Mine Tour
Mine Tour ( Travels & Tours Co.,Ltd )
25/03/2021
Air KBZ မှ ရန်ကုန် - မန္တလေး - ဟဲဟိုးခရီးစဉ်ကို နေ့စဉ်ပျံသန်းပြေးဆွဲတော့မည်
====================================
Air KBZ သည် မြန်မာနိုင်ငံအတွင်း အဓိကနေရာဒေသနှစ်ခုကို ခရီးစဉ်တစ်ကြောင်းတည်းဖြင့် ရောက်ရှိနိုင်ရန် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှစတင်၍ ရန်ကုန်မှ ဟဲဟိုးသို့ မန္တလေးမှတဆင့် ပျံသန်းပေးတော့မည်ဖြစ်ပါသည်။ ခရီးသည်များအနေဖြင့် အရေးပါသည့်ပြည်တွင်းဆက်သွယ်မှုများ ပြေးဆွဲပေးနေသည့် Air KBZ ၏ နေ့စဉ်ခရီးစဉ်များဖြင့် အဆိုပါမြို့များသို့ လွယ်လင့်တကူသွားလာနိုင်ပြီဖြစ်ပါသည်။
သင့်ရဲ့ခရီးစဉ်ကို Air KBZ မှာ ယခုပဲ Booking တင် ဝယ်ယူလိုက်ပါ! လက်မှတ်များကို Air KBZ ၏ လက်မှတ်အရောင်းကိုယ်စားလှယ်များအပါအဝင် Direct Channels များအားလုံးတွင်သာမက ဖော်ပြပါလင့်များမှတဆင့်လည်း ကိုယ်တိုင်ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
Air KBZ Flies Yangon - Mandalay - Heho Daily
====================================
Air KBZ will connect Yangon and Heho via Mandalay effective 26 Mar 2021, introducing two essential destinations in Myanmar in one go! Guests can now travel to these cities conveniently with our daily flights, ensuring critical domestic connectivity.
Book your journey with us NOW! You can purchase your ticket across all channels, including at our selected Passenger Sales Agents (PSAs), and feel free to reach out to us via:
Visit our website: www.airkbz.com
Connect via K7 Chatbot:
https://m.facebook.com/K7chat
Download our mobile app:
Android:
https://play.google.com/store/apps/details?id=com.techfun.k78m
iOS:
https://apps.apple.com/sg/app/air-kbz-mai/id1463916652
23/01/2021
ကဲ....Mine လေး တို့ရေ
ဒီအပတ်မှာတော့ မြန်မာပြည်တောင်ဘက်ပိုင်းမှာ ရှိပြီး အဖိုးမဖြတ်နိုင် တဲ့ မြိတ်ကျွန်းစု ရဲ့ကျွန်းတစ်ချို့ အကြောင်း ကို မိတ်ဆက်ရေးသားဖော်ပြပါရစေ။
မြိတ်ကျွန်းစုကို အရွယ်အစားအမျိုးမျိး ရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့်နှင့် ဖွဲ့စည်း ထားပါသည်။ မြန်မာနိုင်ငံ၏တစ်ခုတည်းသော အမျိုးသားဥယျာဉ် ဖြစ်သည့် လန်ပိအဏ္ဏဝါ ဥယျာဉ် သည်လည်း မြိတိကျွန်းစု တွင် ပါ၀င်သော ကျွန်းတစ်ကျွန်း ဖြစ်သည်။
ကတန်ကျွန်း
ကတန်ကျွန်းသည် မြိတ်ကျွန်းစုတွင် အကြီး ဆုံး ကျွန်းဖြစ်သည်
။ဗြိတိသျှကိုလိုနီ ခေတ် အခါက King's Island ဟု ခေါ်ဝေါ်ခဲ့ကြသည်။မြိတ်မြို့၏ အနောက်ဘက် ၁၀မိုင်ခန့် ကွာတွင် တည်ရှိသည်။ကျွန်းရှိ French Bay Peak သည် ၇၆၇မီတာ (၂၅၁၆)ပေမြင့်ကာ မြိတ်ကျွန်းစုတွင် အမြင့်ဆုံးနေရာဖြစ်သည်။ယခုအခါ ကျွန်းစုမြို့တည်ရှိပြီး ရေတပ်စခန်းဌာန ချုပ်ရှိရာနေရာဖြစ်သည်။
ကံမော်ကျွန်း
ကံမော်ကျွန်းသည် မြိတ်ကျွန်းစု၏ စတုတ္ထအကြီးဆုံး ကျွန်း ဖြစ်သည်။
( Katharine island)ကျွန်း ဟု၍လည်း ခေါ်ကြသည်။ မြိတ်မြို့၏တောင်ဘက် မိုင် ၄၀အကွာတွင်ရှိသည်။ အလျား ၁၈ မိုင် အနံ ၁၁မိုင်ကျယ်သည်။ တောများဖုံးလွှမ်းနေပြီး ကမ်းစပ်တွင် လမုတောများရှိသည်။
ဇာဒတ်ကြီးကျွန်း
ဇာဒတ်ကြီးကျွန်းသည်မြိတ်ကျွန်းစု၏တတိယအကြီးဆုံးကျွန်းဖြစ်သည်။အင်္ဂလိပ်ကိုလိုနီခေတ်ကမူ Saint Mathewကျွန်းဟုခေါ်ဝေါ်ခဲ့ကြသည်။ မြိတ်မြို့၏ အနောက်တောင်ဘက် မိုင်၁၅၀ ခန့်အကွာ တွင်တည်ရှိပြီး ကော့သောင်းခရိုင်အတွင်းတွင် ပါဝင်သည်။မြန်မာ့တပ်မတော် ရေတပ်စခန်းသည် ဇာဒတ်ကြီး ကျွန်းတွင်တည်ရှိသည်။
သူဌေးကျွန်း
သူဌေးကျွန်းသည် ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံရနောင်းမြို့ကြားတွင်တည်ရှိသည်။ယခုအခါသူဌေးကျွန်းပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိသည့် အက်ဒမန်ဟိုတယ်၊ ကာစီနိုနှင့် အပန်းဖြေကလပ် ဂေါက်ကွင်း တည်ရှိသည်။
ဒုံးကျွန်း
ဒုံးကျွန်း(Ross Island) သည် မြိတ်မြို့ အနောက်စူးစူး မိုင် ၃၀ အကွာတွင်ရှိသည်။ အလျား ၁၀ မိုင် အနံ ၇ မိုင်ကျယ်သည်။ ပုလဲ လုပ်ငန်းကြောင့် လူသိများသလို ဆလုံ(မော်ကင်း) လူမျိုးတို့ နေထိုင်စခန်းချရာ ကျွန်းဖြစ်သည်။ဒုံးကျွန်းသည် မြိတ်ကျွန်းစု၏ ဆဌမအကြီးဆုံး ကျွန်းဖြစ်သည်။
ညောင်ဦးဖီးကျွန်း
ညောင်ဦးဖီးကျွန်းသည် ကော့သောင်းမြို့နှင့် ရေမိုင် ၄၂ မိုင် အကွာအဝေးတွင် တည်ရှိသည်။ကော့သောင်းမြို့မှ ညောင်ဦးဖီး ကျွန်းသို့ သွားသည့် လမ်းတစ်လျောက်တွင် ဇာဒတ်ကြီး ၊ဇာဒတ်ကလေး နှင့် တခြား ကျွန်းများကို ကျော်ဖြတ်သွားရမည်ဖြစ်ပြီး speed boat နဲ့သွားလျှင် ၁၅ မိနစ်ခန့် ကြာမြင့်သည်။ညောင်ဦးဖီးကျွန်းတွင် Victoria Cliff Resort တည်ရှိပြီး Kayaking,Hiking စသည့် Activity များ ကို ပြုလုပ်နိုင်သည်။
လန်ပိကျွန်း
လန်ပိကျွန်းသည် ၁၈၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ မြိတ်ကျွန်းစုအတွင်းတွင် ပဉ္စမ အကြီးဆုံး ကျွန်း ဖြစ်သည်။ဆူလေမန်ကျွန်းဟုလည်း ခေါ်ဆိုခဲ့ကြသည်။မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လန်ပိအမျိုးသားအဏ္ဏဝါ ဥယျာဉ်တည်ရှိပြီး အဲဒီဥယျာဉ်တွင် သဘာဝအပန်းဖြေစခန်းတည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် သစ်တောဦးစီးဌာနက တင်ဒါခေါ်ယူခဲ့ရာ အမေရိကန် ရင်းနှီးမြုပ်နှံမှုအပြည့်အဝပါဝင်သည့် Wa Ale Island Resort က တည်ဆောက်ခွင့် အပြည့်အဝရ ရှိခဲ့ပါသည်။
ကိုးကား
တင်နိုင်တိုး (ဒီဇင်ဘာလ ၂၀၁၃) မြန်မာပြည်တစ်ခွင်လမ်းညွန်
ဦးစိုးနိုင် (၂၀၁၅-၂၀၁၆) မြိတ်ကျွန်းစု ရှိ ကျွန်းများ (Drakes Island )တွင်တွေ့ရှိရသောငှက်များ
တနင်္သာရီတိုင်း နောက်ခံသမိုင်းမှတ်စု
Myanmar Times
Credit Photos to Original Owners
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 8, Mahar Bawga 3rd Street, Hledan, Kamayut Township
Yangon
11041
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |