Ye Man Aung - Gold Coach
Local Gold Analyst(Author) & Corporate Trainer at Gold & Jewelry.
Sayar Ye man Aung :)
28/11/2023
"ဆရာ ၊ ပဲ နဲ့ ရွေး English လို အခေါ်အဝေါ်လေးသိချင်လို့" တဲ့။ (2020)
မေးခွန်းကတော့ ရိုးရိုးလေးပါပဲ။ ဒီလိုမေးခွန်းပေါ်လာမှ သတိထားမိတယ်။ ကျနော်တို့ဆီမှာ မြန်မာ့အလေးချိန် အချင်အတွယ်တွေကို ပိဿာ၊ကျပ်သား စနစ်နဲ့သုံးနေခဲ့တာကြာပါပြီ။ ပိဿာကို Viss လို့ သုံးပြီး ကျပ်သားကို Tical လို့သုံးပါတယ်။ ဒါဟာ အင်္ဂလိပ်လိုသုံးတာပါ။ တခြားကုန်စည်တွေမှာ ပိဿာ၊ကျပ်သားထိပဲ သုံးရပေမဲ့၊ ရွှေမှာတော့ ပဲ၊ရွေးဆိုတာ မပါမဖြစ်ပါလာပါပြီ။
ရွှေလောကထဲကျင်လည်ရင်း သုံးလာခဲ့တာလည်းကြာပြီဖြစ်ပေမဲ့ အင်္ဂလိပ်လို ပဲနဲ့ရွေးအခေါ်အဝေါ်မှာ ပဲ ကိုပဲ လေ့လာမိထားပါတယ်။ အင်္ဂလိပ်က ပဲ ဆိုတဲ့အချင်အတွယ်ကို Anna (အသံထွက်= အာနာ) လို့သုံးပါတယ်။ {မိန်းကလေးအမည် အယ်နာမဟုတ်ပါ)။ တကယ်တော့ Anna (အာနာ) ဆိုတဲ့ အသုံးဟာ အိန္ဒိယအသုံးဖြစ်ပါတယ်။ အင်္ဂလိပ်က မွေးစားအသုံးပြုတယ်လို့ထင်ပါတယ်။ ပိဿာ ဆိုတာကိုလေ့လာကြည့်ပြန်ရင်လည်း အိန္ဒိယအသုံး ဗိစ္စာ (Vissah) ဆိုတာကနေ ဆင်းသက်လာတာပါ။ Anna (အာနာ)ဆိုတဲ့ အသုံးကို လေ့လာကြည့်တဲ့အခါ အိန္ဒိယထုတ် ဒင်္ဂါးတွေမှာ အသုံးပြုထားတာတွေ့ရပါတယ်။
အိန္ဒိယဘာသာစကားနဲ့ တမတ်၊ငါးမူး၊ သုံးမတ် ဆိုတဲ့ ငွေကြေးအခေါ်အဝေါ်တွေမှာ တမတ်ကို ကျားရ်နား(ကျားရ်အာနား = လေးပဲ)၊ ငါးမူးကို အားထ်ထာနား(အဋ္ဌ အာနား = ရှစ်ပဲ) ၊ သုံးမတ်ကို ဘားရ်နား (ဘာရားအာနား = ဆယ့်နှစ်ပဲ) လို့ခေါ်ကြပါတယ်။ မြန်မာပြည်မှာဆိုလည်း ရခိုင်ဘက်မှာ တစ်ပဲကို (တစ်အာနာ)လို့သုံးပါတယ်။ အင်္ဂလိပ်ကတော့ Anna (အာနာ) လို့ သုံးကြောင်းတွေ့ရှိရပါတယ်။ ရွေး ဆိုတဲ့အချင်အတွယ်ကိုတော့ အသုံးလည်းနည်းတာတွေ့ရှိရသလို အင်ဒီယန်းနွယ်ဖွားတွေကတော့ (လားလ်) လို့ခေါ်ဝေါ်သုံးစွဲတာသိရှိရပါတယ်။ အင်္ဂလိပ်လိုတော့ မတွေ့ပါ၊ (Lal) လားလ် လို့ပဲ သုံးမယ်ထင်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာလည်း ဂရမ်ချိန်စနစ်ကို အသုံးပြုနေပြီဖြစ်တာမို့ ပဲရွေးပြဿနာ သိပ်မရှိတော့ပါဘူး။ Tical ဆိုတဲ့အသုံးကတော့ မြန်မာ့အလေးချိန် ကျပ်သားကိုခေါ်တာဖြစ်ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း Tical ကို သုံးခဲ့ဘူးပါတယ်။ နောက်မှ Baht ဆိုတဲ့အချင်အတွယ်စနစ်ကိုပြောင်းသုံးခဲ့တာပါ။ တစ်ဘတ်ကို 15.24 g ရှိပါတယ်။
အချုပ်ပြောရရင်တော့ ကျပ်ပဲရွေးစနစ်မှာ အင်္ဂလိပ်လို ကျပ်ကို Tical ၊ ပဲ ကို Anna ၊ ရွေးကို Lal လို့သုံးတယ်လို့ပဲ ဆိုပါရစေဗျာ။
စာပေသစ္စာဖြင့်
Ye Man Aung
2020
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
29th Street
Yangon