Shwe Taw Win

Shwe Taw Win

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Taw Win, Advertising/Marketing, No. 7/B, 147 Street, Tamwe Township, Yangon.

Photos from Shwe Taw Win's post 17/02/2026

ဗုဒ္ဓဂယာကြွမည့် ဆရာတော်ဘုရားကို လေဆိပ်မှာ ဦးချကန်တော့ပြီး နှုတ်ဆက်တဲ့အချိန် ဆရာတော်ကမေးတယ်၊ ဒီလုပ်ငန်းလုပ်တာ ဘယ်နှစ်နှစ်ရှိပြီလဲတဲ့...
၁၅နှစ်ရှိပါပြီဘုရားလို့လျှောက်တော့
ဆရာတော်ကမိန့်တယ်...တော်တော်ကြာပြီပဲတဲ့

🙏ရတနာသုံးပါးကိုကြည်ညိုသောစိတ်🙏

🙏မြတ်စွာဘုရားပွင့်ရာ မြေမြတ်မဟာနှင့်သံဝေဇနိယဌာန၊ အဝိဇဟိတဌာနများကို ပါရမီမြောက် ဘုရားဖူးခရီးဖြစ်အောင် ဖူးမျှော်ကြည်ညိုနိုင်စေရန် ပါရမီဖြည့်ချင်သောစေတနာ🙏

🙏ခရီးသွားနေရရင်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်နေတတ်သော ဝါသနာ🙏

များအရင်းခံကာ ခရီးသွားလာရေး ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့တာ ၁၅နှစ်ကျော် သက်တမ်းရှိခဲ့ပါပြီ

ကျေးဇူးရှင်ဆရာတော်ဘုရားများ၊ သီလရှင်ဆရာကြီး ဆရာလေးများ​၏ ကူညီစောင့်ရှောက်မှု၊ ဘုရားဖူးဓမ္မမိတ်ဆွေများ​၏ ယုံကြည်စိတ်ချစွာဖြင့် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခွင့်ပေးမှုများကြောင့် ဒီနေ့ ဒီအချိန်ထိ "ရွှေတော်ဝင်မိသားစု" ရေရှည်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်🙏🙏🙏

ရွှေတော်ဝင်ဘုရားဖူးအဖွဲ့နှင့်ဘုရားဖူးလိုက်ပါခဲ့ကြသော၊ လိုက်ပါနေကြသော၊ လိုက်ပါကြမည့် ဆရာတော်ဘုရားများ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ ဘုရားဖူးသူတော်စင် သူတော်ကောင်းအပေါင်းနှင့်တကွ ကမ္ဘာသူကမ္ဘာသားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏🙏🙏

ကပ်ကြီးသုံးပါးမှကင်းဝေးကြပါစေ🙏🙏🙏

အလိုရှိအပ် တောင့်တအပ်သော ကောင်းသောလိုအင်ဆန္ဒများ ပြည့်စုံကြပါစေ🙏🙏🙏

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 7/B, 147 Street, Tamwe Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00