Love or Hate
A great deal of people and knowledgeable people
We will keep you posted and updated with the news.
07/03/2022
((ကျေးဇူးတရား))
ကျေးဇူးဆိုတဲ့ စကားလုံးက လူတွေကို
ချည်နှောင်နိုင်တယ်။
အဲ့ဒီကျေးဇူးတရားကို
သိပ်ပြီး သိတတ်ပြန်တော့လဲ သားစဉ် မြေးဆက် ဆပ်လို့ မကုန်နိုင်တော့ဘူး။
မသိတတ်ပြန်တော့လဲ ကျေးဇူး ကန်းတယ်
ပြောခံရအုံးမယ် မလွဲ ဧကန်ပေ၊
တစ်ချို့တချို့သော လူတွေက ကျေးဇူးဆိုတဲ့ စကားလုံးကို လက်နက် တခု အဖြစ် အသုံးချတတ်သွားတယ်။
တကယ်တော့ လူ့လောကကြီးမှာ
တစ်ယောက်ကို တယောက် မော့ကြည့်နေရတဲ့ အထက်အောက် ဆက်ဆံရေးမျိုးကို
နှစ်သက်တာ မကောင်းဘူး။
လူတယောက် ရေငတ်နေတယ်ဆိုရင် ရေရှိတဲ့ သူက ရေတိုက်ကို တိုက်ရမည်ဆိုတဲ့ အတွေး ရှိရမည်။
လူတစ်ယောက် ကိုယ့်ရှေ့မှာ လှဲကျနေရင် ထူပေးရမယ်ဆိုတဲ့ အသိစိတ်က
ရှိပြီးသားကို ဖြစ်နေရမည်။
ပြီးတော့ သိတတ်မူဆိုတဲ့ နောက်တခု **
အဲ့ဒီသိတတ်မူ့ဆိုတာကလဲ ကိုယ့်ကိုပေးကျွေးတဲ့ သူကိုပဲ သိတတ်နေလို့မဖြစ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို
အမြင်ကျယ်ကျယ်နဲ့ ကြည့်ပြီးတော့
ကူညီတတ်ရမည်။
အဲ့သလို ကူညီတဲ့နေရာမှာလဲ ချစ်ခြင်း မုန်းခြင်း မပါတဲ့ ဖြူစင်တဲ့ စေတနာ သန့်သန့်နဲ့ ကူညီပေးသင့်တယ်။
ဒီလိုအတွေးမျိုး ဒီလို စိတ်ထားမျိုး တွေ လူသားတိုင်း ရင်ဘတ်ထဲမှာ ရှိနေရင် လူ့လောကကြီးက တကယ့်ကို ငြိမ်းချမ်းစေမှာပါ။
M-K✍🏻
02/10/2021
ပန်းပွင့်မှာ မုန်းသော သူများသို့•••••😀
Click here to claim your Sponsored Listing.
Category
Website
Address
Dagon
Yangon
11191