Myanmar Hand In Hand
Myanmar Hand In Hand Marketing Services Agency with the Myanmar approach. We help our clients with th
13/03/2023
Myanmar Hand In Hand မှ Mobile Pay project အတွက် Sale & Marketing Staff များခေါ်ယူလျှက် ရှိပါသည်
( ကျား/မ -၁၀ ဦး )
Direct
- ပညာအရည်အချင်း ၁၀တန်း
- အသက် ၁၈နှစ်အထက် ဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ မရှိသူများလဲ လျှောက်ထားနိုင်သည်။ အတွေ့အကြုံရှိသူ ပို၍ ဦးစားပေးမည်။
- Sales & Marketingပိုင်းကို စိတ်ဝင်စားသူဖြစ်ရမည်။
-Communication ကောင်းပြီး စကားပြော သွက်လက် ပြေပြစ်ရမည်။
- Teamworkဖြင့် လုပ်ကိုင်နိုင်ပြီး အလုပ်နှင့်ပတ်သက်၍ တက်ကြွကြိုးစားသူ ဖြစ်ရမည်။
- ကိုယ့်ရဲ့ productအကြောင်းကို သေချာစွာ serviceပေးနိုင်ရမည်။
လစာ - 180000+++
တောင်ဒဂုံ အနီးတစ်ဝိုက်နေထိုင်သူဦးစားပေးမည် ။
အလုပ်လျှောက်လိုပါက CV ကို viber No.09779202951 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
ရုံးချိန်အတွင်း (9~5:30) ဖုန်းဆက်မေးမြန်နိုင်ပါသည်။
24/01/2023
Myanmar Hand In Hand မှ Activation Projects အတွက် On Job Training Marketing Staff ရာထူးများ ထပ်မံခန့်အပ်ပါမည်။
(ကျား/မ ၁၀ ဦး ထပ်မံ ခေါ်ယူပါမည်)
Benefits
- Prodcuct Training
- Field Training
Provide
- Uniform
- Project Salary + Comission
If you want to apply -
Viber 09795981744 to CV and mention apply position.
လူနည်းစုသာခေါ်ယူမည်ဖြစ်သဖြင့် အမြန်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
30/01/2021
𝓣𝓱𝓮 7 𝓢𝓸𝓯𝓽 𝓢𝓴𝓲𝓵𝓵𝓼 𝓨𝓸𝓾 𝓝𝓮𝓮𝓭 𝓽𝓸 𝓑𝓮 𝓢𝓾𝓬𝓬𝓮𝓼𝓼𝓯𝓾𝓵
1. 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐤𝐢𝐥𝐥𝐬
ကုမ္ပဏီများသည်အခြားအလုပ်သမားများကိုကြီးကြပ် ညွှန်ကြားနိုင်သော ၀န်ထမ်းများအားလိုချင်ကြသည်။၄င်းတို့အနေဖြင့်ဆက်နွယ်မှုကိုမြှင့်တင်ပေးနိုင်သော၀န်ထမ်းများအားစည်းရုံးရေးကွင်းဆက်တစ်လျှောက်တွင်အလိုရှိသည်။ ခေါင်းဆောင်များသည်အလုပ်သမားများကိုအကဲဖြတ်ခြင်း၊ စိတ်အင်အားဖြစ်စေရန်လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊စည်းကမ်းချမှတ်ခြင်းနှင့်အဖွဲ့များကိုတည်ဆောက်ခြင်း၊ပြသနာရပ်များကိုများကိုဖြေရှင်းခြင်းနှင့်အဖွဲ့အစည်း၏လိုလားသောယဉ်ကျေးမှုကိုမွေးမြူခြင်းတို့ပြုလုပ်ရမည်။၀န်ထမ်းများအားမည်သို့သြဇာသက်ရောက်နိုင်ပြီးသူတို့၏လိုအပ်ချက်များကိုမည်သို့ဖြည့်ဆည်းပေးနိုင်သည်ကိုနားလည်ခြင်းသည်ခေါင်းဆောင်မှု၏မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ များစွာသောကုမ္ပဏီများအားလုံးသည်နည်းပညာအရကျွမ်းကျင်မှုရှိသောသူတစ် ဦး ဦး ကိုအခွင့်အာဏာအနေအထားတွင်ထားသောအခါလျစ်လျူရှုကြသည်။ Soft Skill ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက္မှု သည်ခေါင်းဆောင်မှုသင်တန်း၏အဓိကအစိတ်အပိုင်းဖြစ်သည်။
2. 𝐓𝐞𝐚𝐦𝐰𝐨𝐫𝐤
၀န်ထမ်းအများစုသည်အဖွဲ့တစ်ဖွဲ့ / ဌာန / ဌာနခွဲ၏အစိတ်အပိုင်းများဖြစ်ပြီးတရားဝင်အသင်း၀င်မဟုတ်သူများ ပင်အခြား ၀န်ထမ်းများနှင့်ပူးပေါင်းရန်လိုအပ်သည်။ သင်တစ်ဦး တည်းအလုပ်လုပ်ရန်ပိုနှစ်သက်မည်ဖြစ်သော် လည်းကုမ္ပဏီ၏ရည်မှန်းချက်များအောင်မြင်ရန်အင်အားစုများပေါင်းစည်းခြင်းနှင့်အခြားသူများနှင့်လက်တွဲလုပ်ဆောင်ခြင်း၏တန်ဖိုးကိုသင်နားလည်ပြီးတန်ဖိုးထားကြောင်းပြသရန်အရေးကြီးသည်။ ဤအချက်ကသင်သည် ထုတ်လုပ်မှုဆိုင်ရာပူးပေါင်းမှုတွင်ပါ ၀င်ရန်လိုအပ်သောပျော့ပျောင်းသောစွမ်းရည်များကိုပိုင်ဆိုင်ကြောင်းပြသသည်။
𝟑. 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬
အောင်မြင်သောဆက်သွယ်ရေးတွင်အစိတ်အပိုင်းငါးခုပါဝင်သည်။
Verbal Communication သည်သင်၏ ရှင်းလင်းပြတ်သားပြီးတိကျသောစကားပြောဆိုနိုင်စွမ်းကိုရည်ညွှန်းသည်။
Non Verbal Communication တွင်ကိုယ်ခန္ဓာဘာသာစကားနှင့်မျက်နှာအမူအရာတို့ကိုဖော်ပြရန်စွမ်းရည်ပါရှိသည်။
Written Communication သည်သင်၏စာသားမက္ဆေ့ခ်ျများ၊အစီရင်ခံစာများနှင့်အခြားစာရွက်စာတမ်းများရေးသားရာတွင်သင်၏ကျွမ်းကျင်မှုကိုရည်ညွှန်းသည်။
Visual Communication တွင်ရုပ်ပုံများနှင့်အခြားရုပ်မြင်သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ သတင်းအချက်အလက်များကိုထပ်ဆင့်လွှင့်နိုင်သည်။
Active Listening ကိုသော့ချက်ဆက်သွယ်မှုပျော့ပျောင်းသောကျွမ်းကျင်မှုအဖြစ်လည်းယူသင့်သည်၊တစ်ယောက်ယောက်နှင့်မည်သို့အကောင်းဆုံးဆက်သွယ်ရမည်ကိုနားလည်ရန်သင်နားထောင်နိုင်ရမည်။ထိရောက်သောနားထောင်ခြင်းစွမ်းရည်မရှိပါကမည်သည့်ဆက်သွယ်ရေးကြိုးပမ်းမှုကိုမဆိုထိရောက်မှုရှိလိမ့်မည်။
𝟒. 𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬
များစွာသောအလုပ်လျှောက်ထားသူများသည် Companies ၏ပြသနာများကိုလျှော့ချရန်ကြိုးစားသောကြောင့် ကုမ္ပဏီများအနေဖြင့် ထိုပြသနာများကိုဖြေရှင်းရန်အတွက်၀်န်ထမ်းများခန့်အပ်ကျသည်ကိုနားမလည်ကြပါ၊ သင်၏ပြသနာများအတွက်အဖြေများကိုရှာဖွေရန်နှင့်အလုပ်လုပ်နိုင်သောဖြေရှင်းနည်းများကိုဖော်ထုတ်ရန်သင်၏ဗဟုသုတကိုအသုံးပြုခြင်းသည်သင်၏အလုပ်ကိုကိုင်တွယ်နိုင်သည်၊အမှားအယွင်းများဆွေးနွေးခြင်းနှင့်သူတို့ထံမှသင်ခန်းစာယူခြင်းသည် Soft skills ကျွမ်းကျင်မှု၏အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။
𝟓. 𝐖𝐨𝐫𝐤 𝐄𝐭𝐡𝐢𝐜
သင့်တွင်မန်နေဂျာတစ်ယောက်ရှိနိုင်သော်လည်းကုမ္ပဏီများသည်၀န်ထမ်းများအား အောက်ခြေကအစ အသေးစိတ်စီမံခန့်ခွဲနေခြင်းဖြင့်အချိန်ကိုမသုံးလိုပါ။သူတို့ကသင့်ကိုတာဝန်ရှိသည်ဟုမျှော်လင့်ပြီးသင်လုပ်ခလစာရရှိသည့်အလုပ်ကိုလုပ်ရန်မျှော်လင့်သည်၊ ထိုတွင်သင်အလုပ်ရောက်ရှိသောအခါအချိန်တိကျခြင်း၊ သတ်မှတ်ရက်များပြည့်မီခြင်းနှင့်သင်၏အလုပ်သည်အမှားကင်းခြင်းသေချာစေရန်တို့ပါ ၀င်သည်။ သင်ဟာအလုပ် Mission ရဲ့တစ်မိုင်အကွာလောက်ကိုရောက်အောင်သက်သေပြနိုင်ရင် မင်းဟာအကောင်းဆုံး လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကို သက်သေပြနေသလိုပါပဲ
𝟔. 𝐅𝐥𝐞𝐢𝐛𝐢𝐥𝐥𝐢𝐭𝐲/𝐀𝐝𝐚𝐩𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲
၂၁ ရာစုတွင်ကုမ္ပဏီများသည်အပြိုင်အဆိုင်ဆက်လက်တည်ရှိရန်လျင်မြန်စွာ (နှင့်တစ်ခါတစ်ရံအကြီးအကျယ်) ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်သည်။ဒါကြောင့်သူတို့ကဂီယာကိုပြောင်းနိုင်တဲ့အပြင်လိုအပ်သလိုလည်းလမ်းကြောင်းပြောင်းနိုင်တဲ့အလုပ်သမားတွေလိုချင်တယ်။လွန်ခဲ့သောဆယ်စုနှစ်အတွင်းအဖွဲ့အစည်းများသည်အဆင့်အတန်းနည်းပါးပြီးခေတ်နောက်ကျလွယ်သောကြောင့် ၀န်ထမ်းများသည်ကွဲပြားခြားနားသောလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့်၎င်းတို့၏ကျွမ်းကျင်မှုနယ်ပယ်ပြင်ပရှိတာဝန်ဝတ္တရားများကိုထမ်းဆောင်လိုစိတ်ရှိကြောင်းပြသရန် ပို၍ အရေးကြီးသည်။
𝟕. 𝐈𝐧𝐭𝐞𝐫𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬
Interpersonal Skills သည်“ လူစွမ်းရည်” ၏ကျယ်ပြန့်သောအမျိုးအစားဖြစ်ပြီးဆက်ဆံရေးကိုတည်ဆောက် ခြင်း၊ ထိန်းသိမ်းခြင်း၊ အပြုသဘောဆောင်သောဝေဖန်မှုများပေးခြင်း၊ခံယူခြင်းနှင့်အခြားသူများ၏ထင်မြင်ချက် များကိုလေးစားခြင်း၊၎င်းသည်ပျော့ပျောင်းသောစွမ်းရည်ဆိုင်ရာဥပမာများထဲမှအရေးအကြီးဆုံးသောအရာတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၎င်းသည်ယုံကြည်မှုနှင့်တာ၀န်ခံမှုရှိခြင်း၏ခိုင်မာသောအခြေခံအုတ်မြစ်ရှိသည့်အသင်းများကိုတည်ဆောက်ခြင်း၏အဓိကသော့ချက်ဖြစ်သည်။
Source : The 7 Soft Skills you Need to Be Successful ကို ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။
By Keather Snyder
27/01/2021
ဒီနေ့ဟာ ပြာသိုလပြည့် အမေများနေ့ ပါ ....
လောကမှာဘယ်သူဘယ်လောက်ကောင်းကောင်း ကိုယ့်မိဘလောက် ကိုယ့်အပေါ်ကောင်းတဲ့သူမရှိပါဖူးနော် ....
အမေများနေ့မှာ အမေ့ကို ဘာေတွလုပ်ပေးချင်လဲ ၊ ဘာတွေပြောချင်လဲ ကွန်းမန့်မှာရေးပေးခဲ့ကြပါဦး ....
၂၀၂၁ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျရောက်သော အမေများနေ့မှာ အမေများအားလုံးကို လေးစားစွာ ဦးညွှတ်ဂါရဝ ပြုလိုက်ပါတယ်
22/01/2021
Inbound Marketing
Inbound Marketing အကြောင်းကို အရင်ကလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ https://www.facebook.com/154962811686796/posts/1072151623301239/
Business လုပ်ငန်းတွေ Digital ပေါ်မှာ ခြေလှမ်းစတဲ့အခါ Marketing နည်းလမ်းမျိုးစုံကို အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ Digital Marketing တွေထဲကမှ အရေးကြီးတဲ့ Inbound Marketing အကြောင်းကို Sharing လုပ်ချင်ပါတယ်။
Inbound Marketing ကို B2B Business တွေမှာ အသုံးများသလို့ B2C တွေမှာလည်း အသုံးပြုကြပါတယ်။ Inbound Marketing က မိတ်ဆွေရဲ့ လုပ်ငန်း Organization တိုးတက်ဖို့အတွက် အဓိကအရေးပါတဲ့ Consumers , Prospects , Customers တွေနဲ့အကြား Relationship ကို ခိုင်မြဲအောင်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။
Inbound Marketing Methodology မှာ လုပ်ဆောင်ပုံ Process အဆင့် (၃) ဆင့်ရှိပါတယ်။
1/ Attract
Right People တွေကို valuable content တွေပြဖို့အစီအစဉ်ချပါ။ အချိန်ကြာလာတာနဲ့အမျှ Audience တွေဟာ ယုံကြည်မှုတိုးလာပြီး Engage ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
2/ Engage
သူတို့မှာ ဖြစ်နေတဲ့ Pain Point တွေကိုရှာပြီး Solution ပေးနိုင်အောင်လုပ်ပါ။ နောက် ဝယ်ယူလာအောင်ကြိုးပမ်းပါ။
3/ Delight
Customers တွေကို လိုအပ်ချက်ကိုဖြည့်ဆည်းပေးရင် ပိုကောင်းတဲ့ ဝန်ဆောင်မှု ၊ အစီအစဉ်တွေနဲ့ ပံ့ပိုးပေးပါ။ Customers အားလုံးကို ကိုယ်ဆီမှာ ပျော်စေပါ။
ဒါက Inbound Marketing ရဲ့ ရိုးရှင်းတဲ့ Process ဖြစ်ပါတယ်။
Crd.
ကျွန်တော်တို့တွေမှာ Active Income နဲ့ Passive Income ဆိုပြီး ၂မျိုးရှိထားသင့်ပါတယ်
Active Income ဆိုတာဘာလဲ?
ကျွန်တော်တို့ အမြဲအလုပ်လုပ်နေတယ် ရုံးတက်အလုပ်လုပ်တယ် ရှင်းရှင်းပြောရရင်ကိုယ့်အချိန်တွေလုပ်အားတွေကိုရင်းပြီးနေ့တိုင်းလုပ်နေရတာမျိုးပေါ့ ဒါတွေကရတဲ့ဝင်ငွေတွေကို Active Income လို့ခေါ်လို့ရပါတယ်။
Passive Income ဆိုတာဘာလဲ?
ကျွန်တော်တို့ အချိန်ယူပြီးကြိုးစားလုပ်ထားတဲ့အရာ အဲ့အရာက ကျွန်တေည်တို့ပြုလုပ်ဖန်တီးပြီးနောက်ပိုင်းထိတိုင်အောင်ဝင်ငွေရအောင်လုပ်ပေးနေတာမျိုး(ဥပမာ-ကျွန်တော်က သင်တန်းတစ်ခုသင်တယ် အဲ့သင်တန်းအတွက် သင်ခန်းစာ Video တွေကို အချိန်ပေးပြီးကြိုရိုက်ထားပါမယ်။နောက်အတန်းဖွင့်တဲ့အခါ အဲ့တာတွေတင်ပေးမယ်။နောက်တစ်တန်းထပ်ဖွင့်မယ် ဒါတွေထပ်တင်ပေးမယ်။အဲ့ဒီတော့ ကျွန်တော်အစပိုင်းမှာ အချိန်များစွာပေးခဲ့ရတယ် သင်ခန်းစာ video တွေရိုက်ဖို့ သို့သော် နောက်ပိုင်းမှာအဲ့တာတွေက ကျွန်တော့်ကို အတန်းတစ်တန်းဖွင့်တိုင်း ကျွန်တော်ထပ်ရိုက်စရာမလိုဘဲ Income တစ်ခုအနေနဲ့ဝင်နေပါတယ်)ဒါမျိုးကို Passive Income လို့ခေါ်ပါတယ်။နောက်ဥပမာ အနေနဲ့ပြောရရင် သင်က စာအုပ်တစ်အုပ်ရေးသားနေတယ်ဆိုပါစို့.သင့်စာအုပ်အတွက်သင်အချိန်များစွာပေးခဲ့ရတယ် သို့သော် စာအုပ်ထွက်တဲ့အခါ သင်တစ်ခါရောင်းရမယ် နောက်ထပ်ပြီးထုတ်ဝေတဲ့အခါသင်ထပ်ရောင်းရမယ်။ဒါမျိုး ကို passive income လို့ခေါ်ပါတယ့။သင်တစ်ခါအချိန်ပေးပြီးကြိုးစားလုပ်ရုံနဲ့သင့်ကိုနောက်ပိုင်းမှာပါ ဝင်ငွေရနေစေတာမျိုးပေါ့။
အခုလို ကာလမျိုးတွေမှာ ကျွန်တော်တို့ဟာ လုပ်ငန်းတစ်ခုတည်းကိုမှီခိုနေဖို့အဆင်မပြေပါဘူး။ကိုယ်မှီခိုနေတဲ့ လုပ်ငန်းဟာမတော်တဆယိမ်းယိုင်ခဲ့ရင် ကိုယ့်အတွက် အခက်အခဲရှိလာနိုင်ပါတယ်။ ဒါ့ကြောင့်အမြဲ ကိုယ်နေ့တိုင်းအချိန်ပေးလူပေးပြီးလုပ်ရတဲ့ Active Income လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့လစာ(ပုံမှန်ဝင်ငွေ)အပြင် တဖက်တလမ်းမှ passive income ဆိုတာမျိုးလဲရှိထားသင့်ပါတယ်။
Full time job ရဲ့ပြင်ပအချိန်တွေမှာ တစ်နည်းအားဖြင့် သင့်အားလပ်ချိန်တွေမှာ သင့်အတွက် passive income ရနိုင်မယ့် အလုပ်တွေအတွက်အချိန်ပေးလုပ်ဆောင်လို့ရပါတယ်။
အားလုံးအဆင်ပြေကြပါစေ~
20/01/2021
Marketing 4.0 Vs Marketing 3.0 ( Traditional to Digital)
ခုအားလုံးသိကြတဲ့အတိုင်း marketing journey မှာ marketing 1.0, 2.0 , 3.0 ကနေ ခုတော့ marketing 4.0 ထိရောက်ခဲ့ပါပြီ။
Traditional marketing လို့ဆိုကြတဲ့ marketing 3.0 ကနေ digital marketing ဖြစ်တဲ့ 4.0 မှာဘာတွေပြောင်းသွားတာလည်းဆိုတာပြောပြချင်ပါတယ်။
Marketing Guru “ Philip Kotler” ကတော့ marketing 4.0 မှာ online နဲ့ offline ချိတ်ဆက်ခြင်း၊ brands တွေရဲ့ စစ်မှန်မှုနဲ့ အနှစ်သာရရှိမှုတို့နှင့် နည်းပညာများပေါင်းစည်းခြင်း၊ brand တစ်ခုမှပေးတဲ့ message နဲ့ တကယ်ရတဲ့ အကျိုးကျေးဇူးများထပ်တူညီမှုရှိခြင်း၊ Machine to Machine ( M2M) နဲ့ Human to Human ( H2H) တို့ကြားမှာ မျှတအောင်ဆောင်ရွက်ပေးရခြင်းဖြင့် customer နှင့် connected devices များဖြင့် engagement ပိုရအောင်လုပ်ခြင်းတို့ပါဝင်တယ်လို့ပြောထားပါတယ်။
ဥပမာအနေနဲ့ပြောရမယ်ဆိုရင် တကယ်လို့ခင်ဗျားတို့က fb page တစ်ခုကနေ အဝတ်အထည်တစုံအကြောင်းစုံစမ်းတယ်ဆိုပါစို့။ Chat box မှာစောင့်ပြီးပြန်ဖြေပေးမှာ တကယ့်လူအစစ်ဆိုင်ပိုင်ရှင်ဖြစ်နိုင်သလို chat bot လို့ခေါ်တဲ့ Artificial intelligence နဲ့လုပ်ထားတဲ့ အရာလည်းဖြစ်နိုင်ပါတယ်။ ဒါက M2M ခြင်းinteraction လုပ်ရသလို human to human contact ကိုလည်း ဆက်သွားစေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ chatbot က ၂၄နာရီလုံးအဆင်သင့်ရှိနေနိုင်ပြီး လိုအပ်တာကိုဖြေထားမယ်။ ဆိုင်ပိုင်ရှင်ဖွင့်ကြည့်ပြီးမေးထားတဲ့မေးခွန်းတွေကို ကိုယ်တိုင်လည်းပြန်ဖြေနိုင်မယ်စသဖြင့်လုပ်နိုင်လို့ပါ။ traditional marketing မှာဒီလိုလုပ်ဖို့ လူတယောက်အမြဲငှားထားဖို့လိုပါလိမ့်မယ်။
အာ့တော့ digital အပြောင်းအလဲမှာ marketing အရဘာတွေကွာသွားသေးသလည်း။ Kotler ရဲ့ အဆိုအရ ၄ ချက်ရှိပါသတဲ့။
1. Segmentation and targeting to customer community confirmation
အရင် marketing 3.0 မှာ customers တွေကို geographic, demographic , psychographic စတာတွေနဲ့ ခဲွခြားပိုင်းခြားပြီး segment လုပ်သင့်တယ်။ ဒီကမှတဆင့် အာ့segment တွေထဲကမှ ကိုယ့် product သို့ services နဲ့ ကိုက်ညီမယ့် segment ကိုရွေးထုတ်ပြီး target ထားသင့်တယ်ပြောခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အတွက် market research လုပ်ခြင်းဖြင့် customer insight ကိုရယူရပြီး ST လုပ်ရလေ့ရှိပါတယ်။
ခု digital age မှာတော့ customers တွေဟာ socially connected အရမ်းဖြစ်တာမို့ သူတို့ဘာသာသူတို့ community တစ်ခုကို ဖဲွ့ထားသလိုဖြစ်နေပါတယ်။ ဒီလိုဖြစ်ခြင်းအားဖြင့် သူတို့ဟာ spamming လို့ခေါ်တဲ့ ကြော်ငြာအလွန်အကျွံပို့ခြင်း ၊ မဖြစ်နိုင်သော ကြော်ငြာခြင်းများကို ဆန့်ကျင်နိုင်ပါတယ်။ ( ဥပမာ mobile operator များမှ sms ကြော်ငြာများအလွန်အကျွံပို့ခြင်းကို စားသုံးသူကာကွယ်ရေးအသင်းမှတဆင့် အစိုးရရုံးသို့တိုင်ကြားရာမှ operator များမှ DND function ထည့်သွင်းပေးရခြင်း)
ဒါကြောင့်မို့ brand တွေအနေနဲ့ message ပေးတဲ့အခါမှာ customer community များထဲထိပေါက်ရောက်အောင် message ပေးဖို့လိုလာသလို customer တွေရဲ့ needs and wants ကို သူငယ်ချင်းတယောက်လို နားလည်သဘောပေါက်ပြီး ပေးနိုင်ဖို့ ပိုမိုလိုအပ်လာပါတယ်။ ဒါကြောင့် မို့ marketing 4.0 မှာ segmentation and targeting ဟာဆိုရင် ပိုပြီးပွင့်လင်းမြင်သာမှုရှိလာရပါတယ်။ ဟိုးအရင်ကလိုမျိုး ပေးချင်တဲ့ message ကိုပေးပြီး targeted customers တွေကို leading လုပ်ဖို့မလွယ်ကူတော့ပါဘူး။
2. Brand positioning and differentiation to Brand character and codes
Traditional marketing မှာ brand positioning ကအရေးကြီးပါတယ်။ brand positioning ဆိုတာ ကိုယ့် brand ကို ကိုယ့် customers တွေရဲ့ စိတ်ထဲမှာဘယ်လိုမြင်နေသလိုဆိုတာမျိုးပါ။ ဥပမာ ကရဝိတ်နဲ့ အစိမ်းရောင်မြင်တာနဲ့ Myanmar beer ကိုတန်းသိသလိုမျိုးပါ။ ( ကိုယ်ကြိုက်တာနဲ့ပဲ ဥပမာပေးရတာပဲ)
Disney ဆိုတာနဲ့ ကာတွန်းဇာတ်ကောင်တွေပြေးမြင်ပြီး ပျော်လာတာမျိုးပေါ့။ ဒီလို positioning ကိုရဖို့ ဆိုရင် company တွေဟာ သူတို့ရဲ့ marketing mix ဖြစ်တဲ့ 4Ps ကို အသုံးချပြီး differentiate လုပ်ရလေ့ရှိပါတယ်။ ဒီလိုလုပ်မှသာ customers တွေရဲ့ အမြင်မှာ unique ဖြစ်တဲ့ ခံစားချက်ကိုရမှာဖြစ်ပါတယ်။
ခု digital age မှာတော့ ဒါက ပြောင်းလဲသွားပါတယ်။ customers တွေဆီမှာ information က အပြည့်အစုံရှိနေပြီး သူတို့ က brand တစ်ခုကပေးတဲ့ ကတိတည်မတည်ကိုဆုံးဖြတ်ပေးနိုင်စွမ်းရှိလားနေပါပြီ။ ဘယ်လောက် differentiate လုပ်ပြီး positioning လုပ်လုပ် အာ့ brand က သူပေးထားတဲ့ message နဲ့ promise ကိုမတည်နိုင်ဘူးဆိုရင် ဘယ်လိုမှ positioning ကမထိရောက်နိုင်တော့ပါဘူး။ ဒါကြောင့် brand တစ်ခုရဲ့ အခြေခံအကျဆုံး အချက်ဖြစ်တဲ့ brand personality နဲ့ core ကို သေချာထိန်းသိမ်းထားဖို့လိုပါတယ်။ အပြင်ပန်းမှာဘယ်လိုတွေပုံစံပြောင်းပါစေ။သူကပေးနိုင်တဲ့ message and promise တွေကတော့ တသမတ်တည်းရှိနေဖို့လိုပါတယ်။ ဥပမာ Google ကိုပဲကြည့်ပါ။ သူ့ logo က အမြဲပြောင်းနေပါတယ်။ ရာသီနဲ့လိုက်ပြီးရော festival တွေနဲ့လိုက်ပြီးရောပြောင်းနေလေ့ရှိပေမယ့် သူ့ ရဲ့ personality ,core and message ဖြစ်တဲ့ universally accessible information source( search engine) ဆိုတာကနေဘယ်တော့မှသွေဖည်မသွားပါဘူး။ ဒါကြောင့် digital marketing မှာ ပုံစံပြောင်းချင်အကုန်ပြောင်းလို့ ရတယ်။ Brand character နဲ့ code ကိုမပြောင်းမိစေပါနဲ့။
3. Selling 4 Ps to Commercializing 4 Cs
အားလုံးသိကြပြီးတဲ့အတိုင်း traditional marketing မှာ 4Ps လို့ ခေါ်တဲ့ product, price, place, promotion လေးခုပါတဲ့ marketing mix ဟာအလွန်အရေးပါပါတယ်။ customers တွေရဲ့ needs and wants ကိုဖြည့်ဆည်းပေးနိုင်မယ့် product တစ်ခုကိုထုတ်မယ် အာ့ product အတွက် စျေးနှုန်း price ကို cost based, competitor based, value based စတာတွေနဲ့ တွက် မယ်၊ ပြီးရင် ကိုယ့် product ကို customers တွေလက်ထဲကို ရောက် အောင် place နဲ့လုပ်မယ် ပြီးရင် promotion ကို advertising, PR, sales promotion, personal selling စတဲ့ promotional mix ကိုသုံးပြီး လုပ်မယ် စသဖြင်လုပ်ရလေ့ရှိပါတယ်။
Digital era မှာတော့ new marketing mix ဖြစ်တဲ့ 4Cs လိုလာပါြပီ။ အာ့တွေက
Co-creation, currency, communal activation and conversation ပဲဖြစ်ပါတယ်။
Co creation ဆိုတာကတော့ new product တစ်ခုကို စမထုတ်မီideation အချိန်ထဲက Customer involvement ကိုယူပြီး needs and wants တွေထိပါ ပြည့်စုံအောင်လုပ်တာပဲဖြစ်ပါတယ်။ ခုခေတ် tech company တွေဖြစ်တဲ့ Microsoft, apple, သူတို့နောက်က mobile phone company တွေဖြစ်တဲ့ Samsung နဲ့ xaiomi စတဲ့ brand တွေအားလုံး ဒီ co creation ကိုထိထိရောက်ရောက်အသုံးချ ပြီး product တွေကိုထုတ် လေ့ရှိကြပါတယ်။
နောက်တခုက Currency ပါ။ Digital marketing မှာ company တွေဟာ market data တွေကိုအသုံးချပြီး dynamic pricing လုပ်နိုင်လာပါတယ်။ customer တွေရဲ့ data တွေဖြစ်တဲ့ historical purchasing pattern တွေ၊ အကြိုက် တွေ အနီးဆုံး store location တွေစတာတွေနဲ့ supply နဲ့demand ကိုမျှ အောင်လုပ်ဖို့ ပိုပြီးလွယ်ကူလာတဲ့အတွက် profit ရဖို့လည်း ပိုပြီးများလာပါတယ်။
နောက်တခုက communal activation ပါ။ connected world ဖြစ်လာတဲ့အတွက် channel concept ကအရေးပါလာပါတယ်။ distribution လုပ်တဲ့အခါမှာ peer to peer လို့ခေါ်တဲ့ အချက်အလက်တွေကို cloud ကနေတဆင့်မျှဝေတဲ့နှုန်းတွေများလာသလို customers တွေအနေနဲ့ သူတို့လိုချင်တဲ့ product and services ကိုသူတို့ကိုယ်တိုင်ဝင်ပြီးရွေးချယ်သုံးစွဲလာနိုင်ပါတယ်။ ဒါတင်မကပါဘူး product or services တွေကို instant delivery လုပ်ပေးနိုင်တာကိုပိုစိတ်ဝင်စားလာသလို အနီးအနားမှာ ရှိတဲ့ communal based လုပ်ငန်းတွေလူတွေကနေ အမြန် needs and wants တွေကို ဖြည့်ဆည်းပေးနိုင်တာကိုလိုလားကြပါတယ်။ Community based activation လုပ်ပေးခြင်းဖြင့်community ထဲမှာ word of mouth နဲ့ ပျံ့ နှံ့ ဖို့ပိုမိုလွယ်ကူတာဖြစ်ပါတယ်။ ဥပမာ 7 eleven ရဲ့ အင်ဒိုနီးရှားမှာလုပ်ခဲ့တဲ့ communal activation campaign ကိုကြည့်လို့ရပါတယ်။ 7 eleven ဟာ သူ့ရဲ့ store တွေကို community ထဲမှာရှိတဲ့ teenagersတွေအတွက် hangout လုပ်ရာ နေရာတစ်ခုဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ wifi တပ်ပေးထားပြီး စကားပြောဖို့ ခုံတွေချပေးထားတယ်။ musicကို လူငယ်တွေအကြိုက်ဖွင့်ပေးထားပြီး board games တွေဆော့လို့ရအောင်လုပ်ပေးထားပါတယ်။ ဒီလိုလုပ်ပေးထားခြင်းဖြင့် 7 eleven ကို teenager တွေနဲ့ ပိုမိုနီးစပ်စေပြီး customers တွေရဲ့ purchasing frequency ကိုပိုတက်လာစေပါတယ်။ သူတို့နှစ်သက်မယ့် promotion တွေကိုလည်း social media ပေါ်မှာ စဉ်ဆက်မပြတ်တင်ပေးပြီး promote လုပ်ပေးတဲ့အတွက် teenagers တွေကြားမှာ 7 eleven ဟာ community ရဲ့ တစိတ်တပိုင်းဖြစ်လာခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းကို communal activation လို့ခေါ်ပါတယ်။ traditional marketing က place ကို digital marketing မှာ communal activation လုပ်ဖို့လိုပါတယ်။
နောက်ထပ်ပြောင်းသွားတာက Conversation ပါ။ promotion ကနေ conversation ကိုဘယ်လိုပြောင်းသွားတာပါလိမ့်။ ဟိုးအရင်ကဆို company တွေက promotional message တွေပေးတဲ့အခါမှာ customersတွေဆီကို ကိုယ်ပေးချင်တဲ့ message ကိုထိရောက်အောင်ပေးခဲ့ပြီး vertical communication လုပ်လို့ ရခဲ့ပါတယ်။ ခု digital era မှာတော့ဒါမျိုးမရနိုင်တော့ပါဘူး။ brand message တွေကို အကဲဖြတ်မှန်မမှန် ဆုံးဖြတ်တုံ့ပြန်နိုင်ဖို့ customers တွေလက်ထဲမှာ social media and other networking platforms တွေအပြည့်အစုံရှိနေပါပြီ။ Customer review တွေ rating application တွေ bloggers တွေ ပေါ်လာပြီး customers တွေရဲ့ feedback တွေလွတ်လပ်စွာမျှဝေနိုင်တာတွေပေါ်လာလို့ digital era မှာ customers တွေရဲ့ conversations တွေကအလွန်အရေးပါလာပါတယ်။ ဒါကြောင့် digital influencers တွေရဲ့ အရေးပါမှုကလည်းပိုများလာပြီး လူတွေဟာ ဒီ conversationတွေပေါ်မှာပိုပြီး ယုံကြည်လာကြတာမို့ message ပေးတဲ့အခါမှာ conversation တွေကိုသေချာကြည့်ဖို့လိုလာပါတယ်။ ခုစာဖတ်နေတဲ့ ခင်ဗျားတို့ကိုယ်တိုင်ရော စားသောက်ဆိုင်တခုကိုသွားစားခါနီးရင် ဘယ်ဆိုင်ကောင်းလည်း ဆုံးဖြတ်ရင် fb page နဲ့ တခြား food review page တွေကို ဝင်ကြည့်ပြီးမှ သွားစားတာ အလေ့အထဖြစ်နေပြီမဟုတ်လား။
4. Customer service processes to Collaborative Customer Care
Traditional customer service မှာတော့ ကျွန်တော်တို့ပြောလေ့ရှိတဲ့ customers are the kings လို့ပြောပေမယ့် digital marketing မှာတော့ customers တွေအားလုံးဟာ online ပေါ်မှာ equals ဖြစ်ပါတယ်။ customer service မှာ customersတွေရဲ့ complaints တွေကို ကိုယ့် SOP တွေ guidelines တွေအတိုင်း လိုက်လံဖြေရှင်းဖို့ ကြိုးစားရပေမယ့် Collaborative Customer Care မှာတော့ customers တွေကို နားထောင်ပေးမယ် ပြန်လည်ဖြေရှင်းမယ် follow up လုပ်ပေးမယ်။ ဒီလိုလုပ်ပေးဖို့ကိုလည်း customersတွေကိုဘယ်အတိုင်းအတာထိ လုပ်ပေးမယ်ဆိုတာ ကြိုပြီး agreement ယူထားပေးလို့ရပါတယ်။ Digital ကိုအသုံးပြုတာဖြစ်လို့ Self -service facilities တွေပေါ်လာတဲ့အတွက် customersတွေကိုယ်တိုင်ပါဝင်ရတဲ့ process ဖြစ်လာလို့ service gap error by human ကအလွန်နည်းသွားပါလိမ့်မယ်။ ဒါတင်မက customerရဲ့ history and profile ဟာ data record လုပ်ပြီးသားဖြစ်လို့ service ကို complaint လုပ်တဲ့နှုန်းဟာလည်းပိုနည်းလာပါလိမ့်မယ်တဲ့။
ကဲဒါကတော့ Traditional to digital marketing ကိုရွေ့ တဲ့ အရွေ့ မှာ ဘယ်လိုတွေပြောင်းသွားနိုင်သလည်းဆိုတာပါပဲ။
Digital age မှာ martech တွေ သုံးပြီးပိုမိုအောင်မြင်နိုင်ကြပါစေ။
crd.
Dr. Htet Lynn Zaw
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon