Active Japanese Language Training School- AJLTS

Active Japanese Language Training School- AJLTS

Share

Japanese Language Training School

01/08/2025

ညီအစ်ကို မောင်နှမများနှင့်ဆွေမျိုးများကိုဂျပန်ခေါ်နည်းအမျိုးမျိုး

(1)အသက်မပြည့်သေးသူ ၁၆ နှစ်အောက်
(2)အသက်ပြည့်ပြီးသူ 10 တန်းအောင်ပြီးသူ/အသက် ၂၀ မှ ၃၅ နှစ်အထိ ညီအစ်ကိုမောင်နှမများ ဆိုပြီး
နှစ်မျိုးခွဲပြီးပြောချင်ပါတယ်။

နံပတ်(1)ကိုခဏချန်ထားပါမယ်။
▪️(2)အသက်ပြည့်ပြီးသူ 10 တန်းအောင်ပြီးသူတွေကိုခေါ်ဖို့စပြီးပြောပြပါမယ်။

မောင်နှမတွေကိုမှီခိုဗီဇာနဲ့ခေါ်လို့မရပါ။
မောင်နှမအရင်းဆိုလည်းမိသားစုမှီခိုဗီဇာပေးလို့မရပါ။

မှီခိုက အိမ်ထောင်ဖက်နဲ့မိမိိကလေးကိုသာခေါ်ပေးလို့ရပါတယ်။

အပေါ်က နံပတ်(၁)အသက်အရွယ်နဲ့
မောင်နှမ မဟုတ်ပဲ
မိမိသားသမီးအရင်းဆိုရင်တော့
မခက်ခဲပါဘူး။မှီခိုဗီဇာနဲ့ခေါ်ပေးပြီးသက်ဆိုင်ရာ အသက်နဲ့ပညာအရည်အချင်းအရ ကျောင်းပြန်ထားပေးရမှာဖြစ်ပါတယ်။

အသက်ပြည့်ပြီးသူ 10 တန်းအောင်ပြီးသူတွေကို ခေါ်မဲ့နည်း 4 မျိုးရှိပါတယ်။

✅(1)ကျောင်းနဲ့ခေါ်ခြင်း
ကျောင်းလခစပွန်ဆာပေးမဲ့သူ
ကုန်ကျစရိတ်အသေးစိတ်သိဖို့လိုပါတယ်။ယခုပေါက်စျေးအရ
သိန်း ၄၀၀ မှ ၅၀၀ နီးပါးကုန်ကျနိုင်ပါတယ်။

✅(2)TokuteiGinou နဲ့ခေါ်ခြင်း
ဂျပန်စာ N4/N3 အောင်ထားရမယ်
Tokutei Ginou စာမေးပွဲအောင်ထားရမယ်။
ကုန်ကျစရိတ်က ဒေါ်လာ 1500
သိန်း 80 နဲ့ သိန်း100 ဝန်းကျင်ကုန်ပါတယ်။

စာလုပ်ဖို့အောင်လက်မှတ်စုံဖို့ အင်တာဗျုးဖြေဖို့ အောင်ပြီးပြည်ဝင်ဖို့အထိဆို
1 နှစ်ခွဲမှ 2နှစ်အထိကြာနိုင်ပါတယ်။

ယောကျာ်းလေးတွေက အသက် 18-35
ပြည်ပထွက်ခွါဖို့ ကန့်သတ်ထားလို့
မရနိုင်ပါဘူး။

ထိုင်းနဲ့တခြားဗီယက်နမ်လိုနိုင်ငံမျိုးကို
ကျောင်းတက်ရင်းမှ ဂျပန်ကို တဆင့်ပြန်ကြိုးစားကြပါတယ်။

✅(3)အလည်ဗီဌာဖြင့်ခေါ်ခြင်း

အလည်နဲ့ခေါ်ပြီး Katusdou ပြောင်းပြီးနေကြတာတွေရှိပါတယ်။
JAPAN Visit Visa ရနိုင်ခြင်း /မရနိုင်ခြင်းအပြင်
ရောက်ပြီး Katusdou ရခြင်း / မရနိုင်ခြင်း Risk တွေကို ကြိုတင်တွက်ဆဖို့လိုပါတယ်။
စကား/စာ မရခြင်းနောက်ဆက်တွဲပြဿနာတွေလည်း စဉ်းစားဖို့လိုပြီး
အခုလိုလုပ်တာကိုတော့ အားပေးတဲ့အထဲမပါသလို အားလုံး အခုက
အခြေနေအရ မလွှဲသာတဲ့အဆုံးဖြစ်နေတော့ ကိုယ့်သဘောကိုယ့်ဆုံးဖြတ်ချက်
ကောင်းခြင်းမကောင်းခြင်းအားလုံး
လက်ခံနိုင်တဲ့စိတ်နဲ့ဆုံးဖြတ်ပါ။

✅(4)ကိုယ်ပိုင်လုပ်ငန်း Company လုပ်ထားပြီး work visa နဲ့ခေါ်ခြင်း
ပိုက်ဆံလည်းရှိတယ်။လုပ်ငန်းကိုအတူတူလုပ်နိုင်တဲ့အရည်အချင်းရှိရင် work visa နဲ့ခေါ်ပြီးနေကြတာလည်းရှိပါတယ်။

အလည်နဲ့ခေါ်ပြီးမှ →Katusdou→Work Visa ပြန်လျှောက်တာလည်းရှိပါတယ်။

မြန်မာတွေလုပ်တာ အင်မတန်နည်းပါတယ်။(တ)ရုတ်နဲ့ (ဗ) ဗီယက်နမ်(န)နီပေါလ် တွေလုပ်တာများပါတယ်။
စားသောက်ဆိုင် ကုန်စုံဆိုင်တွေဖွင့်ပြီး
မိသားစု စီးပွါးရေးပုံစံမျိုးပါ။

နောက်ပိုင်းမှာဗီဇာတွေ တင်းကြပ်လာရင် ဘယ်လိုဖြစ်လာမလဲတော့မသိနိုင်ပေမဲ့ အခုထိတော့အဆင်ပြေနေပါသေးတယ်။

တကယ် Work Visa ရနိုင်တဲ့ဂျပန်စာအရည်အချင်းရှိပြီးတကယ်အလုပ်ဝင်ခွင့်ရသူကတော့ အဆင်ပြေနိုင်ပါတယ်။

❤️▪️❤️▪️❤️▪️❤️▪️❤️▪️❤️

ဆက်ပြီးပြောပြမှာကတော့ (1)အသက်မပြည့်သေးသူ ၁၆ နှစ်အောက်ဆယ်တန်းမအောင်သေးသူ

(၁)အသက်မပြည့်သေးသူတွေကို
အလယ်တန်းကျောင်း အထက်တန်းကျောင်းတွေတက်ဖို့ ဂျပန်ဘက်က မိသားစုဝင်တွေက
ကြိုးစားပေးလို့ရပေမဲ့ တော်တော်လေးခက်ခဲပါတယ်။

ငွေကြေးကုန်ကျတာတွေရော အစစ အရာရာ ကလေးအတွက် ကျောင်းကခေါ်တဲ့အခါ အုပ်ထိန်းသူအနေနဲ့လိုက်ဖို့တွေလိုအပ်ပါတယ်။

ကျနော့်မိတ်ဆွေတွေထဲမှာတော့ တူမလေးတွေကိုခေါ်ထားပြီး အလယ်တန်းကျောင်းအထက်တန်းကျောင်းတွေတက်ခိုင်းတာမြင်ဖူးပါတယ်။

အလယ်တန်း အထက်တန်းတက်ခွင့်တွေရဲ့လျှောက်ထားမှုက အသက်ပြည့်ပြီးသူ Language School နဲ့လာမဲ့သူတွေထက်လျှောက်ထားရတာ ပိုခက်ခဲတယ်လို့သိထားပါတယ် ခင်ဗျ။

ဒါ့ကြောင့် အခုနည်းလမ်းနဲ့ခေါ်ဖို့ဆိုရင်
ခေါ်မဲ့သူက ဂျပန်မှာတော်တော်လေး အနေကြာ သို့ ဂျပန်လူမျိုးနဲ့မိသားစုဝင်ရှိသူတွေက ပိုပြီးလုပ်ရ အဆင်ပြေနိုင်ပါတယ်။

❤️▪️❤️▪️❤️▪️❤️▪️❤️▪️❤️

ဂျပန်မှာခေါ်ပြီးရောက်လာရင်
တကယ်အလုပ်လုပ်ဖို့ဆို ဂျပန်စကားလိုလာပါပြီ။

စကားရတဲ့သူတွေတောင်အခက်ခဲတွေနဲ့မို့
စကားမရပဲ အခြေခံအလုပ်တွေမလုပ်နိုင်သူဆို မလာတာကောင်းပါမယ်။

ခေါ်ထားပြီး အလုပ်အဆင်မပြေရင်
အခွန်အခများနှင့်လတိုင်းစရိတိများစွာ
ကုန်ကျနေရင် ခေါ်ထားသူရော ရောက်လာသူရော ဘယ်သူမှမပျော်နိုင်ပါ။

လာချင်သူက အရမ်းတက်ကြွနေရင်
ဂျပန်စာကြိုးစားဖို့ အရင်ဆုံး ကူညီပေးလိုက်ပါခင်ဗျ

❤️▪️❤️▪️❤️▪️❤️▪️❤️▪️❤️

မိသားစုတိုင်း စိတ်ပူပန်ခြင်းမှကင်းဝေး
အဆင်ပြေကြပါစေ။

ဆက်ပြီးဘာရေးပေးစေချင်လဲ
Comment မှာချန်ခဲ့ပေး

ဖတ်တဲ့သူများရင် ရေးရတာလည်း
အားရှိတာပေါ့ဗျာ




❤️2009-2025❤️
16 နှစ်တာအတွေ့အကြုံများမှ မျှဝေခြင်း

30/06/2025

လေ့ကျင့်ခန်း ဖြေကြည့် ပါ ။

စာကြောင်းတွေကို မှန်တဲ့ particle (を、に、が、へ、で) ထည့်ပါ



✏️ လေ့ကျင့်ခန်း

1. わたしは パン( )たべます。

2. きょうと( )いきます。

3. ともだち( )あいます。

4. こうえん( )さんぽします。

5. へや( )いぬが います。

6. だれ( )きますか。

7. バス( )がっこうに いきます。

8. 6じ( )おきます。

9. スーパー( )パンを かいます。

10. へやの なか( )いすが あります。



#ဂျပန်ဝေါဟာရများ

#文法

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 22/A, Thit Taw Street, Near Ahlone Market, Ahlone Township
Yangon