Helping Hands
Action Against Hunger!
15/02/2020
ပရဟိတလုပ်အားပေးအလိုရှိပါတယ်!!
………………………………
Hello!! အားလုံးပဲမင်္ဂလာပါ.. February လရဲ့ Mobile Soup Movement လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အရင်လတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်ကူညီပေးခဲ့ကြတဲ့ volunteer တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ဒီတစ်လမှာလဲ ရိက္ခာထုပ်လေးတွေကိုလိုအပ်နေတဲ့သူတွေဆီပို့ပေးနိုင်ဖို့ လုပ်အားပေးလူငယ်လေးတွေလိုအပ်နေပါတယ်။ ဒါကြောင့် မှောင်မိုက်နေတဲ့ကမ္ဘာကြီးအတွက် အလင်းပေးချင်တဲ့ မည်သူ့ကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်နော်...………………………………………………………………
ကျွန်မတို့ရဲ့ campaign လေးမှာ volunteer တစ်ယောက်အဖြစ် ပါဝင်ကူညီပေးချင်ပါသလား???
ဒါဆိုရင်တော့ Mobile Soup Movement အကြောင်းလေးကို အရင် ရှင်းပြမယ်နော်! ဒီ လှုပ်ရှားမှုလေးကတော့ ရိုးရှင်းပါတယ်။ လတိုင်း ကျွန်မတို့ နှစ်ယောက်က care packages (ရိက္ခာထုပ်) တွေကို Children of Tomorrow Youth Centre မှာ အဆင်သင့်ထားရှိပေးပါတယ်။ ရိက္ခာထုပ်တွေထဲမှာ မုန့်ခြောက်တွေ၊ နေ့စဉ် လိုအပ်မယ့် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပါဝင်ပါတယ်။ လိုအပ်နေတဲ့သူတွေအတွက် အသုံးဝင်မယ့်ပစ္စည်းတွေပေါ့။ ဒီရိက္ခာထုပ်တွေကို လိုအပ်နေတဲ့လူတွေ လက်ထဲအရောက် ဝေမျှပေးဖို့ကတော့ သင်တို့လို ကူညီတတ်တဲ့စိတ်ထားရှိတဲ့လူတွေကို အားကိုးပါရစေနော်!
သင်တို့အနေနဲ့ လုပ်ရမှာကတော့ မခက်ခဲပါဘူး... ဒီရိက္ခာထုပ်လေးတွေကို လာယူပြီး လိုအပ်နေတဲ့ လူတွေလက်ထဲအရောက် ပို့ဆောင်ပေးရုံပါပဲ!!!ဒီလအတွက် ရဲ့ ရိက္ခာထုပ်တွေကတော့ အဆင်သင့်ဖြစ်နေပါပြီနော်!!!
ဒါကြောင့်...09254431992 ကိုဆက်သွယ်ပြီး
၁။ အမှတ် 54(A)၊ ဇေယျသုခလမ်း၊ သုဝဏ သင်္ဃန်းကျွန်းမြို့နယ်မှ
၂။ ရိက္ခာထုပ် ဘယ်နှထုပ်လာယူမလဲဆိုတာနဲ့
၃။ ဘယ်အချိန်လာယူဖြစ်မလဲဆိုတာတွေကို မေးမြန်းအကြောင်းကြားနိုင်ပါတယ်။ (ရိက္ခာပစ္စည်းတွေထည့်ဖို့ အိတ်တွေကူညီပေးတဲ့ Lady’s era ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။)
Click here to claim your Sponsored Listing.
Category
Address
Sanchaung Tsp
Yangon
09421111111