Cane & Coco

Cane & Coco

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cane & Coco, Smoothie & Juice Bar, အမှတ် ၁၅ဝ/က၊ပန်းခြံလမ်း နှင့် ဗားကရာလမ်းထောင့်၊ စမ်းချောင်း, Yangon.

28/03/2026

ရန်ကုန်တိုင်း အတွင်းနေ့အပူချိန်များ အမြင့်ဆုံးအပူချိန် ၃၅°C မှ ၃၈°C အထိမြင့်တက်လာနိုင်ပါတယ်။

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မတ်လကုန်နှင့် ဧပြီလအတွင်း နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်ပြီး နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရောက်ရှိနိုင်သောကြောင့် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်ရန် ဆင်ခြင်သင့်ပါသည်။

အပူချိန်မြင့်တက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် တိုးမြင့်ကျရောက်မှုကြောင့် အပူရှပ် (Heat Stroke) ဖြစ်ပွားနိုင်ခြင်း၊ ဦးနှောက်သွေးကြောပြတ်နိုင်ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်းနှင့် နွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ပါတယ်။

ရေများများသောက်သုံးရန်နှင့် အပူဒဏ်ကာကွယ်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း အကြံပြုထားပါတယ်။✍️ U Win Naing

ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့မိရင် အသားအရေ ညိုမဲတာ၊ နေလောင်တာတင်မကဘဲ ရေရှည်မှာ မျက်စိတိမ်စွဲတာ၊ အရေပြား အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာနဲ့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ခြေရှိလို့ မိမိကိုယ်ကိုရော မိသားစုကိုပါ ဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် နောက်ဆက်တွဲ
ကျန်းမာရေးပြဿနာတွေမခံစားရအောင် အောက်ပါအချက်လေးတွေကို အတူတူ လိုက်နာကြရအောင်နော်

(၁) နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ဆင်ခြင်ပါ

နေရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်တဲ့ နံနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်း အပြင်ထွက်တာ ဒါမှမဟုတ် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။

(၂) အကာအကွယ် ပစ္စည်းလေးတွေ ဆောင်ထားပါ

အပြင်သွားတဲ့အခါ အသားအရေကို တိုက်ရိုက်မထိအောင် ထီး၊ ဦးထုပ် စတာတွေ ဆောင်သွားပါ။ အဝတ်အစား ဝတ်ဆင်တဲ့အခါမှာလည်း ခရမ်းလွန်
ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ ချည်သားထူထူ ပွပွလေးတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။

မျက်စိကို ကာကွယ်ဖို့အတွက်လည်း UV Ray ကို
ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် တပ်ရင်အကောင်းဆုံးပါ။

(၃) နေရောင်ခံပစ္စည်းနဲ့ အသားအရေကို ထိန်းသိမ်းပါ

နေပူထဲမထွက်ခင် (၁၅) မိနစ်လောက်ကြိုပြီး လက်၊ လည်ပင်းနဲ့ ပခုံးစတဲ့ နေရာတွေကို သနပ်ခါး ထူထူလေး ဖြစ်ဖြစ်၊ SPF 15+ ပါတဲ့ Sunscreen ဖြစ်ဖြစ် လိမ်းပေးပါ။ နေပူထဲမှာ အကြာကြီးရှိနေမယ်ဆိုရင်တော့ (၂) နာရီခြားတစ်ခါ ထပ်လိမ်းပေးတာက အကောင်းဆုံးပါပဲ။

(၁၄) လူကြီးနဲ့ ကလေးငယ်တွေကို အထူးဂရုစိုက်ပါ
ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံစားရလွယ်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးဘိုးဘွားတွေကို အထူးဂရုစိုက်ပေးပါ။ အသက်တစ်နှစ်အောက် ကလေးငယ်တွေကိုတော့ နေပူထဲ လုံးဝမခေါ်သွားဘဲ အေးမြတဲ့ အရိပ်ထဲမှာပဲ ထားပေးစေချင်ပါတယ် ။

02/03/2026

ရိုးရိုး ကြံရည်လည်း မဟုတ်ဘူး၊ ရိုးရိုး အုန်းစိမ်းရည်
လည်း မဟုတ်ဘူး

ကျွန်တော်တို့ ဆိုင်ရဲ့ နာမည်ကို ကိုယ်စားပြုတဲ့ Coco Cane ပါ။

လတ်ဆတ်တဲ့ ကြံရည်စစ်စစ်ကိုမှ အုန်းသီးရဲ့ ဆိမ့်အေးတဲ့ အရသာနဲ့ အချိုးအစား အကျဆုံး ပေါင်းစပ်ထားတာပါ။

တစ်ငုံသောက်လိုက်တာနဲ့ လန်းဆန်းသွားစေမယ့်အပြင်၊ ဝါးလို့ကောင်းတဲ့ အုန်းသားနုနုလေးတွေက ထပ်ခါထပ်ခါ သောက်ချင်အောင် ဆွဲဆောင်နေမှာပါ။ 🤤🤤

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


အမှတ် ၁၅ဝ/က၊ပန်းခြံလမ်း နှင့် ဗားကရာလမ်းထောင့်၊ စမ်းချောင်း
Yangon

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00