Hnin's creation

Hnin's creation

Share

H&M

03/01/2026

ပတ်စ်ပို့ အမြန်ကြေး ကျပ် ၅ သိန်းခွဲနီးပါးနဲ့ လုပ်နိုင်တဲ့အပေါ် ဘယ်လိုသဘောထားမှတ်ချက်တွေရှိနေလဲ

ပြည်ပထွက်ခွာဖို့ ပတ်စ်ပို့ ( နိုင်ငံကူးလက်မှတ်) အရေးပေါ် လိုအပ်သူတွေအနေနဲ့ ၅ ရက်အတွင်း မြန်မာငွေ ၅၄၅,၀၀၀ ကျပ်နဲ့ ထုတ်ယူနိုင်မယ့် အမြန်စနစ်ကို စတင်လိုက်ပြီလို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ က နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။

ကြေညာချက်အရ Online Booking တင်တာနဲ့ ရုံးတွင်းဆောင်ရွက်မှုတွေ စောင့်ဆိုင်းဖို့ မလိုဘဲ အမြန်ဝန်ဆောင်မှု (Express Service) လျှောက်ထားနိုင်ရေး ဇန်နဝါရီ ၅ ရက်ကစလို့ စီစဉ်ထား တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ Black List - အမည်မည်းစာရင်း ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အခြားအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိအဖွဲ့အစည်းတွေ၊ ထောက်ခံချက်လိုအပ်သူများအနေဖြင့် ငွေ မဆုံးရှုံးစေရေး စုံစမ်းပြီးမှ လျှောက်ထားဖို့လည်း သတိပေးထားတာတွေ့ရပါတယ်။

ပုံမှန်လုပ်ငန်းစဥ်နဲ့ ပတ်စ်ပို့ရရှိဖို့ဆိုရင် အနည်းဆုံး တစ်လ ကနေ သုံးလအတွင်း ကြာတတ်ပြီး ၄၅,၀၀၀ ကျပ် ကုန်ကျစရိတ် ရှိပါတယ်။

လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို ရန်ကုန်၊နေပြည်တော်နဲ့ မန္တလေးအပြင် နိုင်ငံတဝန်းနီးပါးမှာ ၁၅ ရုံးထက်မနည်းဖွင့်ထားတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ပတ်စ်ပို့ ( နိုင်ငံကူးလက်မှတ်) အမြန်ရဖို့ ငွေကျပ် ၅ သိန်းခွဲ နီးပါးပေးဆောင်ရမယ့် လုပ်ငန်းစဥ်အပေါ် ဘယ်လိုသဘောထားအမြင်တွေရှိနေပါသလဲ။

#ဘီဘီစီမြန်မာပိုင်း #ပတ်စ်ပို့ #နိုင်ငံကူးလက်မှတ်

Photos from ရွှေကြယ် ဖယောင်းပုဆိုး/ကော်ဇောနှင့်လူသုံးကုန်ပစ္စည်းလက်လီ/လက်ကား's post 06/11/2025
06/11/2025

ရန်ကုန် - ပုဂံရထားကို လမ်းကြောင်းပြောင်းပြီး ရန်ကုန်- ပျဉ်းမနား -ပုဂံ ပြေးဆွဲမယ်

အောက်တိုဘာ ၁၇ ၊၂၀၂၅
CC (VOM)

ပြေးဆွဲမှုယာယီရပ်ထားတဲ့ ရန်ကုန် - ပုဂံ ရထားခရီးစဥ်ကို ယခုလာမယ့် အောက်တိုဘာ ၂၁ ရက်နေ့မှစပြီး ရထားလမ်းကြောင်းပြောင်းလဲပြီး ရန်ကုန် -ပျဉ်းမနား - ပုဂံ ခရီးစဥ်အဖြစ် ပြန်လည်စတင်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ပုဂံဘူတာမှသိရပါတယ်။

ရန်ကုန် - ပုဂံ ရထားလမ်းမှာရှိတဲ့ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးရွာအနီးရှိ ဝက္ကသေးဘူတာအနီးက ရထားသံလမ်းတံတားရဲ အလယ်ကွန်ကရစ်တိုင်တခု နိမ့်ကျွန်ကျမှုကို ပြင်ဆင်မှု ယခုအထိ မပြီးသေတာကြောင်း နေပြည်တော်ရထား လမ်းကြောင်းပြောင်းပြီး ပုဂံကို ပြေးဆွဲပေးဖို့စီစဥ်တာဖြစ်တယ်လို့သိရပါတယ်။

ယခုပြန်လည်ပြေးဆွဲမယ့် ရန်ကုန် - ပုဂံရထားခရီးစဥ်က ယခင်ရထားခရီးစဥ်လို အောင်လံ ၊ ပြည် ( ရွှေတံခါး ဘူတာ) အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းက ဘူတာတွေကိုဖြတ်ပြီး မောင်းနှင် မှာမဟုတ်တော့ဘဲ ပျဥ်းမနား နဲ့လယ်ဝေးဘက်ကနေ ပဲခူးအရှေ့ခြမ်း ရထားလမ်းကိုသုံးပြီး ရန်ကုန်ကိုပြေးဆွဲမှာဖြစ်တယ် လို့သိရပါတယ်။

ပြောင်းလဲ ပြေးဆွဲမယ့် ရထားခရီးစဥ် အတွင်းရပ်နားမယ့် ဘူတာတွေကတော့ ရန်ကုန် ၊ တိုးကြောင်ကလေး ၊ ပဲခူး ၊ ဒိုက်ဦး ၊ ညောင်လေးပင် ၊ ဖြူး ၊ တောင်ငူ ၊ ပျဉ်းမနား ၊ လယ်ဝေး ၊ ဆတ်သွားကုန်း ၊ တောင်တွင်းကြီး ၊ မြို့သစ် ၊ နတ်မောက် ၊ လေးအိမ် ၊ သာမြှား ၊ ပင်းချောင်း ၊ ကျောက်ပန်းတောင်း ၊ ငါ့မင်းမေး ၊ စုတည် ၊ ပုဂံဘူတာကြီးတို့ဖြစ်တယ်လို့သိရပါတယ်။

" နဂိုကအောင်လံဘက်ကပတ်တယ်။ အခုက ပျဥ်းမနားဘက်ကပတ်မှာပေါ့။ပြည်ဘက်ကိုလည်း ရထားမပတ်တော့ဘူး။ ခရီးစဥ်ကသေချာသွားပါပြီ။ ပုဂံက နေ စထွက်မယ်။ဆတ်သွားဘူတာအထိကသွားလို့ရတယ်။ဆတ်သွားက ဝိုင်ပုံသဏ္ဍန်ဖြစ်နေတာလေ။ သူကလမ်းဆုံဆိုတော့။ အဲတော့ ပုဂံကနေသွားရင် ညာဘက် သွားတဲ့လမ်းကပိတ်ထားတော့ ဘယ်ဖက်ကနေသွားတဲ့သဘောပဲ။အချိန်ကတနာရီကျော်လောက်ပံပိုကြာနိုင်ပါတယ်။ " လို့ ပုဂံဘူတာရုံပိုင်ကြီးကပြောပါတယ်။

ရန်ကုန် - ပုဂံလမ်းရှိ ဝက္ကတေးဘူတာအနီးရှိ တံတားအလယ်တိုင်ကျွံကျမှုကို ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်ကာလ သုံးလ လောက်ကြာမြင့်နိုင်ကြောင်းခန့်မှန်းထားတဲ့အတွက် ပုဂံကို လာရောက်လည်ပတ်ကြမယ့် ခရီးသွားဧည့်သည်တွေ အဆင်ပြေစေဖို့အတွက် ယခုလို ရထားပြန်လည်ပြေးဆွဲပေးတာဖြစ်တယ်လို့ဆိုပါတယ်။

ရထားခရီးစဥ်ပြေးဆွဲမယ့်ရက်ကိုတော့ ပုဂံမှ အင်္ဂါနေ့ ညနေ ၆ နာရီစတင် ထွက်မှာဖြစ် ပြီး ရန်ကုန်မှ သောကြာနေ့ ၊နေ့လယ် ၁၂ နာရီ ၁၅ မိနစ် ထွက်ခွာပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန် - ပုဂံရထားခရီးစဥ်ကိုတော့ စက်တင်ဘာ ၃၀ ရက်နေ့ကတည်းက ပြေးဆွဲမှုယာယီရပ်နားထားတာ ဒီကနေ့ အောက်တိုဘာ ၁၇ ရက်အထိဖြစ်ပါတယ်။

ဓာတ်ပုံ - CJ

VOM Telegram Channel: https://t.me/VOMNEWS2023/16731

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.

#ရန်ကုန်ပုဂံရထား #ရန်ကုန်-ပျဥ်းမနား-ပုဂံ #ပြေးဆွဲ

02/11/2025
Photos from တောင်ငူလမ်းညွှန် Taungoo Directory's post 02/11/2025
Photos from SHWE CHUE အထည်ဆိုင်'s post 02/11/2025
23/09/2025
Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon