Apple Myanmar Store
အချိနှ်နှင့်တစ်ပြေးညီ Apple သတင်း ၊ ဗဟု?
13/05/2025
အိုင်ဖုန်းမှာ ဖုန်းအ၀င်ကော ၀င်လာတဲ့အခါမှာ ပုံစံနှစ်မျိုးနဲ့ ပြသပေးပါတယ်။ အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ပေးပါ။
ဘာလို့ အဲ့လို နှစ်မျိုးဖြစ်နေတာလဲဆိုရင် ပထမပုံက Decline နဲ့ Accept နှစ်မျိုး ပါ၀င်ပြီးတော့ အလွယ်တကူ ထိလိုက်ရုံနဲ့ လက်ခံ ဖြေကြားလို့ရအောင် ဖန်တီးထားပြီး ညာဘက်က ပုံမှာကတော့ အလွယ်တကူ ထိရုံနဲ့ answer လုပ်ပေးလို့ မရပါဘူး။ slide ဆွဲမှ answer ဖြစ်သွားမှာပါ။ ပုံမှန်ဆိုရင် ဒီဖြစ်စဉ်နှစ်ခုက မထူးခြားပေမယ့် တကယ်တော့ တော်တော် အကျိုးရှိပါတယ်။
ပထမပုံစံ ဒီဇိုင်းက ဘယ်လိုအခြေအနေမျိုးမှာမှ ၀င်လာလဲဆိုရင် ဖုန်းကို ကိုက အသုံးပြုနေတဲ့အချိန် Display ပွင့်နေတဲ့အချိန်မှာဆို ပေါ်လာမှာ ဖြစ်ပြီး ကိုယ်က ဖုန်းကို အထိအတွေ့ ရှိနေသရွေ့ ကာလပတ်လုံး အဝင်ကောတိုင်းကို ဒီလိုပေါ်လာမှာဖြစ်ပြီး အလွယ်တကူပင် လက်ခံ ငြင်းဆို လုပ်နိုင်ပါတယ်။
ဒုတိယ ပုံစံကျတော့ ဖုန်းကို ပိတ်ထားတဲ့အချိန်မျိုးမှာသာ ပေါ်လာမှာပါ။ ဘာဖြစ်လို့ slide ဆွဲမှ ပွင့်စေတာလဲဆိုရင် ဖုန်းကို မသုံးတဲ့အချိန်မှာ မိမိအိပ်ကပ် ဒါမှမဟုတ် ဘောင်းဘီအိတ်ထဲ ထည့်ထားတာမျိုး ကျောပိုးအိတ်ထဲ ထည့်ထားတာမျိုး အခြေအနေမျိုးက အများဆုံး ရှိပါတယ်။ အဲ့လို အခြေအနေမျိုးကျရင် အလွယ်တကူ စကရင်ကို ထိမိရုံလေးနဲ့ answer မဖြစ်အောင် ကာကွယ်ပေးထားတဲ့ပုံပါ။ ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့အချိန်မှာ မတော်တဆပုံစံနဲ့ Slide အဆုံးထိ ထိပြီး ပွင့်သွားစရာ အကြောင်းမရှိဘူးလေ။ ဒါ့ကြောင့် slide သဘောနဲ့ ဖန်တီးပေးထားတာပါ။ ဒါက တကယ့် အသေးအဖွဲ့လေးပါ။
သို့ပေမယ့် အက်ပဲလ်က အသေးအဖွဲ့လေးတွေက အစ ဂရုစိုက်တတ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
Aung Thu Ya
03/12/2016
The one fine service center we recommended😊😊
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
11012