iKey
Welcome to iKey Official page.We are selling Gadgets,Macs and Mac Services since 2021.
16/05/2026
"NotebookLM ဆိုတာ သုံးရတာ ရှုပ်ထွေးလား?? 🧐"
•
"ဆရာကြီးတွေ သုံးပြနေတဲ့ NotebookLM ကို ကြည့်ပြီး... 'ဟာ... ငါနဲ့တော့ မဆိုင်ပါဘူး၊ သုံးရတာလည်း ရှုပ်ဦးမယ်' လို့ တွေးပြီး လက်လွှတ်ထားတဲ့သူတွေ ရှိလား? 🧐
တကယ်တော့ ဒါကြီးက ခေါင်းစားစရာ လုံးဝမလိုတဲ့အပြင်၊ အသုံးချတတ်ရင် ကိုယ့်အတွက် Smart ဖြစ်လွန်းတဲ့ 'ကိုယ်ပိုင်အတွင်းရေးမှူး' တစ်ယောက် ရလိုက်သလိုပဲဗျ
ကဲ... စသုံးတော့မယ်ဆိုရင် အင်္ဂလိပ်လို Prompt တွေ အရှည်ကြီး ပေးနေစရာ မလိုပါဘူး၊ မြန်မာလိုပဲ ခိုင်းလို့ရပါတယ်
ဥပမာ - ကိုယ်လေ့လာချင်တဲ့ PDF Doc (သို့) ယူကျု့ Link တစ်ခုခုကို Source ထဲ ပစ်ထည့်လိုက်ပါ။ ပြီးရင် Chat Box မှာ အောက်ကစာသားတွေကို Copy ကူးပြီး မြန်မာလိုသာ ရိုက်ထည့်လိုက်တော့!
💡 Prompt (၁) စာအနှစ်ချုပ်ခိုင်းနည်း
“ ငါပေးထားတဲ့ ဒီ Source ထဲမှာ ဘာအကြောင်းအရာတွေ ပါလဲဆိုတာကို အချက်အလက် ၅ ချက်နဲ့ မြန်မာလို အနှစ်ချုပ်ပေးပါ "
💡 Prompt (၂) Content ပြောင်းခိုင်းနည်း
" ဒီဗီဒီယို (သို့) ဒီစာတမ်းကို အခြေခံပြီး Facebook မှာ လူစိတ်ဝင်စားမယ့် ပေါ့ပေါ့ပါးပါး Content အိုင်ဒီယာ ၃ ခု ထုတ်ပေးပါ "
💡 Prompt (၃) ဉာဏ်စမ်းထုတ်ခိုင်းနည်း ( Students)
" ဒီသင်ခန်းစာထဲကနေ စာမေးပွဲမှာ မေးလေ့ရှိတဲ့ အရေးကြီးဆုံးမေးခွန်း ၅ ခုကို ဉာဏ်စမ်း (Quiz) အနေနဲ့ ထုတ်ပေးပါ "
AI က ကိုယ်ပေးလိုက်တဲ့ Source ထဲက အချက်အလက်တွေအပေါ်မှာပဲ အခြေခံပြီး မြန်မာလို တိတိကျကျ ပြန်ဖြေပေးလိမ့်မယ်။
•
ကဲ... အခုပြောပြထားတဲ့ နည်းလမ်းလေးတွေနဲ့ပဲ အရင်စသုံးကြည့်ပါဗျာ!!!!
iKey ၏ page သည် Likes 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။
⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ⚠️
Contact Here 📞📞
===============
Ph - 09961770199 (or) [email protected]
Address 📍📍
===========
No.(42), Ma Kyee Kyee Street, Sanchaung, Yangon
05/05/2026
Cortis ရဲ့ ဂရင်းဂရင်း album ထွက်ပြီ!!!! 🚥 (New album Alert!)
•
🚦 စပေါ့တီဖိုင်းမှာ Pre-save 1သန်းကျော်ရှိထားတဲ့ CORTIS ရဲ့ ဒုတိယမြောက် Mini Album " GREENGREEN " ကို မနေ့ကပဲ Officially release လုပ်လာပါပြီ!! ငယ်ပေမဲ့ မခေတဲ့ Cortis ကတော့ BTS ရဲ့ ညီငယ်လေးတွေဆိုတဲ့အတိုင်း Debut တည်းက " Young Creator Crew " ဆိုတဲ့ Identity နဲ့ ဂီတလောကထဲကို ဝင်ရောက်လာကြတာပါ
🚦 ထွက်ရှိလာတဲ့ " GREENGREEN " Album မှာပါဝင်တဲ့ Track list 6ပုဒ်လုံးကို Member တွေ ကိုယ်စီ lyricist , composer အနေနဲ့ ပါဝင်ထားကြပါတယ်၊ Title track ဖြစ်တဲ့ " REDRED " ဆိုရင်လဲ စပေါ့တီဖိုင်းနဲ့ ဆိုရှယ် Media တွေမှာ တော်တော် Viral ဖြစ်နေပြီး သီချင်းမှာ "Cracked Pop" လို့ သူတို့အမည်ပေးထားတဲ့ Genre အသစ်ကို အသုံးပြုထားပါတယ်၊ Metallic ဆန်တဲ့ အသံတွေ၊ Beat drop တွေနဲ့ ဖန်တီးထားတာပါ
🚦 Music Industry ထဲမှာ သတ်မှတ်ထားတဲ့ "စည်းကမ်းတွေ"၊ "အနီရောင်မျဉ်းတွေ" ကို သူတို့က ကြောက်မနေဘဲ ရဲရဲဝံ့ဝံ့ ဖြတ်ကျော်မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပေါ့၊ " REDRED " ရဲ့ Choreography က အစ member ဝင် James ကိုယ်တိုင် ဦးဆောင်ဖန်တီးထားတာပါ
🚦 Cortis ရဲ့ Music ကို Kpop fan တွေတင်မကဘူး Experimental Pop , "Hip-hop" နဲ့ "Electronic" ရောစပ်ထားတဲ့ Sound အသစ်တွေကို နားထောင်လေ့ရှိသူတွေလဲ ကြိုက်ကြမှာပါ!
•
iKey ၏ page သည် Likes 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။
⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ⚠️
Contact Here 📞📞
===============
Ph - 09961770199 (or) [email protected]
Address 📍📍
===========
No.(42), Ma Kyee Kyee Street, Sanchaung, Yangon
#စပေါ့တီဖိုင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (42), Ma Kyee Kyee Street, Sanchaung
Yangon
11111