Jacksan

Jacksan

Share

Learn English With S.M.A

06/04/2026

Grade 5 to 12 ကျောင်းသားများအတွက် အင်္ဂလိပ်စာအခြေခံ ပညာဒါနသင်တန်းဖွင့်လှစ်ပေးပါမည်။

သင်ကြားမည့်ပုံစံ
✅✅✅✅✅✅

✨Facebook Group
✨ Telegram Group

သင်တန်းကာလ နှင့် အချိန်
✅✅✅✅✅✅✅✅✅

၂လကြာမြင့်ပါမည်။
နေ့စဉ် ည ၈နာရီတွင် Video ၂ပုဒ်တင်ပေးပါမည်။

ရရှိမည့်အကျိုးကျေးဇူးများ
✅✅✅✅✅✅✅✅✅

👉 အလယ်တန်း၊အထက်တန်း အင်္ဂလိပ်စာအခြေခံနှင့် ပက်သတ်သည့် သင်ခန်းစာများအားလုံးကို အသေးစိတ်သင်ယူရမည်။

👉 အင်္ဂလိပ်စာဘာသာရပ်အား ခြေခြေမြစ်မြစ် နားလည်သဘောပေါက်သွားရုံသာမက၊အင်္ဂလိပ်ဘာသာစကား၏ တည်ဆောက်ပုံ၊ဖွဲ့စည်းပုံများကို အခက်အခဲမရှိ လွယ်ကူစွာ နားလည်သဘောပေါက်သွားပါမည်။

👉 ဤသင်တန်းကို အချိန်မှန်တက်သော၊သင်ခန်းစာဗွီဒီယိုများကို ပုံမှန်လေ့လာသော ကျောင်းသားသည်၊ဘဝတစ်လျှောက်လုံး အင်္ဂလိပ်စာနှင့် ပတ်သက်သည့် အခက်အခဲမျိူး၊စိုးရိမ်မှုမျိုး နောက်ထပ်လုံးဝရှိတော့မည်မဟုတ်ကြောင်း တိကျစွာ အာမခံပါသည်။

👉အင်္ဂလိပ်စာကြောင်းများကို ဘာသာပြန်သည့်နည်းစနစ်များကို တိတိကျကျ နားလည်သဘောပေါက်သွားမည်ဖြစ်၍
မည်သည့်အချိန်ပြန်ပြန် တစ်ပုံ‌စံတည်းဖြစ်နေခြင်းကြောင့် စကားစုနှင့် ဝါကျအထားအသိုများကို ပိုမိုသဘောပေါက်လာမည်ဖြစ်ပြီး အင်္ဂလိပ် စာကြောင်းများတည်ဆောက်ပုံကို လေ့လာသင်ယူသွားနိုင်မည်ဖြစ်ပါသည်။

👉 ဒါတွေ့၊ဒါမြင်၊ဖြုတ်၊တပ်၊ပြောင်းစနစ်ဖြင့်သင်ကြားမည်မဟုတ်ပဲ သီအိုရီပိုင်းထိ အခြေခံကျကျသင်ကြားပေးထားသောကြောင့် မေးခွန်းဖြေဆိုနည်း၊ဝါကျများဆက်နည်း၊ပေးစာ (Letter) နှင့် စာစီစာကုံး( Essays ) များကို ကိုယ်တိုင်ရေးသားတတ်စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

တက်ရောက်နိုင်သူများ
✅✅✅✅✅✅✅

👉အလယ်တန်း ၊အထက်တန်းကျောင်းသား ကျောင်းသူများအားလုံး သင်တန်းကြေးသွင်းစရာမလိုပဲ အားနည်းခဲ့သည့် အင်္ဂလိပ်စာနှင့် ပက်သတ်သည့် အခြေခံများအားလုံးကို တနေရာတည်းတွင် ခေါင်းစဉ်ခွဲများဖြင့် တကဏ္ဍခြင်း စနစ်တကျသင်ယူလေ့လာနိုင်ပါမည်။

👉 ‌အလယ်တန်း၊အထက်တန်းကို ပြန်လည်သင်ကြားပေးနေသော ကျောင်းဆရာ၊ဆရာမများ၊ပြင်ပကျူရှင်ဆရာများလည်း ဝင်ရောက်သင်ယူနိုင်ပါသည်။

👉 အင်္ဂလိပ်စာအခြေခံ အားနည်းခဲ့သည်ဟု မိမိကိုယ်ကိုယ်ထင်မြင်ယူဆခဲ့သူများလည်း မိမိအားလပ်ချိန်မှာ အင်္ဂလိပ်စာအခြေခံနှင့် ပက်သတ်သည့်သင်ခန်းစာများကို စိတ်လက်ပေါ့ပါးစွာ သင်ယူနိုင်ပါသည်။

စည်းကမ်းချက်များ
✅✅✅✅✅✅✅

တက်ရောက်လိုသော ကျောင်းသား၊ကျောင်းသူများ၊အ‌င်္ဂလိပ်စာသင်ဆရာများ၊မိမိအင်္ဂလိပ်စာအခြေခံကို အားမရခဲ့သူများအနေဖြင့် ယခုပို့စ်အောက်တွင် Comment ရေးသားခဲ့ပေးပါ။

m.me/Learnwithsmavvip

သို့လည်းစာပို့၍ အပ်နှံထားနိုင်ပါသည်။

(ပညာဒါနကုသိုလ်တွင်ပါဝင်လိုပါက ယခုပို့စ်အား အလယ်တန်း၊အထက်တန်းကျောင်းသားကျောင်းသူရှိသော မိတ်ဆွေသူငယ်ချင်းများအား Mention ၍ သော်လည်းကောင်း ၊ပြန်လည် Share ပေးခြင်းဖြင့်လည်းကောင်း ပါဝင်နိုင်ပါသည်)

07/10/2025

အင်္ဂလိပ်စကားသံတွေဘယ်လိုဆက်သလဲ
**************************
(အပိုင်း-၁)
အင်္ဂလိပ်စကားပြောတဲ့အခါ အသံတွေ ဘာကြောင့် ဆက်သွားရတာလဲ ?

နိုင်ငံခြားသားတွေ မြန်မြန်ပြောတဲ့အခါ ကိုယ်ဘာကြောင့်နားမလည်တော့တာလဲ ဆိုတာရဲ့ အဖြေ 😉😉😉

*ဒီနေ့တော့ ကျွန်တော် "အင်္ဂလိပ်စကားပြောတဲ့ အခါ ဘာကြောင့် အသံတွေ ဆက်သွားတာလဲ " ဒါမှ မဟုတ် နိုင်ငံခြားသားတွေ စကား မြန်မြန်ပြောတဲ့အခါ ကျွန်တော်တို့ ဘာကြောင့်များ နားမလည်ရသလဲ ဆိုတဲ့ အချက်ကို ရှင်းလင်းပေးသွားမှာပါ။

ကျွန်တော့် Tour Guide ဘဝက ရတဲ့ အတွေ့အကြုံ ဖြစ်လို့ စိတ်ချ ယုံကြည်စွာ လက်ခံ ကျင့်သုံးပါ ၊ ရဲရဲ ဝံ့ဝံ့နဲ့ အင်္ဂလိပ်စကားကို ကိုယ်ကျင်လည်ရာ အသိုင်းဝိုင်းမှာ ဒီနည်းတွေနဲ့ ပြောပါ လို့ ကျွန်တော် ရဲရဲကြီး အာမခံပါရစေ။

ဘာလို့လဲ ဆိုတော့ ဘယ်အင်္ဂလိပ်စကားပြော သင်တန်းမှာမှ ဘယ်အင်္ဂလိပ်စကားပြော စာအုပ်မှာမှ ထည့်သွင်း သင်ကြားခြင်း မပြုခဲ့တဲ့ ဒီ အသံဆက်တဲ့ နည်းလမ်းတွေကို ကျွန်တော့် Facebook ကမိတ်ဆွေတွေကို ရဲရဲကြီး မျှဝေပေးသွားမှာပါ။ အကောင့်ထဲမှာ Junior Tour Guideတွေ အများကြီး ရှိနေတော့ ဒီစည်းကမ်းလေးက သိကို သိရမှာပါ ။

☆☆☆ဘယ်သူမှ မသင်ရဲတဲ့ စကားတွေပြောတဲ့ အခါ အသံတွေ ဒီလို ဆက်သွားတာပါလား ဆိုတဲ့ အကြောင်းကို ကျွန်တော် မျှဝေလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ စလိုက်ရအောင်ဗျာ

■ သိရမည့်အချက်များ

☆ အသံ ၂မျိုး ရှိပါတယ် မြန်မာစကားမှာ

ဗျည်းသံ ရယ် ၊ သရသံရယ်

"ဟာ ဆရာရယ် လာပြန်ပြီ ဒီ ပါဋိတွေ "

အရှင်းဆုံးပြောပြပါ့မယ်

~ ဗျည်းသံ ဆိုတာ "အ" သံ မပါတဲ့ အသံတွေပါ ။
ဥပမာ

က၊ခ၊ဂ၊ဃ၊င --------- အများကြီးပဲ
အင်္ဂလိပ်မှာတော့ A,E ,I ,O,U. က လွဲရင် ကျန်တာ ဗျည်းသံတွေပါ။

အင်္ဂလိပ် အက္ခရာ ၂၆ လုံးရှိတဲ့ အထဲက အဲ့ ၅ လုံးကို
Vowel (ဗှောင်ဝဲလ် ) သရသံ လို့ခေါ်ပါတယ်။

"H နဲ့ Y ကို အင်္ဂလိပ်မှာ Seccond Vowel လို့ခေါ်ပါသေးတယ် သိရအောင် မှတ်ထားပါ။"

ကျန်တဲ့ ၂၁ လုံးက ဗျည်းပေါ့။

ဒီလောက်ဆို ဗျည်းနဲ့ သရ ကွဲလောက်ပြီ ထင်ပါတယ်။

အဲ့တော့ ပြောချင်တာက "အ" သံပါရင် သရ ၊ မပါရင် ဗျည်းပေါ့။

■နောက်ဆုံးသံ (Ending Sound )

ကျွန်တော်တို့ မြန်မာစကားမှာ နောက်ဆုံးသံတွေ မပါပါဘူး။ စကားပြောရင် ပါးစပ်ကြီးတွေ အဟောင်းသားနဲ့ Apple အက်ပဲလ် Book ဘွတ် အဲ့လို အသံတွေ ထွက်ကြပါတယ်။

အင်္ဂလိပ်တွေကျတော့ စကားလုံး တလုံးကို ရွတ်ဆိုတဲ့အခါ Ending Sound လို့ ခေါ်တဲ့ နောက်ဆုံး အဆုံးသတ် အသံလေးတွေ ကို ပီပီ သသ ကို ထွက်ပြီး ရွတ်တက်ကြပါတယ်။ Apple အက်ဖဲလ် ၊ နောက်ဆုံးသံ "လ" အသံလေးကို လျှာလိပ်ပြီးထွက်ပါတယ် ။ နိုင်ငံတော်တော်များများက ဘာသာစကားတွေမှာ Ending Sound တွေပါကြတော့ သူတို့ အင်္ဂလိပ်စာ နဲ့ စကား သင်တဲ့ အခါ မှာ အထူးလေ့ကျင့်စရာ မလိုတော့ပဲ အင်္ဂလိပ်တွေ စကားပြောသလိုပဲ လွယ်လွယ်ကူကူ ပြောနိုင်ကြသွားပါတယ်။ စကားဝဲတာတော့ ဝဲတာပေါ့နော့ ။

အင်္ဂလန်က အင်္ဂလိပ် အစစ်တွေတောင် Accent လို့ခေါ်တဲ့ အသံတွေ မတူကြပါဘူး ။ ဥပမာ London သားတွေပြောတဲ့ အင်္ဂလိပ်စကားကို ကမ္ဘာမှာ အကောင်းဆုံးလို့ သတ်မှတ်ထားပြီး Receipt Pronunciation (RP) လို့ ခေါ်ပါတယ်။ မြန်မာမှာဆို ရန်ကုန်သားတွေ ပြောတဲ့ မြန်မာစကားသံဟာ တကယ့် မြန်မာသံ စစ်စစ်ပါ။
မော်လမြိုင်က ထားဝယ်က လူတွေပြောတာကျ မြန်မာစကားပေမယ့် Accent မတူတော့ ဝဲသွားကြပါပြီ။ ပြောတာတော့ မြန်မာ စကားပဲ ဒါပေမယ့် ရန်ကုန်က လူတွေ ထားဝယ်သူ ထားဝယ်သားစကားဆို နားလည်ဖို့ တော်တော် ခက်ခဲ ပါလိမ့်မယ်။ အင်္ဂလန် လို့ခေါ်တဲ့ UK မှာလည်း ခုနက London သားတွေက Scottland တို့ Ireland တို့ ပြောတဲ့ အင်္ဂလိပ်စကားကို နားလည်ဖို့ မလွယ်ပါဘူး။

အင်္ဂလိပ် ဘာသာစကားကို မိခင်ဘာသာ စကားအဖြစ်ပြောတာချင်းတူတူတောင် ဘာလို့ နားမလည်ရတာလဲ ဆိုတော့ Accent မတူတာပါ။

London ကသူတွေ သူတို့တွေကို တွေ့ရင် အရမ်းချစ်ကြပါတယ်။ ကျွန်တော်တို့ မော်လမြိုင်သူတွေ စစ်တွေသူတွေ မြန်မာစကားပြောရင် "ချစ်စရာကောင်းတယ် ဝဲတာလေးက " ဆိုပြီး အချင်းချင်း ပြန်ပြောတက်ကြပါတယ်။

အဲ့တော့ နိုင်ငံခြားသားတယောက်က ကိုယ့်ကိုယ် လာပြီး အင်္ဂလိပ်စကားပြောတဲ့ အခါ ကိုယ်ဟာ အင်္ဂလိပ်စာ ၊ စကား သင်ဖူးပါရဲ့နဲ့ ဘာလို့ နားမလည်ရတာလဲ ဆိုတဲ့ ပြသနာရဲ့ အဖြေပါ။ ခင်ဗျား ဩစတေးလျ အသံ နားထောင်နေကျဆို လန်ဒန်က လာတဲ့သူအသံကို နားလည်ဖို့ ခဲယဉ်းပါလိမ့်မယ်။ အမေရိကန်တွေကျတော့ ပိုဆိုးတယ် မဝဲဘူး ။

ဒါပေမယ့် မြန်တယ် ၊ မြန်တာမှ အရမ်းကို မြန်တာ ။ သူတို့က သူတို့ ဘာသာစကားကို တကမ္ဘာလုံးပြောနေကြတယ် ဆိုပြီး ပြောချင်သလိုပြောရင် ကျွန်တော်တို့ မြန်မာတွေ ရွာလည်ကုန်ပါပြီ။ နားမလည်တော့ဘူး ။ 🙄🙄🙄

ကံဆိုးတဲ့ သူတွေဆို ပြင်သစ်ပြောတဲ့ အသံ ကို နားထောင်ဖူးပေမယ့် စပိန်တွေ အင်္ဂလိပ်စကား ပြောတဲ့ အခါကျတော့ စိတ်ဓာတ်တွေ ကျပါလေရော ၊ နားမလည်တော့ဘူးလေ ။လူဆိုတာကလည်း အခက်သား ကိုယ်ပြောတာ သူများ နားမလည်ရင် ပထမ ပြန်ထပ်ပြောတယ်၊ အဲ့ဒါမှ ထပ်နားမလည်သေးရင် စိတိတိုလာတယ်၊ ဒေါသထွက်လာတယ် ပြီးတော့ စိတ်ဓာတ်တွေ ကျလာတယ်။

