Kharismatic Learning Center

Kharismatic Learning Center

Share

သင်ယူလေ့လာ သူများ ကိုယ်တိုင် ပါဝင်စဉ်းစား သုံးသပ်ခြင်းဖြင့် မျှော်မြင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိရန်။

Photos from Kharismatic Learning Center's post 27/08/2025

Kharismatic Learning Center ရဲ့ ဆရာမ ​ဒေါ်စပယ် ​ရေးသားထား​တဲ့ ✨ "ကြယ်တစ်ခင်း လင်းစမ်းပါ​စေ" ✨ဆိုတဲ့ ရသ စာစုစာအုပ်က​လေး ဇူလိုင်လ ​နောက်ဆုံးပတ်မှာ ထွက်ရှိခဲ့ပါတယ် 📖

👉🏻 အခုဆိုရင် City mart စာအုပ်ဆိုင်များနဲ့ အခြား​သော စာအုပ်ဆိုင်များ​ပေါ်မှာ စတင် ​ရောင်းချ​နေပါပြီ 👈🏻

စာ​ရေးသူက စာအုပ်လေးအကြောင်း ခုလို ဖွင့်ဆိုထားပါတယ် ✍🏼

⭐️ ကြယ်ဆိုတာ စကြဝဠာထဲက ဓါတ်​ငွေ့အစုအ​ဝေးကြီး လို့ ဆိုကြ​ပေမဲ့ ကျွန်မက​တော့ ​ကောင်းကင်​မြေမှာ ​ပေါက်​နေတဲ့ ပန်းက​လေး​တွေပမာ ထင်စားမိပါတယ်။

🌃 ညဘက် ​ကောင်းကင်ကြီး ဆီမှာ လမသာခဲ့ရင်တောင် တလက်လက် အလင်း​ရောင်​လေးနဲ့ကြယ်က​လေး တချို့​ဟာ ​လမ်းပြ​နေကြတယ်မဟုတ်လား။

🌠 ပိန်းပိတ်တဲ့ အ​မှောင်ထုထဲမှာ​ ဒီကြယ်ပွင့်လေး​တွေရဲ့ ကိုယ်ပိုင်အလင်းပျပျ ​လေး​တွေက အားတစ်ခုပါပဲ။

✍🏼 ကျွန်မရဲ့ စိတ်အကြည်ဓါတ်​ရချိန်မှာ ရေးဖြစ်ခဲ့တဲ့ စာ​တပုဒ်ခြင်းစီဟာလည်း ကျွန်မအတွက် ကြယ်​တွေ ပမာပါပဲ။

🎨 ပန်းချီဆရာမ နီဇူလိုင်ရဲ့ လက်ရာ​တွေဟာလဲ သူ့ရဲ့ ကြယ်က​လေး​တွေပါပဲ။

🌟 ကြယ်က​လေး​တွေနဲ့ ကျွန်မတို့ လမ်း​လျှောက်ခဲ့ကြပါတယ်။ ရှိသမျှအလင်း​လေးနဲ့ အ​မှောင်ကို ​ထွင်းဖောက်ရင်း​ပေါ့။

ဒါ​ကြောင့် . . ကြယ်တစ်ခင်း လင်းစမ်းပါ​စေ ✨✨

*******
ဝယ်ယူရရှိနိုင်တဲ့ စာအုပ်အရောင်းဆိုင်တွေ

☘️ ရန်ကုန်မြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 ငါတို့ စာပေ
📌 ပန်းဆက်လမ်း
📌 Book Tree စာပေ ပန်းဆိုးတန်း
📌 စာပေနန်းတော် စာပေ (၃၆)လမ်း အလယ်
📌 ကိုထွန်း စာပေ (၃၆)လမ်း အထက်
📌 အင်းဝ စာအုပ်တိုက် ပန်းဆိုးတန်း
📌 အပါးတော်မြဲ ရေကျော်
📌 Book Town
📌 စာပေလောက စာအုပ်ဆိုင်များ
📌 ပါရမီ စာပေ ၂၉လမ်း အထက်
📌 ကိုလတ် စာပေ ၃၁လမ်းအထက်
📌 စောဦး စာပေ ၃၁လမ်း အထက်
📌 ရာပြည့် စာပေ ပန်းဆိုးတန်း
📌 အင်းဝစာပေ လှည်းတန်း
📌 ပန်းချီအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)
📌 ဖန်မီးအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)

☘️ နေပြည်တော်မှာဆိုရင် ...

📌 Junction
📌 Ocean

☘️ မန္တလေးမြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 စိတ်ကူးချိုချို စာပေ
📌 ဆုလာဘ် စာပေ

☘️ တောင်ကြီးမြို့မှာဆိုရင် ...

📌 City mart
📌 Ocean

☘️ နယ်အမှာများနဲ့ အွန်လိုင်းက မှာယူချင်တယ်ဆိုရင် ...

