Save the Library Myanmar
လူတစ်ယောက် တစ်လ တစ်ထောင် စုပြီး လစဉ် စာကြည့်တိုက်များအား လှုမည်
30/05/2026
#ကလေးဖတ်စာအုပ်များထုတ်ဝေရန်အတွက်ပဒေသာပင်ထည့်ဝင်သူများစာရင်း (၂၀၂၆)
၁။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဇန်နဝါရီလ အတွက် ပဒေသာပင် ၅ ပင်
၂။ ခွန်စိုးထင်အောင် - ပဒေသာပင် တစ်ပင်
၃။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဖေဖော်ဝါရီလ အတွက် ပဒေသာပင် ၅ ပင်
၄။ ခင်မောင်မောင်လွင် မှ ပဒေသာပင် ၂ပင်
၅။ ဓမ္မဇောတိစာကြည့်တိုက် ပဒေသာပင် တစ်ပင်
၆။ ခင်မောင်မောင်လွင် မှ ပဒေသာပငအတွက် ၁၅၀၀၀ ကျပ်
၇။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) မတ်လ အတွက် ပဒေသာပင် ၅ ပင်
၈။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဧပြီလ အတွက် ပဒေသာပင် ၅ ပင်
၉။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) မေလ အတွက် ပဒေသာပင် ၅ ပင်
၁၀။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဇွန်လ အတွက် ပဒေသာပင် ၅ ပင်
#ပဒေသာပင်တစ်ပင်ကိုတစ်သောင်းနှုန်းသတ်မှတ်ထားပါတယ်
ပွဲဦးထွက် ကလေးစာအုပ်တစ်အုပ်ထွက်ထားသလို စာကြည့်တိုက်ဆိုင်ရာဆောင်းပါး e-book တွေလည်း စီစဥ်နေပါတယ်။
စာအုပ်ရောင်းရသမျှ စာအုပ်ပြန်ထုတ်ဖို့နဲ့ထွက်ထားသမျှစာအုပ်တွေကို စာကြည့်တိုက်တွေဆီ ပြန်လှူသွားမှာဖြစ်ပါတယ်။
ကလေးဖတ်စာအုပ်တွေလည်း ဝယ်ယူစုဆောင်းပြီး ပြန်လည်လှူဒါန်းပေးလျက်ရှိပါတယ်။
ပါဝင်ကူညီ လုပ်ဆောင်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
Viber - 09757624855 ကနေလည်း ဆက်သွယ်နိုင်ပါတယ်။
( ၂၀၂၅ ခုနှစ်အတွက် ပဒေသာပင် ကောက်ခံရရှိငွေမှာ ၂၂၃၀၀၀၀ ကျပ် ဖြစ်ပါတယ်)
08/05/2026
မနေ့က ပခုက္ကူဘက်က စာကြည့်တိုက်တစ်ခုအတွက် စာအုပ်ပုံး တစ်ပုံးစာ လှူဒါန်းပေးလိုက်ပါတယ်။
ဒီဘက်ကနေ ကားဂိတ်အရောက် ပို့ပေးလို့ရပေမယ့် ပို့လိုက်တဲ့နေရာ ရောက်ရင်တော့ ပို့ခကျခံပြီး ရွေးနိုင်တယ်ဆိုရင် ကလေး လူငယ် အရွယ်စုံ ဖတ်နိုင်တဲ့စာအုပ်လေးတွေ ရွေးချယ်ထည့်ပေးသွားမှာဖြစ်ပါတယ်။
လှူဒါန်းပေးတဲ့ပုံစံ နှစ်မျိုးရှိပါတယ်။
တစ်မျိုးက ဗဂျီအိမ်စာပေ ကနေစာအုပ်ဝယ်ရင် %လျော့ပေးသလို လှူဒါန်းတဲ့စာအုပ်တွေ ထည့်ပြီး လှူပေးတာပါ အဲ့အတွက် စာကြည့်တိုက်နာမည် မြို့နယ်တိုင်းအမည်ပြောရင်ရပါပြီ။
