Chance Myanmar
မဖြိုးသင်ကြားပေးထားတဲ့ စိတ်ပညာနှင့်ဆိုင်သော သင်တန်းများ၊ Personal Development နှင့်ဆိုင်သော သင်တန်းများကို Page messenger ကနေ စုံစမ်းအပ်နှံနိုင်ပါပြီ။
10/03/2026
Nick Vujicic ရဲ့ နာမည်ကို
လူတွေသိပ်မသိကြနိုင်ပေမယ့်
သူ့ရဲ့ Video တွေကိုတော့
တော်တော်များများလည်း
မြင်ဖူးပြီးသားဖြစ်ကြသလို
စကားအဟောအပြောအကောင်းဆုံး
Public Speaker တွေထဲက
တစ်ယောက်ဆိုလည်းမမှားပါဘူး။
ဒီတော့ Nick အကြောင်း
နည်းနည်းလေ့လာကြည့်ရအောင်!!
Nick က မွေးကတည်းက
လက်ချောင်းများနှင့် ခြေထောက်တွေ
မပါဘဲမွေးလာတဲ့သူဖြစ်ပြီးတော့
ရေကူးတာ၊၊ စာရေးတာ၊၊ ပန်းချီဆွဲတာကိုလည်း
အရမ်းဝါသနာပါတဲ့သူဖြစ်ပါတယ်။
ကိုယ်လက်အင်္ဂါမပြည့်စုံခဲ့တဲ့သူဖြစ်လို့
ကျောင်းသားဘဝမှာ
ခဏခဏစိတ်ဓာတ်ကျခဲ့ပေမယ့်
ဘာသာရေးကိုယုံကြည်ချက်တွေနဲ့အတူ
ကျနေတဲ့စိတ်ဓာတ်တွေကို အကောင်းဆုံး
မြှင့်တင်ခဲ့ပြီးတော့ အခက်အခဲတွေကို
ကျော်ဖြတ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်
ဒီလိုနဲ့ သူဟာ အသက်(၁၇)နှစ်
ကျောင်းသားဘဝကနေစပြီး
ဘုရားကျောင်းရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ
စိတ်ဓာတ်မြှင့်တင်မှု ဟောပြောပွဲတွေ
စတင်ခဲ့ပါတယ်။
အဲ့ကနေမှတစ်ဆင့် တဖြည်းဖြည်း
နာမည်ကြီးလာပြီး Nick ရဲ့
မျှော်လင့်ချက်၊ ရဲရင့်မှုနဲ့ အဟောအပြောကောင်းမှုတွေက
ကမ္ဘာတစ်ဝန်းက လူတွေရဲ့ စိတ်ကို နှိုးဆွပေးနိုင်ခဲ့ပြီး
နိုင်ငံတကာ ခရီးစဉ်တွေနဲ့အတူ
ပရိသတ်အင်အားတွေလည်း အများကြီးတိုးလာခဲ့ပါတယ်။
အဲ့ကနေမှတစ်ဆင့် သူရဲ့
ဘဝဇာတ်ကြောင်းတွေကို စာအုပ်ထုတ်ပြီး
ကမ္ဘာတစ်ဝန်းကိုလည်း ဖြန့်ချီခဲ့ပါတယ်
ဒီတော့ Nick အကြောင်းသိလိုက်ရတဲ့အချိန်မှာ
Public Speaking ရဲ့ Power ကလည်း
ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ
မြင်ကြမယ်လို့ထင်ပါတယ်။
ဒီတော့ Nick ရဲ့ Public Speaking နဲ့ပတ်သက်ပြီး
လူတွေကို ဘယ်လိုပုံစံဟောပြော
ဆွဲဆောင်ခဲ့လဲဆိုတဲ့အချက်တွေကိုလည်း
ကောက်နုတ်ပေးထားပါတယ်။
◾️ကိုယ်ပိုင်ဇာတ်လမ်းကို အသုံးပြုခြင်း
◾️ရိုးရှင်းပြတ်သားစွာ ပြောဆိုခြင်း
◾️ရင်ထဲရောက်အောင် ပြောဆိုခြင်း
◾️ဟာသကို အသုံးပြုခြင်း
◾️ပရိသတ်နှင့် ချိတ်ဆက်ခြင်း စတဲ့အချက်တွေကို
အသုံးပြုပြီး Nick က ဟောပြောပွဲတွေမှာ
အသုံးပြုခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီတော့ အခုဒီစာဖတ်နေတဲ့သူတွေထဲမှာ
◾️လုပ်ငန်းတစ်ခုကို ဦးစီးနေရတယ်၊
◾️လူတွေအများကြီးနဲ့ ဆက်ဆံရတဲ့အလုပ်လုပ်နေတယ်၊
◾️Company ရဲ့ အရေးကြီးပုဂ္ဂိုလ် (သို့) မန်နေဂျာရာထူးနဲ့ တာဝန်ထမ်းဆောင်နေရတယ်ဆိုရင်
ကိုယ်တိုင်လည်း Public Speaking ကောင်းနေဖို့လိုပါမယ်။
ဒီတော့ ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform
#နှလုံးသားထဲရောက်အောင်စကားပြောနည်း
09/03/2026
ကိုယ်က ကောင်းစေချင်လို့ ဖေးမပေးတယ်၊ လမ်းပြပေးတယ်၊ ကူညီပေးတယ်။ ဒါပေမဲ့ သူတို့က နေမြဲအတိုင်းနေတယ်။ ဆိုးမြဲဆိုးတယ်။
နောက်ဆုံးတော့ ကိုယ်ကိုယ်တိုင် သူတို့ကို ကြည့်ပြီး ဝမ်းနည်းရ၊ ဒေါသထွက်ရတာပဲ အဖတ်တင်တယ်။
တကယ်တော့ ဒီလိုမျိုး ကိုယ့်ရဲ့စိတ်နဲ့ တခြားလူကို လိုက်ပြင်ပေးဖို့ ကြိုးစားနေတာက "စိတ်အေးချမ်းမှု" ကို တခြားသူရဲ့လက်ထဲ ပုံပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီအစား ကိုယ်က သူများကို သွားပြီး ထိန်းချုပ်ချင်လာတဲ့အခါတိုင်း ဒီစကားလုံးနှစ်လုံးကို သတိရလိုက်ပါ။
အဲဒါကတော့ “Let Them" — သူတို့ဖြစ်ချင်သလို ဖြစ်ပါစေ ဆိုတာပါပဲ။
ကိုယ်ပြောတာကို သူတို့ နားမထောင်ကြဘူးလား?
Let Them.
သူတို့ ကိုယ်ပိုင်အမှားကနေ သူတို့ သင်ခန်းစာ ယူပါစေ။
ကိုယ့်ကို သူတို့ အထင်လွဲသွားတာလား?
Let Them.
လိုက်ရှင်းပြပြီး ကိုယ့်တန်ဖိုးကို မချပါနဲ့။ သူတို့ထင်ချင်သလို ထင်ပါစေ။
ကိုယ်နဲ့မတိုင်ပင်ဘဲ ဆုံးဖြတ်ချက်ချသွားတာလား?
Let Them.
ရလဒ်ကို သူတို့ဘာသာ တာဝန်ယူပါစေ။
ဒီလို တွေးလိုက်တာက သူတို့ကို ဂရုမစိုက်တာ၊ သွေးအေးသွားတာ၊ မချစ်တော့တာမျိုး လုံးဝမဟုတ်ပါဘူး။
တခြားသူရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အထိခိုက်မခံတော့တာပဲ ဖြစ်ပါတယ်။ သူများအကြောင်း တွေးပူရင်းနဲ့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ကိုယ့်ဘဝကိုယ် တိုးတက်ဖို့အတွက် အသုံးပြုလိုက်ပါ။
ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform
#နှလုံးသားထဲရောက်အောင်စကားပြောနည်း
07/03/2026
❝ ကိုယ်စိတ့်ကိုယ် ပိုင်ပြီလား ❞
ကိုယ့်စိတ်ကိုပိုင်တယ်ဆိုတာ ဘယ်လိုအခြေအနေကိုပြောတာလဲ။
ဒီမေးခွန်းက တချို့လူတွေ အတွက်တော့ အဖြေရှာရ ခက်ကောင်းခက်နိုင်တယ်။
အဖြေကို သိချင်မှလည်း သိကြလိမ့်မယ်။ ဒီနေ့တော့ ကိုယ့်စိတ်ကိုယ် ပိုင်နေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးမယ်။
“ငါဒီနေ့ ပင်ပန်းနေပြီစာမလုပ်တော့ဘူး”၊ “အချိန်တွေ အများကြီးရှိပါသေးတယ် နောက်ရက်မှပေါ့” ဆိုတာတွေက ကိုယ့်စိတ်ကိုပိုင်တာလို့ ထင်ရင်မှားသွားလိမ့်မယ်။ တကယ်တော့ ဒါတွေက မလုပ်ချင်လို့ ကိုယ့်စိတ်ကိုယ် ဆင်ခြေပေးနေတာဆိုတာ လူတွေက မသိကြဘူး။
ကျွန်မတို့က ပိုကောင်းတဲ့ဘဝတစ်ခုရဖို့ အမြဲကြိုးစားကြတယ်။
ဒီလိုကြိုးစားတဲ့နေရာမှာ ဘယ်အရာက အရေးကြီးဆုံးလို့ ထင်လဲ။
အဖြေကတော့ ရှင်းတယ် သေချာပေါက် ကိုယ့်စိတ်ကိုပိုင်နေဖို့ပဲ။
Self-control (ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း) ဆိုတာ ကိုယ်စိတ်ကိုယ်ပိုင်တာပဲ။
ကျွန်မတို့တွေက လုပ်ကိုလုပ်ရမယ့် ကိစ္စတွေမှာ ဆင်ခြေပေးပြီး ရှောင်နေတတ်တာမျိုး၊ မြန်မြန်ပြီးရမယ့် ကိစ္စတွေမှာလည်း မလိုအပ်ဘဲ အချိန်တွေဆွဲနေတတ်တာမျိုး၊ မလုပ်ချင်တော့တာမျိုးတွေက အမြဲလိုလိုဖြစ်နေတတ်တယ်။ အထူးသဖြင့် မနက်ခင်း အိပ်ရာနိုးလာတဲ့ အချိန်မှာ အဖြစ်များတယ်။ အိပ်ရာက မခွာချင်တာတို့ အလုပ်မသွားချင်တာတို့ ဆိုတဲ့ စိတ်တွေက အမြဲတတ်တတ်လာတယ်။ တစ်ခါတလေဆို စိတ်အလိုလိုက်ပြီး အလုပ်မသွားတော့တာတွေ ဖြစ်လာတယ်။ ဒါတွေက ကျွန်မတို့ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ မလုပ်ချင်တဲ့စိတ်တွေက ကျွန်မတို့ကို ထိန်းချုပ်ဖို့ အမြဲ ကြိုးစားနေကြတာပါ။
ကျွန်မတို့ဘက်က ဒီအသံတွေကို နားမယောင်ဘဲ နင်လုပ်ကိုလုပ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်သတိကပ်ပြီး ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်တာက Self-control ပါပဲ။ Self-control ရှိသွားတဲ့ သူတစ်ယောက်က ဘယ်လိုအရာမျိုးကိုမဆို အခက်အခဲမရှိ အလွယ်တကူနဲ့ရယူနိုင်တယ်။
နောက်ပြီး Self-control ကောင်းတဲ့သူတွေက ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာချနိုင်တယ်၊ ကိုယ်စိတ်က ဘာကိုလိုချင်နေတာလည်း ဆိုတာကို ရှင်းရှင်းလင်းလင်းသိတယ်။ ဒီတော့ အောင်မြင်မှုဆိုတာ သူတို့အတွက်ခက်ခက်ခဲခဲ လုပ်ယူနေရတဲ့အရာ မဟုတ်တော့ဘူး။
Self-control လို့ပြောရင် စိတ်ကိုထိန်းချုပ်နိုင်တာ တစ်ခုတည်းကိုပဲ ပြေးမြင်လို့မရပါဘူး။
ကိုယ့်ရဲ့ အပြုအမူတွေကို ထိန်းချုပ်နိုင်တာ၊ ကိုယ့်ရဲ့ခံစားချက်တွေ၊ အတွေးတွေကို ထိန်းချုပ်နိုင်တာတွေကလည်း Self-control ပါပဲ။ Self-control ဆိုတာ ကျွန်မတို့ဘဝအတွက် သတ်မှတ်ထားတဲ့ Target (ပန်းတိုင်) ကိုရောက်အောင် တွန်းပို့ပေးနိုင်တဲ့ အကောင်းဆုံးလောင်စာပဲ။
