Sakura Hospital

Sakura Hospital

Share

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st Jan,1998 We can also arrange for specialists on call service.

23/05/2026

သွေးကြောထဲမှာစီးဆင်းနေတဲ့သွေးတွေ သွေးကြောနံရံတွေအပေါ်သက်ရောက်နေတဲ့ဖိအားကိုသွေးပေါင်ချိန်လို့ခေါ်ပါတယ်။ သွေးပေါင်ချိန်ပုံမှန်ထက်များနေခြင်းက သွေးကြောနံရံတွေပျက်စီးစေပြီး ကိုယ်တွင်းကလီစာတွေကိုပါ ဖြည်းဖြည်းချင်းယိုယွင်းစေနိုင်တဲ့အတွက် အန္တရာယ်အရမ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့သွေးပေါင်ချိန်ပုံမှန်ပမာဏအတွင်းရှိ မရှိကို မှန်မှန်တိုင်းတာပေး သင့်ပါတယ်။ တိုးတက်လာတဲ့နည်းပညာကြောင့် ကိုယ့်အိမ်မှာတင်မိနစ်ပိုင်းအတွင်းသွေးပေါင်ချိန် တိုင်းတာပေး နိုင်တဲ့စက်တွေပေါ်လာပါပြီ။ မှန်ကန်တဲ့သွေးပေါင်ချိန်အဖြေရရှိအောင် သွေးပေါင်ချိန်တိုင်းတာတဲ့အခါမှာ သိထားရမဲ့အချက်လေးတွေ ပြောပြပေးပ့ါမယ် 💜💜

✅ ပြင်ဆင်ပါ
သွေးပေါင်ချိန်မတိုင်းခင် မိနစ် ၃၀ လောက်အလိုတည်းက ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်း၊ ကော်ဖီလိုကဖိန်းဓာတ်ပါတဲ့သောက်စရာများသောက်သုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေချိုးခြင်း စတာတွေမပြုလုပ်ပါနဲ့။ မတိုင်းခင် ၅ မိနစ်အလိုမှာ အပေါ့အပါးသွားစရာရှိတာသွားပြီး ထိုင်ခုံမှာသက်တောင့် သက်သာထိုင်နေပါ

✅ အနေအထားမှန်မှန်ထိုင်ပါ
နောက်မှီပါထိုင်ခုံမှာ နောက်ကျောမတ်မတ် ထိုင်ပါ။ ခြေထောက်ချိတ်မထိုင်ပါနဲ့။ ခြေဖဝါး ၂ ဖက်ကိုလည်းကြမ်းပြင်မှာချထားပါ။ သွေးပေါင်ချိန်တိုင်းမဲ့လက်ကို နှလုံးအမြင့်လောက်မှာထားပါ။ လက်ကိုစားပွဲပေါ်တင်ပြီးတိုင်းလို့လည်းရပါတယ်။ သွေးပေါင်ချိန်လက်ပတ်ကို တံတောင်ဆစ်အပေါ် ၁လက်မ (ဒါမှမဟုတ်) ၂လက်မ လောက်မှာပတ်ပြီးတိုင်းတာရပါမယ်

✅ အချိန်မှန်မှန်တိုင်းပါ
တိုင်းတာရရှိတဲ့သွေးပေါင်ချိန်အဖြေတွေကို နှိုင်းယှဉ်ကြည့်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့်သွေးပေါင်ချိန်တိုင်းတာချိန်က အမြဲပုံသေဖြစ်သင့်ပါတယ်။ မနက်ပိုင်းဖြစ်စေ ညနေပိုင်းဖြစ်စေ ကိုယ်အဆင်ပြေမဲ့အချိန်တစ်ခုခုကိုရွေးပြီးနေ့စဉ်တိုင်းတာသင့်ပါတယ်

✅ တစ်ကြိမ်တည်းမတိုင်းပါနဲ့ - သွေးပေါင်ချိန်တစ်ကြိမ်တိုင်းပြီးရင် တစ်မိနစ်လောက်ခြားပြီး နောက်တစ်ခါထပ်တိုင်းပါ။ တစ်ခါတိုင်းရင် အနည်းဆုံး (၂)ကြိမ် (ဒါမှမဟုတ်) (၃)ကြိမ်လောက်တိုင်းပြီး ပျမ်းမျှအဖြေကိုယူမှ အနီးစပ်ဆုံးအဖြေကိုရရှိမှာဖြစ်ပါတယ်။

ဒီလိုအဆင့်တွေအတိုင်း နည်းလမ်းမှန်မှန်ပြင်ဆင်ပြီးတိုင်းတာမှသာ အမှန်ကန်ဆုံးသွေးပေါင်ချိန်အဖြေကို ရရှိမှာဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့အခါ အပေါ်သွေး ၁၂၀/ အောက်သွေး ၈၀ နဲ့ အပေါ်သွေး ၉၀/အောက်သွေး ၆၀ ကြားရလဒ်ကို ပုံမှန်လို့ မှတ်ယူနိုင်ပါတယ်။ ဒီပမာဏတွေထက်များနေရင် ၅ မိနစ်လောက်စောင့်ပြီး ပြန်တိုင်းကြည့်ပါ။ သွေးပေါင်ချိန်တိုင်းတာတိုင်းမှာ အဖြေဟာ အပေါ်သွေး ၁၄၀/ အောက်သွေး ၉၀ အထက်ရောက်ရှိနေရင် သွေးတိုးရောဂါရှိနေပြီလို့ မှတ်ယူနိုင်ပါတယ်။ ဒါဆိုရင်တော့ သွေးတွင်းဖိအားမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါတွေအပေါ် ဖိအားသက်ရောက်နေပြီဖြစ်လို့ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပြီဖြစ်ပါတယ် ⚠️⚠️
=======================================================
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️ Phone: 01 7512668/69 (Hotline), 09424405952/53, 09 965121864/65
✉️ Mail: [email protected]
🖥️ Website: sakurahospital.com.mm
-pressure

16/05/2026

🦟 သွေးလွန်တုပ်ကွေးရောဂါအကြောင်း 🦟

သွေးလွန်တုပ်ကွေး (Dengue Fever) သည် အထူးသဖြင့် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်ပါတယ်။ ခြင်ကိုက်ရာမှတစ်ဆင့် လူတွင်ကူးစက်နိုင်သော ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး တစ်ဦးတည်းတွင်တောင် တစ်ကြိမ်ထက်ပို၍ ကူးစက်ခံရနိုင်ပါတယ်။

📌 ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူဦးရေ သန်း ၄၀၀ ခန့်သည် ဤရောဂါကိုခံစားနေရပါတယ်။

➡️ သွေးလွန်တုပ်ကွေးသည် ဗိုင်းရပ်စ် (Dengue Virus) ၄ မျိုး — Dengue-1, Dengue-2, Dengue-3, Dengue-4 — ကြောင့်ဖြစ်ပွားပြီး၊ ဗိုင်းရပ်စ်ပိုးကို Aedes Aegypti နှင့် Aedes Albopictus ခြင်များက သယ်ဆောင်လာကြပါတယ်။

⚠ တုပ်ကွေးရောဂါ လက္ခဏာများ ⚠

ရောဂါပိုးပါဝင်သော ခြင်ကိုက်ခံရပြီးနောက် ၂ ပတ်အတွင်း လက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပါတယ်။

🩺 ပုံမှန်တုပ်ကွေးလက္ခဏာများမှာ -

👁 မျက်လုံးအနောက်ဖက်တွင် နာကျင်ခြင်း

💪 ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်ခြင်း

🤢 မကြာခဏ ပျို့အန်ခြင်း

🔴 ကိုယ်ခန္ဓာပေါ်တွင် အနီစက်များ ထွက်ပေါ်ခြင်း

🩸 ရောဂါပြင်းထန်လာပါက သွေးလွန်တုပ်ကွေး အဆင့်သို့ ပြောင်းလဲနိုင်ပါတယ်။ ၎င်းအတွက် လက္ခဏာများမှာ -

🤕 ဗိုက်အောင့်ခြင်း

🤮 အဆက်မပြတ်အန်ခြင်း

😤 အသက်ရှူမြန်ခြင်း

🩸 သွားဖုံးနှင့် နှာခေါင်းမှ သွေးယိုခြင်း

😵 ဂဏှာမငြိမ် ဖြစ်ခြင်း

😩 ခန္ဓာကိုယ် နုံးချိ၍ မောပန်းခြင်း

🧱 သွေးအန်ခြင်း၊ ဝမ်းတွင် သွေးပါခြင်း

💧 ရေအလွန်အမင်းငတ်ခြင်း

📍 ထိုသို့ ပြင်းထန်လာပါက အရေးပေါ်ကျန်းမာရေးကုသမှု ချက်ချင်း လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်ပါတယ်။

⏳ ရောဂါအလှည့်အပြောင်း ⏳

သွေးလွန်တုပ်ကွေးရောဂါသည် စတင်ဖြစ်ပွားသော ၃ - ၇ ရက်အတွင်း အများအားဖြင့် အန္တရာယ်အရှိဆုံးဖြစ်ပြီး၊ ၇ ရက်ကျော်လျှင် တဖြည်းဖြည်း သက်သာလာနိုင်ပါတယ်။

✅ ဖြစ်ပွားလျှင် ပြုလုပ်ရန် ✅

🛌 လုံလောက်သော အနားယူမှု

💊 ဖျားနာခြင်း၊ ကိုက်ခဲမှုများအတွက် Paracetamol (Acetaminophen) သောက်သုံးခြင်း

🥤 ရေနှင့်ဓာတ်ဆားရည်များကို များများသောက်သုံးခြင်း

🏥 ရောဂါပြင်းထန်လာပါက ဆေးရုံသို့ ချက်ချင်းသွားရောက်ကုသရန်

❗သတိပြုရန် - Aspirin နှင့် Ibuprofen ကဲ့သို့သော ဆေးများကို သုံးခြင်းအား ရှောင်ကြဉ်ရန်လိုအပ်ပါတယ်။

🚫 ကာကွယ်နည်းများ 🛡

ခြင်ကိုက်ခြင်းကတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်သောကြောင့် ခြင်များ မရှိအောင်၊ မကိုက်ခံရအောင် ပြုလုပ်ဖို့ အရေးကြီးပါတယ်။

🌿 ခြင်ကင်းရှင်းရေးအတွက် လုပ်ဆောင်ရန်များ:

🧴 ခန္ဓာကိုယ်အပေါ် ခြင်မကိုက်အောင် လိမ်းဆေးလိမ်းခြင်း

👕 အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ခြင်း

🪣 ရေဝပ်နေရာများ (ရေအိုင်/ကန်ငယ်များ) ကို သန့်ရှင်းရေးလုပ်ခြင်း

🚰 မြောင်းများကို ရေစီးရေလာကောင်းအောင် အချိန်မရွေး လုပ်ဆောင်ခြင်း

🧹 အိမ်အနီးအနားရှိ ခြုံနွယ်ပိတ်ပေါင်းများကို သန့်ရှင်းခြင်း

📌 သတိပြုပါ – သွေးလွန်တုပ်ကွေးရောဂါသည် ကာကွယ်နိုင်သော ရောဂါတစ်ခုဖြစ်ပြီး၊ သတိပြုမှုနည်းပါးခြင်းကြောင့် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
=======================================================
🌸သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ🌸
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
Phone: 01 7512668/69 (Hotline), 09 965121864/65, 09 424405952/53
✉️ Mail: [email protected]
🖥️ Website: sakurahospital.com.mm

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111