📌 ရသယဉ်စွန်းတန်းစာအုပ်တိုက် Facebook စာမျက်နှာ Chat box ကနေလည်း ဝယ်ယူရရှိနိုင်ပါတယ်

Photos from Kharismatic Learning Center's post 10/02/2023

ခရီးတစ်ခု သွားကြမယ်ဆိုရင် ဘယ်ကိုသွားမှာလဲ၊ ဒီခရီးက ငါသွားချင်တဲ့ခရီးလား၊ ခရီးသွားနိုင်ဖို့ ငါ့မှာ ဘာတွေလိုအပ်မလဲ ဆိုတာတွေကို စဉ်းစားကြဖူးပါတယ်။

ဒီလိုပါပဲ ဘဝခရီးတစ်ခုကိုသွားနေတဲ့ လူသားတွေအဖို့ ကိုယ်ဘာတွေလုပ်ချင်တာလဲ၊ ဘာတွေလိုအပ်မလဲ ဆိုတဲ့ အချက်တွေဟာ အရေးကြီးပါတယ်။
ဘဝခရီးကိုလျှောက်လှမ်းဖို့ ခွန်အားအပြည့်ရှိနေတဲ့ လူငယ်များအတွက် ကိုယ့်ရွေးချယ်မှုတွေကို ကိုယ်တိုင်ကျေနပ်နိုင်မှုဟာ အောင်မြင်မှုရဲ့ သော့ချက် ပါပဲ။

ဒီကနေ့ Compu Tech ICT Institute ကပြုလုပ်တဲ့ ‘Friday Talk Program’ မှာ ကျောင်းသား၊ကျောင်းသူများအတွက် KMT က ဆရာမဒေါ်စပယ် ဝေမျှခဲ့တဲ့ အကြောင်းအရာလေးကတော့ “ကိုယ်ဟာဘယ်သူလဲ” ဆိုတာပါပဲ။

ဆွေးနွေးပွဲလေးဖြစ်မြောက်အောင် ဖိတ်ခေါ်ပေးခဲ့ပါသော Compu Tech ICT Institute မှ ကျောင်းအုပ်ဆရာကြီးဒေါက်တာဝင်းဌေး၊ Activity များပြုလုပ်ရာမှာ တက်တက်ကြွကြွပါဝင်အားဖြည့်ခဲ့ပါသော ဆရာ၊ဆရာမများနှင့်တကွ Compu Tech ကျောင်းသူ၊ကျောင်းသားအားလုံးကို Kharismatic Learning Center က များစွာကျေးဇူးတင်ရှိပါတယ်။

04/11/2022

ပညာသင်ယူ/သင်ကြားခြင်းတွေကို ဘာကြောင့်လုပ်ကြတာပါလဲ? 📚

ဘဝတလျှောက်မှာ ကောင်းမွန်မှန်ကန်စွာ နေထိုင်ရှင်သန်စေဖို့၊ ဝပြောသာယာတဲ့ လူ့ဘောင် ဖြစ်ထွန်းစေဖို့လို့ ကောက်ချက်ချရင် မှားမယ်မထင်ပါဖူး။

တရားမျှတတဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ်ဟာ သာယာဝပြောမှုကိုလည်း ဆောင်ကျဉ်းနိုင်ပါတယ်။
လူသားတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာတရား၊ စာနာမှုတွေနဲ့ ဆက်ဆံကြရင် သာယာဝပြောတဲ့ လူမှုဝန်းကျင်ဖြစ်လာတော့တာပေါ့။

ဒါကြောင့် ပညာရေးမှာ Life Skills လို့ ဆိုကြတဲ့ လူမှုရေးပညာရပ်လို ဘာသာတွေကို အလေးပေးသင်ကြားဖို့ဟာ အရေးကြီးကြောင်း ပညာရှင်အဆက်ဆက်က ထောက်ပြခဲ့ကြပါတယ်။

Life Skills ဆိုတာကို မြန်မာမှုပြုထားတဲ့ “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ဟာ မူလတန်းအရွယ် ကတည်းက စနစ်တကျ သင်ကြားပေးသင့်တဲ့ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ကျောင်းအတော်များများမှာ ဘဝတွက်တာအချိန်တို့ ကာယအချိန်တို့ဆိုရင် ကလေးတွေကို ကျောင်းဝင်းထဲ မြက်နှုတ်ခိုင်းတာ ဒါမှမဟုတ် သင်ခန်းစာများတဲ့ တခြားဘာသာရပ်တစ်ခုကို အစားထိုးသင်တာမျိုးတွေပဲ များကြပါတယ်။

ဆရာတွေက တန်ဖိုးမထားတဲ့အခါ ကလေးတွေကလည်း ဒီဘာသာရပ်တွေဟာ သင်္ချာ၊ အင်္ဂလိပ်စာစတဲ့ ဘာသာရပ်တွေလို အရေးမပါဖူးလို့ ထင်မှတ်သွားကြပါတယ်။

တကယ်လို့ သင်ကြားခဲ့ရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ကလေးတွေ ရင်ထဲ ရောက်ရှိအောင်သင်မလဲဆိုတာဟာ ဆရာတွေအတွက် စိန်ခေါ်ချက်တစ်ခုပါပဲ။

ဒီစိန်ခေါ်ချက်ကို ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲ ဆိုတာကို ဝိုင်းဝန်းအဖြေရှာကြည့်ကြရအောင်လား။ 🤝

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00