ကျွန်မတို့ရဲ့ စိတ်က ကျင့်သားရနေပြီသားအရာတွေကနေ ဖောက်ထွက်ပြီး အကျင့်တစ်ခုပြောင်းဖို့ဆို အရမ်းကိုခက်ခဲတယ်။ ဥပမာ မနက် ၉ နာရီ ပုံမှန်ထတတ်တဲ့ သူတစ်ယောက်ကို ၇ နာရီ ပြောင်းထခိုင်းကြည့်မယ်။ ဒီလူက ညဘက် ဘယ်လောက်ပဲ စောအိပ်အိပ် မနက်ထရင် ပင်ပန်းတယ်လို့ခံစားနေရလိမ့်မယ်။ ဒါပေမယ့် ဒီလိုမျိုး တစ်ပတ်လောက် ပုံမှန် ထဖြစ်သွားမယ်ဆို ပင်ပန်းတယ်လို့ မခံစားရတော့ဘူး။ ဒါမျိုးကို တော်တော်များများ ဖြစ်ဖူးကြမယ် ထင်တယ် အလုပ်ပိတ်ရက်မှာတောင် အိပ်မပျော်ဘဲ အစောကြီးနိုးနေတယ်ဆိုတာတွေကို။ ဒါတွေက ဘာကြောင့်ဖြစ်တယ်လို့ မြင်လဲ။
ဟုတ်ပါတယ်။ ဒါက နေ့တိုင်းစောစောထတဲ့ အလေ့အကျင့်ကြောင့်ပါပဲ။
ဒီတော့ Self-control တွေ အကြောင်းမပြောခင်မှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်း နည်းနည်းပြောပြပေးမယ်။
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က Molecule (မော်လီကျူး) လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ဖွဲ့စည်းထားတာပါ ။ ဒီ မော်လီကျူး တွေက စက္ကန့်တိုင်းလိုလိုမှာ အသစ်ပွားလေ့ ရှိတယ်။ ကျွန်မတို့ရဲ့ အကျင့်တွေဆိုတာ ဒီ မော်လီကျူး တွေကနေဖြစ်လာတာပါ။ ပြောရရင် စောနကပြောခဲ့တဲ့ မနက်စောစောထတယ်ဆိုတာက မော်လီကျူး အသစ်အနေနဲ့ နဂိုရှိထားပြီးသား ၉ နာရီ ထတယ်ဆိုတဲ့ မော်လီကျူး တွေနေရာမှာ အစားထိုးသွားတဲ့အတွက် ဒီအကျင့်တစ်ခုဖြစ်လာတာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ လက်ခံထားတဲ့ မော်လီကျူး အဟောင်းတွေကို ဖယ်ထုတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ Consistency (တစိုက်မတ်မတ် လုပ်တဲ့စိတ်) သာမရှိရင် အရင်လို ၉ နာရီ အိပ်ရာထတဲ့ သူတစ်ယောက် ပြန်ဖြစ်သွားနိုင်တယ်။
ကျွန်မတို့ရဲ့ အတွေးထဲမှာ လူနှစ်ယောက်ရှိတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။
တစ်ယောက်က နင်လုပ်ကိုလုပ်ရမယ်လို့ပြောတဲ့အချိန်မှာ နောက်တစ်ယောက်က နင့်ပုံစံက ဒီလိုမှမဟုတ်တာ နင်လုပ်စရာမလိုဘူးလို့ ပြိုင်ပြောနေကြမယ်။ ဒါပေမဲ့ ကျွန်မတို့က အမြဲတမ်း ဒုတိယလူဘက်ကိုပဲ ပါသွားတတ်ကြတယ်။ ဒါက Self-Control မရှိလို့ တနည်းအားဖြင့် ကိုယ့်စိတ်ကိုယ် မပိုင်လို့ပါ။
ဒီနေ့ပြောပြပေးမှာက ကိုယ့်စိတ်ကိုယ်ပိုင်ဖို့ အဓိက အခြေခံကြတဲ့ Self-control ၃ မျိုး အကြောင်း ပဲဖြစ်ပါတယ်။
◾ Behavioral Self-Control ( အပြုအမူတွေကို ထိန်းချုပ်ခြင်း)
ကျွန်မတို့က နေ့တိုင်း “လုပ်မယ်”၊ “မလုပ်ဘူး” ဆိုတဲ့ ဒီနှစ်ချက်ကိုပဲရွေးချယ်ရတာပါ။ လုပ်သင့်တဲ့အရာကို လုပ်ကိုလုပ်ရမယ်၊ မလုပ်သင့်တာကိုတော့ လုံးဝမလုပ်ဘူးလို့ ခံယူချက်ထားပါ။ ဥပမာ ကိုယ်က မနက်ပိုင်း အားကစားလုပ်မယ်လို့တွေးထားရင် လုပ်ဖြစ်အောင်လုပ်ပါ။ စိတ်ထဲက ဖြစ်လာတဲ့ ဘယ်လို ဆင်ခြေမျိုးကိုမှ နားမထောင်ပါနဲ့။
ဒီလိုသာ နေ့တိုင်းလုပ်နိုင်သွားရင် ဒါ ကိုယ့်ရဲ့ Confident လည်း ပိုတိုးလာသလို၊ အလုပ်အပေါ်မှာ အာရုံစူးစိုက်မှုလည်းပိုကောင်းလာမယ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကလည်း အများကြီးပြောင်းလဲသွားမယ်။
◾ Emotional Self-Control ( ခံစားချက်တွေကို ထိန်းချုပ်ခြင်း)
ခံစားချက်တွေကို ထိန်းချုပ်ပါဆိုလို့ ခံစားချက်တွေကို မျိုသိပ်ဖို့ပြောတာမဟုတ်ပါဘူး။
ကျွန်မတို့တွေက နေ့တိုင်းလိုလို ချစ်ခြင်း၊ မုန်းခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်းဆိုတာတွေနဲ့ ကြုံနေရတယ်။ ဒီလိုကြုံလာပြီဆိုတိုင်းလည်း စိတ်အလိုလက်ရ ပေါက်ကွဲမိတတ်ကြတယ်။
Emotional Self-Control ဆိုတာ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တာထက် နားလည်အောင်လုပ်ဖို့ လိုအပ်တာပါ။ ခံစားဖူးကြမယ်ထင်တယ် တစ်နေကုန် စိတ်တိုနေတယ် ဘာကြောင့်မှန်းမသိဘူး။ စိတ်တွေ လေးလံနေတယ်။ စိတ်ညစ်စရာမရှိပေမယ့် မပျော်သလို ခံစားနေရတယ်။ အလုပ်ထဲမှာ အာရုံမစိုက်နိုင်ဘူး စိတ်တွေပြန့်နေတယ်။
ဒါတွေက ကိုယ့်ခံစားချက်ကိုယ်နားမလည်တာပါ။ ကျွန်မတို့ ဒီ ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ဆို ဒီခံစားချက်တွေရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ရှာတတ်ရမယ်။
ဒီလို ခံစားနေရရင် တိတ်ဆိတ်တဲ့တစ်နေရာမှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးကြည့်ပါ။ ဘာကြောင့်စိတ်ဆိုးတာလဲ။ ဘယ်အရာက စိတ်ဆိုးစေတာလဲ။ ဘယ်သူကြောင့် စိတ်ဆိုးရတာလဲ။ သူဘာကြောင့်ဒီလိုပြောရတာလဲ။ ဘာနဲ့ပတ်သတ်ပြီး စိတ်ညစ်နေတာလဲ။ ဘာလို့ မပျော်နေတာလဲ။ ဘာလို့ အာရုံမစိုက်နိုင်ဖြစ်နေရတာလဲ။
သေသေချာချာမေးပြီး တကယ့်အကြောင်းအရင်းကို ရှာပါ။ မြင်အောင်ပြောရရင် ကျွန်မတို့ ပြဿနာတစ်ခုဖြစ်လာပြီဆို ဖြစ်တဲ့အကြောင်းအရာကို ရှာပြီးတော့ ဖြေရှင်းရသလိုပဲ။ စိတ်ထဲက ရှုပ်နေတဲ့အကြောင်းကို သေချာအဖြေမရှာနိုင်ရင် ပိုပြီးစိတ်ရှုပ်ထွေးလာဖို့ပဲ ရှိပါမယ်။
ဒီလိုမျိုး ကိုယ့်စိတ်ကိုယ် နားလည်လာတဲ့သူတစ်ယောက်က ဘေးက လူရဲ့စိတ်ကိုလည်း နားလည်ပေးတတ်လာမယ်။ ကိုယ်ကိုယ်တိုင်ကလည်း အေးချမ်းလာသလို မလိုလားအပ်တဲ့ပြဿနာတွေမရှိတော့တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးလည်း ပိုတိုးတက်လာမယ်။
◾ Cognitive Self-Control ( အတွေးတွေကို ထိန်းချုပ်ခြင်း)
နောက်ဆုံးတစ်ချက်ကတော့ သေချာရှင်းအောင် ပြောပြရရင် မကောင်းတဲ့အတွေးတွေကို မတွေးဖို့ပါပဲ။ ကျွန်မတို့က ကိစ္စတစ်ခုခုကို ကြိုးစားပြီး လုပ်ထားပေမယ့် မအောင်မြင်တဲ့အခါမှာ “ငါက အသုံးမကျဘူး၊ ဒီကိစ္စလေးကိုတောင် မလုပ်နိုင်ဘူး” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်စေတဲ့ မကောင်းတဲ့အတွေးတွေဝင်တတ်ကြတယ်။
ညစ်ပတ်တဲ့ရေတွေ အပြည့်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲကို ရေသန့်တွေထပ်လောင်းထည့်ကြည့်လိုက်ပါ။ တစ်ဖြည်းဖြည်းနဲ့ ရေညစ်တွေက ဘေးကို လျှံထွက်လာပြီးတော့ ရေသန့်တွေပဲ ဖန်ခွက်ထဲမှာကျန်နေတာကို မြင်ရမှာပါ။ ဒီသဘောပါပဲ မကောင်းတဲ့အတွေးတွေကို စိတ်ထဲကနေ အမြဲ ဖယ်ထုတ်နေရမယ်။ မကောင်းတာတွေပဲ တွေးနေရင် မကောင်းတာတွေပဲ ထပ်ပြည့်လာလိမ့်မယ်။
ကျရူံးတိုင်းသာ မကောင်းတာတွေ တွေးနေရင် ကျွန်မတို့ ဘယ်တော့မှအောင်မြင်မှာမဟုတ်တော့ဘူး။
ကျရူံးမှုတွေကနေ သင်ယူတတ်ရမယ်၊ အမှားတွေကို ပြန်ပြင်တတ်ရမယ်၊ လဲကျတိုင်း ပြန်ထနိုင်ရမယ်။ ဒါကမှတကယ့် အောင်မြင်သူတစ်ယောက်ရဲ့ စိတ်ဓာတ်။
ဒီအချက်တွေက Self-control ရဲ့ အခြေခံအကျဆုံးအချက်တွေဖြစ်ပြီးတော့ မဖြိုးရဲ့ Better Life Project စိတ်ပညာအခြေခံသင်တန်းမှာဆိုရင် ဒီအကြောင်းအရာတွေအပြင် ပိုပြီးအသေးစိတ်ကျတဲ့ အကြောင်းအရာတွေကို လေ့လာရမှာပါ။
ကျွန်မတို့ရဲ့ Chance Myanmar မှာဆိုရင် ကိုယ့်စိတ်ကိုယ်ပိုင်ဖို့နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ? ဆိုတာတွေကို
အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform
#နှလုံးသားထဲရောက်အောင်စကားပြောနည်း
27/02/2026
“ ပေးဆပ်ခြင်း အနုပညာ ”
လူဆိုတာ ယူတဲ့အခါကျရင် ပြုံးပြုံးလေး ယူတတ်ပြီး ကိုယ့်ဘက်က ပြန်ပေးတဲ့အခါကျရင် အနည်းနဲ့အများ တွန့်ဆုတ်သွားတတ်ကြတယ်။
လူအများစု ထင်ထားကြတာက သူတစ်ပါးကို ပေးဆပ်တဲ့သူတွေဟာ သူတစ်ပါးရဲ့ အသုံးချခြင်းကို ခံရမယ်လို့ ထင်ကြတယ်။
တကယ်တမ်း ပေးဆပ်သူတွေဆိုတာ အမြဲတမ်း ကျရှုံးနေတဲ့သူတွေ မဟုတ်ပါဘူး။ သူတစ်ပါးကို ပေးဆပ်နေတိုင်းလည်း အသုံးချခံ ဖြစ်မသွားပါဘူး။
ဒါကြောင့် ဘဝမှာ ပျော်ရွှင်မှု၊ ကြီးပွားတိုးတက် အောင်မြင်မှုကို လိုချင်တယ်ဆိုရင် ပေးဆပ်တတ်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့များ ပေးဆပ်ခြင်းက လူတွေအတွက် အရေးပါနေရသလဲဆိုတာကို ဒီစာပုဒ်ထဲမှာ ပြောပြသွားပါမယ်။
(၁) ဆက်ဆံရေးတစ်ခုကို ခိုင်မြဲစေလို့ပါ။
ပေးဆပ်တတ်သူတွေဟာ လူချစ်လူခင် ပေါစေပါတယ်။ လူတစ်ဖက်သားကို ကူညီပေးတတ်တဲ့သူ၊ ကိုယ့်ကိုယ်ကျိုးကို မငဲ့ဘဲ သူတစ်ပါးရှေ့ရေး တွေးပေးနိုင်တဲ့သူ၊ လူအားလုံးကို ကိုယ့်ခန္ဓာ ကိုယ့်အသက်လို တန်ဖိုးထားတတ်တဲ့သူ၊ ကိုယ့်ကြောင့် သူတစ်ပါး နာကျင်သွားမှာ၊ မျက်ရည်ကျသွားမှာကို မလိုလားတဲ့သူတွေဟာ သူတစ်ပါးနဲ့ ကိုယ့်ရဲ့ကြားထဲက ဆက်ဆံရေးတွေကို တည်မြဲစေပါတယ်။
(၂) အောင်မြင်မှုကို ပိုရလွယ်တယ်။
ပေးဆပ်သူတွေဟာ ကိုယ်တစ်ယောက်တည်း အောင်မြင်ဖို့ထက် ကိုယ့်ရပ်ရွာ၊ ကိုယ့်အသင်းအဖွဲ့ရဲ့ အောင်မြင်မှုကို ပိုလိုလားတဲ့အတွက်ကြောင့် ကိုယ့်အဖွဲ့အစည်းရဲ့ အထင်ကြီးမှု၊ လေးစားခံရမှုကို ပိုရလေ့ရှိပါတယ်။
(၃) လွှမ်းမိုးနိုင်စွမ်းရှိတယ်။
ပေးဆပ်တတ်သူတွေဟာ ကိုယ်ပြောရင် ပြီးတယ်ဆိုတဲ့အထိ သြဇာရှိပါတယ်။
အကယ်၍ ခေါင်းဆောင်တစ်ယောက်မှာ လွှမ်းမိုးသာမှုမရှိဘူးဆိုရင် အဖွဲ့အစည်းမှာ ခေါင်းဆောင်နိုင်မှာ မဟုတ်သလို ဆရာတစ်ယောက်ဆိုလည်း ကိုယ့်တပည့်တွေကို ဘယ်လို ထိန်းကြောင်းရမယ် ဆိုတာကို သိရှိနိုင်မှာမဟုတ်ပါဘူး။
သြဇာ လွှမ်းမိုးမှုရှိချင်တဲ့လူတစ်ယောက်အနေနဲ့လည်း ပေးဆပ်တတ်တဲ့သူ သူတစ်ပါးအတွက် အနစ်နာခံတတ်တဲ့သူတစ်ယောက် ဖြစ်နေဖို့ လိုပါတယ်။
ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform
#နှလုံးသားထဲရောက်အောင်စကားပြောနည်း
26/02/2026
❝ ခဏတာဆိုပေမဲ့ ငရဲလိုအချိန်တွေ... ❞
ကိုယ့်ရဲ့အရင်းနှီးဆုံး အမျိုးသမီးတစ်ဦးကို ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်ကြည့်ပါ။ 💬
ဒီနေ့ခေတ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ နေပျော်ရဲ့လား။ အမျိုးသမီးအဖြစ် ရှင်သန်ဖြစ်တည်ရတာကို နှစ်သက်လက်ခံရဲ့လား။
စစ်တမ်းတွေအရတော့ ရလဒ်က အံ့သြဖို့ကောင်းပါတယ်။
အမျိုးသမီးတော်တော်များများဟာ သူတို့ရဲ့ဖြစ်တည်မှုကို သဘောမကျပါဘူး။
အမျိုးသမီးတွေဟာ ကျား/မခွဲခြားဆက်ဆံခံရမှု၊ ဖိုဝါဒကြီးစိုးမှု၊ ကိုယ်ဝန်ဆောင်ချိန် ကာလနဲ့ မီးဖွားခြင်းဆိုင်ရာ အကြောင်းအရာတွေ၊ လုပ်ငန်းခွင်အောင်မြင်မှုအတွက် ရုန်းကန်ရမှုတွေ၊ ဓလေ့ထုံးတမ်းအရ ကန့်သတ်ချက်တွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ခံစားနေကြရပါတယ်။
ဒီထက်ဆိုးရွားတဲ့ အကြောင်းအရာတွေအနေနဲ့ အရွယ်မတိုင်မီ အိမ်ထောင်ချထားခံရမှု အပါအဝင် လုံလောက်တဲ့ သားဆက်ခြားအသိပညာ မရှိတာတွေ၊ ဓလေ့ထုံးတမ်းအရ လိင်အင်္ဂါ အစိတ်အပိုင်း ဖြတ်ထုတ်ခံရမှုတွေဟာ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုကို ခြောက်လှန့်လို့နေပါတယ်။ 💢
စိတ်နဲ့ခန္ဓာ နာကျင်ရတဲ့အချိန်တွေဟာ တစ်စက္ကန့်ပဲဆိုရင်တောင် ငရဲကျနေသလိုပဲ မဟုတ်လား။
နှစ်ရှည်လများ နာကျင်နေရတဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင် များနေမလဲ။
ဘယ်လိုကိစ္စတွေကို အမျိုးသမီးတွေ ကြုံတွေ့နေရလဲ။
ကမ္ဘာတလွှားက အမျိုးသမီးတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲ အတားအဆီးတွေအကြောင်းကို Bill Gates ရဲ့ ဇနီးဟောင်း Melinda French Gates ကိုယ်တိုင်ရေးသားထားတဲ့ 𝐓𝐡𝐞 𝐌𝐨𝐦𝐞𝐧𝐭 𝐨𝐟 𝐋𝐢𝐟𝐭 စာအုပ်မှာ ရင်တမမ ဖတ်ရှုရမှာပါ။
Melinda ဟာ သူ့ရဲ့ကိုယ်ပိုင်ဖောင်ဒေးရှင်းကနေတဆင့်
📍အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးနဲ့ မီးဖွားခြင်းဆိုင်ရာကိစ္စတွေကို ဘယ်လိုကူညီ မြှင့်တင်ခဲ့လဲ။
📍မိန်းကလေးတွေ ပညာသင်ကြားခွင့်ရရှိရေးအတွက် ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲ။
📍လိင်အင်္ဂါ အစိတ်အပိုင်း ဖြတ်ထုတ်ခံရမှု ဓလေ့ထုံးစံကိုရော ပယ်ဖျောက်နိုင်မှာလား။
📍အရွယ်မတိုင်ခင် အိမ်ထောင်ချထားခံရတွေ ဘာကြောင့်ရှိနေတာလဲ။
📍အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ဘာတွေနဲ့မြှင့်တင်နေလဲ။
စတဲ့ အကြောင်းအရာ အတွေ့အကြုံတွေကို စာအုပ်ထဲမှာ အကျယ်တဝံ့ ရေးသားဖော်ပြထားပါတယ်။
"ကျား/မ ခွဲခြားမှု အစဉ်အလာကို တွန်းလှန်ဖို့ဆိုတာ မလွယ်ကူပေမယ့် မေတ္တာတရားကို အခြေခံပြီး လူလူချင်း အတူတူပဲဆိုတဲ့ အတွေးမျိုးနဲ့ လက်တွဲညီညီ မြှင့်တင်ပေးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ဘဝအခြေအနေတွေ မြင့်တက်လာလိမ့်မယ်" လို့ Melinda က ဆိုပါတယ်။
ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform
#နှလုံးသားထဲရောက်အောင်စကားပြောနည်း
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 36(C), Sabel Myaing Chan Street, Yankin Township
Yangon
11081
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |