Media Ribbon Publishing House
Online Book Store in Yangon
07/03/2017
“ဘဝဓားသွားပေါ်က ခါးသီးတဲ့ပျားရည်စက်”(အပိုင်း-၂)
ရေးသူ။ ။ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)၊
SPEAKER Journal Vol.(1) No(15) March (2 – 8) 2017
နိုင်ငံတကာဝါဒကိုအကောင်အထည်ဖော်သွားသော တော်လှန်ရေးသမား ဆရာဝန်တစ်ဦး၏ဘဝ။ စပိန် ပြည်တွင်းစစ် ဖက်ဆစ်ဖရန်ကို တပ်နီတော် တပ်သားများက ဖက်ဆစ်ဂျပန်တို့နှင့် ရင်ဆိုင်အတွေ့ လှံနှင့်ထိုးတိုက်ရာ တွင် မော်စီတုန်းနာမည်မကြွေးကြော်၊ ချူအင်လိုင်းနာမည် မကြွေးကြော်၊ “ပိုင်ချူအင်”ဆိုသည့် တရုတ်ဘာသာ ဖြင့် ဗက်သွန်းအမည်ကိုကြွေးကြော် စစ်ထိုးခဲ့ကြသည်။
ဗက်သွန်းကွယ်လွန်တော့ တရုတ်ပြည်သူအားလုံးငိုကြွေးခဲ့ကြသည်။ ဥက္ကဌမော်က ‘ဒေါက်တာဗက် သွန်းအတွက် တရုတ်ပြည်သူသန်း ၇၀၀ ရဲ့မျက်ရည်တွေနဲ့ငိုကြွေးနေရုံနဲ့ သူ့ဂုဏ်ပုဒ်ကိုမီမယ်မထင်ဘူး။ သမုဒ္ဒရာ ခုနစ်စင်းပြည့်အောင် ငိုကြွေးရင်လည်းမလုံလောက်နိုင်ဘူး”ဟုပြောသည်။ ကျွန်တော်မှားခဲ့ပြီ။ ဗက်သွန်းလိုဆ ရာဝန်မဖြစ်နိုင်တော့။ ပဲခူးရိုးမတစ်နေ ရာတွင်ကျဆုံးခဲ့သော သူရဲကောင်းဆရာဝန် ဒေါက်တာနက်(ခ)ရဲဘော် ထွန်းမောင်လို တော်လှန်ရေးသမားဆရာဝန် မဖြစ်နိုင်တော့။ ဒါက ‘ပထ မနောင်တ’….။
ဒုတိယအကြိမ် ဆရာညီပုလေးရဲ့ “ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်”စာအုပ်ထူကြီး။ ညီ ပုလေးကို ကျွန်တော်က’ဗိုလ်ညို’ဟုခေါ် သည်။ ဗိုလ်ညိုကတစ်အုပ်ချင်းလက်ဆောင်ပေးသည်။ ကျွန်တော်တို့က သူ့ အမေနှင့် နိုင်ငံရေး သွေးသားရင်းချာများ။ ဗိုလ်ညိုနှင့်လည်း ဒီဖက်ခေတ်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်ပါသည်။ “လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ”မှာ သူ့ကို ဝတ္ထုရှည်ဆရာအဖြစ် အသိအမှတ်ပြုပါသည်။ အနှီ”ဓားသွား”စာအုပ် ကတော့ ကျွန်တော်အကြိုက်ဆုံး ဝတ္ထုရှည်များစာရင်းတွင် သွင်းလိုက်နိုင်ပါပြီ။
ဒေါက်တာသိန်းလှိုင်ကို ကျွန်တော်တို့ဆေးတက္ကသိုလ်ကျောင်းသား ဘဝကတည်းက ပုံပြင်သဖွယ်ကြား ဖူးနေသည်။ နာဂသိန်းလှိုင်ဟုခေါ်သည့် အကြောင်း၊ ထိုဆရာဝန်က ခေါင်းကိုအပေါင်ထား၍ ကုပ်ပေါ်မိုးထား သည့် ဓားအောက်တွင် လည်ပင်ကြီးရောဂါခွဲပေးသည့်အကြောင်း၊ သို့ရာတွင် ထိုအချိန်က ဆေးပညာလောက တွင် ဆရာသိန်းလှိုင်ကို ဗျူရိုကရက်ဆရာဝန် ကြီးများက စိတ်မမှန်သူလို့ သဘောထားခဲ့ကြသည်။ နောက်ဆရာ ကြီး မန္တလေးသို့ မီးရထားဆရာဝန်ကြီးအဖြစ်ရောက် လာကြောင်းကြားရ သည်။ မေမြို့တွင်လူနာတွေ ခွဲစိပ်ပေး နေသည့်အကြောင်း စသည် စသည်….။
