Lovely Host
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lovely Host, Business service, No. 50 (A/7), Bank Street, Kyauktada Township, Yangon.
03/09/2020
ဆိုက်ပိုင်ရှင်တွေဟာ ဆိုက်တစ်ခုကို ထောင်လိုက်ရုံနဲ့တင်မပြီးပါဘူး။ ဆိုက်ကို ဘယ်လိုအသက်သွင်းမလဲဆိုတာလည်း လိုပါသေးတယ်။
ပထမဆုံး ကိုယ်ဟာ ဆိုက်တစ်ခုကို ဘာဖြစ်လို့ ထောင်ချင်တာလည်းဆိုတာလည်း စဥ်းစားကြည့်ပါ။ ကိုယ့်လုပ်ငန်းမှာ ဘာသတင်းအချက်အလက်တွေကို အသုံးပြုသူကိုပေးမှာလဲ။ ဘာကြောင့် အဲဒီလို ဆိုက်ကြီးတစ်ခုထောင်ပြီး အချက်အလက်ပေးစရာ လိုတာလည်းဆိုတာကို တစ်ချက်တွေးကြည့်ဖို့လိုပါတယ်။ အကြမ်းဖျဥ်းအားဖြင့်
- ဘယ်သူတွေက ကိုယ့်ဆိုက်ထဲမှာ ဝင်ကိုကြည့်သင့်တာလဲ
- ဘာတွေကို ကိုယ့်ဆိုက်မှာ တင်ပေးထားသင့်လဲ
- အချက်အလက်တွေကို ဘယ်လို စီစဥ်ပြီးတင်ပေးထားသင့်လဲ
ဆိုတာကို သွားတွေ့ပါတယ်။
ဒီနေ့ကတော့ ကိုယ့်လုပ်ငန်းအတွက် ဆိုက်တစ်ခုရှိသင့်မရှိသင့်ဆိုတာကို တစ်ချက်ပြောပြချင်ပါတယ်။
ကိုယ့်လုပ်ငန်းက စနေပြီ ဆိုက်တစ်ခုက သူများတွေလည်း ထောင်တယ်ပြောတာပဲ။ ငါလည်းလိုက်ထောင်လိုက်ဦးမယ်ဆိုတာမျိုးလား။ သို့တည်းမဟုတ် နားလည်ပြီးတော့လိုက်ထောင်မှာလားဆိုတာက အရမ်းကိုအရေးကြီးပါတယ်။
သူများယောင်လို့လိုက်ယောင်တာ
အဲဒါကတော့ မလုပ်သင့်ပါဘူး။သင့်အတွက်လည်း မကောင်းသလို သူများအတွက်လည်း လုံးဝမကောင်းပါဘူး။ ကိုယ့်အတွက်မကောင်းဘူးဆိုတာကတော့ ကိုယ့်ဆိုက်မှာကိုယ်ထည့်မယ့် အားအင်မရှိပဲဆိုက်ထောင်လိုက်တာဟာ တကယ်ကို ဝမရှိပဲ ဝလုပ်တာလို့ပဲ လက်ခံပါတယ်။ ကနဦးပြောခဲ့တဲ့အချက်အလက်တွေတောင် မလုပ်နိုင်ပဲနဲ့ ဆိုက်ကို ခပ်တည်တည်နဲ့ထောင်လိုက်ရင် မင်္ဂလာပါဆိုတဲ့စာတောင် နပ်မှန်အောင် မတက်နိုင်ပါဘူး။
ဆိုက်တစ်ခုကို ထောင်တော့မယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်ပြောတဲ့အချက်ကို ပထမဆုံးစပြီးစဥ်းစားပါ။
- ငါ့မှာ ထုတ်ကုန် သတ်သတ်မှတ်မှတ်ရှိပြီလား
- ငါ့မှာ အဲဒီထုတ်ကုန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိနေပြီလား
- ငါ့ဆီကို ခဏခဏ လူတွေ ထုတ်ကုန်နဲ့ပတ်သက်ပြီး မေးမြန်းနေပြီလား
- ဆိုက်တစ်ခုထောင်လိုက်ခြင်းအားဖြင့် ငါ့လုပ်ငန်းက ဘယ်လိုသက်ရောက်မှုရနိုင်မှာလဲ
အဲဒီအချက် ၄ ချက်လောက်တော့ စဥ်းစားဖို့လိုအပ်ပါတယ်။
ထုတ်ကုန် သတ်သတ်မှတ်မှတ်ဆိုတဲ့စကားက အတော်များများ အထိနာပါတယ်။ ကား ဝယ်/ရောင်းကနေ အာမခံဖြစ်သွားတာမျိုးဟာ လုပ်ငန်းသဘောလည်းမတူသလို ရောင်းရတဲ့ ဝဘ်ဆိုက်အနေအထားလည်းကွာပါတယ်။ ငါးခြောက်ရောင်းနေရင်းက ပန်းတက်ရောင်းလည်း ထိုနည်းလည်းကောင်းပါပဲ။ သာမန်ဆိုက်တစ်ခုအတွက်က အများကြီးကွာပါတယ်။
အဲဒါမျိုး ၂ ခုပေါင်းရောင်းလိုက်လို့မရဘူးလားဆိုရင် ရပါတယ်။ ပေါပေါပဲပဲတော့မရတော့ပါဘူး။ ကိုယ့်လုပ်ငန်းကို ထည့်ရမည့် အားအင်တွေလိုအပ်လာပါလိမ့်မယ်။
အဓိကက ဒီနှစ်အတွင်းမှာ ထုတ်ကုန် ဘယ်နှခု ရောင်းမလဲစဥ်းစားထားပါ။ ၃ ခုဆို ၃ ခု၊ ၅ ခုဆို ၅ခု တူညီတဲ့ထုတ်ကုန်မျိုးရပြီဆိုရင် ရောင်းလို့ရပါပြီ..။ အဲဒီလိုရောင်းဖို့ ဝဘ်ဆိုက်မျိုးလည်း လုပ်လို့ရပါပြီ. ခဏခဏ ၃ လတစ်ခါလောက် လုပ်ငန်းပြောင်းနေရင်တော့ ဆိုက်မလုပ်ပါနဲ့။
- ထုတ်ကုန်နဲ့ပတ်သက်တဲ့အချက်အလက်
လူတိုင်းဟာ ကိုယ့်ထုတ်ကုန်ကို အရာအားလုံးသိပြီးသားမဟုတ်သလို သိပြီးသားဆိုရင်တောင် သင်ဘာတွေထပ်ထည့်ထားလဲ၊ ဝိတ်လျော့ထားလဲဆိုတာကို လူတိုင်းသိချင်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ဂျယ်လီတောင် အရောင်ရွေးခဲ့သေးတာ မဟုတ်လား။ အခုလည်း ကိုယ့်ဖောက်သည်တွေက အဲဒီလိုရွေးတဲ့ဒဏ်ကိုတော့ ခံရမှာပေါ့။ အဲဒီအတွက် လိုအပ်တဲ့အချက်အလက်တွေက ဘာလဲ။
အစောနက ဂျယ်လီ ဥပမာနဲ့ဆက်သွားရအောင်။ ဂျယ်လီလေးကို ဝယ်ချင်တယ်ဆိုရင် ပထမဦးဆုံး အရောင်ကိုစရွေးပါတယ်။ ကလေးတွေက လှတာကိုကြိုက်တဲ့အတွက်ကြောင့် ကလေးစားတဲ့ဂျယ်လီအတော်များများက အရောင်ရင့်ပါတယ်။ နောက်ပိုင်း အရောင်ရင့် ဂျယ်လီတွေက စားမကောင်းတော့ဘူးဆိုရင် အရောင်ထက် ပိုစားကောင်းတဲ့ အရောင်နုနုနဲ့ အုန်းနို့ရော နို့ရော ဂျယ်လီလေးတွေကို စားကြတာပဲ။ နောက်ဆုံးတော့ အကောင်းဆုံးအရသာဖြစ်တယ် စတော်ဘယ်ရီအစစ်နဲ့လုပ်တာတို့၊နို့အစစ်နဲ့လုပ်တာတို့ဆိုတဲ့ အတန်းအစား ၃ ခုကို လူတိုင်းဖြတ်သန်းခဲ့ရတာပါပဲ.. နောက်တော့ ဘီယာပြေးသောက်ကြတာပေါ့။
ဆိုတော့ လူတန်းစား ၄ မျိုးကွဲတယ်။ ပထမဆုံးလူက အရောင်ရင့်ဂျယ်လီ၊ ဒုတိယ အရောင်နု အရသာပိုကောင်းတဲ့ ဂျယ်လီနဲ့ တတိယက နို့အစစ်နဲ့လုပ်တဲ့ဂျယ်လီ ၊ အုန်းစိမ်းဂျယ်လီကို ကြိုက်တဲ့အတန်း၊ နောက်ဆုံးတန်းက ဘီယာပြေးသောက်မယ့်သူတွေ။
အကြမ်းဖျဥ်းအားဖြင့်တော့ ကြော်ငြာမယ်ဆိုရင် ရှေ့က လူ၃ မျိုးကို ရောက်ဖို့လိုတယ်ဆိုပေမယ့် တကယ်တမ်းအချက်အလက်ပေးမယ်ဆိုရင်တော့ ဟို ဘီယာသောက်မယ့်သူကိုပါ လှမ်းခေါ်ဖို့လိုပါလိမ့်မယ်။
ဘီယာသမားက ဂျယ်လီနဲ့မဆိုင်ဘူးမဟုတ်လားလို့မေးစရာရှိပါတယ်။ လိုပါတယ်။ ဂျယ်လီနဲ့ ဘီယာဟာ မာလကီးယားသွားနိုင်တယ်ဆိုရင် ဘီယာသောက်ပြီး မူမူးနဲ့ ကျွန်တော်တို့ ဂျယ်လီ လာမစားဖို့ တားရပါလိမ့်မယ်။ ထိုနည်းတူ ကျောင်းမှန်ကန်မှန်းမသိတဲ့ ကလေးတွေစားလို့ စားပိုးနင့်တာ လေပြွန်ပိတ်တာမျိုးမဖြစ်အောင် ဘယ်လိုစားရမယ်။ မိဘပါမှစားရမယ်ဆိုတာကိုလည်း အချက်အလက်တွေပေးရပါလိမ့်မယ်။
- ငါ့ဆီကို ခဏခဏ လူတွေ ထုတ်ကုန်နဲ့ပတ်သက်ပြီး မေးမြန်းနေပြီလား
လူတွေက ကိုယ့်ထုတ်ကုန်ကို ဝယ်ပြီဆိုတာနဲ့ အတွေးတွေ အများကြီးရှိလာပါပြီ။ ရေနွေးနဲ့ရေစပ်ချိုးတာ ဘယ်လိုချိုးရမယ်ဆိုတာ သာမာန်အားဖြင့် လူတိုင်းသိပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ကို ရေနွေးနဲ့ရေချိုးပေးရင် အေးတယ် ပူတယ်ဆိုတာကို ပြန်မပြောတတ်တဲ့ကလေးလေး အအေးပတ်သွားမှာ၊ အပူလောင်သွားမှာမစိုးရိမ်ဘူးလား။ မြန်မာမှာလုပ်တာနည်းပေမယ့် ကလေးတစ်ယောက်ရဲ့ ရေနွေးဟာ ၃၆ ဒီဂရီ နဲ့ ၃၇ ဒီဂရီစင်တီဂရိတ် ကြားမှာ ထားရပါတယ်။ အဲဒါမျိုးကို သင်သာ ရေနွေးရောင်းသူဆိုရင် ပြောပြလိုက်တာနဲ့ သင့်အနေနဲ့ အပူချိန်တိုင်း ကရိယာပါ ထပ်ပေါင်းရောင်းရနိုင်ပါတယ်။
- ဆိုက်တစ်ခုထောင်လိုက်ခြင်းအားဖြင့် ငါ့လုပ်ငန်းက ဘယ်လိုသက်ရောက်မှုရနိုင်မှာလဲ
ဆိုက်တစ်ခုကိုထောင်လိုက်ရင် အပေါ်ကလို ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းပေးရမှာကို စာဝင်ဖတ်လိုက်ဆိုပြီး ဖတ်ခိုင်းလိုက်လို့ရပါတယ်။ ကျွန်တော် အခုလို အချိန်ပေး ရေးထားသလို သူများတွေကလည်း ရေးထားဦးမှာဆိုတော့ အဲဒါမျိုးကို ဖတ်လိုက်ရင် သူတို့လည်း အေးဆေးဖတ်လို့ရသလို သင့်ကိုလည်း ခဏခဏ “ကလေးရေချိုးတဲ့အပူချိန်က ဘယ်လောက်လဲ” ဆိုတာလာမေးနေမှာမဟုတ်ပါဘူး။ အဲဒီလိုမျိုးသက်ရောက်မှုက ပထမလို ခဏခဏလာမေးနေမယ့်လူတွေကို သက်ရောက်မှုပေးနိုင်သလို နောက်ပိုင်း ဝယ်မဲ့သူတွေအားလုံးကိုလည်း အချက်အလက်ပေါင်းများစွာကိုပေးနိုင်မှာဖြစ်ပါတယ်။ ဖောက်သည်လောင်းတွေအတွက်ပေါ့။
02/08/2018
Now You See Me and I also see myself
===============================
အခုနောက်ပိုင်းမှာ လူတိုင်းအလုပ်ခွင်ဝင်တယ်ဆိုရင် ဘယ်ရောက်နေတယ်ဆိုတာကို အလုပ်ရှင်တွေက သိချင်ကြပါတယ်။ အဲဒါဘာဖြစ်လို့များပါလိမ့်။
ကျွန်တော်ကိုယ်တိုင်အလုပ်လုပ်တဲ့အချိန်မှာ အဲဒီ GPS ကို ကိုယ်တိုင်လည်း သုံးဖြစ်သလို လုပ်ငန်းရှင်များကိုလည်းမျှဝေပါတယ်။ ကျွန်တော့်ဆီမှာလုပ်တဲ့သူတွေကိုလည်း GPS ကိုထည့်ပေးဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ လူတိုင်းဟာ ကိုယ့်ဝန်ထမ်းဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာကိုတော့သိချင်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ကရော- ဒါဟာ ဘာတွေကောင်းလို့လည်းလို့မေးနိုင်ပါတယ်။ လုပ်ငန်းများတဲ့လူတွေ အနေနဲ့တော့ မသိသာပေမယ့် ဝန်ထမ်းနည်းတဲ့လူတွေ အနေနဲ့တော့ အလုပ်တော်တော်များများကို တစ်ယောက်တည်းကတောင် လုပ်နိုင်သွားပါတယ်။ ဥပမာ - ကျွန်တော်က ဆိပ်ကမ်းသာလမ်းမှာ ကွန်ပျူတာ ဆက်စပ်ပစ္စည်းတစ်ခုဝယ်ခိုင်းလိုက်တယ်ဆိုရင် ကျွန်တော်ဝန်ထမ်းက အဲဒီနားမှာရှိတယ်ဆိုတာကို ဖုန်းဆက်မေးရပါမယ်။ အဲဒီအချိန်မှာ ဟိုဝန်ထမ်းကလည်း သူ့ကောင်မလေးကို ဆိပ်ကမ်းသာလမ်းမှာ လိုက်ပို့ပြီးမှ ရုံးလာမယ်ဆိုပါတော့။ အဲဒါဆိုရင် ဖုန်းဆက်လိုက်လို့ အဲဒီနားရောက်နေလားဆိုတာကို confirm လုပ်ရပါမယ်။ ဒါပေမယ့် ကိုယ်တော်ချောက ကျွန်တော် ဆူမှာစိုးလို့ မဟုတ်ဘူးလို့ ငြင်းလိုက်လည်း ကျွန်တော်မသိဘူးလေ။ အဲဒါက အပြင်မှာဖြစ်နိုင်တာပါ။
တကယ်လို့ app ထည့်ထားတယ်ဆိုရင် ကျွန်တော်က ကိုယ်ရေးကိုယ်တာကို ဘာမှမေးစရာမလိုသလို အတည်ပြုစရာလည်းမလိုပါဘူး။ "ညေးရေ.. ရုံးလာရင် ဒါလေး လမ်းကြုံ ဝင်ဝယ်ခဲ့ပါဦး" ဆိုတာမျိုးပေါ့။
အလုပ်ကကောင်မလေးက ညဘက်ကြီး လင်နောက်လိုက်ပြေးသွားတယ်ဆိုပါတော့။ ပုံမှန်ဆို ဖုန်းလည်းကိုင်တော့မှာမဟုတ်ဘူး။ ဘာဖြစ်သွားမှန်းလည်းမသိဘူးပေါ့။ ဒါပေမယ့် GPS ထည့်ထားတော့ သူရောက်နေတဲ့ နေရာကို ကိုယ်ကသိနေတယ်။ အဲဒီတော့ အလုပ်ကိစ္စတွေကို သူ လင်နောက်လိုက်ပြေးနေချိန်မှာတောင် အလုပ်ခိုင်းလို့ရတာပေါ့နော်။ မယုံမရှိလိုက်ပါနဲ့။ ဖြစ်နိုင်ပါတယ်။ App ကနေ သမီးရေ ပြန်ရောက်ရင်တော့ ဖုန်းဆက်ဦး။ လင်ယူမှာဆိုလည်း laptop လေးပါ ဆွဲသွားနော် ဆိုတာမျိုးပေါ့။ အကယ်၍ ကားတင်ပြေးခံရတယ်ဆိုလည်း ဒီ GPS လေးကို အသုံးပြုပြီး ကယ်တင်လို့ရနိုင်တာပေါ့။ (ဥပမာပြောတာနော်။ သွသူလိုင်းမမိတော့ရင် ကျော်တို့လည်း မကယ်နိုင်ဘူး)
အဲဒီတော့ လုပ်ငန်းရှင်တိုင်းအတွက်လိုသလို လူတိုင်းအတွက်လည်း လိုအပ်ပါတယ်။ အဲဒီ GPS ကို လိုချင်တယ်ဆိုရင်တော့ CB မှာ hi ပါလေ..
01/08/2018
ASSESSMENT
Lovely Training မှာ PHP တက်နေသော အတန်းသားများအားလုံး သြဂုတ် ၆ ရက်နေ့မှာ စာမေးပွဲရှိပါတယ်။ အဲဒါလေးကို သွေးအေးနေမှာစိုးလို့ ငရုတ်သီးကြွေးလိုက်ပါရစေ..
19/06/2018
Weekly Newsletter - https://mailchi.mp/e7395435dd2b/weekly-newsletter-2742157
19/06/2018
Weekly Newsletter - https://mailchi.mp/c050fb92475c/weekly-newsletter
30/05/2018
လူတိုင်း လျှင်မြန်မှုကို လိုချင်ကြပါတယ်။
=========================
လူတိုင်းဟာ လျှင်မြန်မှုကို လိုချင်ကြပါတယ်။ အဲဒီအတွက် လူသားတွေဟာ ကားတွေ လေယာဉ်တွေနဲ့ စက်မှုလုပ်ငန်းတွေကို တည်ထောင်လိုက်ကြပြီး ပိုမိုမြန်ဆန်မှုကို အသားပေးကြတာပေါ့။
Lovely Family ကလည်း မြန်ဆန်မှုကို အသားပေးပါတယ်။ ကျွန်တော်တို့ Lovely Family Host ရဲ့ Cpanel တွေ ဟာ တစ်စက္ကန့်ကို 408 MB/s ရေးနိုင်ဖတ်နိုင်တဲ့ အမြန်နှုန်းရှိတဲ့ SSD Storage တွေကိုအသုံးပြုထားပါတယ်။ အဲဒီအတွက်ကြောင့် ဆိုက်တွေကို အသုံးပြုတဲ့အချိန်မှာ ဆိုက်လေးနေမယ်ဆိုတာမျိုးကို မေ့ထားလိုက်ပါ။
ဝဘ်ဆိုက်ကို အမြန်ဆုံးပြုလုပ်ထားတဲ့အတွက်ကြောင့် ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ရရှိနိုင်မှာဖြစ်ပြီး wordpress, drupal တွေကို ဝုန်းခနဲ ဒိုင်းခနဲ တက်အောင်ပြုလုပ်ပေးထားတယ်ဆိုတာကို သိစေချင်ပါတယ်။
ဆိုက်တွေကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Lovely Family Host ရဲ့ Hosting ကို တစ်နှစ်စာ မြန်မာကျပ်ငွေ ၄သောင်း၉ထောင်ကျပ်တိတိနဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
လူတိုင်း လျှင်မြန်မှုကို လိုချင်ကြပါတယ်။
=========================
လူတိုင်းဟာ လျှင်မြန်မှုကို လိုချင်ကြပါတယ်။ အဲဒီအတွက် လူသားတွေဟာ ကားတွေ လေယာဉ်တွေနဲ့ စက်မှုလုပ်ငန်းတွေကို တည်ထောင်လိုက်ကြပြီး ပိုမိုမြန်ဆန်မှုကို အသားပေးကြတာပေါ့။
Lovely Family ကလည်း မြန်ဆန်မှုကို အသားပေးပါတယ်။ ကျွန်တော်တို့ Lovely Family Host ရဲ့ Cpanel တွေ ဟာ တစ်စက္ကန့်ကို 408 MB/s ရေးနိုင်ဖတ်နိုင်တဲ့ အမြန်နှုန်းရှိတဲ့ SSD Storage တွေကိုအသုံးပြုထားပါတယ်။ အဲဒီအတွက်ကြောင့် ဆိုက်တွေကို အသုံးပြုတဲ့အချိန်မှာ ဆိုက်လေးနေမယ်ဆိုတာမျိုးကို မေ့ထားလိုက်ပါ။
ဝဘ်ဆိုက်ကို အမြန်ဆုံးပြုလုပ်ထားတဲ့အတွက်ကြောင့် ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ရရှိနိုင်မှာဖြစ်ပြီး wordpress, drupal တွေကို ဝုန်းခနဲ ဒိုင်းခနဲ တက်အောင်ပြုလုပ်ပေးထားတယ်ဆိုတာကို သိစေချင်ပါတယ်။
ဆိုက်တွေကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Lovely Family Host ရဲ့ Hosting ကို တစ်နှစ်စာ မြန်မာကျပ်ငွေ ၄သောင်း၉ထောင်ကျပ်တိတိနဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11182