Myanma Insurance

Myanma Insurance

Share

627/635, Merchant St., Yangon, Myanmar

Photos from Myanma Insurance's post 14/05/2026

မကြာမီ ဖွင့်လှစ်မည့် အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရသင်တန်းအပတ်စဥ်(၂၂)အတွက်
သင်တန်းသားများခေါ်ယူခြင်း " 📣

မြန်မာ့အာမခံသင်တန်း​​ကျောင်းသို့တက်​ရောက်လိုပါက
ဖုန်း 09-403891139 နှင့်ဆက်သွယ်၍
အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် လူကိုယ်တိုင် အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

📑သင်တန်းဝင်ခွင့်လျှောက်လွှာနှင့်အတူပါရှိရမည့်စာရွက်စာတမ်းများ
၁။ဓာတ်ပုံ (၅) ပုံ၊
၂။နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ၊
၃။သန်းခေါင်စာရင်း မိတ္တူ၊
၄။ဘွဲ့လက်မှတ် မိတ္တူ (သို့) အခြေခံပညာအထက်တန်း အောင်လက်မှတ် မိတ္တူ

🎓ပညာအရည်အချင်း -
တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိသူ(သို့)အခြေခံပညာအထက်တန်း အောင်မြင်သူ

🗓သင်တန်းကာလ -
"၆" ရက်ကြာ သင်တန်း
(စနေ၊ တနင်္ဂနွေ) နေ့နှင့် ရုံးပိတ်ရက်များမပါ။

🕑သင်တန်းအချိန် -
နံနက်(၉း၀၀)နာရီမှ ညနေ (၄း၂၀)နာရီအထိ

သင်တန်းတည်နေရာ - ။
🏠 မြန်မာ့အာမခံသင်တန်းကျောင်း (ရန်ကုန်)
အမှတ် (၆၂၇/၆၃၅)၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ် ၊
ရန်ကုန်မြို့။

☎️ဆက်သွယ်ရန်ဖုန်းနံပါတ်၊ - ၀၉ ၄၀၃ ၈၉၁ ၁၃၉

မြန်မာ့အာမခံသင်တန်းကျောင်းမှ အာမခံကိုယ်စားလှယ်သင်တန်းသားများအား
✅✅သင်တန်းကြေး အခမဲ့✅✅
✅✅စာမေးပွဲကြေး အခမဲ့ ✅✅
သင်ကြားပေးသွားမည်ဖြစ်ပါသည်။

✨သင်တန်းကာလအတွင်း ကော်ဖီ နှင့် အဆာပြေမုန့် များလည်းထောက်ပံ့ပေးသွားမည်ဖြစ်ပါတယ်။✨

သင်တန်းအား ဇွန်လအတွင်းမှာ ဖွင့်လှစ်မှာ ဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

https://forms.gle/X1o4Xz7oGqK27QPq9

မြန်မာ့အာမခံသင်တန်းကျောင်း
#မြန်မာ့အာမခံလုပ်ငန်း

အပတ်စဥ် ၂၁ မှ သင်တန်းအတွင်း လှုပ်ရှားမှု အချို့

04/05/2026

မြန်မာ့အာမခံလုပ်ငန်းတွင် သင်္ဘောသားအသက်အာမခံ Plan 1 ဝယ်ယူထားရှိသူ ဦးမျိုးမင်းမင်း (CDC-27204) သေဆုံးခဲ့မှုအတွက် သေဆုံးမှုအကျိုးခံစားခွင့်
ငွေကျပ် သိန်း ၁၀၀/- အားအကျိုးခံစားခွင့်ရှိသူ
ထံသို့ မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူများက ယနေ့ ၄.၅.၂၀၂၆ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

ပြည်သူများမှယုံကြည်စွာအာမခံထားရှိမှုအပေါ်အလေးထား ၍လျော်ကြေးများကို အချိန်မဆိုင်းဘဲပေးလျော်လျက်ရှိပါသည်။

အာမခံထားရှိမှုနှင့်ပတ်သက်၍စုံစမ်းသိရှိလိုပါက
အရောင်းမြှင့်တင်ရေးဌာန

ဖုန်း ၀၁၈-၃၉၁၉၉၅
၀၁၈-၃၉၁၉၉၆ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

#အရောင်းမြှင့်တင်ရေးဌာန

01/05/2026

အပတ်စဉ် ၂၂ ကို မေလကုန်မှာ အထွေထွေအာမခံကိုယ်စားလှယ်များအတွက် သီးသန့်ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် သင်တန်းတက်ရောက်လိုသူ များအနေဖြင့် google form မှာစာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် လူဦးရေအကန့်အသတ်ရှိပါသဖြင့် အမြန်စာရင်းပေးသွင်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

မိမိခြေထောက်ပေါ် မိမိ လွတ်လပ်စွာရပ်တည်နေချင်သူများအတွက် ကိုယ့်အရည်အသွေးကိုလည်း တိုးမြှင့်ပေးမယ်

ပုံမှန်ဝင်ငွေလည်း ရရှိနေရမယ်
ကမ္ဘာ့အဆင့်မှီဘာသာရပ်တွေလည်း အလကားသင်ကြားရမယ်

ဘဏ္ဍာရေးအကြောင်း အာမခံအကြောင်းတွေကို ဝါရင့် ဆရာကြီး ဆရာမကြီးများက စနစ်တကျသင်ကြားပေးမည့်
မြန်မာ့အာမခံသင်တန်းကျောင်းရဲ့ အာမခံကိုယ်စားလှယ်သင်တန်းမှ အောက်ပါ link လေးမှာ Register လေး တစ်ချက်လုပ်ရုံနဲ့ Free Traning ရရှိမဲ့ အခွင့်အရေးလေး လာပါပီ

လူဦးရေ အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့ လိုပါမယ်

https://forms.gle/jjPvh3XF5dFyK5Jx7

29/04/2026

The Executive Brief (29/4/2026)
*************************************

ယုံကြည်မှု အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ အာမခံ ဈေးကွက်မှာ ဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံး မသမာမှု တစ်ခု

ယုံကြည်မှု (Trust) ကို အရင်းတည်ရတဲ့ လုပ်ငန်းမှာ "စနစ်" အားနည်းရင် ဘာဖြစ်မလဲ? (Prudential Japan ရဲ့ သင်ခန်းစာ)

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Prudential Life Insurance ကုမ္ပဏီဟာ အခုဆိုရင် အာမခံအသစ်ရောင်းချခွင့် (၆) လအထိ ထပ်မံပိတ်ပင်ခံလိုက်ရတဲ့ သတင်းက အာမခံလောကမှာ အတော်လေး ဂယက်ရိုက်သွားပါတယ်။

၁။ ပြဿနာရဲ့ အစ (The Spark)
ဒီပြဿနာဟာ ကုမ္ပဏီရဲ့ ထိပ်တန်းအရောင်းကိုယ်စားလှယ်ဟောင်းတစ်ဦးရဲ့ "ကိုယ်ကျိုးရှာမှု" ကနေ စတင်ခဲ့တာပါ။ သူဟာ Customer ပေါင်း ၇၀၀ နီးပါးကို "အထူးရင်းနှီးမြှုပ်နှံမှု အစီအစဉ်" ဆိုပြီး လိမ်လည်ကာ ကုမ္ပဏီအကောင့်ထဲ မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်အကောင့်ထဲကို ငွေတွေ လွှဲခိုင်းခဲ့ပါတယ်။ စုစုပေါင်း ယန်း ၃.၁ ဘီလီယံ (ဒေါ်လာ ၂၀ သန်းကျော်) အထိ အလွဲသုံးစားလုပ်ခံခဲ့ရပါတယ်။

၂။ ဘာတွေ ဆက်ဖြစ်ခဲ့သလဲ? (The Failure)
ဒီလိမ်လည်မှုဟာ တစ်ခါတည်း ဖြစ်တာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာခဲ့တာပါ။ ဒီနေရာမှာ ကုမ္ပဏီရဲ့ Internal Control (အတွင်းပိုင်းထိန်းချုပ်မှုစနစ်) အားနည်းချက်တွေ ပေါ်လာပါတယ် -
* အရောင်းဝန်ထမ်းတွေအပေါ် ယုံကြည်မှုလွန်ကဲပြီး စောင့်ကြည့်စစ်ဆေးမှု အားနည်းခဲ့ခြင်း။
* စာရွက်စာတမ်းအတုတွေကို စောစောစီးစီး မရိပ်မိခဲ့ခြင်း။
* Customer တွေရဲ့ တိုင်ကြားချက်တွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးဖို့ နှောင့်နှေးခဲ့ခြင်း။

၃။ နောက်ဆုံး အဆုံးအဖြတ် (The Verdict)
ဂျပန်နိုင်ငံရဲ့ ငွေကြေးကြီးကြပ်မှုအာဏာပိုင် (FSA) က ဒီကိစ္စကို အကြီးအကျယ် အရေးယူခဲ့ပါတယ်။ အစပိုင်းမှာ ၃ လ ပိတ်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေအရ စနစ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုတွေ ပိုများနေတာကြောင့် အခုဆိုရင် နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၆ အထိ (၆ လတိုင်တိုင်) အာမခံအသစ် ရောင်းချခွင့်ကို လုံးဝ ပိတ်ပင်လိုက်ပါတယ်။

၄။ အကျိုးသက်ရောက်မှု (The Impact)
ငွေကြေးအရ ဆုံးရှုံးမှု: ကုမ္ပဏီအနေနဲ့ ဒီကာလအတွင်းမှာ အမြတ်ငွေ ဒေါ်လာ ၁ ဘီလီယံနီးပါး ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်း​​နေကြပါတယ်။ ​ဒေါ်လာ ၁ဘီလီယံ ထက်ပိုတဲ့ ဆုံးရှုံးမှု​တွေက -
နာမည်ပျက်ခြင်း: နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ Brand Reputation နဲ့ Customer တွေရဲ့ ယုံကြည်မှု (Trust) ဟာ အကြီးအကျယ် ထိခိုက်သွားပါတယ်။
အပြောင်းအလဲ: အခုဆိုရင် Prudential ဟာ ဝန်ထမ်းတွေကို ကော်မရှင်သက်သက်ပေးတဲ့စနစ်ကနေ အခြေခံလစာပါဝင်တဲ့ စနစ်ကို ပြောင်းလဲတာ၊ Compliance (စည်းမျဉ်းလိုက်နာမှု) ကို အစကနေ ပြန်တည်ဆောက်တာတွေ လုပ်နေရပါတယ်။

"လုပ်ငန်းတစ်ခုမှာ ယုံကြည်မှု (Trust) ဆိုတာ တည်ဆောက်ဖို့ ခက်ခဲပေမယ့် ဖျက်ဆီးဖို့ကတော့ စက္ကန့်ပိုင်းပဲ လိုပါတယ်။"

ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တဟာ အရေးကြီးသလို၊ အဲ့ဒီဝန်ထမ်းတွေကို စနစ်တကျ ထိန်းကျောင်းနိုင်တဲ့ Corporate Governance နဲ့ Compliance ဟာလည်း လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ဖို့အတွက် မရှိမဖြစ်လိုအပ်ကြောင်း ဒီဖြစ်စဉ်က သက်သေပြနေပါတယ်။

​ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ​နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကို ကျွန်တော်တို့ သတိပြုနိုင်ပါတယ်။ အာမခံဆိုတာ "ဂျင်း" မဟုတ်သလို၊ Corporate ကုမ္ပဏီကြီးတွေကလည်း မိမိတို့လုပ်ချင်တိုင်း လုပ်ခွင့်မရှိပါဘူး။ အာမခံလုပ်ငန်းဆိုတာ Highly Regulated Industry (စည်းမျဉ်းစည်းကမ်း အလွန်တင်းကျပ်တဲ့ လုပ်ငန်း) ဖြစ်တယ်ဆိုတာကို ဂျပန်နိုင်ငံရဲ့ ငွေကြေးကြီးကြပ်မှုအာဏာပိုင် (FSA) က ဒီကိစ္စကို အကြီးအကျယ် အရေးယူခဲ့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

​အာမခံလုပ်ငန်းဆိုတာ လူတွေရဲ့ ယုံကြည်မှု (Trust) နဲ့ စတင်ခဲ့တာ မှန်ပေမဲ့၊ အဆုံးမှာတော့ ဈေးကွက်ကို စနစ်တကျ စောင့်ကြည့်ထိန်းကျောင်းနေတဲ့ အာဏာပိုင်တွေရဲ့ လက်အောက်မှာ လည်ပတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုတစ်ခုတည်းအပေါ်မှာတင် မဟုတ်ဘဲ ခိုင်မာတဲ့ စည်းမျဉ်းတွေ၊ တာဝန်ခံမှုတွေနဲ့ တည်ဆောက်ထားတဲ့ လုပ်ငန်းတစ်ခုသာ ဖြစ်ပါတယ်။

မျိုးဟိန်း
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Merchant Street
Yangon
11181

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30