ဗိုလ်ညို၏စာအုပ်လက်ဆောင်ရတော့ ဝမ်းသာအယ်လဲဖတ်မိသည်။ လက်ကမချနိုင်တော့…။ တစ်တွဲပြီး တစ်တွဲ မျှော်ရသည်။ အားလုံးဖတ်ပြီးတော့ ဘဝတွင် ဆရာသိန်းလှိုင်လို ပြည်သူကို အမှန်တကယ်အလုပ် အ ကျွေးပြု သည့်’နှလုံးလှဆရာဝန်’မျိုး ကျွန်တော်မဖြစ်နိုင်တော့ပြီဟု ဒုတိယ အကြိမ်နောင်တရသည်။
ဗိုလ်ညိုရေးခဲ့သည့်”မြေးသူကြီး”ကမူလတန်းအဆင့်ဖြစ်ပြီး ဒီစာအုပ် ကတော့သူ၏ ဂန္ဃဝင်မြောက်လက် ရာ (Masterpiece)ဟု ဆိုချင်သည်။ ပရော်ဖက်ရှင်နယ်သမားတစ်ဦးကို အပျော်တမ်းကစားသမားက အကဲဖြစ်ရ တာတော့ အားနာပါသည်။ စာအုပ်အကြောင်းအရာနှင့် ဆရာသိန်းလှိုင်၏ ကြမ်းတမ်းပြင်းထန်လှသည့်ဘဝက သယ်သွား၍ထင်သည်။ ဗိုလ်ညိုရေးဟန် သွက်လက်ပြီးပြောင်းသွားသည်။ ရွှန်းစိုချိုမြနေသည်။ ဆရာသိန်းလှိုင်၏ အချစ်ခရီး၊ အိမ်ထောင်ရေး၊ ပုဂ္ဂိုလ်ရေးခံစားချက်များကတော့ မှိန်ဖျော့နေ၏။ အထူးသဖြင့် ဆရာသိန်းလှိုင်၏ဖ ခင်ကြီးအခန်း အနည်းငယ်မျှသာ ပါဝင်သော်လည်း ဇာတ်ကောင်စရိုက် ပြိုးပြက်ထိုးထွက်နေသည်။ ကာယကံ ရှင် ပြောသမျှအပေါ် မျောပါသွားသဖြင့် ရသဟန်ရင်ခုန်သံအချို့တော့ ပြယ်နေ သည်ဟုတော့ဆိုချင်ပါသည်။ ဒီစာအုပ်သည် လှပသောအဆိပ်ပန်းများမ ဟုတ်။ ပြည်သူ့ဆရာဝန် နှလုံးလှဆရာဝန်ဆိုတာ ဒါပဲဟေ့ဟု လက်ခ မောင်းခ တ်ပြနိုင်သည့် စာအုပ်ဖြစ်သည်။
အပိုင်း - ၃ နောက်ဆုံးအပိုင်းတွင်ဆက်ဖတ်ပါ။ တကယ့်ဇာတ်လိုက်အကြောင်းက အပိုင်း-၃ နဲ့ဇာတ်သိမ်း ထားလို့ပါဗျ။
07/03/2017
“ဘဝဓားသွားပေါ်က ခါးသီးတဲ့ပျားရည်စက်”
ရေးသူ။ ။ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)၊
SPEAKER Journal Vol.(1) No(15) March (2 – 8) 2017
ဖော်ဖော်ဝါရီ ၁၂ ရက်ကမန္တလေးမြို့ မြဝတီကျောင်းတိုက်တွင်ကျင်းပသော “မြောက်ပိုင်းအေဘီ လူသတ်ပွဲကြီး အတွင်း ကျဆုံးရဲဘော်များ အောက်မေ့ဖွယ်အခမ်းအနား”တက်ရောက်ခဲ့သည်။ ကျွန်တော်က “လူသတ်ဝါဒ ကျဆုံးပါစေ”ခေါင်းစဉ်ဖြင့် ပါဝင်တင်ပြခဲ့သည်။ နောက်ရက် ၁၃ ရက်တွင် မန္တလေးလူထုနေရာ၌ ဆရာညီပုလေး ၏စာအုပ်”ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်”ဆုပေးပွဲအခမ်းအနားတွင် မုဒိတာ စကားပြောရမည်။ သို့ရာတွင် ၁၂ ရက်ညကတည်းက အပြင်းဖျားပြီး ၁၃ ရက်မနက်တွင်ဆေးရုံပေါ် ရောက်သွား သည်။ ခေါင်းမထောင်နိုင်သဖြင့် ဖုန်းဆက်အကြောင်းမကြားနိုင်။ အခမ်းအနားလည်းမတက်တော့။ ကျွန်တော် ပြောချင်သည် များကိုရေးလိုက်ပါပြီ…..။
ကျွန်တော် ၁၉၆၉ ခုနှစ်မတ်လတွင် ဆယ်တန်းအောင်ပြီး ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက် တွင်မန္တလေးဆေးတက္ကသိုလ်စတက်သည်။ ဆရာဝန်မဖြစ်ခဲ့။ ၁၉၆၉ ခုနှစ်တွင် ဆေးတက္ကသိုလ်တက်ရောက်ပြီး ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်းမှ) ရူပဗေဒဖြင့် သိပ္ပံဘွဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့နေအဖြစ် စတင်လိုက်ပါသည်။ နိုင်ငံတော်အစိုးရမင်းများကမူ သူပုန်အဖြစ် သတ်မှတ်ပြီး “နရသိန်စံအိမ်တော်”တွင် နှစ်ရှည်လများ စောင့်ရှောက်ထားသည်။
ဆရာဝန်မဖြစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဘဝတွင်တစ်ကြိမ်မှ နောင်တမရခဲ့ဘူး။(စာအုပ်နှစ်အုပ်မ ဖတ်ရသေးခင် အချိန်ထိ) စာပေအနုပညာစိတ်ဝင်စားသော်လည်း ဆရာဝန်စာရေးဆရာများ စိတ်မဝင်စား။ သူတို့၏ ဆေးပညာဝတ္ထုများကိုမကြိုက်။ ဒေါက်တာမောင်သင်ကိုပင် “တူပျော်ပျော်ဘယ်ခါ”ဝတ္ထု ဖတ်ရတော့မှ မောင်သင်ဟု အသိအမှတ်ပြုခဲ့သည်။ မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ကော်မတီဝင်အဖြစ် (၁၉၇၁) ဒု တိယအကြိမ်နှင့် တတိယအကြိမ် မဂ္ဂဇင်းကိုင်ခဲ့ရသည်။ ထိုကာလများကလည်း မဂ္ဂဇင်းတွင် ဆေးပညာပေးများ ပါလာလျှင် ကျွန်တော်မဲမပေးခဲ့။ ခေတ်ကိုဖော်ကျူးထင်ဟပ်သည့် ခေတ်ပြိုင်စာများသာ ရွေးချယ်ခဲ့သည်။
၁၉၇၄-၇၅-၇၆ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်ကြီးများကို ဖြတ်သန်းပြီး ကျွန်တော် အင်းစိန် တောရတွင် ခုနစ်နှစ်တက်ရောက် ပညာသင်ကြားခွင့်ရသည်။ ထိုစဉ်က အင်းစိန်ထောင်ဆရာဝန်ကြီးမှာ ဒေါက်တာသန်းထွန်းဖြစ်သည်။
အလွန်သဘောကောင်းပြီး ကျောင်းသားလူငယ်များကို ဂရုစိုက်သည်။ ဆေးတက္ကသိုလ်ကျောင်းသား များကို တတ်နိုင်သမျှကူညီသည်။ သူ့ထံဆေးရုံတက်စဉ် စာအုပ်တချို့ဖတ်ရရာ O’ Henery’s Amrican Scence စာအုပ်ပါလာသည်။ နောက်စာအုပ်မှာ ကျော်အောင်ဘာသာပြန်သည့် “နှလုံးလှဆရာဝန်”ဖြစ်သည်။ တရုတ် ပြည်တော်လှန်ရေးတွင် အသက်စွန့်အလုပ်အကျွေးပြုခဲ့သော ကနေဒါနိုင်ငံသား ဒေါက်တာ နော်မန်ဗက်သွန်းအ ကြောင်းဖြစ်သည်။ ထိုစာအုပ်ကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ကြွေးကြော်သံ ဗမာပြည်သူ့အသံမှ လွှင့်သည်။ ကျွန်တော်စိတ်မဝင်စား။ ယခုဖတ်ရပြီ။ ဘာသာပြန်ကလည်းကောင်းတော့ လက်ကမချနိုင်တော့။
(ဆက်လက်ဖော်ပြပါမည်)
24/02/2017
လိုက်ခဲ့ဖို့ခေါ်ချင်ပါတယ်
သို့မဟုတ် သင်တို့ရဲ့ စာအုပ်အ၀ယ်တော်
၂၆.၂.၁၇ တွင်ဖွင့်လှစ်တော့မယ့် Yangon Book Plaza ကြီးထဲတွင် WE Distribution ရဲ့ ဆိုင်ခန်းလည်း ပါရှိပါတယ်။ စာအုပ်တိုက်ပေါင်းစုံက စာအုပ်ပေါင်းစုံကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
WE Distribution စာအုပ်ဆိုင်ကတော့ အခြားစာအုပ်ဆိုင်တွေနဲ့မတူဘဲ နည်းနည်း ထူးခြားတာလေးတွေ ရှိပါသေးတယ်။
Yangon Book Plaza ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် YBP မှာ ပါဝင်တဲ့ စာအုပ်တိုက် ၃၀ ကျော်တို့က အနည်းဆုံး ၁၀%ကနေ ၅၀% ထိ လျှော့ဈေးတွေနဲ့ ၂၆.၂.၁၇ မှ ၇.၃.၁၇ ထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Yangon Book Plaza မှာ အခါအားလျှော်စွာ စာအုပ်ဈေးလျှော့ရောင်းချခြင်း၊ စာရေးသူများ အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချခြင်း၊ မိတ်ဆက်ပွဲတို့လည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာကိုပဲ ၄.၃.၁၇ မှာ ဆရာနေဘုန်းလတ်ရဲ့ စာအုပ်မိတ်ဆက်ပွဲအဖြစ် စာအုပ်လက်မှတ်ရေးထိုးခြင်း၊ စာအုပ်ဈေးလျှော့ခြင်းတို့နဲ့အတူ ကျင်းပမှာ ဖြစ်သလို၊ ၁၂.၃.၁၇ ရက်မှာ ဦးဝင်းတင် မွေးနေ့ စာပေပွဲတော်၊ ၁၈.၃.၁၇ မှာ မြန်မာဝတ္ထုတိုရာပြည့်ပွဲတော်တို့ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဝတ္ထုတိုရာပြည့်ပွဲတော်မှာဆိုရင် စိတ်ကူးကူးချိုချို၊ မဟာစာပေနဲ့ ငါတို့စာပေ တိုက်ထုတ် ၀တ္ထုတိုပေါင်းချုပ်စာအုပ်အားလုံးကို ၃၀%လျှော့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
ဆိုတော့ကာ အဆိုပါ ပွဲကြီးပွဲကောင်းတွေကို မြန်မာတစ်ပြည်လုံးက စာပေချစ်သူတွေလည်း ပါဝင်ဆင်နွှဲချင်ကြမယ်လို့ ယုံကြည်ပါတယ်။
Yangon Book Plaza မှာ ကျင်းပမယ့် ပွဲတိုင်းကို WE Distribution ကနေ လူကြီးမင်းတို့ကိုယ်စား စာအုပ် အ၀ယ်တော် အဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အထူးလျှော့ဈေးများ၊ စာရေးဆရာ အမှတ်တရ လက်မှတ်များ ရရှိသွားအောင် ၀န်ဆောင်မှူပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် YBP ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး စာအုပ်တွေရွေးချယ်ကာ မိမိတို့ ချစ်ရခင်ရသူတွေဆီ လက်ဆောင်ပေးပို့လိုပါကလည်း WE Distribution ကောင်တာကနေ တစ်ဆင့် မြန်မာတစ်ပြည်လုံးကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
လူကိုယ်တိုင် လာရောက်ဖို့ အဆင်ပြေသူများအနေနဲ့လည်း လမ်းမတော် သံဈေး ငါးလွှာမှာရှိတဲ့ Yagon Book Plaza ကို တစ်ခေါက်တစ်ခါ အရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Yangon Book Plaza အကြောင်း အသေးစိတ် သိရှိလိုသူများအနေနဲ့လည်း အောက်ပါလင့်ကို သွားရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/yangonbookplaza/
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11062