YUTTA YOGA

YUTTA YOGA

Share

🧘‍♀️ အမြဲ ကျန်းမာ လှပ​နေဖို့ ​YUTTA YOGA နဲ့ ယောဂ ​လေ့ကျင့်​ကြမယ်။ 🧘 အမြဲ ကျန်းမာ၊ ပျော်ရွှင်၊ လှပနေဖို့ YUTTA YOGA နဲ့ နေ့စဉ် ယောဂ လေ့ကျင့်ကြမယ်။

09/07/2026

🧘 ​လွန်ခဲ့ပြီးတဲ့ (ဒါမှမဟုတ်) မ​ရောက်လာ​သေးတဲ့ သင်ခန်းစာ​တွေအတွက် စိတ်မပူဘဲ ဒီ​နေ့အတွက် သင်ခန်းစာကိုပဲ အာရုံစိုက်​ ​လေ့ကျင့်ရပါမယ်ရှင့်။

Photos from YUTTA YOGA's post 02/07/2026

ကိုယ်ဝန် ဆောင်ချိန် ကာလတလျောက်လုံး တစ်ပတ်ကိုအနည်းဆုံး ၃ရက် YUTTA YOGA ရဲ့ Pregnancy Yoga လိုက်လေ့ကျင့်ဖြစ်တယ်။

တကယ်တော့ ဒီလို ပုံမှန် လိုက်လေ့ကျင့်ခြင်းရဲ့ ရလာဒ်ကောင်းတွေက ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုမှာအထောက်အကူပြုတာကို ခံစားမိတယ်။

စိတ် ကြည်လင်တယ်။
ညအချိန် အိပ်ပျော်တယ်။
ခြေထောက်တွေလည်း ကြွက်တက်ခြင်း မရှိ။
ခေါင်းမူး၊ ခေါင်းကိုက်၊ ခါးနားခြင်း ကင်း။

ခု ကိုယ်ဝန် ကာလက ၂၈ပတ်။ အိမ်မှုကိစ္စ အဝဝကို စိတ်ရောကိုယ်ပါ လုပ်နိုင်သေးတယ်။

ကျေးဇူး အထူးတင်ရှိပါတယ်။ YUTTA YOGA ဆရာမကိုလည်း ဒီလိုအဆင်ပြေတဲ့ App လေး စီစဉ်ထားပေးလို့။

မိုးတွင်းချိန်ကာလ အပြင်ထွက်စရာ မလို။ မိမိ အိမ်တွင်သာ အချိန်မရွှေး Pregnancy Yoga ကို လိုက်လေ့ကျင့်နိုင်တာ အဆင်ပြေဆုံးပါဘဲကွယ်။

ကိုယ်ကတော့ အရင်ကလည်း YUTTA YOGA နဲ့ပဲ လိုက်လေ့ကျင့်ဖြစ်ပါတယ်။

ဘယ်အခြေအနေ ရောက်ရောက် ကျန်းမာရေးအတွက် နေ့ရက်တိုင်း ​ယောဂ လေ့ကျင့်ဖို့က အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တစ်ရပ်လို့ပဲ ခံယူထားပါတယ်။

❤️ အားလုံး ကျန်းမာ အဆင်​ပြေကြပါ​စေ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Kamayut Tsp.
Yangon