Sunshine SOLAR Myanmar

Sunshine SOLAR Myanmar

Share

Sunshine brings the sustainable power to Myanmar Sunshine products are manufactured by Seasun from Jiangsu China.

18/05/2018

အသိပေးချက် ၁

Sunshine ဆိုလာမှ ရောင်းချလျက်ရှိသော ထုတ်ကုန်များကို လက်လီရောင်းချခြင်း မပြုလုပ်တော့ပါသဖြင့် လက္ကားဝယ်ယူလိုသူများ သို့မဟုတ် ငွေကျပ် ၅ သိန်းနှင့်အထက်သာ မှာယူနိုင်တော့မည် ဖြစ်ပါသည်။

အသိပေးချက် ၂

Sunshine ဆိုလာ မှ ယခင် အသုံးပြုလျက်ရှိသော ဖုန်းနံပါတ် ၀၉၇၉၄၄၄၅၀၆၄ မှာ ပျောက်ဆုံးခဲ့ပြီး ဖြစ်ပါသည်။ ၄င်းဖုန်းအား ဆက်သွယ်မေးမြန်းခြင်း မပြုလုပ်နိုင်ပါတော့ကြောင်း အသိပေးအပ်ပါသည်။

အသိပေးချက် ၃

Sunshine ဆိုလာ အနေနှင့် ကျေးလက်မီးလင်းရေး၊ ရပ်ရွာဖွံ့ဖြိုးရေး၊ ကလေးသူငယ်များ ပညာရေးမြင့်မားစေရန် အထောက်အကူပေးရေး လုပ်ငန်းများ ဆောင်ရွက်လိုသူများကို တက်စွမ်းသမျှကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

Sunshine ဆိုလာအား ယုံကြည်စိတ်ချစွာ ၀ယ်ယူအသုံးပြုသူ မိတ်ဆွေများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်။

🙏🙏🙏🙏🙏

Photos 10/07/2017

ဆိုလာပြား၀ယ်မယ်ဆိုရင် . . .
====================

အခုလို မိုးရာသီမှာ မိုးအုပ်တဲ့ရက်တွေ ဆက်လာပြီဆို ကျေးလက်တောရွာတွေမှာ သုံးနေတဲ့ဆိုလာပြားတွေဟာ အားထုတ်လုပ်မှု မလုံလောက်တော့ပါဘူး။ ဒါကြောင့် ဆိုလာပြားတွေ ပိုပြီးသုံးဖို့ လိုအပ်လာပါတယ်။ ဒီလိုအချိန်မှာ ဆိုလာပြား၀ယ်မယ့် သူတွေ အရွေးမမှားအောင် သိသင့်တဲ့ အချက်တွေကို Sunshine SOLAR Myanmar က ဖေါ်ပြပေးလိုက်ပါတယ်။

မြို့ရွာအနှံ့အပြားမှာ ရှေးယခင်လို ဖယောင်းတိုင် မီးရောင်မှန်တုတ်တုတ်အစား LED မီးလုံးမီးသီးတွေက နေရာယူလာကြပါပြီ။ အရင်လို အဖြူအမဲ တီဗွီတွေနေရာမှာ ခေါက်တီဗွီခေါ် (Portable DVD Player) တွေနဲ့ စမတ်ဖုန်းတွေက နှစ်အနည်းငယ်အတွင်းမှာ အလုအယက် နေရာယူလာကြပါတယ်။ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် စျေးကွက်ထဲမှာရှိတဲ့ ဆိုလာပြားတွေရဲ့ ၉၀% ဟာ တရုတ်နိုင်ငံက တင်သွင်းလာတဲ့ ဆိုလာပြားတွေပဲဖြစ်ပါတယ်။ National Energy Administration (NEA) ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ၂၀၁၆ ခုနှစ် အကုန်မှာ ၇၇.၄၂ ဂစ်ဂါ၀ပ် ထုတ်ယူသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ၄င်းစံချိန်ဟာ ၈၅.၃ ဂစ်ဂါ၀ပ် ရှိတဲ့ အမေရီကန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၁၀ ခုနှစ် နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံထဲကို တရုတ်နိုင်ငံထုတ် ဆိုလာပြားတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့ပါတယ်။ ၀င်ရောက်လာတဲ့ ဆိုလာပြား အများစုဟာ နိုင်ငံတကာ စံနှုန်းအရ အနိမ့်ပိုင်းဖြစ်တဲ့ Grade C တန်း၀င် ဆိုလာပြားများသာ ဖြစ်ကြပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဆိုလာပြားရဲ့ စံသတ်မှတ်ချက်တွေကို ဗဟုသုတအနေနဲ့ ပြောပြပါမယ်။

Grade A အဆင့် - ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ သတ်မှတ်စံနှုန်းများနဲ့ ကိုက်ညီပြီး ပုံမှန်အားဖြင့် ချွတ်ယွင်းချက် မရှိတဲ့ဆိုလာပြား တစ်ပြားဖြစ်ပါတယ်။

