယ် ရောင်းပီးရင်

ဆရာ့ဆေးဖိုး ပြန်လာပေးမယ်နော် 😔

ကျနော်ပြောလိုက်ပါတယ်

ဆိုင်ကယ်ရောင်းပီး ဘာဆက်လုပ်ကိုင်စားသောက်မလဲ

အမေ့အိမ်မှာနေပီး စျေးရောင်းမယ်ဆရာ

ဒါဆို အဲစျေးရောင်းတဲ့ ကိစ္စမှာ

ရင်းနှီးမြှုပ်နှံလိုက်ပါ 😇

#နေလ
#ဒေါက်တာနေလ၂၄နာရီဆေးခန်း

08/12/2023

တခါတလေ ဆေးခန်းက

ကလေးတွေအတွက်တော့

ကြောက်စရာ ကြီးကိုဖြစ်လို့ 🤢

#ဒေါက်တာနေလ၂၄နာရီဆေးခန်း

#သိလိုရာမေးကျန်းေရေး

22/11/2023

ဒီနေ့ မနက်၄နာရီ

ဗိုက်အရမ်းအောင့်လို့ရောက်လာတဲ့လူနာပါ

ဒီလူနာ က အရင်ကတည်းက

အူရောင်လို့ ကျနော် ကုသဖူးပါတယ်

နဲနဲသက်သာလာတာနဲ့

ဆေးဆက်မထိုးတော့ပဲ

နေလိုက်တာ ၃ရက်လောက်နေတော့

အခုလိုပြန်ဖြစ်တာပါ

ကျနော် ကတော့

အူပြန်ရောင်တယ်လို့ယူဆပီး

အရင်ဆေးပဲ ပြန်ထိုးတာ မလုပ်တော့ပဲ

အာထရာဆောင်း

ရိုက်ခိုင်းရတဲ့အထိလိုအပ်သွားပါတယ်

ဘာလို့ဆို အူရောင်ရာကနေ

အူအမြေးပါး နဲ့ အခြား ဝမ်းတွင်း

ကလီဆာ ပြသနာ တွေပါလာမှာစိုးတာပါ

ဘာမှကြီးကြီးကျယ်ကျယ် မဖြစ်ဖို့

မျော်လင့်ပါတယ်

အမျိုးသမီးဖြစ်တော့

သန္ဓေနေရာမှားတည်တာဖြစ်ရင်

ခွဲစိတ်ရတဲ့အထိ ဖြစ်နိုင်ချေရှိပါတယ်

အားလုံးပဲ ဝမ်းဗိုက်ပြသနာမှ ကင်းဝေးကြပါစေ🙏🙏🙏

#ဒေါက်တာနေလ၂၄နာရီဆေးခန်း

#သိလိုရာမေးကျန်းေရေး

11/11/2023

ဒီကလေးလေး ရောက်လာတော့

သူ့အမေအဖေ လဲပါလာတယ်

အဖေက မျက်နှာမှာ သနပ်ခါးအပြည့်နဲ့

ဆရာ သားလေးကကျောင်းမှာ ဆော့ရင်း

ချော်လဲတာ နဖူးကွဲသွားလို့တဲ့

ကျနော် လဲ အနာကို သေ ချာ ကြည့်လိုက်တော့

အရမ်းမကွဲတာနဲ့ ချုပ်စရာ မလိုအောင် ကပ်ပေးတဲ့

ပလာစတာ နဲ့ သေချာကပ်ပေးလိုက်တယ်

အနာကို ကပ်နေရင်းနဲ့

သူ့အဖေမျက်နှာက သနပ်ခါးကို

စိတ်ဝင်စားလို့ဘာအလုပ်လုပ်လဲမေးလိုက်တာ

ကြက်ဘဲစျေးနား မီးပွိုင့်မှာ

ရေသန့် ရောင်းတာတဲ့ ကလေးက၂ယောက်ရှိတယ်

အင်း … ကျနော် သိလိုက်ပီ

အဖေစိတ်ထဲဘာတွေးနေမယ်ဆိုတာ

ဆေးခန်းခ မလောက် မှာ စိုးနေတာ

ကျနော် အခမဲ့ ဆေးကုပေးလိုက်ပါတယ်

ဘာလို့ဆို …သူတို့ အတွက် ငွေပိုငွေလျှံ

နည်းနေမယ် ထင်လို့ပါ

အဖေ ရော အမေပါ ဝမ်းသာပီး

ဆေးခန်းက အလှူခံပုံး မှာ

အလှူငွေပြန်ထည့်သွားတယ်

ဘာပဲဖြစ်ဖြစ် ကျနော် ဒီအလုပ်ကို ပင်ပန်းပေမယ့်

ဆက်လုပ်ဖြစ်နေတဲ့အကြောင်းအရင်းက

ဒီလို ပီတိမျိုးကြောင့်လို့ ထင်မိပါတယ်

အားလုံး ကျန်းမာကြပါစေခင်ဗျာ 🙏🙏🙏

#ဒေါက်တာနေလ၂၄နာရီဆေးခန်း

30/10/2023

ဒီနေ့ အဖျား၁၀၂ နဲ့

တညလုံး ချောင်းဆိုးတယ် ဆရာ ဆိုပီး

ရောက်လာတာပါ

ဆီးချိုလည်းရှိပါတယ်

