Excellent Trip
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Excellent Trip, Travel Agency, No. 20, Third Floor, Nanda Wun Street, Sanchaung Township (JC Suites), Yangon.
23/02/2026
မြစ်ကြီးနား ခရီးစဉ် ခေတ္တ ရပ်ဆိုင်းခြင်း။
ပြည်တွင်း ခရီးစဉ် တစ်ခုဖြစ်သည့် မြစ်ကြီးနား သို့/မှ ခရီးစဉ်များအားလုံး ယာယီ ရပ်ဆိုင်းမည် ဖြစ်ပါသဖြင့်။
Excellent Trip မှ လက်မှတ်ဝယ်ယူထားသည့် ခရီးသွားမိတ်ဆွေများ ဝယ်ယူထားသည့် ခရီးစဉ်အတွက် -
၁။ ရက်ချိန်း တစ်ကြိမ် အခမဲ့ ချိန်းပေးခြင်း။ (သို့မဟုတ်)
၂။ ငွေအပြည့် ပြန်လည်အမ်းပေးခြင်း များကို ဆောင်ရွက်ပေးပါမည်။
🙏အဆင်မပြေဖြစ်သွားရသည့်အတွက် လေကြေင်းလိုင်းများကိုယ်စား အနူးညွတ်တောင်း ပန်အပ်ပါသည်။🙏
ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်၊စိတ် နှစ်ပါးလုံး ကျန်းမာ၊ချမ်းသာပြီး သာယာပျော်ရွှင်သော ခရီးစဉ်များသာ ဖြစ်ပါစေရှင်…🙏🙏🙏
💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧 [email protected]
01/10/2025
✨ အားလုံး မင်္ဂလာပါရှင့် ✨
📢 ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး မြန်မာပတ်စ်ကိုင်ဆောင်သူများအတွက် 🇲🇾 မလေးရှားနိုင်ငံသို့ ဗီဇာမလိုအပ်ဘဲ (Visa-Free) သွားရောက်ခွင့် ပြုလုပ်လိုက်ပါပြီ 🎉
✅ ဗီဇာမလိုပဲ ဝင်ရောက်သူများအတွက် ၁၄ ရက်အထိ နေထိုင်ခွင့်ရရှိမည် ဖြစ်ပါတယ်။
👉 အကယ်၍ ၁၄ ရက်ထက်ပိုနေမည်ဆိုပါက eVisa ကို အရင်အတိုင်း ကြိုတင်လျောက်ထားရန်လိုအပ်ပါသည်။
🛂 ထို့အပြင် ဗီဇာကြေးပေးပြီး eVisa ရယူပြီးသားသူများအနေဖြင့် ဗီဇာသက်တမ်းအတွင်းဝင်ရောက်ပါက ယခင်အတိုင်း ၃၀ ရက် နေထိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်။
📌 🇲🇾 မလေးရှားသို့ ဝင်ရောက်ရန်လိုအပ်ချက်များ
1️⃣ အနည်းဆုံး ၆ လသက်တမ်းကျန်ရှိသည့် ပတ်စ်ပို့
2️⃣ ခရီးစဉ်အတွင်း တည်းခိုရန်နေရာ စီစဉ်ထားမှု
3️⃣ အသွား–အပြန် လေယာဉ်လက်မှတ်
4️⃣ ခရီးစဉ်အတွက် ငွေကြေး အထောက်အပံ့
5️⃣ MDAC (Malaysia Digital Arrival Card) ကို ခရီးမထွက်မီ ၇၂ နာရီအတွင်း အွန်လိုင်းမှ ဖြည့်ရန် လိုအပ်ပါသည်။
🌟 ခရီးစဉ် စီစဉ်ဖို့အတွက် အကူအညီလိုပါက 👉 Excellent Trip Travels ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင့် 🙏
🌍✈️ ခရီးသွားမိတ်ဆွေများအားလုံးကို ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်များသာဖြစ်ပါစေရှင်🙏🎊💖
💼 Book With Confidence!
✨ Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899
📧 [email protected]
19/09/2025
✨ မလေးရှား ခရီးသွားချင်သူများ သိထားသင့်တဲ့ အချက်အလက်များ ✨
မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူများအတွက် မလေးရှားနိုင်ငံ သွားရောက်ရန် လိုအပ်သည့် အခြေခံအချက်များကို စုစည်းဖော်ပြပေးထားပါတယ်👇
၁။ 📘 ပတ်စ်ပို့ (Passport)
✅ အနည်းဆုံး (၆) လ သက်တမ်းကျန်ရှိရမည်။
👉 သက်တမ်းတွက်ချက်ခြင်းမှာ ခရီးစဉ် အပြီးသတ်ပြီးမှ စတင်တွက်ပါသည်။
၂။ 🛂 ဗီဇာ (Visa)
✅ မလေးရှားဝင်ရန် ဗီဇာလိုအပ်ပါသည်။
Visa Without Reference (VTR) ➡️ အများအားဖြင့် Tourist/Social Visit Visa (Single/Multiple Entry)
👉 Tourist Visa သက်တမ်း (၆) လ၊ တစ်ကြိမ်အများဆုံး ၃၀ ရက် နေထိုင်ခွင့်
Visa With Reference (VDR) ➡️ အလုပ်၊ ကျောင်း ဗီဇာ အမျိုးအစားများ
Malaysia Visa လျောက်ထားရန်အတွက် Link ကို Comment မှာပေးထားပါတယ်ရှင့်.....
၃။ 🎟️ လေယာဉ်လက်မှတ် (Air Ticket)
✅ အသွား + အပြန် လက်မှတ် တပြိုင်နက် ဝယ်ထားရန် လိုအပ်ပါသည်။
၄။ 🏨 ဟိုတယ် (Hotel)
✅ ခရီးစဉ်အတွင်း တည်းခိုမည့် Hotel Confirmation တင်ပြရန် လိုအပ်ပါသည်။
၅။ 💵 Show Money
✅ တိကျသတ်မှတ်ထားသည့် ပမာဏမရှိသော်လည်း အနည်းဆုံး USD 1000 (သို့မဟုတ် ညီမျှငွေ) ကို အခြေခံအသုံးစရိတ်အဖြစ် ပြသရန်ဆောင်လာပါက အဆင်ပြေပါသည်။ (သို့မဟုတ်)ခရီးစဉ်ကြာချိန်အပေါ်မူတည်ပြီး အခြေခံအသုံးစရိတ်များကို ကာဗာနိုင်မည့် ပမာဏ ရှိပါကလုံလောက်ပါသည်။
၆။ 🛂 Malaysia Digital Arrival Card (MDAC)
✅ မလေးရှားဝင်ရောက်မည့်နေ့မတိုင်မီ ၇၂ နာရီအတွင်း MDAC ကို ကြိုတင်ဖြည့်သွင်းရန် လိုအပ်ပါသည်။
MDAC ဖြည့်ရန်အတွက် Link ကို Comment မှာပေးထားပါတယ်ရှင့်....
👉 အထက်ပါ အချက်များကို ပြင်ဆင်ပြီးပါက မလေးရှားခရီးစဉ်ကို စိတ်ချလက်ချ၊ ချောချောမွေ့မွေ့နဲ့ ခရီးထွက်နိုင်ပါပြီ။
👉 မိမိကိုယ်တိုင် စီမံရန် ခက်ခဲမယ်ဆိုရင်တော့ Excellent Trip Travels မှ One-Stop Service (Visa + Hotel + Air Ticket + MDAC) ကို ဝန်ဆောင်မှုရယူနိုင်ပါတယ်နော်။
📢 ဒီလိုမျိုး အသုံးဝင်တဲ့ Knowledge Sharing Post လေးတွေကို အပတ်စဉ် သောကြာ နေ့တိုင်းမှာ တင်ပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားသူ ခရီးသွားမိတ်ဆွေများ အနေနဲ့ ကျွန်မတို့ Page ကို Like and Follow လုပ်ထားပါနော်...
ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်၊စိတ် နှစ်ပါးလုံး ကျန်းမာ၊ချမ်းသာပြီး သာယာပျော်ရွှင်သော ခရီးစဉ်များသာ ဖြစ်ပါစေရှင်…🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 20, Third Floor, Nanda Wun Street, Sanchaung Township (JC Suites)
Yangon
11111