နောက်ကျတော့ အင်္ဂလိပ်စကား ကိုယ်ပြောလိုက်ရင် သူတို့ နားလည်မှာလည်း မဟုတ်ဘူးလေ ဆိုပြီး ဆက်ပြောဖို့ကို မကြိုးစားတော့ပဲ တသက်လုံး မပြောချင်တော့ဘူးဆိုတဲ့ အဆင့်ထိ ရောက်နေတဲ့ သူတွေတောင် ကျွန်တော် တွေ့ဖူးပါတယ်။

အဲ့တော့ဗျာ မိခင်ဘာသာစကား မဟုတ်ပဲ အင်္ဂလိပ်စကားဟာ International Language ဖြစ်လို့ ပြောကြတဲ့ သူချင်း အတူတူ အဲ့လူတွေ အဲ့ နိုင်ငံခြားသားတွေက စကားပြောတဲ့ အခါ အသံတွေဆက်ပြောတော့ ကျွန်တော်တို့ ရွှေမြန်မာတွေ ပိုဆိုးပြီ။ အရင်ကတည်းက မပြောချင်တာ ၊ အဲ့တော့ တဖြည်းဖြည်းနဲ့ ပြောရမှာ ကြောက်လာပြီး နိုင်ငံခြားသားတွေ့ရင် ပညာတက်တွေ ဖြစ်ပါလျက် အင်္ဂလိပ်စာ ၊ စကားကို အတိုင်းတာ တခုထိ တက်ထားသူတွေ ဖြစ်ပါရက်နဲ့ မပြောရဲကြတော့ဘူး။

ကိုယ်ပြောရင် သူတို့ နားလည်မှာလည်း မဟုတ်ပါဘူး ဆိုပြီး မပြောဖြစ်ကြ မပြောရဲကြသူတွေ ကျွန်တော့် Friend တွထဲမှာ အများကြီးပဲ ဆိုတာ ကျွန်တော် ပြောရဲတယ်။

ဟုတ်ပြီ ဒါဆို သူတို့တွေ အင်္ဂလိပ်စကားပြောတဲ့အခါ ဘယ်လို အသံတွေ ဆက်ပြောကြသလဲ ကြည့်ရအောင်!!!!

ကိုရွှေမြန်မာတွေရဲ့ အဓိက ပြသနာက ခုနက ပြောသလို နောက်ဆုံးသံ မပီသတဲ့ ပြသနာက စပါတယ်။

Book ဘွတ်ခ် လို့ ပီပီသသ ထွက်ရမှာကို "ဘွတ်"

ခခွေးသံလေးနဲ့ အဆုံးမသတ်ပဲ ပါးစပ်အဟောင်းသားကြီးတွေနဲ့

Ship ရှစ်ဖ် လို့ "ဖ" သံလေးနဲ့ ပါးစပ်ပိတ် ထွက်ရမှာကို ၈ ထွက်သလို ပါးစပ်ကြီးဖြဲ

အဲ့တော့ မြန်မာတွေ အင်္ဂလိပ်စကားပြောတော့ ဘာနဲ့ သွားတူလဲ သိလား???

ကိုယ်တိုင် အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း မထိပဲ စကားပြောကြည့်စမ်း ။ ခု ပြောကြည့်

ရယ်စရာကြီး အဲ့လိုဖြစ်သွားတာ

ပီတဲ့. စကားလုံးတွေရှိတယ် Am "အမ်" မ် ပါးစပ်လေးပိတ်ပြီး

Is အစ်ဇ်

Are အာရ်

ကဲကြည့် အဲ့လို စကားလုံးတွေကျ ပီနေရော ။ ပီတော့ ဘာဖြစ်လဲ ????

ခင်ဗျား am ,is ,are သုံးလုံးကို မြန်မြန်ဆိုကြည့်

အမ်မစ်စ်ဇာရ် ဆိုပြီး ထွက်သွားတယ်။

အဲ့လိုဖြစ်နေရမယ် ။ အဲ့ဒါ အသံမှန်
နောက်ဆုံးသံလေးတွေ ပီတော့ နောက်စကားလုံး တလုံးရဲ့ အစသံ က "အ" အသံ ဖြစ်နေတဲ့ အခါ အလိုလို ဆက်မိလျက်သား ဖြစ်သွားတယ်။

အမ်မစ်စ်ဇာရ် ၊ အမ်မစ်စ်ဇာရ် !!

မိုက်တယ်နော် ။

ကျွန်တော့် အကောင့်ထဲက ကောင်မလေး ချောချော လေးတွေ ဘယ်သူမှ ကျွန်မ "မိတ်အပ်" ကြီး လိမ်းထားပါတယ် မပြောဘူး။

မိတ်ကပ် Make up လိမ်းတယ်ပဲ ပြောကြတယ်မလား?
( ဒါမျိုးကျ ပီလိုက်တာ. ;-) )

Look at လွတ်ခတ်ထ် ( look ရဲ့ နောက်ဆုံးသံ "ခ်" အသံလေးပီရင် နောက်က at က "အ" သံနဲ့ အလိုလိုကို ဆက်သွားလိမ့်မယ်။ အဲ့တော့ ပြသနာက ဘာလဲဆိုရင် အင်္ဂလိပ် စကားလုံး တလုံးရဲ့ အသံထွက်ကို မှတ်တော့မယ်ဆို

☆နောက်ဆုံးသံ လို့ခေါ်တဲ့ Ending Sound လေးတွေကို အတိအကျ ထွက်လို့ ရအောင် ကြိုးစားကြပါ။ အရမ်းအရေးကြီးပါတယ်။

☆☆☆မှတ်ရန်☆☆☆☆

စကားလုံးတလုံးရဲ့ Ending Sound နောက်ဆုံးသံဟာ ရိုးရိုးအသံဖြစ်ပြီး
နောက်က လိုက်လာတဲ့ စကားလုံးရဲ့ အသံထွက်သည် " အ" သံလို့ခေါ်တဲ့ Vowel သံနဲ့ စထားရင် စကားပြောတဲ့ အခါ အသံတွေ ဆက်သွားပါတယ်။

ဥပမာ

My name is မိုင်နိမ်းမစ်ဇ်

Pick it up ပစ်ဂစ်ဒပ်

Have a seat ဟက်ဗှစိ(ထ်)

I 'm ok အိုမ် မို ခေ !

I 'm a teacher အိုင်မ် မ 'ထီးချားရ်

I'm a nurse အိုင်မ် မ နားရ်စ်

This is an apple သစ်ဇစ် ဇန် 'နက်ဖှဲလ်

(Sဟာ အစမှာ ရှိရင် စလုံးသံ ထွက်ပြီး နောက်မှ ရှိရင် ဇကွဲ အသံပြောင်းသွားပါတယ် မှတ်ထားပါ)

How much is it ? ဟောင်းမက်ချ် ချစ်ဇ် ဇစ်(ထ်)?

How old are you ? ဟောင်း အိုးလ် ဒါရ် ယူ ?

What's up ? ဝေါ့ဇ် ဇပ်ပ်

What it is ? ဝေါ့ထ် ထစ် ဇစ်ဇ် ?

What are these ? ဝေါ့ထ်အာရ် သိဇ် ???

အဲ့လိုတွေပဲ ထွက်ပါတယ် ။ အဲ့တော့ သူတို့ တွေ စကားမြန်မြန်ပြောလာလေ ကိုရွှေမြန်မာတွေ နားမလည်လေလေပါ။

ဒါ ကျွန်တော့် Tour Guide ဘဝမှာ တွေ့ခဲ့ရတဲ့ အကြီးမားဆုံးသော တွေ့ရှိမှု့ကြီးပါ။ တချို့တွေကျတော့ စကားပြောရင် အသံတွေ အလိုလို ဆက်သွားတယ် ပြင်စရာ ကျင့်စရာ ကို မလိုဘူးဆိုတာ သူတို့တွေက စကားလုံးတလုံးကို အသံထွက်ရင် နောက်ဆုံးသံတွေ ပီသအောင် ထွက်ခဲ့ကြလို့ပါ ။ ရှင်းပါတယ်။

ကဲ

ဒါဟာ မြန်မာတွေ အင်္ဂလိပ်စာ Grammar မှာ Advanced တို့ Upper Intermidiate တို့ အဆင့်ရှိနေပြီး နိုင်ငံခြားသားက ပြောလာရင် နားမလည်ရခြင်းရဲ့ ပြသနာတွေပါ ။ ဝဲတာက တမျိုး အသံတွေ ဆက်သွားတာက တမျိူး ဆိုတော့ ပြသနာ ၂ မျိုးပေါ့ဗျာ ။

ပြောပြီးပြီနော် ခုချိန်က စပြီး စကားလုံးတလုံး အသံထွက်ကို ဆိုရင် နောက်ဆုံးသံ ကို ပါအောင် ပီအောင်ထွက် သူ့ဟာသူ ဆက်မိသလိုကို ဖြစ်သွားမှာ ကျင့်စရာကို မလိုဘူး။

အလုပ်သင် ဧည့်လမ်းညွှန်တွေ အနေနဲ့ ဒီ အသံဆက်ပြီး ပြောတာကို သိကို သိနေရပါမယ်။

မယုံရင် အင်္ဂလိပ် စာတန်းထိုး သီချင်းဖြစ်ဖြစ် Video ဖြစ်ဖြစ် ကြည့်ကြည့် ရှင်းရှင်းကြီးနားလည်သွားလိမ့်မယ်။

You and I ယူအဲန် ဒိုင် လို့ ထွက်တာတွေ
Give it to me ဂစ် ဗှစ်ထ် ထမီ တို့ ထွက်တာတွေ

ဥပမာလေး တခု ပေးမယ် ။ နည်းနည်းတော့ ရိုင်းရင်နားလည်ပေးစေချင်တယ်။

Son of a bitch ဆိုတဲ့ စကားလုံးပါ
ရုပ်ရှင်တွေထဲမှာတော်တော်ပါပါတယ်။
အဲ့ဒါကြောင့်ရှင်းပြပါရစေ။

တကယ်က ခွေးမသားလို့ ဆဲတာပါ

ကျွန်တော်ပြောချင်တာ အသံထွက်ပိုင်း

ဆန်းနဗား ဘစ်ချ် လို့ထွက်တယ်ဗျ

ကျွန်တော် ပြောခဲ့ဖူးသလို အသံထွက်ရင် (Preposition ပရပိုဇေးရှဲန် ) တွေကို မြန်မြန်အသံထွက်ရတယ် မဖိရဘူးဆိုတာကို ဒီစကားနဲ့ သက်သေပြပါ့မယ်။

Of ရဲ့ အသံထွက်အမှန်က. " အော့ဗ်"
ဗလချိုက်အသံ နဲ့ ဆုံးတာပါ။ Off ကျမှ အော့ဖှ် လို့ထွက်ပါတယ်။

ဆန်း န ဗား ( son of a )ဆန်းရဲ့ နောက်ဆုံးသံ နသတ်အသံ ဟာ of ရဲ့ " အ" အသံနဲ့ ဆက်ပြီး နောက်က A နဲ့ ထပ်ဆက်ပါတယ် အဲ့တော့

" ဆန်း န ဗှာ ဘစ်ချ် " လို့ အသံထွက်ရတာပါ။

(သံဃာတော်တွေ အသက်ရွယ်ကြီးသူတွေ ကန်တော့နော်)

ပြောချင်တာက အသံတွေ ဆက်တာ Ending Sound တွေ ပီသစွာ အသံထွက်နိုင်လို့ပါ။ Ending Sound ပီတာနဲ့ စကားပြောနေရင်း သူ့အလိုလို ကို ဆက်သွားမှာပါ။ "အမ်မစ်ဇာရ် " အသံထွက်ရင် ပီသလိုပေါ့ဗျာ ။


