COLOURS School

COLOURS School

Share

For Your Child's Better Future

23/12/2025

X'mas 2025 &
MERRY CHRISTMAS & HAPPY NEW YEAR

01/12/2025

ဒီရက်ပိုင်း ကလေးတွေမှာ အတွေ့ရများတဲ့ပါးစပ်ထဲကအနာလေးတွေအကြောင်းရေးမယ်လို့စဉ်းစားထားတာကြာပါပြီမအားတာရယ် ကလေးအတွက်အချိန်ပေးနေတာရယ်နဲ့မရေးဖြစ်ဘူး တိုက်တွန်းတဲ့မေမေတစ်ယောက်ကြောင့်ကြိုးစားပြီးရေးလိုက်ပါတယ် လိုအပ်ချက်လေးတွေရှိခဲ့ရင်လဲနားလည်ပေးကြပါ
ကျောင်းဖွင့်ခါစရက်ဖြစ်တော့KGတန်းစတက်ကြတဲ့ကလေးတွေရှိသလို မူကြိုစထားကြတယ်ဆိုတဲ့ကလေးတွေလဲရှိပါတယ်
အဲ့ဒီအချိန်မှာ ကျွန်မတို့မေမေတွေသိပ်သတိမထားမိတာက သားသားတို့မီးမီးတို့ရဲ့စိတ်ဖိစီးမှု ကိုပါ
အိမ်မှာနေနေကျကလေးဟာကျောင်းဆိုတဲ့ပတ်ဝန်းကျင်အသစ်ကိုသွားရတော့မယ်ဆိုတဲ့အခါ ဒါမှမဟုတ် မူကြိုကနေ ကျောင်းကြီးကို တက်ရတော့မယ်ဆိုတဲ့အခါစိတ်လှုပ်ရှားမှုဖြစ်တတ်သလို တချို့ကလေးတွေမှာကြောက်ရွံ့စိတ်ကြောင့်စိတ်ဖိစီးမှုတွေရှိလာတတ်ပါတယ် အဲ့ဒီအတွက်စိတ်ဖိစီးမှုကို ကာကွယ်ဖို့အတွက် မေမေတို့အနေနဲ့ ကလေးကို မူကြို/ကျောင်းဟာ အိမ်မှာလိုပဲလုံခြုံမှုပေးနိုင်တယ်ဆိုတာရယ် ဆရာမတွေဟာမေမေလိုပဲချစ်ခင်ကြင်နာမှုပေးနိုင်တယ်ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ ပြောပြထားဖို့လိုတယ် (ကလေးကို အားပေးပါ)
ထားမဲ့မူကြို /ကျောင်းတို့ကိုတော့ကြိုတင်လေ့လာထားဖို့လိုပါတယ်
စိတ်ဖိစီးမှုဒဏ်ကို ကာကွယ်ဖို့ ဒါ့အပြင်ဒီလိုရာသီဥတုမှာဖြစ်လေ့ရှိတဲ့တုန်ကွေးရောဂါကို ခံနိုင်ရည်ရှိဖို့
Vitamin C များများပါတဲ့အစားအစာတွေကျွေးဖို့လိုပါတယ်
လိုအပ်ရင်Vitamin Cပါတဲ့အားဆေးတိုက်ဖို့လိုပါမယ်
ဥပမာ Enervon C kidzလိုမျိုးပေါ့
အကယ်၍ကလေးဟာစိုးရိမ်ပူပန်စိတ်တွေများနေခဲ့တယ်ဆိုရင်တော့ ပါးစပ်ထဲမှာအနာကလေးတွေထွက်လာတတ်ပါတယ် အဲ့ဒီအနာလေးတွေကို Apthous Ulcer (stress ulcer)လို့ခေါ်ပါတယ်
အနာလေးတွေဟာ တခုထဲလဲဖြစ်နိုင်သလို
အများကြီးလဲဖြစ်နိုင်ပါတယ်
အနာရှိန်ကြောင့်ကလေးဟာအစားအသောက်ပျက်လာနိုင်ပါတယ် ဂျီကျတာတွေဖြစ်လာနိုင်ပါတယ်
အနာသက်သာအောင်paracetamolအရည်တိုက်ပေးနိုင်ပါတယ် အဲ့ဒီနောက်မှာတော့ သွားဆရာဝန်ထံပြသပြီးလိုအပ်တဲ့ကုသမှုကိုခံယူဖို့လိုပါတယ် သွားဆရာဝန်ဆီကို သွားပြတဲ့အခါမှာလဲ သားသားမီးမီးတို့အနာသက်သာအောင်ဆရာဝန်က ပြုလုပ်ပေးမှာမို့ကြောက်စရာမလိုကြောင်းကြိုပြောပြထားပေးပါ
ကလေးကိုလဲအိပ်ရေးဝအောင်အိပ်စေဖို့လိုပါတယ် ပါးစပ်အနာကြောင့် အစာစားဖို့ငြင်းဆန်နေတတ်ပါတယ် အစာပျော့ပျော့လေးတွေဆိုရင်တော့ အဆင်ပြေပါလိမ့်မယ် အပူအစပ်တွေနဲ့ဆိုဒါပါတဲ့ အချိုရည်တွေဟာနာကျင်မှုကို ပိုဆိုးစေတာကြောင့် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်
သားသားမီးမီးတို့ပျော်ရွှင်စွာကျောင်းတက်နိုင်ကြပါစေ

Credit

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 50, Shwe Taung Tan Street, Lanmadaw Township
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00