Myanmar Journalists Association

Myanmar Journalists Association

Share

Myanmar Journalists Association, Founded on 11th August, 2012.

Photos from Myanmar Journalists Association's post 10/04/2026

#ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ_နိုင်ငံတော်သမ္မတသစ်နှင့်_ဒုတိယသမ္မတများ_ကတိသစ္စာပြု
နေပြည်တော်၊ ဧပြီ ၁၀ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ဧပြီ ၁၀ ရက် (ယနေ့) နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံ့တာဝန်များကို စတင် ထမ်းဆောင်မည်ဖြစ်သည်။
တစ်ဆက်တည်းမှာပင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ကာလုံက ကျင့်သုံးထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာသုံးရပ်ကို လွှဲပြောင်းပေးအပ်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အတူကျမ်းကျိန်ပြီး ပြည်ထောင်စုလွှတ်တော်မှ ပြန်လည် ထွက်ခွာခဲ့ပြီး နောက် သက်ဆိုင်ရာဝန်ကြီးများ ဆက်လက်ကျမ်းကျိန်ဆိုခဲ့ကြသည်။
#သတင်းထုတ်ပြန်ရေးကော်မတီ

31/03/2026

#အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က_ဒေါ်နန်းနီနီအေးအား_ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်
နေပြည်တော်၊ မတ်လ ၃၁ ရက်

အမျိုးသားလွှတ်တော်၏ ဒုတိယသမ္မတလောင်း ရွေးချယ်တင်မြောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ဒုတိယမြောက်နေ့အစည်းအဝေးအား ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရီမြိုနယ်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးအား ဒုတိယသမ္မတလောင်းအဖြစ် လျှို့ဝှက်မဲစနစ်ဖြင့် ရွေချယ် အတည်ပြုခဲ့သည်။
လျှိုဝှက်ဆန္ဒမဲပေးရွေးချယ်ခဲ့ရာတွင် မဲခွဲလက်မှတ်ပေါင်း ၁၅၅ ခု ရှိသည့်အနက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကထောက်ခံမဲ (၁၁၇) မဲ ရရှိပြီး ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ မနမ်တူးဂျာက ထောက်ခံမဲ( ၃၈)မဲ အသီးသီးရရှိခဲ့သဖြင့်ထောက်ခံမဲ အများဆုံး ရရှိသူ ဒေါ်နန်းနီနီအေးကိုဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော်ဥက္ကဌက အတည်ပြုကြေညာခဲ့ကြောင်း သိရှိရသည်။
အစုအဖွဲ့အသီးသီးမှ ရွေးချယ်အတည်ပြုခံရသော ဒုတိယသမ္မတလောင်း သုံးဦး တို့ကို သက်ဆိုင်ရာ လွှတ်တော်အစု အဖွဲ့ များက ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်သည်။
ရဲရဲ(ပျဉ်းမနား)

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 173/175, Room (603), Pasoetan Road
Yangon
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00