မေးကြည့်တော့ ညကလည်း လာပီး

မောလို့ ဆေးငွေ့ ရူပေးလိုက်တာ

သက်သာ သွားတယ် ပြောတယ်

အဲဒါဆိုလည်း ကျနော်

ပိုးသတ်ဆေးပဲ ထိုးပေးမယ်နော်

လို့ပြောတော့ ဆရာ ညကရူတဲ့ဆေးငွေ့

ရူလို့ ရရင် ရူချင်ပါတယ် တဲ့

ကျနော် က အမေကြီး ငွေကုန်သက်သာ အောင်

မရူခိုင်းတော့ တာလို့ပြောတော့

အမေကြီးက ပြုံးတယ်

ဆရာရယ် အိုစာမင်းစာ ရှိပါတယ်တဲ့

ကျနော် လည်း မတတ်နိုင်တဲ့ လူနာတွေ

ကုရတာများလို့လားမသိဘူး

လူနာ ငွေကုန်သက်သာအောင်ပဲ

စဉ်းစားနေတာ အကျင့်ပါသွားတယ်😁

အမှန်တော့ ဒီအမေကြီးပြောသလို

အိုစာမင်းစာ ဆိုတဲ့ နာမကျန်းဖြစ်ရင်

သုံးရမယ့် ငွေ ကို ကြိုတင် စီမံထားရင်

ဆရာဝန်က ရောဂါပျောက်ဖို့သာ

အာရုံစိုက် ကုသနိုင်မှာဖြစ်ပါတယ်

ဒါကြောင့်ဒီအမေကြီး ကို အတုယူပီး

မိမိ အိုစာမင်းစာ ကို အဆင်ပြေပြေ စုဆောင်း

နိုင်ကြပါစေခင်ဗျာ 🙏🙏🙏

#နေလ
#သိလိုရာမေးကျန်းေရေး


#နှင်းဆီကုန်း၂၄နာရီဆေးခန်း

28/10/2023

ဒီနေ့ အိမ်ပင့်သွားခဲ့တဲ့ လူနာပါ

အူမကြီး ကင်ဆာ ရောဂါပါ

လမ်းမလျှောက်နိုင် လို့

ကြိုးစားပီးလျှောက်တော့လည်း

အရမ်းမောလို့ ဆရာရယ် ကျွန်မကို

လမ်းလျှောက်နိုင်အောင်လုပ်ပေးပါတဲ့

ကျနော် စမ်းသပ် လိုက်တော့

သွေးအား အရမ်းနည်းနေတာပဲ

သူ့အိမ်မှာ ကလေး ၂ယောက်နဲ့ စုစုပေါင်းမိသားစု

၅ယောက် ရှိတယ်

ယောက်ျားက ဝန်ထမ်း

အဲလစာ တစ်ခုတည်းနဲ့ ဆိုရင်

ဒီလူနာ ဒီလောက်သွေးအားနည်းတာ

ပြန်ဖြည့်ဖို့ ကုန်ကျမယ့်စရိတ်ကို

ဘယ် လိုမှ မကာမိဘူးဆိုတာ

ကျနော် မှန်းလို့ရပါတယ်

ဒါကြောင့် ကျနော် လောလောဆယ် ကျနေတဲ့

သွေးပေါင် ပြန်တက်လာဖို့

ဆေးတစ်လုံး အခမဲ့ ချိတ်ပေးလိုက်ပီး

သွေးစစ်ပေးလိုက်ပါတယ်

သွေးအ ဖြေပေါ်မူတည်ပီး

လူနာရှင် ထပ်ပီး ကုန်ကျရမှာ များလို့ပါ

ကျနော် ဘုန်းကြီးကျောင်းတွေမှာ

တရားစခန်း ဝင်တုန်း က

သူများတွေ သိန်း၁၀၀ သိန်း၂၀၀

လှူကြတာတွေ မြင်တော့

အားကျလိုက်တာ

ငါလည်း ပိုက်ဆံစုပီး လှူနိုင်အောင် ကြိုးစားမယ်ဆိုပီး

ကြိုးစားနေတာ

ဒါပေမယ့် ကျနော် အဲလိုလှူနိုင်ဖို့ဆိုတာ

မဖြစ်နိုင်တော့ပါဘူး

ဘာလို့ဆို ဒီလို လူနာတွေမြင်တိုင်း

လိုအပ်နေတာတွေ

ရဟန်းသံဃာတွေ လိုအပ်တာတွေ

လှူဒါန်းပေးရင်းနဲ့ပဲ

ရှေ့ဆက်ရတော့မှာပါ

ဒါပေမယ့် ကျနော် ကျေနပ်ပါတယ်

ကံစီမံ ပေးတဲ့ အလှူလေးပဲ

ကျနော် ပျော်ပါတယ် 😇😇😇

#နေလ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


52, Hnin Si Gone Road , A Ward, Thingankyun Township
Yangon