The Football Arena - Myanmar

The Football Arena - Myanmar

Share

Sports Media

19/08/2025

အက်ဇေးက ခြေစွမ်းကောင်းသလို မှန်ကန်တဲ့စိတ်သဘောထားနဲ့ ခံယူချက်ကောင်းတွေရှိတယ်။ ကျွန်တော်ကအက်ဇေးနဲ့ အိုလစ်ဆီဆို ခြေစွမ်းပိုင်းအရ အိုလစ်ဆီကိုပိုသဘောကျတဲ့သူ။ ဒါပေမဲ့ အသင်းအပေါ်ထားတဲ့ စိတ်သဘောထားနဲ့ ခံယူချက်ပိုင်းတွေမှာတော့ အက်ဇေးကို ပိုသဘောကျရတယ်။ အိုလစ်ဆီ အသင်းကထွက်တဲ့အချိန် အက်ဇေးကိုလည်း ခေါ်ချင်တဲ့အသင်းတွေရှိခဲ့တယ်။ ဒါပေမဲ့ ပဲလေ့စ်က သူ့ကိုလက်မလွှတ်ချင်ဘူး၊ သူကိုယ်တိုင်းလည်း စောဒကမတက်ပဲ အသင်းဆန္ဒအတိုင်းဆက်နေပီး ပဲလေ့စ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနှစ်ဖြစ်အောင် အများကြီးစွမ်းဆောင်ပေးခဲ့တယ်။ ဒီရာသီအစမှာလည်း အသင်းပြောင်းဖို့ အနီးစပ်ဆုံးအခြေအနေဖြစ်နေသည့်တိုင် အသင်းအတွက်အာရုံစူးစိုက်မှုအပြည့် မြင်နေရတုန်း။ သိပ်ကိုသဘောကျရတယ်၊ ဒီဖက်ခေတ်မှာ ဒါမျိုးကစားသမားတွေ ရှိတော့ရှိတယ်၊ နည်းသွားတယ်။

အက်ဇေးက လက်ရှိမှာ အသက် 27နှစ်၊ အကောင်းဆုံးအရွယ်ဖြစ်သလို peak form ရောက်နေတဲ့ကစားသမား။ စပါးကိုရောက်ဖို့တော့ အနီးစပ်ဆုံးဖြစ်နေပီ။ အာဆင်နယ်နဲ့စပါးဆိုရင် စပါးကိုပိုရောက်စေချင်တယ်။ တခြားတော့မဟုတ်ပါဘူး၊ အသင်းကြီးတွေကြား ကစားသမားအင်အား မျှခြေပိုဖြစ်သွားစေချင်တာမျိုးပေါ့။ အက်ဇေး၊ ကူးဒူးစ်အတွဲဟာ ကွန်ညာ၊ အမ်ဗျူမိုလိုပဲ ရင်ခုန်စရာကောင်းလိမ့်မယ်၊ စိတ်ဝင်စားစရာကောင်းလိမ့်မယ်။ ပရီးမီးယားလိဂ်အသင်းကြီးတွေ တခြားလိဂ်တွေက စတားပလေယာတွေထက် ကိုယ့်လိဂ်က proven player တွေကိုပဲ အာရုံစိုက်လာတာကြည့်ရင် ပရီးမီးယားလိဂ်က တခြားလိဂ်တွေထက် ပိုခက်ခဲလာတာတော့ အသေအချာပဲ။ ဘာရယ်တော့မဟုတ်ဘူး၊ ချဲလ်ဆီးနဲ့ပဲလေ့စ်ပွဲကြည့်တုန်းက အက်ဇေးတစ်ယောက် အားထည့်ကစားနေတာကိုကြည့်ပီး သူ့ရဲ့စိတ်သဘောထား၊ ခံယူချက်နဲ့ပတ်သက်လို့ သဘောကျမိတာလေးပါ ….

🔹Page သက်တမ်း 7နှစ်၊ Agent သက်တမ်း 3နှစ်အတွင်း နာမည်ပျက်မရှိပဲ Page Admin ကိုယ်တိုင်ဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ အိုင်ဘတ် ၇၈၉ Service.

🔹ဘောလုံးရာသီသစ်အတွက် အိုင်ဘတ် ၇၈၉ ကစားဖို့ ယုံကြည်စိတ်ချရတဲ့အေးဂျင့်ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရှိပါတယ်.

🔹အိုင်ဘတ် ၇၈၉ အတွက် Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ်.

06/08/2025

ဗာရက်တီက သူ့ era မှာအကောင်းဆုံးနဲ့ complete အဖြစ်ဆုံး ကွင်းလယ်ကစားသမားတစ်ယောက်။ မာကျောမှုနဲ့အနုပညာဆန်မှု နှစ်ခုစလုံးကို ဗာရက်တီဆီမှာ မြင်ရတယ်။ ကွင်းလယ်မှာ မာမာထန်ထန်ကစားနိုင်သလို သိပ်ကိုနုယွလှပတဲ့ ကစားဟန်တွေနဲ့လည်း ကစားကွက်နဲ့ဟန်ချက်ကို ကောင်းကောင်းပုံဖော်နိုင်တဲ့ကစားသမား။ ခံစစ်နဲ့တိုက်စစ်ကို ဗာရက်တီလောက် balance ဖြစ်ဖြစ် ကစားနိုင်တဲ့သူဆိုတာ လက်ချိုးရေလို့ရတဲ့အထိပါ။ ဘာစီလိုနာမှာ သူ့နေရာကိုအကောင်းဆုံးဆက်ခံနိုင်မဲ့ တစ်ဦးတည်းသောသူဆိုပီး အင်နီယေစတာရဲ့မှတ်ချက်ကို ရခဲ့သူပေါ့။ တကယ့်ကို midfield engine၊ အသင်းတစ်သင်းလုံးရဲ့ tempo အတင်အချကို တစ်ဦးတည်း တာဝန်ယူနိုင်တဲ့သူ။

close control အရမ်းကောင်းပီး ဘောလုံးကိုင်တွယ်ပုံ comfortable ဖြစ်တယ်။ ဗာရက်တီခြေထဲ ဘောလုံးရှိရင် လုယူဖို့မလွယ်သလို သူဘာလုပ်မလဲဆိုတာလည်း မှန်းဆရခက်ပါတယ်။ မြန်တယ်၊ creative ဖြစ်တယ်။ great vision ရှိသလို great passer တစ်ယောက်လည်းဖြစ်တယ်။ ကစားပုံ aggressive ဆန်ပီး အနည်းငယ်လည်း စိတ်ဆက်တဲ့သူပါ။ ကွင်းပြင်ပမှာတော့ အတော့်ကိုအနေအေးပီး နှိမ့်နှိမ့်ချချနေတတ်ကာ personality ပိုင်းအရမ်းကိုကောင်းတဲ့သူလို့ သူနဲ့နီးစပ်သူတွေကပြန်ပြောကြတယ်။ ဗာရက်တီနဲ့ပတ်သက်ရင် အရည်အသွေးနဲ့ထပ်တူကျတဲ့ အောင်မြင်မှုမျိုးတွေ မရခဲ့တာကတော့ အတော်လေးနှမြောစရာကောင်းပါတယ်။ ဒီကစားသမားဟာ ပိုကောင်းတဲ့အရာတွေနဲ့ပဲ ထိုက်တန်ခဲ့တာတော့ အမှန်ပါပဲ ….

🔹Page သက်တမ်း 7နှစ်၊ Agent သက်တမ်း 3နှစ်အတွင်း နာမည်ပျက်မရှိပဲ Page Admin ကိုယ်တိုင်ဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ အိုင်ဘတ် ၇၈၉ Service.

🔹ဘောလုံးရာသီသစ်အတွက် အိုင်ဘတ် ၇၈၉ ကစားဖို့ ယုံကြည်စိတ်ချရတဲ့အေးဂျင့်ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရှိပါတယ်.

🔹အိုင်ဘတ် ၇၈၉ အတွက် Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ်.

