Sai Toe Aung

Sai Toe Aung

Share

What about my life is happening, my music will say everything!

07/03/2026

“လွမ်းနေဆဲ” 🎶

Artist – Ngwe Soe
Composer – Ko Pyae

အခုရက်ပိုင်း ဒီသီချင်းလေးကြိုက်လို့ Chord ရှာပြီး ဂစ်တာနဲ့တီးဖြစ်တယ် 🎸

#လွမ်းနေဆဲ

30/01/2026

မြန်မာနိုင်ငံမှာ သီချင်းဆိုပြိုင်ပွဲဆိုရင် Melody World ကစလို့ The Voice Myanmar, Myanmar Idol (တခြား အစီအစဉ်တွေလည်းအများကြီးရှိပါတယ်) တွေအထိကို တော်တော်များများ အားတက်သရော စိတ်ဝင်စားအားပေးကြ၊ Vote တွေအပြိုင်အဆိုင်ပေးကြပေါ့ဗျာ၊ အဲဒီအချိန်ရောက်ရင် တကူးတကကိုအချိန်ပေးပြီးစောင့်ခဲ့ကြရတာပေါ့။

ဒိုင်တွေကလည်း တကယ်အရည်အချင်းပြည့်ဝတဲ့သူ၊ လူအများလက်ခံအားပေးတဲ့သူတွေချည်းပဲကိုး။ လာပြိုင်တဲ့သူတွေကိုလည်းကြည့်လိုက်ဦး၊ သာမန်ဝါသနာရှင်တွေမက ဂီတကိုအခြေပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူ၊ အတွေ့အကြုံများပြီးသားသူတွေလည်းပါ၊ တချို့ပြိုင်ပွဲမှာဆိုရင် နာမည်အတိုင်းအတာတခုရပြီးသားအဆိုတော်တွေတောင် လာပြိုင်တာတွေရှိတော့ လူစိတ်မဝင်စားဘဲဘယ်နေပါ့မလဲ။

အခုနောက်ပိုင်းလုပ်တဲ့ Myanmar Star ပြိုင်ပွဲကိုတွေ့တော့၊ လက်ရှိအခင်းအကျင်းအရ ဒီအပေါ်မှာ လူစိတ်ဝင်စားမှုနည်းတော့ ဘာဖြစ်ဖြစ်လူကြည့်ရင်ပြီးရောဆိုတဲ့သဘောလားမသိဘူး၊ Judge လုပ်ဖို့ခေါ်တဲ့ဒိုင်တွေကိုကြည့်လိုက်၊ ဖိနပ်ကိုကြည့်ပြီးနှိမ်လိုနှိမ်၊ ဒိုင်အချင်းချင်း ငြင်းလိုငြင်း၊ ဘာတွေအကဲဖြတ်နေမှန်းတော့မသိဘူး။

အခုလည်း အင်္ဂလိပ်လိုဆိုမယ့်ပြိုင်ပွဲဝင် MC လုပ်နေတဲ့သူကိုလည်းကြည့်လိုက်ဦး၊ From this moment on ကို “ဖရောင်ဆင်းနိမ်းမန့်နွန်” ဖြစ်အောင်ပြောတယ်။ တခြားအီးစကေးတွေကတော့ ကိုယ့်ဟာကိုယ်ပဲ သွားနားထောင်ကြည့်ကြပါ။

အရင်တုန်းက သီချင်းဆိုပြိုင်ပွဲတွေဆိုတာ တခုတရနဲ့ ရင်ခုန်မျှော်လင့်ပြီးကြည့်ခဲ့ရတာပါ။ အခုတော့ ရယ်ချင်ရင်ကြည့်ရမယ့် အစီအစဉ်ကြီးကိုဖြစ်လို့။ ဂီတအရည်အသွေးနဲ့ပတ်သက်တာကတော့ ပညာရှင်တွေပိုသိပါလိမ့်မယ်။

သူပြောသလိုပဲ... “ဂွတ်စ် ဂွတ်စ်”

14/11/2025
28/09/2025

နားထောင်နေကျသီချင်း arrangement မျိုးမဟုတ်ဘဲ၊ ကွဲထွက်တဲ့သီချင်းပုံစံမျိုးဖြစ်ပါတယ်။ ကျနော့်ရောင်းရင်း ကိုထွဋ်ဇျာန်ကို support ပေးကြပါဦးနော်။

ဒီထက်ပိုပြီးအောင်မြင်မှုရနိုင်ပါစေ ဘရို၊ အဓိဌာန်ပြီးမယ့်နေ့ကိုလည်း မျှော်ပါတယ်နော်။ 😊

အဇ္စျတ
Pre Treasure : S1-082 Htut Zann
Composer : Candy(KTH)

S1-082 Htut Zannကို Treasure Hunter တွေရွေးချယ်တာအပြင် YouTube View အများဆုံး၊ Facebook View အများဆုံးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် View အများဆုံးဖြစ်အောင် Support ပေးနိုင်ပြီဖြစ်ပါတယ်။

View count ပိတ်မည့် ရက်နှင့်အချိန် - 3.10.2025, 8:00pm

Photos from Sai Toe Aung's post 06/03/2025

Abidan ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့
"ငါပျောက်ဆုံးခြင်း" အသံသွင်းလို့ သွားကူ
Studio

25/01/2025

အရင်တုန်းက အကိုတစ်ယောက်နဲ့စကားစပ်မိရင်းနဲ့
သူက သီချင်းစာသားနဲ့ chord တွေကို လက်ရေးနဲ့ကိုယ်တိုင်ရေးတဲ့အပြင် chord တွေလည်းတိကျ၊ ဘောပင်ရောင်စုံနဲ့လည်းသပ်သပ်ရပ်ရပ်ရေးတဲ့အကိုတစ်ယောက်ရှိတယ်၊ သူက ရောဂါဝေဒနာတစ်ခုခုတော့ခံစားနေရတယ်လို့ပြောတော့ ဒီ page ကိုပိုသတိထားမိသွားတယ်။ ကိုယ်တိုင်လည်းလိုချင်တဲ့သီချင်းတွေကို ဒီ page ကပဲအားကိုးယူသုံးခဲ့တယ်။

အခုလိုမျိုးကြားရတော့စိတ်မကောင်းဘူး။ တတ်နိုင်သလောက်ဝိုင်းကူပြီး၊ ဒီ page မှာတင်ထားတဲ့ lyric & chord တွေကို download လုပ်ပြီး တခြားမှာ credit မပေးဘဲပြန် တင်တာမျိုးမလုပ်ကြရင်ကောင်းမယ်။

အားလုံးကို စိတ်မ​ကောင်းစွာနဲ့အသိ​ပေးပါရ​စေ ။

ကျွန်​တော့ရဲ့ ​ရောဂါအ​ခြေအ​နေက ပို ဆိုး တဲ့ အဆင့်ကို ​ရောက်လာခဲ့ပါတယ်။

ကင်ဆာဆဲလ် ​တွေက
ဦး​နှောက်ထဲကိုပြန့်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ May , Jun , July , Aug လ​တွေမှာ
​ဆေးပြတ်သွားလို့ Dose လျှော့​သောက်ခဲ့တာ​ကြောင့် ကင်ဆာကိုမထိန်းနိုင်ပဲ
ဦး​နှောက်ထဲ ​ရောက်သွားခဲ့တာဖြစ်ပါတယ် ။

​(ဆေးက September လမှာ ပြန်ရလို့Dose အပြည့် ပြန်​သောက်ခဲ့​ပေမယ့်
​သွေးစစ်တဲ့အ​ဖြေ​တွေကမ​ကောင်းလို့MRI ရိုက်ကြည့်​တော့မှ သိခဲ့ရတာပါ )

အ​ဖြေ သိရ​တော့
** ဆရာဝန်က ​ဆေးကို ၂ ဆ ​တိုးပြီး ၆ ပါတ် ​သောက်ခိုင်းပါတယ် **

အခု ၆ ပါတ် ပြည့်လို့ MRI ပြန်ရိုက်ကြည့်​တော့
ဦး​နှောက်ထဲ ရှိ​နေတဲ့ အကျိတ်​တွေကပြန်​​သေးသွားခဲ့တာကို ​တွေ့ရပါတယ် ။

ဒါက ဦး​နှောက်ထဲ ​ရောက်​နေ​တာတောင်မှ ​ဆေး ၂ ဆ ​သောက်ရင် ပြန်​ကောင်းနိုင်​သေးတယ်ဆိုတဲ့ အဓိပ္ပယ်ပါ ။

ဒါ​ပေမယ့် ​ဝမ်းမသာနိုင်​​တော့ပါဘူး ။

အခု လက်ထဲရှိတဲ့​ဆေးက
ရက် ၂၀ စာ​လောက်ပဲ ကျန်ပါ​တော့တယ်။
အော်ရီဂျင်နယ် ​ဆေး ပြန်ရဖို့ကလည်းမလွယ်​သေးပါဘူး ။

ထိုင်းက ဝယ်မယ်ဆိုရင်လည်းပုံမှန် Dose အတွက်​တောင်​စျေးကြီးလို့ မဝယ်နိုင်ခဲ့တာ
အခုက ၂ဆ ​သောက်ရမှာဆို​တော့ဘယ်လိုမှ မတတ်နိုင်ပါဘူး ။

တတ်နိုင်တဲ့ ဘင်္ဂလား​ဒေ့ချ် ထုတ်​ဆေးကိုပဲ မှာ​သောက်ရပါ​တော့မယ် ။

အဲဒီ​ဆေး က ​အော်ရီဂျင်နယ်​ဆေးလိုပဲSize ​​သေးသွား​စေနိုင်ပါ့မလားမ​သေချာ​ပေမယ့်
ပိုက်ဆံ မတတ်နိုင်​တော့​​နောက်ထပ်​ရွေးချယ်စရာမရှိပါဘူး ။

ဒီ​ဆေးရဲ့ ​စျေးကလည်း မနည်းလှတာမို့
​ရေရှည် ​သောက်နိုင်ဖို့​က ခက်ဦးမှာပါ ။

အခု​တော့ ကျွန်​တော့ရဲ့
​နောက်ဆုံးအချိန်​တွေက
တဖြည်းဖြည်းနီးလာခဲ့ပါပြီ။

လက်ကျန်အချိန်​တွေမှာ
လုပ်စရာရှိတာ​တွေလုပ်ရဦးမှာမို့
အရင်လို အပါတ်စဥ် အပုဒ် ၂၀ ပါတဲ့ post အသစ်တင်နိုင်ဖို့ မလွယ်​တော့ပါ ။

ဒါ​ပေမယ့်
ကျွန်​တော် လုပ်နိုင်သ​လောက်​တော့ကြိုးစားပြီး တင်​ပေးပါ့မယ် ။

​နောက်ဆုံးအချိန်ထိ

ဂီတကို ချစ်တဲ့စိတ်နဲ့ ​နေပြီး
​ " ဂီတကို ချစ်တဲ့စိတ်နဲ့ပဲ ​သေချင်ပါတယ် "

15/01/2025

"တိုးတိုးလေးပြောပါ"

Twut P TGI Music Bar

Photos from 𝐀𝐒 𝐌𝐮𝐬𝐢𝐜 𝐁𝐚𝐧𝐝's post 26/12/2024

May the AS band achieve long-lasting success for many years.

09/12/2024

ကြုံတဲ့နေရာမှာ ရံပုံငွေရှာရတာပဲ... 😂

"မနှင်းဆီ"
တီးဝိုင်း - ဂဲမလောက်
ဓါတ်ရှင် - ဦးကျော်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon