AV LINK
Apple | BOSE | GoPro | Marshall | Beats | iRig | Sony
Shop & Travel Vlog here below:
https://www.facebook.com/avlinkmm/shop
တချိန်တုန်းက ဓာတ်ပုံစာအုပ်တွေနဲ့သိမ်းကြတဲ့ခေတ်ပေါ့ ရန်ကုန်ပြန်တုန်းကရှင်းရင်းနဲ့အမှတ်တရတွေ တွေ့လို့တင်လိုက်တယ် ကျန်သေးတယ် အများကြီးပဲ 🥰 လောကကြီးထဲမှာမရှိတော့ပြီဖြစ်ကြတဲ့သူများ ကောင်းသောနေရာမှာ အေးချမ်း ငြိမ်းချမ်းစွာရှိနေပါစေ 🥰 လောကကြီးထဲမှာရှိနေသေးသောသူများ ကျန်းမာ ချမ်းသာ လိုရာဆန္ဒတွေနဲ့ပြည့်ကြပါစေ🙏🥰
(အစ်ကို) ,မမိုး နဲ့ မကော် သတိရလို့ သီချင်းယူသုံးထားပါတယ်ရှင့်🙏
19/03/2026
⚠️ MAI လေကြောင်းလိုင်းနဲ့ နိုင်ငံတကာက ပြန်လာမယ့်သူတွေအတွက် သတိပြုရန် (၁၉ မတ် ၂၀၂၆)
အခု လေယာဉ်ဆီ (Jet A1) အခက်အခဲကြောင့် MAI လေကြောင်းလိုင်းရဲ့ ဝန်စည် (Baggage) စည်းကမ်းတွေ အတော်လေး တင်းကျပ်သွားပါပြီ။ ဒီကြေညာချက်က ထိုင်း (ဘန်ကောက်) တစ်ခုတည်းတင် မဟုတ်ဘဲ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ တွေပါ MAI ပြေးဆွဲနေတဲ့ နိုင်ငံတကာခရီးစဉ်အားလုံး အတွက် အကျုံးဝင်ပါတယ်။
📌 သိထားရမယ့် အဓိက အချက်များ
၁။ ကီလိုပို (Excess Baggage) ကို ကြိုတင်ဝယ်ယူလို့ မရတော့ပါအရင်လို အွန်လိုင်းကနေဖြစ်ဖြစ်၊ အရောင်းကိုယ်စားလှယ်တွေ ဆီမှာဖြစ်ဖြစ် ကီလိုအပိုကို ကြိုတင်ဝယ်ယူထားလို့ မရတော့ဘူး။
၂။ Check-in Counter မှာပဲ ဝယ်ရမှာဖြစ်ပြီး "မသေချာပါ"လေဆိပ်ရောက်မှ Counter မှာ ကီလိုပို ထပ်ဝယ်လို့ ရ၊ မရ မေးရမှာပါ။ အဲ့ဒီနေ့ လေယာဉ်ပေါ်မှာ ဝန် (Weight) ကျန်သေးမှသာ အများဆုံး ၁၀ ကီလို (10KG) အထိပဲ ဝယ်ခွင့်ပေးမှာဖြစ်ပြီး ဝန်ပြည့်နေရင်တော့ လုံးဝ ဝယ်လို့ရမှာ မဟုတ်ပါဘူး။
၃။ အိတ် ၁ လုံးပဲ (1 Piece Concept) ပေးသယ်တော့တာပါဘယ်နှစ်ကီလိုပဲ ပါပါ အိတ်အရေအတွက်ကို ၁ လုံးပဲ ကန့်သတ်ထားတာမို့ အိတ်ခွဲမသယ်ဖို့ သတိပြုရပါတော့မယ်၊ ခရီးသည်တစ်ဦးကို Check in Luggage 1 လုံး၊ Hand carry 1 လုံးပဲ ပေးသယ်ပါတော့တယ်။
၄။ Member Benefits များ ယာယီရပ်ဆိုင်းSky Smile (Ruby & Diamond) အဖွဲ့ဝင်တွေ အရင်ရနေကျ "အခမဲ့ အလေးချိန်ပို" ခံစားခွင့်တွေလည်း လက်ရှိမှာ မရတော့ပါဘူး။
💡 ခရီးသွားမယ့်သူတွေအတွက် အကြံပြုချက် 💡
ပစ္စည်းလျှော့ဝယ်ပါ: "လေဆိပ်ကျမှ ကီလိုဝယ်မယ်" ဆိုတဲ့ စိတ်ကူးနဲ့ အများကြီး မဝယ်ပါနဲ့။ တကယ်လို့ ဝယ်လို့မရခဲ့ရင် လေဆိပ်မှာ ပစ္စည်းတွေ ထားခဲ့ရတာမျိုး ဖြစ်နိုင်လို့ပါ။
ဝန်ပွပစ္စည်းများ (ဒိုင်ဘာလိုမျိုး အိမ်သုံးပစ္စည်း): နေရာယူတဲ့ ပစ္စည်းတွေ သယ်မယ့်သူတွေအနေနဲ့ Vacuum Bag (လေစုပ်အိတ်) သုံးပြီး အိတ်တစ်လုံးတည်းထဲ ကျစ်ကျစ်လျစ်လျစ် ဝင်အောင် ထုပ်ပိုးပါ။
"လူကြုံ" လုံးဝ လက်မခံပါနဲ့: အခုအခြေအနေက ကိုယ့်ပစ္စည်းတောင် ပါဖို့ မသေချာတဲ့ အခြေအနေမို့ အားနာပြီး လူကြုံပစ္စည်း လက်မခံကြဖို့ တိုက်တွန်းချင်ပါတယ်။
အနှစ်ချုပ်: ကီလိုပိုက ကြိုဝယ်မရဘူး၊ လေဆိပ်ရောက်မှ ကံစမ်းရမှာဖြစ်ပြီး ရရင်တောင် အများဆုံး ၁၀ ကီလိုပဲ ရနိုင်တယ်။ ဒါဟာ MAI ပြေးဆွဲတဲ့ နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ခရီးစဉ်အားလုံးအတွက် ဖြစ်ပါတယ်။ခရီးသွားမယ့်သူတွေ အားလုံး အဆင်ပြေ သတိပြုနေအောင် နားလည်ထားသမျှ စုပြီး ရေးပေးထားတာပါ။
Written by Carolyne
ITALTHAI PORTRAIT PRIZE 2025 at River City Bangkok 19Nov-16Dec 2025 ,RCB Galleria 3, 2nd Floor.
ပန်းချီပြပွဲသို့ဝင်လေ့လာ။ အရမ်းလှတာပဲ။ စုံအောင်တောင်မကြည့်နိုင်/မရိုက်နိုင်။😍😍
Congratulations on your amazing sales American Kyaw Swar (Aung Myint Mho) at Bangkok Beads Show Exhibition .
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11121