A.N.T Electronics
Solar Inverter & Air-con Sales and Services
11/07/2019
မီတာခတွေဈေးတတ်လာလို့ AIR-CON မှ မီးအားစားတာ သက်သာအောင် ပြုလုပ်နည်း
လက်ရှိရာသီဥတုအခြေအနေအရ air-con ဟာ မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ သြဂုတ်၊ စက်တင်ဘာလတွေမှာ ရာသီဥတုဟာ အလွန်ပူနွေးပြီး စိုထိုင်းထိုင်းဖြစ်နေပါတယ်။ လေအေးပေးစက်တပ်ပေးတဲ့ လုပ်ငန်းခွင်က ၀န်ထမ်းတွေဆီက ကြားနေကျစကားက လေအေးပေးစက်ကို ၁၆ ဒီဂရီ အပူချိန်အထိ ချထားပေးဖို့ တောင်းဆိုမှုပဲ ဖြစ်ပါတယ်။ ဒါဟာ အဲကွန်းတပ်ဆင်ထားတဲ့ အိမ်တွေမှာလည်း ကြားနေရတဲ့ စကားလည်းဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဆက်တည်း လကုန်လို့ မီတာခ အရမ်းတတ်နေတာတွေ အပြီးမှာ နောင်တတွေရကြပြန်ပါတယ်။ တခါတလေမှာ မီးအရမ်းစားလို့ လေအေးပေးစက် (Air-con) ပိတ်ထားပြီး ပြင်ပ အပူချိန်နဲ့ တလှည့်နေဖို့ လိုအပ်တဲ့အချိန်တွေရှိပါတယ်။ အခုအချိန်ကစပြီး ရိုးရှင်းတဲ့ လေအေးပေးစက်ဆိုင်ရာ နည်းလမ်းတစ်ခုနဲ့ ဒီပြသနာကို ကျော်လွှားနိုင်ပါသည်။
အရင်ဦးဆုံးအနေနဲ့ Air-Con အပူချိန်ကို ၁၆ ဒီဂရီသို့ ဆင်းပေးစရာမလိုအပ်ပါဘူး။ အေးနေအောင် အပူချိန်ကို ကျနော်တို့ အဆုံးစွန်ထိ လျှော့ချတတ်ကြပါတယ်။ ဒါဟာ မလိုအပ်ပါဘူး ၂၃-၂၄ မှာပဲထားပါ။
Air-Con တစ်လုံးရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ လုပ်ဆောင်ချက်တွေက ……
၁။ မီးအားစားသုံးမှုက လေအေးစက်မှ compressor အလုပ်လုပ်မှု ပမာဏအပေါ် မူတည်ပါတယ်။
၂။ အပူချိန် ၂၄ သို့မဟုတ် ၁၆ တစ်ခုခု ချိန်ညှိထားရင် compressor မှ အလုပ်လုပ်မှု ပမာဏက အတူတူပင်ဖြစ်ပါတယ်။
၃။ အပူချိန်က အခန်းအပူချိန်ရောက်တဲ့အခါ compressor အလိုအလျောက် ရပ်သွားပါတယ်။
၎။ အပူချိန်က အခန်းအပူချိန်ကျော်တဲ့အခါ ပြန်ပွင့်သွားပါတယ်။
၅။ ဒါပေမယ့် ပန်ကာက ဆက်လက်လည်ပတ်နေပါတယ်။
၆။ လူ (body) က အခန်းအပူချိန်မှာ သက်တောင့်သက်သာ ရှိပါတယ်။ ဒါကြောင့် အပူချိန်ကို ၂၃-၂၄ မှာထားပါ။
၇။ ဒါက အမြဲဖွင့်လိုက်၊ ပိတ်လိုက်မဖြစ်အောင် ကာကွယ်ပေးပြီး မီးအားစားတာကိုလည်း သက်သာစေပါတယ်။
ကဲ အခုအချိန်ကစပြီး အထက်မှာဖော်ပြခဲ့တဲ့ နည်းနဲ့ အေးလည်းအေး၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ မီးအားလည်းချွေတာနိုင်ပါတယ်။
Ref: alltechbuzz
Credit: Trend Myanmar
အထက်ပါဖော်ပြထားသည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ကျွန်တော်တို့ Aung Naung Thu Air Con ,Electrical engineering group မှလည်း လူကြီးမင်းတို့စိတ်တိုင်းကျအောင်ဝန်ဆောင်မှုများ ပေးနေပါပြီ။
No 15, University Avenue Road, Bahan Township,Yangon.
Hot Line ph- 09795402654, 09978088472.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Office/No. 830, Kone Baung 12 Street, Ward (6), South Okkalapa Township, , Head Office/No. 15, University Avenue Road, Shwe Taung Gyar Ward (1), Bahan Township
Yangon
11201
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |