Mini Startup - Laundry and Small Business Solutions

Mini Startup - Laundry and Small Business Solutions

Share

မြန်မာနိုင်ငံရဲ့ ပထမဆုံး
Laundry and Dry Clean သင်တန်း

06/04/2026

သင်တန်းဖွင့်ပေးပါဆိုတာကြောင့်
ဒီတစ်လအတွက်အတန်းအချိန်လေး
ကြော်ငြာပေးလိုက်ပါတယ်

Laundry လုပ်ငန်းတစ်ခုကို ကိုင်တွယ်တတ်စေဖို့အတွက်
ဒီသင်တန်းကို ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါတယ်

သင်တန်းမှာ ဘာတွေသင်မလဲ

Laundry ပင်မင်း လုပ်ငန်းရဲ့ လုပ်ငန်းလည်ပတ်ပုံ
Laundry ပင်မင်း လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တဆင့်စီတိုင်းရဲ့
အသေးစိပ်လုပ်ဆောင်ပုံ
ဝန်ထမ်းရေးရာအပိုင်း
စက်ပစ္စည်းရွေးချယ်ဝယ်ယူခြင်း
Chemicals များ အသုံးပြုပုံ
အဝတ်အထည်များကို စနစ်တကျ လျှော်ဖွတ်ခြင်း
အစွန်းအထင်းများ အစွန်ရချွတ်ခြင်း
လုပ်ငန်းအရင်းအနှီးတွက်ချက်ခြင်း
စျေးနှုန်းသပ်မှတ်ခြင်း
Laundry စျေးကွက်အကြောင်း စတာတွေကို

Zoom ကော သင်ခန်းစာ Video များနှင့်ပါ
အသေးစိပ်သင်ကြားပေးသွားပါမယ်

သင်တန်းရက်ကို ဒီတစ်လအတွက်
ဒီရက်ပဲ အချိန်ပေးနိုင်လို့
ဒီရက်တွေစီစဉ်လိုက်တာဖြစ်ပါတယ်

သင်တန်းကြေးက
200000 ks ပါ

သင်တန်းအချိန်က
ညနေ 3 နာရီကနေ 5 နာရီအထိပါ

မီးပျက်တာများလို့ ဒီအချိန်ကိုရွေးတာဖြစ်ပါတယ်

သင်တန်းအပ်မယ်ဆိုရင်
Chat box ကို ဆက်သွယ်နိုင်ပါတယ်

သင်တန်းကြေးကို အောက်ပါအကောင့်ထဲ လွဲပြီး
Chat Box ကို SS ပို့ပေးပါခင်ဗျာ

09881111502
SaiThihanaing
Kpay

ကျေးဇူးတင်ပါတယ်

26/05/2025

ဒီနေ့ ည Online Training
စပါမယ်

22/05/2025

ကိုယ်ပိုင်စီးပွားရေး စတင်ရန် idea ထုတ်ခြင်း ....💭💭💭

တချို့လူ တော်တော်များများ စီးပွားရေးလုပ်ချင်တယ် ဘာလုပ်ရမလဲ မသိဘူး...ကြားနေရတယ်

တချို့ကျတော့လည်း ကော်ဖီဆိုင်ဖွင့်ချင်တယ်၊ စားသောက်ဆိုင် ဖွင့်ချင်တယ်
Fashion ဆိုင်ဖွင့်ချင်တယ်....

ဘာလို့အဲ့လုပ်ငန်းလုပ်ချင်တာလဲဆိုတော့....

ဒီလိုပါပဲ....
အစားအသောက်က လူတိုင်းစားတယ်လေ....
ကော်ဖီဆိုင်ကြိုက်လို့....
Fashion ဝါသနာပါလို့....စသည်ဖြင့်ဖြေကြတယ်

များသောအားဖြင့်က လုပ်ငန်းတစ်ခုစမယ်ဆ်ိုရင် အောက်မှာပြထားတဲ့ စက်ဝိုင်းထဲက what ဘာလုပ်မလဲ အရင်စဉ်းစားတယ်...ပြီးမှ how ဘယ်လိုလုပ်မလဲ ဆက်စဉ်းစားတယ်

အခုပြောပြချင်တာက လုပ်ငန်းတစ်ခုစဖို့ ဘယ်ကစတွေးသင့်လဲဆိုတာပါ...

အောက်က စက်ဝိုင်းမှာ ပြထားတဲ့အတိုင်း why, how , what ဆိုတဲ့ ၃ ချက်ကို
အတွင်းကနေစ စဉ်းစားသင့်ပါတယ်
WHY ဘာကြောင့်လုပ်သင့်တာလဲ?
HOW ဘယ်လိုလုပ်မလဲ?
အဲ့အဆင့် ၂ ဆင့်ကျော်မှ
WHAT ဘာလဲဆိုတာ ရုပ်လုံးပေါ်လာမှာပါ...

ဥပမာအနေနဲ့ပြောရမယ်ဆိုရင်
ကျွန်မတို့ laundry စတင်ဖြစ်ပုံက
ကျွန်မတို့ ရပ်ကွက်မှာ ကန်ထရိုက်တိုက်တွေ ဆောက်လာတယ်
အခန်းတွေက တအားကျင်းတော့ လူတွေနေရတာ စားလည်းဒီနေရာ အိပ်လည်း ဒီနေရာဖြစ်နေတယ်
အဝတ်လျှော်ပြီး လှမ်းဖို့အဆင်မပြေဘူး

ပြီးတော့ နောက်ပိုင်းမှာ ကားလမ်းတွေ ပိတ်တော့ အလုပ်သွားရင် စောသွားရ အလုပ်ပြန်ရင် နောက်ကျ လူတွေက ပင်ပန်းတော့ ဘာမှမလုပ်နိုင်တော့ဘူး
ဒီတော့ laundry လုပ်ငန်းက လိုကိုလိုအပ်လာတော့မယ်ဆိုတာတွေးမိတယ်

အဲ့ဒါကတော့ ကျွန်မတို့ရဲ့ why ဘာကြောင့်လုပ်လဲပါ....

အဲ့ကနေ how ဘယ်လိုလုပ်မလဲလေ့လာရပါတယ်
လက်ရှိ စျေးကွက်ထဲရောက်ပြီးသား ဆိုင်တွေ
Laundry အပ်နေကြ လူတွေကို မေးမြန်းရပါတယ်....

နောက်ဆုံးမှ what ဆိုတဲ့ laundry လုပ်ငန်းကို စတင်ခဲ့ပါတယ်....

ဒီလောက်ဆိုရင်တော့ အနည်းငယ် ရုပ်လုံးပေါ်လောက်ပါပြီနော်...

Why ကိုတွေးတဲ့နေရာမှာလည်း လူတိုင်းစီးပွားရေးလုပ်တာ အမြတ်ရဖို့ပဲဆိုပေမဲ့ အဲ့တစ်ချက်တည်းတော့ မဖြစ်သင့်ပါဘူး...

ကိုယ်လုပ်ချင်တာ တစ်ခုတည်းကို
စမတွေးဘဲနဲ့ စျေးကွက်မှာ ဘာလိုနေတယ် ...
ကိုယ့်ပတ်ဝန်းကျင်မှာ ဘာလိုနေလဲဆိုတာ စတွေးပြီးမှ လိုအပ်ချက်တွေ ဖြည့်ဆည်းတဲ့ အဖြေဟာ သင့်လျှော်တဲ့ စီးပွားရေး idea ပါပဲ ....

ဒီစာလေးကို ဖတ်ပြီး ကိုယ်ရလိုက်တဲ့ idea က တကယ့် why ဘာကြောင့်လုပ်သင့်လဲဆိုတာ သေချာသိပြီးမှ စီးပွားရေးလုပ်ငန်းတွေ စတင်နိုင်ပါစေ...
အဆုံးထိဖတ်ပေးတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ် 😍😍😍

အခြား laundry ဆောင်းပါးများ
👇👇👇👇
https://m.facebook.com/story.php?story_fbid=152021835461184&id=150658995597468

19/05/2025

စီးပွားရေး စိတ်ကူးများ ဖော်ထုတ်ခြင်း

မလုပ်ပေးတာ ကြာပြီ ဖြစ်တဲ့ ပညာဒါန သင်တန်းလာပါပြီ

ဘယ်လိုသူတွေ တတ်ရမလဲ?

ကိုယ်ပိုင်လုပ်ငန်းစချင်တာ ဘာလုပ်ရမှန်း မသိနေဘူး

စိတ်ကူးထားတဲ့ ideas တွေ များနေပေမဲ့ တကယ်အကောင်အထည်မဖော်ဖြစ်ဘူး

ကိုယ်ကတွေးနေတုန်း အဲ့ဒီ ideas ကို သူများတွေက အကောင်အထည်ဖော်ပြီးနေပြီ

ကိုယ့် ideas တွေက တကယ် အလုပ်ဖြစ်ပါ့မလား မယုံရဲဘူး ဖြစ်နေတယ်
အဲ့လို ခံစားနေရရင်တော့ join သင့်ပါတယ်

သင်တန်းအချက်အလက်
ရက်စွဲ 24.5.25(စနေနေ့)
အချိန် pm7 -9 pm
နေရာ Zoom
သင်တန်းကြေး Free

သင်တန်းတတ်ရောက်လိုပါက

၁။ ဒီသင်တန်း post ကို share ပေးပါ

https://www.facebook.com/share/p/1AbXnzr1qf/

၂။ Share ထားကြောင်း screenshot ကို comment မှာ မန့်ပေးပါ

၃။ Form ဖြည်​့ပေးပါ
https://docs.google.com/forms/d/e/1FAIpQLSezS1Hhe6QBgSIHpstmpT27tq3K_InIodSlR3zFeIitsOPbgg/viewform?usp=sharing&ouid=108043924159454388561

စိတ်ကူးတွေ လက်တွေ့အကောင်အထည်ပေါ်ဖို့ အခုပဲ စတင်လိုက်ပါ

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ချမ်းမြသာစည်လမ်း ၁၀၅ ရပ်ကွက် တောင်ဒဂုံ
Yangon
1365