SMART KIDS -Zifam

SMART KIDS -Zifam

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMART KIDS -Zifam, No95/B, 95 Residence , Kyaik Waing Pagoda Road, 8th Mile, Mayangone Township, Yangon.

08/05/2026

📌 ကလေးတွေနှာခေါင်းသွေး ဘာကြောင့်လျှံသလဲ...

👉 နှာခေါင်းသွေးလျှံတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လူကြီးရော၊ ကလေးပါ မကျန် လျှံတတ်ကြပါတယ်။

✅ ကိုယ့် မိသားစု၊ သားသားမီးမီးတွေထဲမှာလည်း တစ်ခါတစ်ရံ နှာခေါင်းသွေး လျှံတတ်သူရှိရင်တော့ မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့နှာခေါင်းတည်ဆောက်ပုံကတော့

➡️ နှာခေါင်းအလယ်တည့်တည့်မှာ ညာဘက်နဲ့ ဘယ်ဘက်ကိုခြားထားတဲ့ နံရံလေးရှိပါတယ်။နံရံထိပ်ပိုင်းနား အပေါက်ဝနဲ့ ကပ်နေတဲ့နေရာမှာ နံရံခြားထားတဲ့ အရိုးနုပေါ်မှာ အသားနုလေးရှိပါတယ်။ အသားနုအောက်မှာ အင်မတန်ထိခိုက်နိုင်တဲ့ သွေးကြောလေးတစ်ကြောရှိပါတယ်။

➡️ ဒါကြောင့် ကလေးက နှာခေါင်းကလော်ရင်း ကုပ်မိရင် သွေးကြောက ရောင်ပြီး ပေါက်သွားနိုင်တာမို့ နှာခေါင်းသွေးဆိုတာ အလွယ်တကူလျှံနိုင်တဲ့ အရာဖြစ်ပါတယ်။ အသားမရှိဘူး၊ အကာအကွယ်မရှိဘဲ နံရံအရှေ့ပိုင်းအပေါက်ဝမှာ ကပ်နေတဲ့နေရာမှာရှိသော သွေးကြောလေးပေါက်သွားရင် နှာခေါင်းသွေးလျှံတာ ဖြစ်တတ်ပါတယ်။ အများအားဖြင့် နှာခေါင်းယားတာ၊ ကလော်တာ ကုတ်တယ်ဆို ထိခိုက်မိပြီး သွေးထွက်လာပါတယ်။ ကိုယ့်ကလေးကို ဘာကြည့်ပေးရမလဲဆိုရင် ဒီ တစ်နေရာထဲက ထွက်တာလား၊ တခြားသွေးယိုတဲ့ရောဂါရှိနေလား၊ ရှိနေရင်တော့ အခြားနေရာတွေမှာ သွေးခြေဥတာ၊ သွေးကြောပေါက်တာ၊ အညှိအမဲစွဲတာ၊ သွားတွေ အလိုလိုသွေးထွက်တာ ရှိလား စစ်ဆေးပေးရပါမယ်။ ကလေးတော်တော်များက နှာခေါင်းယားလို့ပွတ်တဲ့အခါ ဖြစ်တာ များကြပါတယ်။

👨‍👩‍👦 ဒါ့အပြင် မိဘတော်တော်များက ကလေး နှာခေါင်းသွေးထွက်တာနဲ့ သွေးကင်ဆာဖြစ်ပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် မိဘတွေအနေနဲ့ မိမိကလေးက ဘယ်နေရာကနေ သွေးထွက်နေလဲ၊ သွေးအားနည်းနေတာလား၊ အလွယ်တကူ သွေးယိုတတ်တဲ့လက္ခဏာရှိတာလား၊ လည်ပင်းအကြိတ်တွေရှိလား စတာတွေကို စစ်ဆေးကြည့်ပေးရမှာပဲ ဖြစ်ပါတယ်။

🧐 ဒါဆို ကလေးတွေနှာခေါင်းသွေးလျှံရင် မိဘအနေနဲ့ ဘယ်လိုလုပ်ပေးလို့ရမလဲ

✅ တော်တော်များများကတော့ နှာခေါင်းသွေးလျှံတာကို ရှေးဦးသူနာပြုနည်းနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။
ဥပမာ - ကလေးကို ခေါင်းငုံ့ခိုင်းထားပြီး ကလေးရဲ့ နှာခေါင်း အပျော့နေရာလေးကို လက်ညှိးနဲ့ လက်မနဲ့ ဖိထားရပါမယ်။ ဖိပြီး ပိတ်တာကို (၅) မိနစ် တင်းတင်းလေးဖိထားရပါမယ်။ ပြီးရင် အဲ့အချိန်မှာ ပါးစပ်နဲ့ အသက်ရှူခိုင်းရပါမယ်။ (၅) မိနစ်ကြာရင် ဖြည်းဖြည်းလေး ပြန်လွှတ်လိုက်ရပါမယ်။ အဲ့ဒီလိုဆို အဲ့သွေးကြောလေး ခဲပြီး ပြန်ပိတ်သွားမှာပဲ ဖြစ်ပါတယ်။

➡️ အပြင်ကနေလည်း ရေခဲတင်လို့လည်း ရပါတယ်။ ဒါပေမဲ့ ရေကိုတော့ မရှူခိုင်းသင့်ပါဘူး။ ရေရှူခြင်းအားဖြင့် ခဲပြီး ပိတ်နေတဲ့သွေးခဲလေးက ပွင့်သွားပြီးသွေးပြန်ကျလာပါမယ်။ ဥပမာအားဖြင့် လက်မှာဓါးထိလို့ သွေးထွက်ရင် လက်သုတ်ပဝါဖြင့် အားနဲ့ ဖိထားရင် (၅) မိနစ်ဆို သွေးတိတ်သွားပါတယ်။ အဲ့သဘောမျိုးပါပဲ။

➡️ နောက်တစ်ခုက နှာခေါင်းက ရောင်နေ၊ ရဲနေတာမျိုး၊ ပိုးဝင်တာမျိုးလို့ ယူဆရရင် ပိုးသတ်ဆေးပေးရပါမယ်။ နှာခေါင်းခဏခဏ ယားနေလား၊ ခဏတိုင်း ချီနေသလား၊ ဓါတ်မတည့်တာရှိလား ဆိုတာတွေကို ကြည့်ပေးပြီး တစ်ခုခု ရှိနေရင် ကုသရပါမယ်။ နှာခေါင်းသွေးလျှံတာက ကြီးမားတဲ့ရောဂါတော့ မဟုတ်ပါဘူး။

✅ ဒါပေမဲ့ ကလေးက အမြဲလျှံတတ်တယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ပြပြီး ဖြစ်နိုင်တဲ့ အကြောင်းရာလေးတွေရှာဖို့ မိဘတွေကို အကြံပြုချင်ပါတယ်နော်။

📌 မှတ်ချက်။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၁ ရက်နေ့ တွင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်းဆွေးနွေးပြောကြားခဲ့တဲ့ (မေးလိုရာမေး ကလေးကျန်းမာရေး) Facebook Live အစီအစဥ်မှ မှီငြမ်းရေးသားထားခြင်းဖြစ်ပါတယ်။





# #မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့

03/04/2026

📌 ကလေးများတွင် အပူချိန်ကြီးခြင်းကြောင့် အဖျားတက်ခြင်း ...

☀️ အခုလို ရာသီဥတုပူပြင်းလွန်းလှတဲ့အချိန်မှာ သားသားမီးမီးလေးတွေမှာ အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်တတ်တဲ့ အဖျားကြီးခြင်းအကြောင်းအရာနဲ့ပတ်သက်ပြီး ဖေဖေမေမေတွေ သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာအသိပညာဗဟုသုတများကို

👨‍⚕️ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဦးစောဝင်းမှ 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦-𝗭𝗶𝗳𝗮𝗺 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် ယခုလိုဆွေးနွေးပြောကြားပေးထားပါသည်။

💊 ဤအစီအစဉ်ကို 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် ကလေးတိုင်းချစ်တဲ့ 𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးမှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်၍ တင်ဆက်ပေးထားပါသည်။

𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth, and create trusted value for all stakeholders.

👉 သတိပေးချက် - ဤအစီအစဉ်သည် ကျန်းမာရေးဆိုင်ရာ အသိပညာပေးရန်အတွက်သာ ရည်ရွယ်ပါသည်။ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေအလိုက် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဖော်ပြပါကျန်းမာရေးဗဟုသုတများကို အခြေခံ၍ မိမိသဘောဖြင့် ရောဂါကုသခြင်း၊ ရောဂါအမည်တပ်ခြင်းများကို လုံးဝပြုလုပ်၍မရနိုင်ပါ ...







#ကလေးတိုင်းချစ်တဲ့

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No95/B, 95 Residence , Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00