နောက်တစ်မျိုးကတော့ မိမိစာကြည့်တိုက်ရဲ့လှုပ်ရှားမှု မိမိစာကြည့်တိုက်အကြောင်း စသဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိကြောင်း အချက်အလက်ပေးပို့ပြီး စာအုပ်အလှူခံတာပါ။
ကျွန်တော်တို့ပတ်ဝန်းကျင်က ကလေး လူငယ်တွေ စာဖတ်ဖို့လုပ်နေတဲ့ မည်သူမဆို ဆက်သွယ်နိုင်ပါတယ်။
07/05/2026
ယောင်ပေစူးလေးနှင့် ကမ္ဘာအံဖွယ် ၇ ခု
နတ်တော်လရောက်ရင် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွေ ကျပန်းစကားပြောပြိုင်ပွဲတွေပြုကျင်း ပကြတော့ ယောင်ပေစူးလေးတို့မြို့နယ်မှာရှိတဲ့ ဘကဘုန်းကြီးကျောင်းတွေအားလုံးပေါင်းပြီး မူလတန်း၊အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ကြမဲ့အကြောင်းကို ဆရာတော်က ကျောင်းသားအားလုံးကို ကြေညာပါတယ်။
ကျောင်းအဆင့် မူလတန်း၊ အလယ်တန်းယှဉ်ပြိုင်စေပြီးမှ ပထမ၊ ဒုတိယ၊ တတိယရတဲ့ကျောင်းသား၊ကျောင်းသူ တွေကို မြို့နယ်အဆင့်ကို ယှဉ်ပြိုင်ရမယ်လိုကြေညာထားတာပေါ့။ ယောင်ပေစူးလေးတို့ မူလတန်းအဆင့်ကျောင်းသား လေးတွေဟာ စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ကိုစိတ်လှုပ်ရှားနေကြတာပေါ့။ ကလေးတွေကြိုလေ့လာလို့ရအောင် စာစီ စာကုံးခေါင်းစဉ်ကိုလဲ “ကျွန်တော်ရောက်ဖူးချင်သောနေရာများ" ဟုကြေညာပေးထာပါတယ်။
ဒီရက်တွေမှာတော့ ရွာစာကြည့်တိုက်လေးဟာ ကျောင်းသားကျောင်းသူတွေနဲ့ စည်ကားနေပါတယ်။စာကြည့် တိုက်မှူးဦးလေးစိုးတစ်ယောက် သူရဲ့စာကြည့်တိုက်လေး လူစည်ကားနေတော့ အလုပ်ရှုပ်ပေမဲ့ပျော်ရွှင်နေတာပေါ့။ ယောင်ပေစူးလေးက ဦးလေးစိုးကို သူဘယ်လို့စာအုပ်မျိုးဖတ်သင့်တယ်ဆိုတာကို မေးမြန်းနေပါတယ်။ ဦးလေးစိုးက လာသမျှကျောင်းသား၊ ကျောင်းသူတွေပြောကြလွန်းလို့ စာစီစာကုံးခေါင်းစဉ်ကိုလဲ သိနေပါပြီ။ ဒါကြောင့် ယောင်ပေ စူးလေးကို သားဘယ်လိုနေရာတွေ ကိုရောက်ဖူးချင်တာလဲလို့မေးလိုက်ပါတယ်။
ယောင်ပေစူးလေးက ဦးလေးစိုးတစ်ခါကပြောပြတဲ့ မဟာတံတိုင်းကြီးလိုနေရာမျိုးတွေလို့ပြန်ပြောလိုက်တယ်။ ဦးလေးစိုးက အဲလိုနေရာမျိုးကို ကမ္ဘာအံဖွယ်နေရာလို့ခေါ်ပြီး မဟာတံတိုင်းတစ်ခုထဲမဟုတ်ပဲ နောက်ထပ်ကျန်သေး တယ်လို့ရှင်းပြပါတယ်။
ပြီးတော့ ဦးလေးစိုးက ယောင်ပေစူးလေးတို့အရွယ်ကလေးတွေ အတွက်ထုတ်ထားတဲ့ ကမ္ဘာအံဖွယ်နေရာတွေ အကြောင်းပါတဲ့ စာအုပ်လေးကို ငှားပေးလိုက်ပါတယ်။ စာကြည့်တိုက်လေးမှာလဲ လူရှင်းလာပြီဖြစ်လို့ ဦးလေးစိုးက ယောင်ပေစူးလေးကို ကမ္ဘာအံဖွယ် (၇)ခုအကြောင်းကိုပြောပြပါတယ်။
ဒါတွေဟာ လူသားတွေ ရှေးရှေးဘုန်းက ခက်ခက်ခဲခဲနဲ့ အံ့ဩစရာကောင်းအောင် တည်ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးတွေပေါ့။
၁။ တရုတ်ပြည်က မဟာတံတိုင်းကြီး (Great Wall of China)
ဒါကတော့ ကမ္ဘာပေါ်မှာ အရှည်ဆုံး တံတိုင်းကြီးပေါ့။ အာကာသထဲကနေတောင် မြင်ရတယ်လို့ လူပြောများတဲ့အထိရှည်လျားပါတယ်။ ရန်သူတွေ ရန်ကနေ ကာကွယ်ဖို့အတွက် တောင်တန်းတွေပေါ်မှာ နဂါးကြီးတစ်ကောင်လို တွန့်လိမ်ပြီး တည်ဆောက်ထားတာပါ။
၂။ ဂျော်ဒန်နိုင်ငံက ပီထရာမြို့ဟောင်း (Petra)
ဒီမြို့ကြီးက ထူးခြားချက်က အုတ်ခဲတွေနဲ့ စီထားတာမဟုတ်ဘဲ ကျောက်တောင်ကြီးတွေကို ထွင်းထုပြီး လုပ်ထားတာပါ။ ပန်းရောင်သန်းနေတဲ့ ကျောက်တောင်တွေထဲမှာ နန်းတော်ကြီးတွေ၊ ဘုရားကျောင်းတွေကို အနုစိတ်ထွင်းထားတာမို့ "နှင်းဆီရောင်မြို့တော်" လို့လည်း ခေါ်ကြတယ်ကွယ်။
၃။ အီတလီနိုင်ငံက ကိုလော့စီယမ် (Colosseum)
ဒါကတော့ ရှေးခေတ်က အကြီးမားဆုံး အားကစားကွင်းကြီးပေါ့။ အခုခေတ် ဘောလုံးကွင်းတွေလိုပဲ လူပေါင်း ၅ သောင်းကျော် ဆံ့ပါတယ်။ အဲဒီတုန်းကတော့ ဒီကွင်းကြီးထဲမှာ လူအချင်းချင်း၊ တိရစ္ဆာန်အချင်းချင်း တိုက်ခိုက်တဲ့ ပြိုင်ပွဲတွေကို ကြည့်ကြတာပါ။
၄။ မက္ကဆီကိုနိုင်ငံက ချီချန်းအစ်တ်ဇာ (Chichen Itza)
မာယာလူမျိုးတွေ တည်ဆောက်ခဲ့တဲ့ ပိရမစ်ကြီးပါ။ ဒီပိရမစ်က သားတို့ သမီးတို့ သင်နေရတဲ့ သင်္ချာနဲ့ နက္ခတ်ဗေဒ ပညာရပ်တွေမှာ အရမ်းကျွမ်းကျင်ကြောင်း ပြနေတာ။ လှေကားထစ်တွေကို ပေါင်းလိုက်ရင် တစ်နှစ်တာရဲ့ ရက်ပေါင်း ၃၆၅ ရက်နဲ့ အတူတူပဲတဲ့။ ထူးဆန်းတယ်မလား။
၅။ပီရူးနိုင်ငံက မာချူးပီချူး (Machu Picchu)
ဒါကတော့ "တိမ်တွေကြားက မြို့တော်" လို့ နာမည်ကြီးတယ်။ အရမ်းမြင့်တဲ့ တောင်ပေါ်မှာ အင်ကာလူမျိုးတွေ တည်ဆောက်ခဲ့တာပါ။ ဘိလပ်မြေ လုံးဝမသုံးဘဲ ကျောက်တုံးကြီးတွေကို တစ်ခုနဲ့တစ်ခု အံချော်မသွားအောင် အတိအကျ စီထားတာ ခုထက်ထိ ခိုင်ခံ့နေတုန်းပဲ။
၆။ အိန္ဒိယနိုင်ငံက တာ့ဂျ်မဟာ (Taj Mahal)
ဒီအဆောက်အအုံကြီးကတော့ အရမ်းလှတဲ့ အဖြူရောင် စကျင်ကျောက် နန်းတော်ကြီးပေါ့။ ဧကရာဇ် ရှာဂျာဟန်က သူ့ရဲ့ ချစ်လှစွာသော ဇနီးသည်အတွက် အမှတ်တရ တည်ဆောက်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ အလှပဆုံး အချစ်သင်္ကေတ အဆောက်အအုံလို့လည်း ဆိုကြတယ်။
၇။ ဘရာဇီးနိုင်ငံက ခရစ်တော်ရုပ်ပွားတော် (Christ the Redeemer)
