Grab Your Success - GYS
ဘာသာစကား၊ Personal Development နဲ့
Business တွေကိုလေ့လာနိုင်တဲ့ GYS Online Classes
22/06/2026
အသက် ၂၀ ကျော်.... လုပ်ငန်းခွင်ထဲဝင်ရင်သိလာမဲ့
ခါးတော့ ခါးတဲ့ အမှန်တရားတွေ !!!........................................................
၁။ ကိုယ့်ဘာသာ ဘာပဲလုပ်နေလုပ်နေ
တစ်ခါတစ်လေဆိုရင်
ကောင်းကောင်း အောင်လုပ်နေသည့်တိုင်အောင်
ကြည့်မရတဲ့ လူက ရှိနေမှာပဲ အဲ့တော့လုပ်စရာရှိတာလုပ်
ကိုယ့်ကိုယ် ဘေးထိုင်ဘုပြောဖို့ဆိုတာ အချိန်အားနေလို့
ပြောရမယ်ဆို ကိုယ်လောက်အနေအထားမရှိ ပဲဖြစ်မယ်
၂။ လောကကြီးက မမျှတာဘူး။
လူတချို့က ကိုယ့်လောက်မကြိုးစားပဲ
ကိုယ့်ထက် ပိုအခွင့်အရေးရတာမျိုး ရှိမယ်
ပို အဆင်ပြေ ငွေရနိုင် တာမျိုး ရှိတယ်
မဖြစ်သင့်ပေမဲ့ အမြဲတမ်းရှိနေမှာပဲ။
ဒါပေမဲ့ တစ်ခုရှိတာက ဘယ်အရာမှမတည်မြဲဘူး
အချိန်တန်ရင် စေတနာနဲ့စိတ်ကောင်းထားပြီး
ကြိုးစားတဲ့သူက ရေရှည်အောင်မြင်မယ်
ဒါကတော့သေချာတယ်။
၃။ လူတိုင်းကို ပျော်အောင်လုပ်ပေးလို့မရဘူး။
တစ်ယောက်ကို အသာပေးရင်တစ်ယောက်တော့
နာမှာပဲ အဲ့တော့ ဆုံးဖြတ်ချက်ချ လိုက်ပြီ
ဆိုနောင်တရ နေတာ အချိန်ပဲကုန်မယ်။
တခါတလေ သူများအဆင်ပြေဖို့ ထက်
ကိုယ်ပျော်ဖို့ အတွက်ပဲ ဦးစားပေးတာမျိုး
လုပ်ရတာရှိမှာပဲ ရှောင်လွှဲလို့မရဘူး။
၄။ မျော်လင့်ချက်အကြီးကြီး ထားတာ
မှန်ပေမဲ့မဖြစ်နိုင်တာ မမှန်းတာအကောင်းဆုံးပဲ
လူတိုင်း ဘီဂိတ်၊ စတိဖ် ဂျော့်ချ်၊ မဇူကာဘက် မဖြစ်နိုင်ဘူး ။
အနီးစပ်ဆုံးမြန်မာနိုင်ငံက
နာမည်ကြီးတောင်ဖြစ်ချင်မှဖြစ်မယ်
အခုအခြေအနေနဲ့ဆိုရင် နေ့တိုင်း ကောင်းကောင်းနေရရင်တောင်
တော်တော် ဟုတ်နေပြီပြောရမယ်
ရောင်ရဲ့ခိုင်းတာမဟုတ်ဘူးနော် အခြေအနေ အရပြောတာ
တစ်ကယ် ဘဝက အစစ်အမှန် ပျော်ရွှင်နေတယ်ဆို
ချမ်းသာတာ အောင်မြင်တာ ထက် ပိုအဓိပ္ပါယ်ရှိတယ်။
၅။ လူတိုင်းမှာ မျက်နှာသုံးမျိုးရှိတယ်
- သူစိမ်းမိတ်ဆွေတွေကို ဆက်ဆံတဲ့ မျက်နှာ၊
- အရင်းနီးဆုံးသူတွေ မိသားစုဝင်တွေကိုဆက်ဆံတဲ့မျက်နှာ၊
- သူ့ကိုယ်သူဆက်ဆံတဲ့ မျက်နှာ ....
လူတစ်ယောက်က အရမ်းလာရောပြီဆိုရင်
သူ့ကောင်းကြောင်းတွေ ပြောလာပြီ
ကိုယ့်အတွက်စဉ်းစားပေးတာဆိုပြီး ပြောလာပြီဆို
သတိထား သင့်တယ်။ ဒီကောင် ကိုယ့်ဆီက တစ်ခုခု
လိုချင်နေလို့ ဖြစ်ဖို့များတယ်
၆။ စဉ်းစားတာ အရမ်းများနေရင် စဖြစ်မှာ မဟုတ်ဘူး
အတတ်နိုင်ဆုံး Action ယူဖို့စဉ်းစား။
လဲ ကျလဲ ပြန်ထလို့ရတယ် ။
မလုပ်ဖူးရင် မလုပ်တတ်ဘူး
ဘာဆေး၊ဘာသင်တန်းနဲ့ မှကယ်လို့မရဘူး ။..
အကြိုက်ဆုံးတစ်ချက်ကိုတော့
ပြန်ပြောပေးသွားပါဗျ ...
To-do-list ရေးနေပေမယ့် တိုင်ပတ်နေတဲ့သူတွေအတွက် 👇
To-do-list ရေးရင် productivity
ကောင်းမယ်ဆိုတာလည်းသိတယ်။
ရေးလည်းရေးနေပေမယ့်
အဆင်မပြေဖြစ်နေတဲ့သူတွေရှိကြလားဗျ❓
To-do-list ရေးတဲ့အခါမှာသတိထားရမယ့်
အချက်တစ်ခုကို ဒီနေ့ညမှာvideoနဲ့တင်ပေးသွားပါမယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
259
Yangon
11091