Grade B အဆင့် - အပြင်ပန်း အနာအဆာနဲ့ ခြစ်ရာရှရာ တချို့ကလွဲရင် ပါဝါအထွက်နှုန်းဟာ Grade A နဲ့ တူညီနေတဲ့ ဆိုလာပြားပါ။ Grade B ပြားတွေဟာ ထုတ်လုပ်သူရဲ့ အာမခံ စံသတ်မှတ်ချက်တွေ အများအားဖြင့် အကြုံးမ၀င်ပဲ အောက်စျေးနဲ့ အရောင်းအ၀ယ် ပြုလုပ်ကြပါတယ်။ Grade B ဆိုလာ Module တွေဟာ ကုမ္ပဏီပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ကွဲပြားနိုင်ပါတယ်။ ဆိုလာကုမ္ပဏီတွေဟာ Grade B ဆိုလာ မထုတ်လုပ်ပါဘူးလို့ ပြောတတ်ကြပါတယ်။ ဒါဟာတကယ်တော့ မဖြစ်နိုင်ပါဘူး။ စင်စစ် Grade A ပြားတွေ ဖယ်ထုတ်လိုက်ရင် Grade B ဟာ ၂% လောက်ရှိတတ်ပါတယ်။ တချို့ဟာ ဒီအပြားလေးတွေကို ပိုင်းဖြတ်ပြီး ပန်းခြံအလှဆင်မီး၊ ဆိုလာ ဆောင်းဘောက်၊ လက်ကိုင်မီး စတဲ့ပစ္စည်းတွေ ထုတ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဟောင်ကောင်က တခြားကုမ္ပဏီတွေကို ပြန်ရောင်းချလေ့ရှိပါတယ်။

Grade C အဆင့် - ပါဝါအထွက်အားကို ထိခိုက်စေတဲ့ အပြစ်အနာအဆာ တခုခုပါနေတဲ့ ဆိုလာပြားတွေပါပဲ။ ဒါကြောင့်မို့ A နဲ့ B အဆင့် ဆိုလာပြားတွေထက် အားအထွက်နည်းသလို စျေးလည်း အသက်သာဆုံးပါပဲ။ အများအားဖြင့် Grade C ဟာ ကျွန်တော်တို့ နိုင်ငံကို နယ်စပ်ကနေ ၀င်လာတဲ့ဆိုလာပြားအများစုပဲ ဖြစ်ပါတယ်။

Grade D အဆင့် - ဒီဆိုလာပြား အများစုကို ကုမ္ပဏီတွေအနေနဲ့ စွန်ပစ်ကြပါတယ်။ ဆိုလာဆဲလ်များကို မစီတန်းခင်မှာ Electro-luminescence နဲ့ micro-cracks လို့ခေါ်တဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ကွဲအက်မှုရှိမရှိ စမ်းသပ်ရပါတယ်။ Micro-crack သေးသေးလေးဟာ ပြသနာမရှိတတ်ပါဘူး။ Grade A ဆိုလာပြားတွေတောင် သယ်ယူ ထုတ်ပိုးတဲ့အခါ ဒီလို Micro-crack ကွဲအက်မှုလေးတွေ ဖြစ်တတ်ပါတယ်။ Micro-crack ဟာ Cell ပေါ်မှာ များပြားနေရင် ကန့်လန့်ဖြတ်ဖြစ်ပေါ်နေရင်တော့ Grade D အဆင့်ထဲ ထည့်ရပါတော့တယ်။

ဆိုလာပြား ၀ယ်ယူတဲ့အခါမှာ အထက်ပါ အချက်တွေအပြင် ဆိုလာပြားရဲ့ ဗို့နဲ့အင်ပီယာကို သိထားဖို့လိုပါတယ်။ ဒါမှသာ ဆိုလာပြား ၀ပ်ပြည့်မပြည့် သိနိုင်မှာဖြစ်ပါတယ်။ စျေးကွက်ထဲမှာ ရှိတဲ့ ဆိုလာပြား အများစုဟာ အများအားဖြင့် ခေါ်ဝေါ်တဲ့၀ပ်ထက် ပိုပြီးနည်းနေတတ်ပါတယ်။ Original Equipment Manufacturer (OEM) လို့ခေါ်တဲ့ ကုမ္ပဏီတွေဟာ တခြားကုမ္ပဏီတစ်ခုရဲ့ ကုန်ပစ္စည်းတွေကို ကိုယ်ပိုင်တံဆိပ်နဲ့ မှာယူပြီးပြန်လည် ရောင်းချကြပါတယ်။ ဒါဟာ ၀ယ်ယူသူတွေအတွက် ပြသနာမရှိပေမဲ့ ၀ယ်ယူမယ့် ပစ္စည်းပေါ်မှာ ဂျပန်နိုင်ငံဖြစ်၊ ယိုးဒယားဖြစ် စသည်ဖြင့် နှစ်သက်ရာနိုင်ငံကို ပုံနှိပ်ဖေါ်ပြထားမှုများလည်း ရှိတတ်တာမို့ ၀ယ်ယူသူတွေအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်တတ်ပါတယ်။

ဒီလိုအချက်တွေကို သိပြီး ဆိုလာပြား၀ယ်ယူတဲ့အခါ အထောက်အကူ ဖြစ်နိုင်ကြပါစေ။

ဆိုလာနည်းပညာ စိတ်၀င်စားသူတိုင်း Sunshine SOLAR Myanmar ကို See First လုပ်ပြီး Like ထားနိုင်ပါတယ်။

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
01001