36 Myanmar

36 Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 36 Myanmar, Social Media Agency, Yangon.

11/07/2026

"ရင်ခုန်စိတ်လှုပ်ရှာဖွယ် ဖြစ်စေမည့် The Second Myanmar International Auto Expo 2026ကားပြပွဲကြီး ပြန်လည်ရောက်ရှိလာပါပြီ"

ငွေသားဆုကြီးများနှင့် ကမ္ဘာ့အဆင့်မီ ကားအမှတ်တံဆိပ်ပေါင်းများစွာ ပါဝင်မည့် ဇူလိုင် ၁၇ ရက်နေ့မှ၁၉ရက်နေ့အထိကျင်းပပြုလုပ်မယ့် ကားပြပွဲကြီးကိုလူကြီးမင်းတို့အား ဖိတ်ခေါ်အပ်ပါသည်။

လူအများစိတ်ဝင်စားမှု အရှိဆုံးဖြစ်သည့် ၂၀၂၆ ဒုတိယအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲကြီး ကို လာမည့် ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

ယခုနှစ်ပြပွဲကို ယခင်ကထက် ပိုမိုကြီးကျယ်ခမ်းနားစွာ အဆင့်မြှင့်တင်ထားပြီး ကမ္ဘာတစ်ဝန်းရှိ မော်တော်ကားနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းခေါင်းဆောင် ကုမ္ပဏီပေါင်း ၄၀ ကျော် ပါဝင်ပြသမည်ဖြစ်သည်။ ဆီကားများအပြင် ခေတ်မီအဆင့်မြင့် လျှပ်စစ်(EV) ကားများအထိ စုံလင်စွာ ခင်းကျင်းပြသသွားမည့်အပြင်၊ ကားဝယ်ယူသူများအတွက် နှစ်လယ်ပိုင်း အကြီးမားဆုံး လက်ဆောင်အဖြစ် "ကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိ ငွေသားကံစမ်းမဲများ" ကိုလည်း အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းပေးထားသည်။

ထိပ်တန်းကားအမှတ်တံဆိပ်များ စုံလင်စွာဖြင့် မော်တော်ကားဈေးကွက်ကို တစ်နေရာတည်းတွင် လေ့လာနိုင်ခြင်း
ယခုပြပွဲတွင် မြန်မာနှင့် တရုတ်ဈေးကွက်ရှိ ထိပ်တန်းကားအမှတ်တံဆိပ်များကို အောက်ပါအတိုင်း စုစည်းပြသသွားမည် ဖြစ်ပါတယ်။

လျှပ်စစ်ကား (EV) ဆန်းသစ်တီထွင်မှုအမှတ်တံဆိပ်များဖြစ်တဲ့MG、BYD、VENUCIA、 BAIC、SKYWORTH、 BESTUNE、HONGQI、 SWM、Toyota BZ3X, Volkswagen ID4、JMC、 WULING

စီးပွားရေးသုံး ကားကြီးအမှတ်တံဆိပ်များဖြစ်တဲ့
FAW TRUCK、 SINOTRUCK、 SHACMAN、

သုံးဘီး၊ E-Bike လျှပ်စစ်ယာဉ်အမှတ်တံဆိပ်များဖြစ်တဲ့YEDEA、AIMA
ဒ့ါအပြင် POWER X, SD + , YUCHAI MACHINERY, SHWE BANK အပါအဝင် နောက်ထပ် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါင်း ၂၀ ကျော်ကလည်း အားဖြည့်ပါဝင်မည်ဖြစ်ပါသည်။ ၎င်းတို့တွင် အားသွင်းစနစ်များ၊ မော်တော်ကားအာမခံနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ရောင်းချပြီးနောက်ပိုင်း ပြုပြင်ထိန်းသိမ်းမှုစနစ်များ၊ ဆိုလာနှင့်စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်သောကြောင့် ကားကြည့်ရှုဝယ်ယူခြင်းမှ ကားအသုံးပြုထိန်းသိမ်းခြင်းအထိ တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဝန်ဆောင်မှုကို ရရှိစေမည် ဖြစ်ပါတယ်။

မိသားစုအသုံးပြုရန်၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအတွက်၊ ဆိုင်ကယ်စီးဝါသနာအိုးများ သို့မဟုတ် လျှပ်စစ်စွမ်းအင်ရင်းနှီးမြှုပ်နှံသူများ ဖြစ်စေ မိမိတို့နှစ်သက်မည့် အောက်ပါကဏ္ဍများကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

🚗 ဓာတ်ဆီသုံးကားများနှင့် လျှပ်စစ်ကားများ (နောက်ဆုံးပေါ် အားသွင်းစနစ်များအပါအဝင်)
🚛 ကုန်တင်ကားများနှင့် စီးပွားရေးသုံး သယ်ယူပို့ဆောင်ရေးယာဉ်များ
🛵 သုံးဘီးဆိုင်ကယ်များနှင့် လျှပ်စစ်စက်ဘီးများ
🔧 မော်တော်ကား ပြုပြင်ထိန်းသိမ်းမှု ဝန်ဆောင်မှုများ
💳 မော်တော်ကား ဘဏ္ဍာရေး (အရစ်ကျစနစ်) နှင့် အာမခံလုပ်ငန်းများ
☀️ ဆိုလာနှင့်စွမ်းအင်စနစ်များ
🔩 မော်တော်ကားအပိုပစ္စည်းများနှင့် အဆင့်မြင့်အသုံးအဆောင်များ
ပြပွဲ၏ ထူးခြားချက် တစ်ခုကတော့ ကားဝယ်ယူသူတိုင်း ငွေသားဆုမဲ ၁၀၀% ပေါက်မည့် အစီအစဉ်လဲရှိပါတယ်။

လူကြီးမင်းများ၏ အားပေးမှုကို တုံ့ပြန်သောအားဖြင့် စီစဉ်သူများမှ "ကျပ်သိန်းပေါင်းများစွာတန် ငွေသားပြန်အမ်းခြင်း" ပြပွဲတွင်းကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ ပြပွဲကာလအတွင်း ကားဝယ်ယူအားပေးသူ မည်သူမဆို ငွေသားကံစမ်းမဲနှိုက်ခွင့်ရရှိမည်ဖြစ်ပြီး ဆုမဲပေါက်ရောက်မှုနှုန်းမှာ ၁၀၀% ဖြစ်သည်။ စစ်မှန်သော ငွေသားဆုလာဘ်များက လူကြီးမင်းတို့၏ ကားဝယ်ယူမှု ပျော်ရွှင်မှုကို နှစ်ဆတိုးစေမှာပါ။

နေ့စဉ် နံနက် ၁၁:၀၀ နာရီ နှင့် မွန်းလွဲ ၂:၀၀ နာရီတို့တွင် ပြပွဲစင်မြင့်ထက်၌ ခန့်ညားထည်ဝါသော ခြင်္သေ့အက ဖျော်ဖြေမှုများ ကို တင်ဆက်ပေးသွားမည်ဖြစ်ပြီး၊ လာရောက်ကြည့်ရှုသူ မိသားစုဝင်ကြီးလူငယ်မရွေး ပျော်ရွှင်တက်ကြွမှုကို ခံစားရစေမှာပဲဖြစ်ပါတယ်။

ပြပွဲကို ဘာကြောင့် မဖြစ်မနေ လာရောက်သင့်သလဲ?

ထိပ်တန်းအမှတ်တံဆိပ်များစွာ တစ်နေရာတည်းတွင် ရှိနေသဖြင့် အချိန်ကုန်ခံ သွားလာနေစရာမလိုဘဲ ကားမော်ဒယ်များကို စိတ်ကြိုက်ရွေး‌ချယ်နှိုင်းယှဉ်နိုင်ပါတယ်။
နောက်ဆုံးပေါ် စမတ်မောင်းနှင်မှုစနစ်၊ အမြန်အားသွင်းနည်းပညာများနှင့် လျှပ်စစ်စွမ်းအင်သစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနိုင်ပါတယ်။
စီးပွားရေးအခွင့်အလမ်းများ တိုးချဲ့နိုင်ခြင်း: မော်တော်ကားကုမ္ပဏီကြီးများမှ တာဝန်ရှိသူများ၊ ကုန်ပစ္စည်းထောက်ပံ့သူများနှင့် ဘဏ်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ကာ စီးပွားရေးကွန်ရက် ချိတ်ဆက်နိုင်မယ်။
စိတ်ချရသော ဝန်ဆောင်မှုများရရှိခြင်း: ကုမ္ပဏီတရားဝင် ပြုပြင်ထိန်းသိမ်းမှု၊ အာမခံနှင့် ကားအလှဆင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များကို တိုက်ရိုက်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

📅 Date : July 17–19, 2026
📍 Venue : Yangon Convention Center (YCC)
(Inside Inya Lake Hotel)

ကံစမ်းမဲနှင့် Test Drive အခွင့်အရေးများကို လက်လွတ်မသွားစေရန် အချိန်မီ လာရောက်ပါရန် ဖိတ်ခေါ်အပ်ပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ဇူလိုင်လနွေရက်များတွင် မြန်မာ့မော်တော်ကားစက်မှုလုပ်ငန်း၏ တိုးတက်လှုပ်ခတ်မှုကို ရန်ကုန်တွင် အတူတကွ ဆင်နွှဲလိုက်ကြပါစို့။
ကားအသစ်များ၊ ငွေသားဆုကြီးများနှင့် ခြင်္သေ့အကဖျော်ဖြေပွဲများက လူကြီးမင်းများကို စောင့်ကြိုနေပါတယ်။


Auto Expo 2026

Photos from 36 Myanmar's post 07/07/2026

"မန္တလေးမြို့တွင် ဖွင့်လှစ်လိုက်သည့် C9 Hair Design ဆိုင်"

C9 Hair Design ဆိုင်ဖွင့်ပွဲကိုဇူလိုင်လ (၅)ရက် ၊ တနင်္ဂနွေနေ့ မနက်ပိုင်း၌မန္တလေးမြို့(၇၃)လမ်းနှင့် (၂၈)လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၌ဖွင့်လှစ်ခဲ့သည်။ယင်းအခမ်းအနားသို့နာမည်ကျော်အနုပညာရှင်အကယ်ဒမီယွန်းယွန်းနှင့်မေနွယ်ထွန်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။

C9 Hair Design ဆိုင်၌ဆံပင်နှင့်ပတ်သက်၍အလှအပဆိုင်ရာများအတွက်ဧည့်သည်တော်များ၏စိတ်တိုင်းကျဆောင်ရွက်ပေးလျှက်ရှိသလိုဆိုင်စတင်ဖွင့်လှစ်သည့်ဇူလိုင်(၅)ရက်မှဇူလိုင်(၁၂)ရက်နေ့ထိလာရောက်အားပေးကြသောဧည့်သည်တော်များအားအထူးဈေးနှုန်းများဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11182