ZOOX

ZOOX

Share

IT - Laptop, Computer software and Hardware, Webcams, IT accessories, WIFI Routers, Networking, Elec

16/06/2025

မိတ်ကပ် တစ်လောကလုံးကို ဒဲ့ဆော်ချလိုက်တဲ့ "မထက်" 😳😳😳😳😲😲

Photos from ZOOX's post 15/10/2020

အသစ်ထွက်ရှိလာတဲ့ iPhone 12 models တွေရဲ့
Hype ဖြစ်ရခြင်း ထူးခြားချက်များ
-------------------------------------------------------------------------------

Apple ဟာ သူ့ရဲ့ အသစ်ထွက်ရှိလာမယ့်
iPhone 12, iPhone 12 mini, iPhone 12 pro နဲ့ iPhone 12 pro max တွေအတွက် မိတ်ဆက်ပွဲထွက်ရှိလာခဲ့​ပြီးဖြစ်ပါတယ်

အသစ်ထွက်ရှိလာတဲ့ iPhone 12 models တွေမှာ ဘာတွေ ထူးခြားသွားလဲ?

Support for 5G networks

အကြီးမားဆုံး update coming အနေနဲ့
the next-generation wireless standard ဖြစ်တဲ့ 5G ကို iPhone 12 models တွေမှာ အသုံးပြုလို့ ရနိုင်မှာပါ။

New size options and a refreshed design

Apple ဟာ iPhone XS နဲ့ iPhone 11 မှာ Design ပိုင်း ထူးထူးခြားခြားပြောင်းလဲခြင်းမရှိခဲ့ပေမယ့် iPhone 12 series တွေမှာတော့ ယခင် iPhone 5 model တွေမှာလို flat-edge design နဲ့ မြင်တွေ့ရမှာပါ။
အရွယ်အစားအနေနဲ့လည်း iPhone 12 mini ဟာ edge-to-edge display 5.4-inch နဲ့ ကမ္ဘာ့ အသေးဆုံး အပါးလွှာဆုံး အပေါ့ဆုံး 5G Smart Phone အနေနဲ့ ထွက်ရှိလာမှာပါ။ ကျန်တဲ့ iPhone 12 models တွေအနေနဲ့ကတော့ iPhone 12 6.1-inch, iPhone 12 pro 6.1-inch နဲ့ iPhone 12 pro max ကတော့ 6.7-inch edge-to-edge display နဲ့ ထွက်ခဲ့ဖူးသမျှ iPhone တွေထဲမှာမှ အကြီးဆုံး အကျယ်ဆုံး screen display နဲ့ ထွက်ရှိလာဦးမှာပါ။ 12 models အားလုံးကိုတော့ Super Retina XDR Display အသုံးပြုထားမှာဖြစ်ပြီး Dolby Vision ပါ ရဦးမှာပါ။

Protected by Ceramic Shield front cover

iPhone 12 models အားလုံးမှာ
ဖုန်းမျက်နှာပြင်ထိခိုက်မှု သက်သာစေဖို့ Ceramic Shield နည်းပညာအသစ် ပါရှိမှာဖြစ်ပြီး အကြိမ်အရေအတွက်အနေနဲ့ ၄ ကြိမ်ထိ ပြုတ်ကျခြင်းကို ခံနိုင်ရည်ရှိစေမယ်လို့ Apple က ဆိုထားပါတယ်။

Innovative New Accessories with MagSafe

Magsafe ဟာ wireless charging ပြုလုပ်မှုကို အဆင်ပြေစေမှာဖြစ်ပြီးတော့ ဖုန်းအတွင်း wireless charging coil ပတ်လည်မှာ magnet ပါရှိမှာ ဖြစ်တဲ့အတွက် အခြား wireless charger တွေလိုမဟုတ်ပဲ အားသွင်းချိိန်မှာ လွယ်ကူစွာအားသွင်းနိုင်မှာပါ ဖြစ်ပါတယ်။ Magsafe Charger အပြင် Magsafe နဲ့တွဲ အသုံးပြုနိုင်တဲ့ Leather Wallet, Silicone Case နဲ့ Clear Case တွေကိုတော့ Apple Shop Accessories ကနေ ဝယ်ယူရရှိနိုင်မှာပါ။

Night mode that now works on the ultra wide-angle camera and selfie camera

Ultra-wide angle camera နဲ့ front-facing camera မှာ Night Mode ပါလာမှာဖြစ်ပြီးတော့ broader field-of-view ကိုလည်း standard lens တွေထက်ပို ရိုက်ယူနိုင်ဦးမှာပါ

LiDAR sensor

LiDar sensor ဟာ Augmented Reality (AR) applications တွေကို ဘယ်လောက် အကူအညီဖြစ်စေတယ်ဆိုတာ အရင်နှစ်တွေက iPad Pro မိတ်ဆက်ချိန်မှာ Apple က ပြောပြခဲ့ပြီးဖြစ်ပါတယ်။ iPhone 12 pro နဲ့ iPhone 12 pro max မှာ ဆိုရင်လည်း ဒီ sensor က နေ့စဥ် ကျွန်တော်တို့ ရိုက်ယူနေတဲ့ ဓာတ်ပုံတွေကို ဘယ်လောက် ပိုကောင်းမယ်ဆိုတာ သိနိုင်မယ်လို့ Apple က စကားဆွယ်ထားပါသေးတယ်။ ဒါ့အပြင် Social Media Apps တွေမှာ အခြားသော Mobile Phone တွေထက် အကောင်းဆုံး camera စွမ်းဆောင်ရည် ပေးနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။

No power adapter or headphones in the box

iPhone 12 Models တွေမှာ Box အတွင်း
အရင်လို နားကြပ်နဲ့ အားသွင်းခေါင်းတွေပါရှိတော့မှာမဟုတ်ပဲ Phone နဲ့ အားသွင်းကြိုးသာ ပါရှိမှာဖြစ်ပါတယ်။ Box အထူကလည်း နဂိုထပ်ပိုပါးသွားမှာပဲဖြစ်ပါတယ်။

A14 Bionic processor

A14 Bionic chip ကတော့ fourth generation iPad Air မှာကတည်းက ပါရှိခဲ့ပြီးဖြစ်ပြီး ထွေထွေထူးထူးပြောစရာမလိုအောင် ဘယ်လောက်ကောင်းမွန်တယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ 16-core Neural Engine နဲ့ 50% faster CPU than any other smart phone chip လို့တောင် Apple က ဆိုထားပါသေးတယ်။

ကဲ
ဒီလောက်ဆို
အသစ်ထွက်ရှိလာမယ့် iPhone 12 models
တွေနဲ့ အနည်းငယ် ရင်းနှီးမှု ရရှိလိမ့်မယ်လို့မျှော်လင့်ရပါတယ်

120 Hz Display နဲ့ လာလိမ့်မယ်လို့ rumour တွေထွက်ခဲ့ပေမယ့်
အခြား ဆွဲဆောင်မှုရှိတဲ့ spec တွေနဲ့တင်
Apple ရဲ့ iPhone 12 ဟာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး phone ဖြစ်လာမယ်လို့ ထင်မြင်သုံးသပ်ရင်း ....

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Kan Street, Hlaing Township
Yangon
11051