Fit with me Support
Fit with me
Healthy with me
10/12/2021
ဒီနေ့မှာတော့ အိမ်ထဲမှာနေရင်း မိတ်ဆွေတို့အတွက် 🎉အထူးအစီအစဥ်အနေနဲ့ (၅၀၀၀)တန်ဖုန်းဘေလ်လေးတွေ မဲဖောက်ပေးပါမယ်😍
📌ကံစမ်းမဲအစီအစဉ်မှာဘယ်လိုပါဝင်နိုင်မလဲ❔
………………………………………………………………..
1️⃣ Fit with me page(https://www.facebook.com/Fit-with-Me-101331905713578/) လေးကို ✅likeလုပ်ပေးပါ
2️⃣👇🏻အောက်က post လေးကို ✅like & share လုပ်ပေးရပါမယ်။ public နဲ့ share ရမှာနော်
3️⃣ Share ထားတဲ့ post လေးကို ss ရိုက်ပြီး ဒီ post လေးရဲ့အောက်မှာ comments လေးမန့်ပေးရမယ်နော်
🎉ကံထူးသူသုံးဦးကို ညနေ(၅)နာရီမှာ ကြော်ငြာပေးသွားမှာပါ
အားလုံးပဲကံကောင်းကြပါစေ 😉
🤩🤩🤩
Gym လည်းမသွားချင်ဘူး
အစားလည်းမလျော့ချင်ဘူး
အိမ်ထဲကအိမ်ပြင်မထွက်ချင်တဲ့သူတွေအတွက်
ကျွန်တော်တို့ 💁🏻 Fit with me မှ 30 days Challenge class လေးကို
🗓Jan 1 ရက်နေ့မှ စတင် ✅join လို့ရပြီနော်…
အပြင်သွားလေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တာမျိုးတွေကြုံတွေ့နေရပြီဆိုပြီးစိတ်ညစ်စရာမလိုတော့ပါဘူး မိတ်ဆွေတို့ရဲ့ အိမ်ထဲမှာ တစ်ယောက်စာနေရာလွတ်လေးနဲ့ 📲ဖုန်းလေးတစ်လုံးရှိရုံနဲ့တင် Join လို့ရတယ်နော်…
Zoom meeting app ကိုအသုံးပြုပြီး သွားမှာဆိုတော့က ပိုပြီးအဆင်သွားတယ်လို့မထင်မိဘူးလား 😁
ဪ Challenge class ဆိုမှ ဘယ်သူတွေ join သင့်လဲဆိုတာ အရေးကြီးတာပြောဖို့မေ့သွားတယ် 😜
ဘယ်သူတွေ join သင့်လဲဆိုတော့ စိတ်သွားတိုင်းကိုယ်ပါ သွက်လပ်ပေါ့ပါးလန်းဆန်းပြီး အရွယ်တင်နုပျိုမှုတို့အပြင်အသက်ရှည်ကျန်းမာချင်သူတိုင်း join ဖို့အကြံပြုချင်ပါတယ်။ 😊
ကျန်းမာရေးနဲ့ညီညွှတ်စွာ အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် 💁🏻 fit with me မှကြိုဆိုပါတယ်ခင်ဗျာ။🙏🙏🙏
✍️Register လုပ်တာ 🗓28 ရက်နေ့နောက်ဆုံးဆိုတော့ အခုပဲစာရင်းသွင်းလိုက်တော့နော်😉
14/11/2021
အားလုံးပဲမင်္ဂလာပါ 🙋♂️
ဒီနေ့မှာ အဓိကထားပြီးပြောပြသွားချင်တာကတော့ မိတ်ဆွေတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်အလွယ်တကူပြုလုပ်နိုင်ပြီး ကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်စေနိုင်မယ့်အကြောင်းအရာပဲဖြစ်ပါတယ်။😉
ဒါကတော့ တစ်ခြားမဟုတ်ပါဘူး မိတ်ဆွေတို့နေ့စဥ်သောက်နေတဲ့ “သောက်ရေ” 🚰 ဖြစ်ပါတယ်။
☺️ဟုတ်ကဲ့ပါ သောက်ရေကိုပုံမှန်သောက်ပေးခြင်းမှ ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို
မပြောပြခင် ကျွန်တော်တို့ ပတ်ဝန်းကျင် အများစုဟာ နေ့စဥ်
ပုံမှန်ရေသောက်ဖို့ကို သတိမေ့နေတတ်ကြပါတယ်။
အခုလိုပြောလို့
တစ်နေ့လုံးရေမသောက်ဖြစ်ကြတာကိုပြောတာမျိုးမဟုတ်ပါဘူးခင်ဗျား
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူအများစုဟာ ရေကိုဆာတဲ့အချိန်လောက်မှ သတိရတတ်ပြီး ရေသောက်တတ်ကြပါတယ်။ ဒီလိုအချိန်ကြာလာတာနဲ့အမျှ လူအများစုဟာ နေ့စဥ်ပုံမှန် ရေသောက်ခြင်းမှရရှိလာမယ့် အကျိုးကျေးဇူးများထက် ရေဆာတဲ့အချိန်မှရေသောက်ရမယ်ဆိုတဲ့အတွေးမျိုးဝင်လာတတ်ကြပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ Fit with me မှ 🥰 မိတ်ဆွေ / ညီအကိုမောင်နှမများအားလုံးအတွက် ရေသောက်ခြင်းမှရရှိလာနိုင်မယ့်အကျိုးကျေးဇူးများ/နေ့စဥ် ရေကိုဘယ်လောက်သောက်ရမလဲ ဆိုတာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။
နေ့စဥ်ပုံမှန်ရေသောက်ခြင်းဖြင့်ရရှိလာနိုင်မယ့်အကျိုးကျေးဇူးများကတော့…
1️⃣ ကိုယ်အလေးချိန်လျော့ကျခြင်း
ဟုတ်ကဲ့ပါ မိတ်ဆွေတို့ တစ်နေ့တာအတွက်တစ်ခြားသောက်စရာတွေဖြစ်တဲ့(eg. Coffee,Juice,. .......) တွေနေရာမှာ သောက်ရေကို 12 ရက်တိတိစမ်းသပ်အစားထိုးသောက်ကြည့်ပါ။ 1 ရက်ကို
9 km ပုံမှန်ပြေးလို့ကျတဲ့ weight နဲ့ ညီမျှပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ပင်ပင်ပန်းပန်းမလှုပ်ရှားချင်တဲ့ မိတ်ဆွေများအတွက် ဝိတ်ချဖို့အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။
2️⃣ ကိုယ်ခန္ဓာဇီဝဖြစ်စဥ်များလျင်မြန်စွာဖြစ်ပေါ်ခြင်း
မိတ်ဆွေတို့ မနက်အိပ်ရာထတိုင်းပုံမှန် ရေကို 330 Milliliter သောက်သုံးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်မှဇီဝဖြစ်စဥ်များ 24% ကို တိုးမြင့်ပေးနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်းသိသိသာသာမြင့်တင်ပေးပါတယ်။
3️⃣ ဦးနှောက်လုပ်ဆောင်မှုအားပိုမိုကောင်းမွန်လာခြင်း
😱😱😱ဒီလောက်တောင်အရေးပါတာလား ???
ဟုတ်ကဲ့ပါကျွန်တော်တို့ ကျန်းမာရေးဗဟုသုတအရကြည့်မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ ဦးနှောက်🧠 ထဲမှာ ရေဓာတ် 75 - 85% ထိပါဝင်နေတဲ့အတွက် ရေဓာတ် ပါဝင်မှုများပြားလွန်းပါတယ်။
ဒါကြောင့် နေ့စဥ် ကိုယ်လုပ်ဆောင်ရမယ့် အရာတွေအပေါ်
အားစိုက်မှု အားကောင်းပါတယ်။
4️⃣ ခန္ဓာကိုယ်မှ အညစ်အကြေးများကိုလျှင်မြန်စွာစွန့်ထုတ်နိုင်ခြင်း
နေ့စဥ်ပုံမှန် ရေသောက်ပေးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှိတဲ့ အဆိပ်အတောက်များ၊ မလိုအပ်တဲ့အညစ်အကြေးများကိုဆေးကြောသန့်စင်ပေးပါတယ်။(အထူးသဖြင့် ကျောက်ကပ်ထိခိုက်မှုကို လျော့နည်းစေနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေမှုကိုပါအထောက်အကူပြုနိုင်ပါတယ်။
🤔တစ်နေ့ကို ရေဘယ်လောက်သောက်ပေးသင့်ပါသလဲ ⁉️
☺️ဟုတ်ကဲ့ပါ ကျွန်တော်တို့ တစ်ရက်ကို ရေ 3 liter နေ့စဥ်ပုံမှန်သောက်ပေးသင့်ပါတယ်။ အခုလိုနေ့စဥ်ပုံမှန်သောက်ပေးခြင်းအားဖြင့် မိတ်ဆွေတို့အတွက် နှလုံးရောဂါဖြစ်စေမှုကို 41 % လျော့ချပေးနိုင်ပါတယ်။ဒါကြောင့် အသက်ကြီးငယ်မရွေး မိတ်ဆွေတို့အားလုံးအတွက် ရေဆာမှရေသောက်မယ်ဆိုတာထက်နေ့စဥ်ပုံမှန်လေးသောက်ပေးခြင်းဖြင့် ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ။
ကျွန်တော်တို့ 👉🏻Fit with me page မှ မိတ်ဆွေတို့အတွက် နောက်ထပ်နောက်ထပ် အကျိုးရှိစေမယ့်ကျန်းမာရေးအသိပညာဗဟုသုတများစွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like & share လုပ်ပေးပါဦးနော်။
Weight loss programme, Diet plan, များအတွက်အသေးစိပ်သိရှိလိုပါက page messenger🤳 မှတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် 📞09788455618 ကိုဆက်သွယ်ခြင်းဖြင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ဗျာ။
ဒီနေ့မှာတော့ gym 🏋️♀️သွားဖို့အချိန်မပေးနိုင်ဘူးဖြစ်နေတဲ့မိတ်ဆွေတို့အတွက်အိမ်မှာတင်အလွယ်တကူပြုလုပ်နိုင်မယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ချို့ကိုတင်ပေးထားပါတယ်။
မိတ်ဆွေတို့အတွက်လွယ်ကူတဲ့လေ့ကျင့်ခန်းတွေကို ပုံမှန်မပျက်ဆော့ပြီးကိုယ်လိုချင်တဲ့ body အချိုးအစားကို ကိုယ်စီပိုင်ဆိုင်နိုင်ဖို့အတွက်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ☺️
အကယ်၍ဒီပို့စ်လေးက မိတ်ဆွေအတွက်အကျိုးရှိစေမယ်ဆိုရင် post လေးကို share လေးလုပ်ပေးခဲ့နော် 😍
အသေးစိပ်သိရှိလိုပါက page messenger 🤳မှတဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်
📞09788455618 ကိုဆက်သွယ်ပြီးလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။😉😉😉
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 18:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |