Hello Babies Plus
"Hello Babies plus"
"Hello Baby"
"Peapod"
Newborn Baby Swaddles and Triangle Nappy
04/07/2022
မေမေတို့ရဲ့ရင်နှစ်သည်းချာဘေဘီလေးတို့အတွက်😘
ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ မေမေတို့ လွယ်လွယ်ကူကူ သင်ပေးလို့ရတဲ့ အချက်(၃)ချက်
မေမေတို့ အနေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကြီးလာတဲ့အခါ ထက်မြတ်တဲ့ ကလေးတွေ ဖြစ်ချင်ကြမှာပါ။
လူတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု 95% က မွေးကင်းစကနေ ၆ နှစ်အရွယ်အတွင်းမှာ ဖြစ်ပေါ်တဲ့အတွက် ကိုယ့်ကလေးကို ထက်မြတ်စေချင်ရင် မေမေတို့အနေနဲ့ ငယ်ငယ်လေးတည်းက ပြုစုပျိုးထောင်သင့်ပါတယ်။
ဒါ့ကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ သင်ပေးနိုင်တဲ့ အချက်(၃)ချက်ကို ဖော်ပြလိုက်ပါတယ်။
(1) ကိန်းဂဏန်းတွေကို ရေတွက်ပြပါ။
ကလေးငယ်တွေဟာ ကိန်းဂဏန်းတွေကို ရေတွက်ရတာကြိုက်ပါတယ်။ Research တွေအရ ကလေးငယ်တွေဟာ မွေးလာတည်းက သင်္ချာဉာဏ်ရည်ပါလာပြီးသားပါ။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို “ပန်းသီးနှစ်လုံး ရှိတယ်။ လိမ္မော်သီးသုံးလုံးရှိတယ်” စသည်ဖြင့် သင်ပြပြီး ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရပါတယ်။
(2) ပုံပြင်တွေ ပြောပြပါ။
ကလေးကို နားမလည်ဘူးဆိုပြီး ပုံပြင်မပြောပြတာမျိုး မလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စကားလုံးတွေကို ကြားတဲ့အခါ ကလေးတွေအနေနဲ့ ပစ္စည်းတွေကို အသံနဲ့ လေ့လာမှတ်သားပြီး သင်ယူနိုင်လို့ပါ။ ဒီလိုလေ့လာခြင်းက ဦးနှောက်ထဲမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိပြီး ကလေးတွေရဲ့ ဦးနှောက်စွမ်းရည်ကို ပိုကောင်းပါစေလိမ့်မယ်။ ဥပမာအနေနဲ့ ပုံပြင်ပြောတဲ့အခါ ပုံပြင်ထဲမှာ ကြောင်တစ်ကောင်ပါတယ်ဆိုရင် ကိုယ့်အိမ်ကကြောင်ကို လက်ညိုးညွှန်ပြခြင်းဖြင့် ပြောပြတာမျိုး လုပ်သင့်ပါတယ်။
(3) ကလေးတွေနဲ့ တူတူကစားပေးပါ။
မေမေတို့အနေနဲ့ ကလေးတွေ ကစားတဲ့အခါ နားပူတယ်ဆိုပြီး ကလေးတွေကို အော်ငေါက်တာမျိုး လုပ်မိတတ်ကြပါတယ်။ တကယ်တော့ ကလေးတွေဆိုတာ ကစားရင်း ပျော်ရွှင်စွာနဲ့ လေ့လာကြသူတွေပါ။ ကစားရင်းနဲ့ စူးစမ်းလေ့လာပြီး ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ကြတဲ့အတွက် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းကို ပေးပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကိုယ်ရဲ့ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေချင်ရင် အော်ငေါက်တာမျိုး မလုပ်ဘဲ သူတို့နဲ့ တူတူကစားပေးသင့်ပါတယ်။
ဒီနေ့ပြောသွားတဲ့ အကြောင်းအရာလေးက မေမေတို့အတွက် အကျိုးရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ အကျိုးရှိခဲ့တယ်ဆိုရင် အခြားသူတွေလည်း အကျိုးရှိအောင် share သွားပါဦးနော်။
ChitBaby
27/11/2021
ရင်သွေး ဘေဘီ လေးတွေ အတွက် အသင့်ရှိနေမယ့် ဟဲလိုဘေဘီ
31/10/2021
Cosmetics စိတ်ဝင်စားတဲ့မေမေ တွေ မင်မင့် မိသားစု ရဲ့ CATKIN MYANMAR ရဲ့ LIVE လေးမှာ ဝင်အားပေးဖို့ ဖိတ်ခေါ်ပါတယ်
LIVE က နိုဝင်ဘာ ၆ရက် စနေနေ့ ည ၇နာရီ စပါမယ်
LIVE မစခင် ၅ရက် လုံး လက်ဆောင်တွေ ပေးသွားမယ့် အပြင်
LIVE စ, လယ်, ဆုံး လဲ ပျော်စရာ လက်ဆောင်တွေနဲ့ အတူ စျေးတန်တန် လေး ရောင်းပေးသွားမှာ မို့ အလှအပ စိတ်ဝင်စားရင် အချိန်လေး ပေးပြီး အားပေးပါအုံး လို့ 🥰
CATKIN MYANMAR ရဲ့ Live sale လေး ကို
နိုဝင်ဘာ ၆ ရက် (စနေနေ့)
ည ၇ နာရီ မှာ အားပေးဖို့ ဖိတ်ခေါ်ပါရစေ 💓💗
🎈ကာကာ ချစ်သဲလေး တို့ စိတ်ဝင်စားတာအားလုံး ကို Live sale ထဲ မှာပဲ စျေးတန်တန်လေး တွေ နဲ့တတ်နိုင်သမျှ ပြောပြ ရောင်းချ ပေးသွားမှာ မို့ live sale အပြီးထိ အားပေးဖို့ ready နော်😘
🎈live အတွင်း စ, လယ် , ဆုံး လက်ဆောင် လေးတွေ, ဖုန်းဘေလ် ဖြည့်တာတွေ နဲ့အတူ ရင်ခုန်ဖို့ ကြိုဆိုနေမယ်နော် 😍
🎈Live sales မတိုင်မီ ၅ ရက်လုံးလဲ page ကနေ နေ့စဥ် လက်ဆောင် 🎁 ပေးဖို့ စီစဥ်ထားလို့ page ကို like & see first လေး လုပ်ထားပေးအုံးနော် 🎊
Live sales လေး ရဲ့ စည်းကမ်းလေးတွေလဲ ကြိုပြီးရှင်းပြထားပါရစေ
▶️ရန်ကုန် နဲ့ မန်းလေး ကို အိမ်အရောက်ငွေချေ စနစ်/ online payment ငွေကြိုလွှဲ (ဘောက်ချာပို့ပြီး ၂၄ နာရီ အတွင်း) ရှိပါတယ်
▶️နယ် မြို့များ ဘောက်ချာ ပို့ပြီး ၂၄ နာရီ အတွင်း online payment ဖြင့်ငွေကြိုလွှဲ ရပါမယ်
▶️ online ငွေလွှဲအတွက် % ထပ်ပေါင်းပေးစရာ လုံးဝ မလိုပါဘူး🤩
▶️ ဘောက်ချာ ပို့ပြီး ၂၄ နာရီ အတွင်း ငွေမလွှဲရင် auto cancel ပါ
▶️ ငွေလွှဲလက်ခံပြီးတာနဲ့ ၃ ရက်အတွင်းDelivery အပ်ပို့ဆောင်ပေးပါ့မယ်
▶️ ပို့ဆောင်ရနိုင်သော နယ်မြို့ ကားဂိတ်ချ နဲ့ ရန်ကုန်မြို့တွင်းအတွက် ၇၀,၀၀၀ ကျပ်ဖိုး ဝယ်ယူပါက ပို့ဆောင်ခ အခမဲ့ ပေးသွားပါ့မယ်
▶️ kpay, aya pay, kbz နဲ့ aya account သို့ငွေပေးချေ နိုင်ပါတယ်
▶️ live အတွင်းဝယ်ယူတာ မို့ တကယ် ကြိုက်နှစ်သက်မှ အားပေးစေချင်ပါတယ်.live အတွင်း ဝယ်ယူပြီး ကို cancel မလုပ်ဖို့ မေတ္တာ ရပ်ခံအပ်ပါတယ် 🙏
▶️ live အတွင်းပဲ ချစ်သဲလေးတို့ ကို စျေးတန်တန် လေးတွေ နဲ့ အားလုံးကို ရောင်းချပေးမှာ မို့ cb ကနေ live လျော့စျေးဖြင့် လာရောက် ဆက်သွယ်ဝယ်ယူခြင်း လက်မခံပါ🙏
🎁🎁🎁🎁🎁🎁🎁
🎊🎊🎊အထူးလက်ဆောင် 🎊🎊🎊🎊🎊
အခု post ကို public like & share အနေနဲ့ group ၃ ခု မှာ share ပြီး ကိုယ်ချစ်တဲ့ သူ ၃ယောက် ကို ခု post အောက်မှာ မန့်ခေါ်ပေးပါ.
အယောက် ၁၅ မြောက် နဲ့ ၃၀ မြောက် အတွက် surprise gift အနေနဲ့ CATKIN ရဲ့ product ၁ ခု ကို လက်ဆောင်ပေးပါ့မယ်. လက်ဆောင်ရရှိသူက ပို့ဆောင်ခ delivery ကို တော့ ရှင်းပေးရပါမယ်နော်. အကယ်လို့ delivery အတွက် မပေးချင်ရင်တော့ gift အနေနဲ့ ဖုန်းဘေလ် ၂,၀၀၀ ကျပ် ကိုပဲ ပစ္စည်းအစား ဘေလ်ဖြည့်ပေးလိုက်ပါ့မယ် 🥰.
အထူးလက်ဆောင် ပေါက်တဲ့သူ ချစ်သဲလေးတွေ Live အတွင်းဝယ်ယူအားပေးလို့ လက်ဆောင်တွေနဲ့ ပေါင်းပြီး ပို့ပေးဆိုလဲ သဲလေးတို့ ပို့ခ သက်သာတာပေါ့နော် 😘😘😘
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon