MyanmarTourismGuide
Myanmar Tourism Information Travel and Tourism Information Guide for Myanmar
13/12/2016
ဂေါ်ရင်ဂျီကျွန်း သို့ ( )
ယခုနှစ်အတွင်းမှာ ထင်ပေါ်လာခဲ့တဲ့ ခရီးသွားနေရာတစ်ခုအကြောင်းကို တင်ပြပေးပါရစေ။ အဲ့ဒီနေရာလေးက တော့ ဂေါ်ရင်ဂျီ (Gaw Yin Gyi) ကျွန်းဖြစ်ပါတယ်။ ယခုမှ လူသိများလာတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ကမ်းခြေဟာ သဘာဝအတိုင်း လှပစွာတည်ရှိနေပါတယ်။
ဂေါ်ရင်ဂျီကျွန်းဟာ ဧရာဝတီတိုင်း၊ ငရုပ်ကောင်းမြို့အနီးမှာတည်ရှိပါတယ်။ ငရုပ်ကောင်းမြို့ဟာ ငွေဆောင် ကမ်းခြေကနေ ၂၉ မိုင်လောက် အကွာအဝေးမှာတည်ရှိပါတယ်။ ဂေါ်ရင်ဂျီကျွန်းကတော့ ငရုပ်ကောင်းမြို့ မှ (၄ မိုင်) ခန့်ကွာဝေးပါတယ်။ ဒါကြောင့် ဂေါ်ရင်ဂျီကျွန်းရဲ့ အကွာအဝေးကို အကြမ်းဖျင်းပြောရရင် ငွေဆောင်ကမ်း ခြေမှ ဂေါ်ရင်ဂျီကျွန်းကို (၃၃ မိုင်) ခန့် ကွာဝေးတယ်လို့ပြောရမှာဖြစ်ပါတယ်။
ရန်ကုန်မှ ငရုပ်ကောင်းကို လိုင်းကားရှိပါတယ်။ ဒဂုံဧရာအဝေးပြေးကားဝင်းမှ ငရုပ်ကောင်းကိုသွားတဲ့ကားဂိတ် များရှိပါတယ်။ ကံထူးအောင်၊ ရွှေတိုင်းပြည် စတဲ့ကားဂိတ်များရှိပါတယ်။ ကားခ ၁၀၀၀၀ ကျပ်ခန့်ရှိပါတယ်။ ညပိုင်း ၈ နာရီဝန်းကျင်လောက် ကားထွက်ကြပါတယ်။ ငရုပ်ကောင်းမြို့ကို အနည်းဆုံး (၈ နာရီ) ကျော် မောင်းနှင်ကြရပါတယ်။
ငရုပ်ကောင်းကိုရောက်ရင် ဂေါ်ရင်ဂျီကျွန်းကို (၄ မိုင်ခန့်) ဆက်သွားရမှာဖြစ်ပါတယ်။ ဆိုင်ကယ် ကယ်ရီအသုံး ပြုပြီးသွားကြရမှာဖြစ်ပါတယ်။ ဂေါ်ရင်ဂျီကျွန်းကိုသွားတဲ့အခါ လှေဆိပ်တစ်ခုကို ဖြတ်သန်းရပါတယ်။ ငရုပ်ကောင်းမှ လှေဆိပ်ကို ၁၀၀၀ ကျပ်။ လှေဆိပ်မှ ဂေါ်ရင်ဂျီကျွန်းကို ၂၀၀၀ ကျပ်။ စုစုပေါင်း ၃၀၀၀ ကျပ်ကုန် ကျပါတယ်။
ဂေါ်ရင်ဂျီကျွန်းမှာတော့ ဟိုတယ်အကောင်းစားတွေတော့မရှိသေးပါဘူး။ ဘန်ဂလိုအများစုကိုပဲတွေကြရမှာပါ။ ၁၅၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ် အထိ အစားစားရှိတယ်လို့သိရပါတယ်။ အစားအစာတွေကလဲ လတ်ဆတ်ပြီး ဈေးသက်သာပါတယ်။ ကဏန်းချက်တစ်ပွဲကို ၄၀၀၀ ကျပ်လောက်ပဲကျသင့်ပြီး တော်တော်များများပါပါတယ်။
ယခုမှစပေါ်တဲ့ကမ်းခြေဖြစ်တယ့်အတွက် စားသောက်ဆိုင်အများအစားမရှိသေးပါ။ မီးလဲအမြဲမရှိပါ ညပိုင်းမှ ကိုယ့်ပိုင်မီးစက်မောင်းတာပဲရှိပါတယ်။ Phone အားသွင်းရန်အတွက်တော့ Inverter တွေတော့ရှိပါတယ်။
လူအရောက်အပေါက်နဲတဲ့ကမ်းခြေဖြစ်တဲ့အတွက် နားအေးပါးအေး နေလိုသူတွေ၊ သဘာဝအလှတရားတွေကို ဓါတ်ပုံရိုက်ချင်သူတွေ၊ အသစ်အဆန်းနေရာတွေကို ခက်ခက်ခဲခဲသွားလာချင်သူတွေအတွက် အသင့်တော်ဆုံး နေရာလေးတစ်ခုပါ။
တောင်ပေါ်တက်ချင်တဲ့သူတွေအတွက်လဲ တက်လို့ရပါတယ်။ တောင်ပေါ်မှာ ဘုရားလဲရှိပါတယ်။ လင်းနို့ဂူ တွေကိုလဲ လေ့လာနိုင်ပါတယ်။
မှတ်ချက်
၁။ MPT လိုင်းပဲမိတယ်လို့သိရပါတယ်။
၂။ Power bank ကိုအားအပြည့်သွင်းပြီးယူသွားပါ။
၃။ အရက်ပျံ၊ ပလာစတာ၊ မိမိနှင့်အသုံးတည့်သော ဆေးအနည်းငယ်ယူသွားပါ။ (ရေစပ်မှာ ထိမိရှမိနိုင်လို့ပါ)
၎။ ရေစိုခံတဲ့ဖိနပ် အပိုထည့်ယူသွားပါ။
၅။ ဓါတ်မီးကောင်းကောင်းထည့်ယူသွားပါ။
၆။ ပုလင်းယူသွားပြီး ကမ်းခြေရောက်မှ ရေခဲနဲ့ ကစ်လိုက်မယ်ဆိုတဲ့အတွေးရှိရင်ထုတ်လိုက်ပါ။ (ဟိုမှာ ရေခဲမရှိပါ)။ ပေါ့ပေါ့ပါးပါး သောက်လို့ရတာလေးယူသွားပါ။
၇။ ဓါတ်ပုံဝါသနာရှင်တွေအတွက်တော့ မီးမရှိတာကိုသတိပြုပြီး လိုအပ်သလိုဆောင်ရွက်သွားပါ။
၈။ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတဲ့အတွက် ငါးညှီနံ့မရတဲ့ ဘန်ဂလိုနဲ့ ရေစိမ်ဖို့ အဆင်ပြေတဲ့ ဘန်ဂလိုကို ရွေးချယ်ပါ။
မသွားခင် သေချာလေ့လာချင်တယ်ဆိုရင်တော့ အောက်က link ကနေကြည့်နိုင်ပါတယ်။
https://www.google.com.mm/maps/place/16%C2%B050'00.0%22N+94%C2%B008'00.0%22E/@16.5302598,94.2477369,13.5z/data=!4m5!3m4!1s0x0:0x0!8m2!3d16.8333333!4d94.1333333?hl=en
(ပျော်ရွှင်ကြပါစေဗျား)
www.myanmartourismguide.com
06/12/2016
ချောင်းသာကမ်းခြေမှာ အပန်းဖြေချင်တဲ့သူတွေအတွက် AZURA Beach Resort ရဲ့ ဈေးနှုန်းလေး မျှဝေလိုက်ပါတယ်။ ခရီးသွားချင်တဲ့သူများ အလွယ်တကူ သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျာ။
11/11/2016
November က ရုံးပိတ်ရက်များပြီး ခရီးသွားဖို့အကောင်းဆုံးလဖြစ်ပါတယ်။ အားလုံး ကျမ်းမာပျော်ရွင်ကြပါစေ။
www.myanmartourismguide.com
19/10/2016
မြန်မာ့ယွန်းထည်ပစ္စည်း
16/10/2016
ဆီမီးရယ်ထိန် … အိုင်မင်းရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ် … ဖူးပွင့်ချိန်ခါ။
-
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ 
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူချေဆိုင်း။
ဂါရဝေ … သဒ္ဒါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်နှိုးကြတယ်
မျိုးမြန်မာတိုင်း ...
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon