ECG
Health
14/01/2024
#အသည်းအဆီဖုံးခြင်း(Fatty Liver)
Credit- #ဝိတိုရိယဆေးရုံ
#အသည်းအဆီဖုံးခြင်းရောဂါ သည် ယောကျာ်း ၊မိန်းမမရွေး အသည်းတွင် လိုအပ်သည်ထက်ပို၍ အဆီများစုသွားသည့်အခါ ထိုပိုလျှံသည့် အဆီများသည် အသည်းတွင်းရှိ ဆဲလ်များအား ရောင်းရမ်းစေပါသည်။
အသည်းအဆီဖုံးခြင်းရောဂါအား သေချာစွာ ဂရုမပြုမိပါက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း မှတစ်ဆင့် အသည်းကင်ဆာအထိ ဖြစ်စေနိုင်ပါသည်။ ယေဘုယျအားဖြင့် အသည်းအဆီဖုံးခြင်းသည် ကြိုတင်အချက်ပြ လက္ခဏာများ မတွေ့ရှိရဘဲ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိမှသာလျှင် ဝမ်းဗိုက်ဖောယောင်ခြင်း၊ အသားဝါခြင်း နှင့် ဝမ်းဗိုက်အောင့်ခြင်းဝေဒနာ တို့ကို ခံစားရတတ်ပါသည်။
အသည်းအဆီဖုံးခြင်းသည် အရက်သောက်သောသူများ၊ အဝလွန်ကဲသူများ၊ အဆီအဆိမ့်နှင့် အချိုများ စားသုံးသူများ၊ သွေးအတွင်း အဆီများသူများနှင့် ဆီးချိုရောဂါရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်ချေရှိပါသည်။ ထို့အပြင် အသည်းအဆီဖုံးခြင်းသည် နာတာရှည်ရောဂါများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်၍ အလွန်အကျွံဟောက်ခြင်းရောဂါ၊ ကင်ဆာရောဂါများနှင့် ဆက်စပ်နေပါသည်။
အသည်းအဆီဖုံးခြင်းကို သက်သာစေရန် လိုက်နာသင့်သည့်အချက်များမှာ-
-အရက်လျှော့သောက်ခြင်း(အသည်းအဆီဖုံးဝေဒနာ ခံစားနေရပါက အရက်ဖြတ်သင့်ပါသည်)
-ချိုသည့် အစားအစာများကို လျော့စားခြင်း
-လတ်ဆတ်သော အသီးအရွက်များကို စားသုံးခြင်း
- အဆီအဆိမ့်များသော အစားအသောက်များကို လျှော့စားခြင်း
-ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား ပုံမှန်လုပ်ဆောင်ခြင်း
-ကိုယ်အလေးချိန်ထိန်းခြင်းနှင့် အဝလွန်နေလျှင် ခန္ဓာကိုယ်အလေးချိန် လျှော့ချခြင်း
-သွေးတွင်းသကြားဓာတ်ကိုထိန်းခြင်း တို့ပင်ဖြစ်ပါသည်။
Credit-
19/09/2023
#တစ်သက်တာသွားနှင့်ခံတွင်းကျန်းမာရေး
၁။ နေ့စဉ်နံနက် (အစာစားပြီးတစ်ကြိမ်)၊ ည (အိပ်ရာမဝင်မီ)တစ်ကြိမ် စနစ်မှန်သွားတိုက်နည်းဖြင့် သွားတိုက်ပါ။
၂။ သွားတိုက်ဆေးသုံးလျှင် ဖလူအိုရွိုဒ်(Fluoride)ပါသော သွားတိုက်ဆေးကိုသုံးပါ။
၃။ ကလေးသွားပေါက်သည်စ၍ လူကြီးသွားပေါက်သည့်အချိန်အတွင်း (၃)လတစ်ကြိမ် သွားဆရာဝန်ဆီ စစ်ဆေး၍
အကြံဉာဏ်တောင်းခံပါ။
၄။ သွားနှုတ်ပြီးနောက် (၃) လကျော်တွင် "သွား” ပြန်စိုက်ပေးသင့်ပါသည်။ အရေးပေါ်အခြေအနေအရ အမြန်စိုက်လိုလျှင်
မိမိသွားဆရာဝန်နှင့် ပြန်လည်ဆွေးနွေး၍ စိုက်နိုင်ပါသည်။
၅။ သွားပြန်လည်မစိုက်ဖြစ်ခဲ့လျှင် သွားများ ရှည်ထွက်လာခြင်း၊သွားကျဲလာခြင်း၊ အစာညပ်ခြင်း၊ သွားပိုးစားလာခြင်း၊မျက်နှာပုံသဏ္ဍာန် ပြောင်းလဲလာခြင်း၊စကားပြောလျှင်အသံထွက်မပီသခြင်း၊ သွားစိုက်လိုသောအခါ နောက်ကျသည့်အတွက် သွားစိုက်ရ ခက်ခဲလာခြင်းတို့ ဖြစ်တတ်ပါသည်။
၆။ သွားစိုက်လျှင် စနစ်မှန်သွားစိုက်နည်းကို သွားဆရာဝန်ဆီမှ အကြံဉာဏ် ရယူပါ။
၇။လူကြီးများ (၆) လတစ်ကြိမ် ပုံမှန်စစ်ဆေးမှု ခံယူပါ။
06/08/2023
#သိုင်းရွိုက်ဟော်မုန်းနည်းခြင်း_Hypothyroidism ကိုဂရုစိုက်ပါ
Credit-
သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစွာကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါသည်။ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပေးသောသိုင်းရွိုက်ဂလင်းသည် လည်ပင်း၏အသံအိုးအောက် လေပြွန်ရှေ့နားတွင်ရှိသော လိပ်ပြာပုံစံ သေးငယ်သော သိုင်းရွိုက်ဟော်မုန်းထုတ်လွှတ်ပေးသည် ဂလင်းတစ်ခုဖြစ်ပါသည်။ သိုင်းရွိုက်ဆိုသည်မှာ ကိုယ်တွင်းဟော်မုန်းအားလုံး၏ အချုပ်ဟုတင်စားလို့ရပါသည်။ သိုင်းရွိုက်ကောင်းမွန်စွာအလုပ်မလုပ်ခြင်းသည် ခန္ဓာကိုယ်တွင် (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းနှင့် (Hypothyroidism) သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းခြင်း၏ လက္ခဏာများသည် ကမ္ဘာတစ်ဝန်းတွင် အသက်အရွယ် အသီးသီးပေါ် ရောဂါလက္ခဏာအမျိုးမျိုးနှင့် ပြင်းထန်မှုပေါ်မူတည်၍ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။ သိုင်းရွိုက်ဟော်မုန်း (များခြင်း/နည်းခြင်း) မဖြစ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
#သိုင်းရွိုက်ဟော်မုန်းနည်းခြင်း_Hypothyroidism၏ #လက္ခဏာများ
ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အအေးမိသလိုခံစားရခြင်း၊ အားနည်းခြင်း၊ ကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ချွေးထွက်နည်းခြင်း၊ နှလုံးခုန်နှုန်းနှေးကွေးခြင်း၊ သွေးတွင်းကိုလက်စထရောမြင့်မားခြင်း၊ ကြွက်သားအားနည်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပါသည်။ (အထက်ပါလက္ခဏာများခံစားရပါက သိုင်းရွိုက်အားနည်းခြင်းရှိ မရှိကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသသင့် ပါသည်။ ဤရောဂါလက္ခဏာအများအပြားရှိနေပါက (သို့မဟုတ်)ပိုဆိုးလာပါက Hypothyroidism အတွက် စမ်းသပ် ရန်လိုအပ်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေ ရှစ်ဆပိုများပါသည်။ )
သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၏ ဖြစ်နိုင်ခြေအချို့နှင့်နောက်ဆက်တွဲပြဿနာများ
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းသည် ပုံမှန်အားဖြင့် နှေးကွေးပြီး ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦးလက္ခဏာများ ကွဲပြားခြားနားနိုင်ပါသည်။ (Hypothyroidism) အလွန်ပြင်းထန်ပါက (Myxedema Coma) မေ့မြောသွားနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါသည်။ မကုဘဲထားပါက Hypothyroidism ၏အန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်သော လည်ပင်းကြီးရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ မျိုးမပွားနိုင်ခြင်း၊ မွေးကင်းစကလေးများတွင် ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းခြင်း၊ အပျိုဖော်ဝင်ချိန်နောက်ကျခြင်း များကိုဖြစ်စေနိုင်ပါသည်။
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းများကိုလျှော့ချရန်အကြံပြုချက်များမှာ
#ရှောင်ရှားသင့်သောအစားအစာများ- ယေဘူယျအားဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းသူများအတွက် ရှောင်ရှားသင့်သော အစားအစာများကိုအတိအကျလိုက်နာရန် မလိုအပ်သော်လည်း သတိထားရန်အကြံပြုချက်အချို့မှာ အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များနှင့် ပဲပိစပ်မှထွက်သော အစားအစာများကိုရှောင်သင့်ပါသည်။
#မျှတသောအစားအစာများကိုစားပါ- လုံလောက်သော အိုင်အိုဒင်းပမာဏ ရရှိရန်အတွက် အိုင်အိုဒင်းကြွယ်ဝသော အစားအစာများပါဝင်သော အိုင်အိုဒင်းဆား၊ ဒိန်ချဉ် ဒိန်ခဲကဲ့သို့နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ပင်လယ်စာများကို စားသုံးသင့်ပါသည်။
#လေ့ကျင့်ခန်းပုံမှန်လုပ်ပါ- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် သိုင်းရွိက်လုပ်ဆောင်ချက်နှင့် ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်အောင်ကူညီပေးပြီး အချို့သောသိုင်းရွိုက်ချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
#စိတ်ဖိစီးမှုကိုကာကွယ်ပါ- နာတာရှည်စိတ်ဖိစီးမှုသည် သိုင်းရွိုက်လုပ်ငန်းဆောင်တာနှင့် ဟော်မုန်းအဆင့်ကိုထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ယောဂ (သို့) အသက်ပြင်းပြင်းရှုလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး သိုင်းရွိုင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
#လုံလောက်စွာအိပ်စက်ပါ- လုံလောက်သောအိပ်စက်ခြင်းသည် အလုံးစုံသောကျန်းမာရေးအတွက် အရေးကြီးပြီး သိုင်းရွိုက်လုပ်ဆောင်မှုကိုထောက်ပံ့ပေးနိုင်ပါသည်။
#ဆေးလိပ်နှင့်အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ- ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းသည် သိုင်းရွိုက်လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပြီး သိုင်းရွိုင်းရောဂါဖြစ်ပွားမှုကိုပါတိုးမြှင့်စေနိုင်ပါသည်။
#ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သိုင်းရွိုက်လုပ်ဆောင်မှုစစ်ဆေးခြင်းများသည် သိုင်း ရွိုက်ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)
ထို့ကြောင့် မိမိတွင်သိုင်းရွိုင်းရောဂါနှင့်ပတ်သက်ပြီး သံသယရှိပါက စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဖြင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ပါသည်။
Credit-
21/06/2023
#ရာသီပေါ်တုပ်ကွေးရောဂါနှင့်ကာကွယ်ဆေး
(Seasonal Flu and The Vaccine)
Credit-
ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသော ရောဂါများမှာ တစ်ဦးမှတစ်ဦးထံသို့ ကူးစက်ရန် လွယ်ကူသော -
ဗိုင်းရပ်စ်ပိုးမွှားများကြောင့်ဖြစ်သည့် တုပ်ကွေးရောဂါ(Fu) နှင့် အအေးမိ၊ နှာစေးခြင်း(Common Cold) တို့ဖြစ်ကြသည်။
အထူးသဖြင့် ရောဂါပိုးရှိသူမှ နှာစေး၊ ချောင်းဆိုးခြင်းတို့မှတစ်ဆင့် ပျံ့နှံ့လာသော ပိုးမွှားတို့ကိုရှူရှိုက်မိခြင်းကြောင့်
တစ်ဦးမှ တစ်ဦးထံသို့ ရောဂါကူးစက်ခြင်း ဖြစ်သည်။
ထို့ကြောင့် မိမိ၏ခုခံအား စနစ်ကောင်းမွန်စေရန် နှင့်ရောဂါလက္ခဏာများ ၀င်ရောက်ခြင်းမရှိစေရန်အစွမ်းထက်သော
ကာကွယ်ဆေးများထိုးနှံထားခြင်းဖြင့် ကာကွယ် ထားသင့်ပါသည်။
Common Cold နှင့် Flu တို့၏တူညီသော လက္ခဏာများ
-လည်ချောင်းနာခြင်း
-နှာရည်ယို/နှာစေးခြင်း
-နှာခေါင်းပိတ်ခြင်း
-ချောင်းဆိုးခြင်း
Flu(တုပ်ကွေး)၏အခြားလက္ခဏာရပ်များ
-အဖျားတက်ခြင်း
-ခေါင်းကိုက်ခြင်း
-ကြွက်သားများနာကျင်ခြင်း
ရောဂါပြင်းထန်မှု
တုပ်ကွေးရောဂါ လက္ခဏာများသည် သာမန်လက္ခဏာများဖြစ်သော်လည်း တစ်ခါတရံတွင် အသက်အန္တရာယ်ပေးနိုင်သည်အထိ ပြင်းထန်နိုင်ပါသည်။
ရာသီပေါ် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်သူများ
(၁) ကိုယ်၀န်ဆောင်မိခင်များ
(၂) ကလေးသူငယ်များ
(၃) အသက် (၆၅)နှစ် နှင့် အထက်လူကြီးများ
(၄) ရောဂါ အခံရှိသူများ
ဥပမာ-ဆီးချိုရောဂါ ရှိသူများ၊
-အဆုတ်ပွရောဂါ ရှိသူများ၊
- အသည်းနှင့် ကျောက်ကပ်ဝေဒနာရှင်များ
- အာရုံကြော ရောဂါရှိသူများ၊
ကင်ဆာ၊ HIV နှင့် အ၀လွန်သူများ
(၅) ကျန်းမာရေး ၀န်ထမ်းများ
တုပ်ကွေး ရောဂါကာကွယ်ခြင်း (Prevention of Flu)
-ဆပ်ပြာသုံး၍ လက်ကို စက္ကန့် ၂၀ မျှသေရာသန့်ရှင်းစွာ
ဆေးကြောပေးပါ။
-မလိုအပ်ဘဲ (သို့မဟုတ်) မကြာခဏ မိမိလက်နှင့်
-နှာခေါင်း၊ မျက်လုံး၊ ပါးစပ်များကိုမကိုင်တွယ်ပါနှင့်။
-ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
မိမိ၏ အိမ်၊ စာသင်ခန်း၊ ရုံးခန်းတို့ကို ပုံမှန်သန့်ရှင်းရေးလုပ်ဆောင်ပါ။
-နေ့စဉ်စုစုပေါင်း အိပ်ချိန် ၇နာရီ သို့မဟုတ် ၈နာရီခန့်ထိ ပုံမှန်အိပ်စက်ပါ။
-ကျန်းမာရေးနှင့် ညီညွတ်မျှတသော အာဟာရပါ၀င်သည့် အစားအစာများကိုစားသုံးပါ။
- တုပ်ကွေးရောဂါ ကာကွယ်ဆေးကို နှစ်စဉ် ပုံမှန်ထိုးပါ။
တုပ်ကွေး ရောဂါကာကွယ်ဆေးနှင့် ပတ်သက်သည့် အမေးအဖြေများ
မေး- ကာကွယ်ဆေးကို မည်သည့်အချိန်တွင် ထိုးသင့်သနည်း။
ဖြေ- မိုးဦးကျကာလ (တုပ်ကွေးရာသီ) မတိုင်ခင်တွင် ထိုးနှံထား
သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တုပ်ကွေးကာကွယ်
ဆေးသည် အကျိုးအာနိသင်ပြရန် (၂)ပတ်ခန့် အချိန်ယူရ
သောကြောင့် ဖြစ်ပါသည်။
မေး- အကြိမ်အရေအတွက် မည်မျှထိုးရမည်နည်း။
ဖြေ- နှစ်စဉ်ရောဂါပိုး (ဗိုင်းရပ်စ်) အမျိုးအစားအသစ်ဖြစ်ပေါ်လာ နိုင်သည့်အတွက် တုပ်ကွေးကာကွယ် ဆေးကိုနှစ်စဉ်
ထိုးသင့်ပါသည်။
မေး- တုပ်ကွေးကာကွယ်ဆေးသည် ထိရောက်မှုနှင့်လုံခြုံမှု အမှန်တကယ်ရှိပါသလား။
ဖြေ- တုပ်ကွေးကာကွယ်ဆေးသည် ရာနှုန်းပြည့်နီးပါးကာကွယ်မှုကို
ပေးနိုင်သော ကာကွယ်ဆေးဖြစ်ပါသည်။
မေး- ကိုယ်၀န်ဆောင်မိဝင်များအတွက် ဆိုးကျိုးရှိနိုင်ပါသလား။
ဖြေ- တုပ်ကွေးရောဂါကာကွယ်ဆေးကို ကိုယ်၀န်ဆောင် ကာလတလျှောက်
မည်သည့် အချိန်တွင်မဆိုထိုးနှံ
နိုင်ပြီးမိခင်နှင့် မွေးဖွားလာသည့် ကလေးထိ ဆိုးကျိုး တစ်စုံတရာ သက်ရောက်ခြင်းမရှိပါ။
Ref: SA Health FAQs.
Ref: sharecare.com
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon