Precious English Language Center

Precious English Language Center

Share

I want to share about education

15/05/2023

💐 မနေ့က စာသင်ရင်း Myself ပြောဖို့ သင်ပေးရင်း

*What's your mother? ဆိုတဲ့ အမေရဲ့ အလုပ်အကိုင်လေးအကြောင်းပါလာတော့ ကလေးတစ်ယောက်က တီချယ် သားက အမေမရှိတော့ ထည့်မရေးတော့ဘူးနော်တဲ့ ။ ကိုယ်လည်း အခြေအနေတွေ နားလည် သဘောပေါက်ပြီး အေးမရှိရင် မရေးနဲ့ပေါ့ သားရယ်။ တခြားဟာတွေပဲရေးလို့ ပေါ့ပေါ့ပါးပါးပြန်ပြောတော့ တခြားကလေးတွေက ဟဲ့ အမေက လူတိုင်းမှာရှိတယ်လေနဲ့ ပြောတော့ ကိုယ်က ဝင်ထိန်းရင်း တီချယ်ဆိုလည်း မေမေမရှိတော့ဘူးလေလို့ ပြောရင်း စကားလမ်းကြောင်းပြောင်းလိုက်ရတယ်။

💐 အခုနောက်ပိုင်း Single Mom တို့ Single Dad တို့ ပေါများလာတဲ့ ကာလမှာ ဒီလို ကလေးမျိုးနဲ့ ကြုံတဲ့အခါ ဆရာမတွေ အနေနဲ့ပေါ့ပေါ့ပါးပါး လေးပဲ ကျော်သွားခွင့်ပေးလိုက်ကြပါ။

💐 ပေါ့ပေါ့ပါးပါး ပြောခြင်းက သူတို့ကို သာမန်ဘဝလေး ပေးလိုက်သလိုပါပဲ။ ဂရုဏာ အရမ်းသက်ပြတဲ့အခါ သူတို့ စိတ်ဒဏ်ရာလေးတွေ ပိုရနိုင်ပါတယ်။

💐 တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းက Mother's Day နဲ့ ကြုံကြိုက်နေပေမယ့် ကိုယ့်သင်တန်းလေးမှာတော့ Happy Mother's Day လေး မလုပ်ပေးဖြစ်တော့ပါ။

#ကလေးတိုင်းလွတ်လွတ်လပ်လပ်ပညာသင်ကြားခွင့်ရကြပါစေ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 110, Yamanay Street, 34 Quarter, North Dagon
Yangon
11421

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00