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုး မြို့ရဲ့ တောင်ထိပ်ပေါ်မှာ ရှိတာပါ။ လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းထားတဲ့ ဒီရုပ်တုကြီးက ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို ဖော်ဆောင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။
ပြီးသွားတဲ့အခါမှာ ဦးလေးစိုးက ယောင်ပေစူးလေးကကောဘယ်နေရာကိုအသွားချင်ဆုံးလဲလို့ မေးလိုက်ရင်း စာစီစာကုံးရေးဖို့ဆို အခုငှားပေးလိုက်တဲ့စာအုပ်ထဲမှာပါတဲ့ ကမ္ဘာအံဖွယ် ၇ခုအကြောင်းကိုသေချာဖတ်ဖို့မှာကြား လိုက်ပါတယ်။ ယောင်ပေစူးလေးကတော့ သူဘယ်နေရာကိုသွားချင်းမှန်းမသိရသေးပေမဲ့ စာကြည့်တိုက်မှူး
ဦးလေးစိုးပြောပြလိုက်တဲ့ နေရာ ၇ခုလုံးကိုသွားချင်နေပါတော့တယ်။
တင်ဆက်သူ - သီဟဘော်ဇံ
အောက်ကပုံလေးကတော့ AI ကဖန်တီးပေးထားတဲ့ပုံလေးပါ
02/05/2026
#ကလေးဖတ်စာအုပ်များထုတ်ဝေရန်အတွက်ပဒေသာပင်ထည့်ဝင်သူများစာရင်း (၂၀၂၆)
၁။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဇန်နဝါရီလ အတွက် ပဒေသာပင် ၅ ပင်
၂။ ခွန်စိုးထင်အောင် - ပဒေသာပင် တစ်ပင်
၃။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဖေဖော်ဝါရီလ အတွက် ပဒေသာပင် ၅ ပင်
၄။ ခင်မောင်မောင်လွင် မှ ပဒေသာပင် ၂ပင်
၅။ ဓမ္မဇောတိစာကြည့်တိုက် ပဒေသာပင် တစ်ပင်
၆။ ခင်မောင်မောင်လွင် မှ ပဒေသာပငအတွက် ၁၅၀၀၀ ကျပ်
၇။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) မတ်လ အတွက် ပဒေသာပင် ၅ ပင်
၈။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) ဧပြီလ အတွက် ပဒေသာပင် ၅ ပင်
၉။ ဆရာဦးစောထွန်း (စောလူ)+ဒေါ်စန္ဒာဝင်း (မေစာ) မေလ အတွက် ပဒေသာပင် ၅ ပင်
#ပဒေသာပင်တစ်ပင်ကိုတစ်သောင်းနှုန်းသတ်မှတ်ထားပါတယ်
ပွဲဦးထွက် ကလေးစာအုပ်တစ်အုပ်ထွက်ထားသလို စာကြည့်တိုက်ဆိုင်ရာဆောင်းပါး e-book တွေလည်း စီစဥ်နေပါတယ်။
စာအုပ်ရောင်းရသမျှ စာအုပ်ပြန်ထုတ်ဖို့နဲ့ထွက်ထားသမျှစာအုပ်တွေကို စာကြည့်တိုက်တွေဆီ ပြန်လှူသွားမှာဖြစ်ပါတယ်။
ကလေးဖတ်စာအုပ်တွေလည်း ဝယ်ယူစုဆောင်းပြီး ပြန်လည်လှူဒါန်းပေးလျက်ရှိပါတယ်။
ပါဝင်ကူညီ လုပ်ဆောင်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
Viber - 09757624855 ကနေလည်း ဆက်သွယ်နိုင်ပါတယ်။
( ၂၀၂၅ ခုနှစ်အတွက် ပဒေသာပင် ကောက်ခံရရှိငွေမှာ ၂၂၃၀၀၀၀ ကျပ် ဖြစ်ပါတယ်)
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Address
Yangon