ဒါတွေဟာ တကယ့် တကယ်စကားပြောလာတဲ့ အခါ မဖြစ်မနေ ကြုံတွေ ရမယ့် အခက်အခဲ တွေပါ။
အရမ်းအရေးကြီးပါတယ်။ ကျွန်တော့် စေတနာကို နိုင်ငံခြားသားနဲ့ ထိတွေ့လုပ်ကိုင်နေရတဲ့ အကောင့်ထဲက သူငယ်ချင်းတွေ အားလုံး သိမှာပါ။

အာရှမှာ မြန်မာလူမျိုးတွေဟာ Accent အကောင်းဆုံးပါ ။ ကိုယ်တွေ နိုင်ငံဘေးက ထိုင်းတို့ ၊အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ ၊တရုတ်တို့၊ လာအိုတို့ဆိုရင် အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတက်ရင် တောင် အသံထွက် လေယူလေသိမ်းကြောင့် သူတို့တွေ မျက်နှာငယ်ရရှာတာပါ။ မြန်မာကျတော့ တကယ်တက်သွားရင် အသံထွက်ပိုင်းမှာ ဩချယူရလောက်တဲ့ အထိ ကောင်းပါတယ်။

မြောက်ပေးတာ မဟုတ်ပါဘူး ။ တရုတ်တွေ၊အိန္ဒိယ‌ တွေ အင်္ဂလိပ်စကားပြောတာ ကြားဖူးလား ????
တော်တော်ကို နားထောင်ယူရတာ ၊နားလည်ရ အင်မတန်ခက်တယ် သို့သော်ငြားလည်းပဲ

အဲ့နိုင်ငံသားတွေ ကို စာတော့ သွားပြိုင်မရေးနဲ့ နော်
ခင်ဗျားရှုံးသွားမယ် ။ တော်ရုံစကေးနဲ့ ကမ္ဘာပတ်နေတာ မဟုတ်ဘူးလေနော့ !

အဲ့တော့ ကျွန်တော့် Friend တွေအနေနဲ့ Comment မှာ ကိုယ့်အတွေ့အကြုံလေးတွေ ကိုယ် ရေးသွားကြပါ။ နှုတ်ပိတ်မနေကြပါနဲ့။ လူတိုင်းကို Comment ရေးစေချင်ပါတယ်။ အဲ့တာမှ လည်း လူတိုင်းရင်ထဲကို ကျွန်တော် မြင်နိုင်မှာ။ ကျွန်တော်ရေးတာ နားလည်ရင် လည်တယ် ။ မလည်ရင် မလည်ဘူးပဲ ရေးပါ ။ ဗြောင်ပဲ ရှင်းရှင်းပဲ တကယ်တတ်မြောက်ချင်လို့ အချိန်တွေ ပေးထားတာပါ။

သူငယ်ချင်းတို့ရဲ့ အမြင်ကို လွတ်လပ်စွာ ချပြနိုင်တယ် ၊ ရင်ဖွင့်နိူင်ပါတယ်။ လူတိုင်းတယောက်မကျန် Comment လေးတွေရေးကြပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

30/09/2025

နေ့စဉ်အသုံးများပြီး
အသံထွက်မှားလွန်းသောစကားလုံးများ
အပိုင်း(၂)

Parrot. /ˈpærət/
Lion /ˈlaɪən/
Onion /ˈʌnjən/
Basket /ˈbɑːskɪt/
Market /ˈmɑːkɪt/
Honest /ˈɒnɪst/

25/09/2025

အသံထွက်အရမ်းမှားပြီး နေ့စဉ်ဘဝမှာအသုံးများတဲ့ အင်္ဂလိပ်စကားလုံးများ

"Episode - 1"

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 42-, Third Floor, East Horse Race Course Road, Tamwe Township, Near UAB Bank
Yangon
11211