27/07/2025

နောက်ဆုံး ၄၊ ၅နှစ်အတွင်း ကျွန်တော်သဘောကျရတဲ့ တိုက်စစ်မှုးတွေထဲ ဗလာဟိုဗစ်ပါတယ်။ ဖီအိုရင်တီးနားက ဗလာဟိုဗစ်ဟာ သိပ်ကိုကြွယွလွန်းခဲ့သလို သိပ်ကိုသဘောကျခဲ့ရတယ်။ အဲ့နောက်မှာ ဂျူဗင်တပ်က သူ့အတွက်မှားယွင်းတဲ့အရွေ့တစ်ခုဖြစ်သွားတယ်လို့ ကျွန်တော်ထင်တယ်။ သူကိုယ်တိုင်လည်း နောက်ဆုံးနှစ်အပိုင်းအခြားတွေမှာ ဒါကိုနားလည်လိမ့်မယ်။ ခန့်အပ်လိုက်တဲ့ နည်းပြတွေက ဗလာဟိုဗစ်ကို သိပ်သဘောကျပုံမရပဲ ကိုလိုမူအာနီရောက်ပီးကတည်းက ပုံမှန်ပွဲထွက်ခွင့်လည်း သိပ််မရတော့ပါဘူး။ ဒါတောင်မှ အသင်းရဲ့ top scorer ကဗလာဟိုဗစ်ဖြစ်နေတုန်းပါ။ personally အရတော့ ဗလာဟိုဗစ်ကို goal poacher တစ်ယောက်အနေနဲ့မြင်မိတယ်။ အသင်းရဲ့ကစားကွက်ထဲပါချင်မှပါမယ်၊ သွင်းဂိုးတွေရဖို့အတွက်တော့ တစ်ဦးတည်းတာဝန်ယူနိုင်တယ်ဆိုတဲ့ပုံစံ။ သူ့ရဲ့ဒီပုံစံကြောင့်ပဲ modern playing style အသားပြုတဲ့ သီယာဂိုမော့တာ သဘောမကျခဲ့တာထင်ပါတယ်။

ဗလာဟိုဗစ်ရဲ့ပုံစံက ဆီမြွန်နီလိုနည်းပြမျိုးနဲ့ဆို တအားကြောက်ဖို့ကောင်းမှာ။ ဗလာဟိုဗစ်ဟာ box ထဲမှာ နေရာယူပုံကောင်းတယ်၊ movement တွေကောင်းတယ်။ box ထဲမှာဆို ထိန်းချုပ်ဖို့ခက်ပီး fox in the box စစ်စစ်ကစားသမား။ သူ့ရဲ့ strength နဲ့ power ကလည်းကောင်းတော့ ပြိုင်ဖက်ခံစစ်မှုးတွေအတွက် ပိုထိန်းချုပ်ရခက်တာပါ။ pressing အားနည်းတယ်၊ build up၊ hold up play တွေအကောင်းကြီးမဟုတ်ဘူး၊ ဒါပေမဲ့ area ထဲမှာတော့ ဗလာဟိုဗစ်ဟာ တကယ့် danger hit ပါ။ ကျွန်တော်က striker ဆိုရင် CF တွေ၊ target man တွေထက် goal poacher ပုံစံကို ပိုသဘောကျသူ။ goal poacher တွေကိုသဘောကျရတဲ့အကြောင်းပြချက်တွေထဲ ကာဗာနီကအဓိကပေါ့၊ ကာဗာနီကို သိပ်ကြိုက်ခဲ့ရတယ်။ အခုနောက်ပိုင်းမှာလည်း ဗလာဟိုဗစ်ပေါ့။ ဗလာဟိုဗစ်ဟာ နည်းပြအများစုကြိုက်ချင်မှကြိုက်မယ်၊ ဒါပေမဲ့ အသုံးချတတ်တဲ့နည်းပြနဲ့ဆို တကယ့်ကိုကြောက်စရာကောင်းမှာ အသေအချာပါ ….

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon