Doctor On Call

Doctor On Call

Share

Myanmar's best healthcare information provider which is easily accessible regardless of time and pla

30/05/2023

💃🕺တေးသံစဉ်‌နဲ့ ဂီတက ကိုယ့်ရင်သွေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ 🎶🎸🎼🎷

🎵ကလေးငယ်တွေ ငိုရင် သားချော့တေးတွေဆိုပြတာတို့၊ သီချင်းလေးညည်းပြီး ချော့ရင် ကလေးလေးက ခဏနေရင် အိပ်ပျော်သွားတာသတိထားမိကြမယ်ထင်ပါတယ်။

🎶 Music ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုအတွက် အရေးပါပါတယ်။

📻 ကလေးတွေမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတာကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်နိုင်လဲ သိချင်ရင်တော့ ဒီ Post လေးကို ဆုံးတံ အထိဖတ်ပေးနော်။

🎶ကိုယ်ဝန်ဆောင်ချိန်မှာ သီချင်းလေးတွေနားထောင်တာ မိခင်ရဲ့စိတ်ကိုလဲ အေးချမ်းစေပါတယ်။

🎸ကိုယ်ဝန်ဆောင်ချိန် 6လ လောက်မှာ ကလေးဟာ အသံကြားရာဆီကို Response ပေးကြောင်းတွေ့ရပါတယ်။

🥁ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ ကလေးဟာ ကိုယ့်မိခင်ရဲ့ အသံကိုကြားရပြီး မှတ်ထားတတ်ပါတယ်။

🎻 အဲ့တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သီချင်းအေးအေးလေးတွေ၊ တူရိယာအငြိမ်သံလေး၊ သားချော့တေးလေးတွေ နားထောင်ပေးပါ။

🎹ဂီတနဲ့ ရင်းနှီးနေတဲ့ ကလေးဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုလဲကောင်းပြီး ကျောင်းစာတွေကို ပိုလိုက်နိုင်ပါတယ်။

🎧အထူးသဖြင့် တူရိယာတွေကို တီးတတ်၊ သံစဉ်ဖတ်တတ်နေတဲ့ ကလေးဟာ စာအရေးအဖတ်တော်ပြီး၊ သချာ်ပညာမှာလဲတော်တာကို လေ့လာမှုတွေမှာ တွေ့ရပါတယ်။ 🎷🎺

🎸အဲ့တော့ Guitar တို့ Piano တို့ကို တီးခိုင်းရမှာလား? အဲ့လောက်မလိုပါဘူး. . . အမေ့တစ်ယောက်ရဲ့ ချော့မြူတဲ့ သီချင်းလေးတွေ၊ ပေါင်ကိုပုတ်ပြီး၊ ခုံကိုခေါက်ပြီး သံစဉ်တွေကိုကြားနေရတာကလဲ ဂီတတမျိုးပါပဲ။

🎷အိမ်က ဖန်ခွက်လေးကို ဇွန်းနဲ့ခေါက်ပြီး ကလေးအတူတူ ဆော့ရင်း သံစဉ်တွေကြားရတာလဲ ဦးနှောက်ကို လှုံဆော်ခြင်းတစ်မျိုးပါပဲ။ 🎸🎹🎻

🎶ပတ်ဝန်းကျင်မှာဆိုရင်လဲ တူရိယာတီးတတ်သူ၊ သီချင်းဆိုတတ်သူ‌တွေဟာ လူချစ်လူခင်ပေါများပြီး၊ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။

🪕 အဲ့တာကြောင့် လူမှုရေးကောင်းတဲ့သူတွေ အနေနဲ့ ရပ်တည်နိုင်ကြပါတယ်။ 🎤🎤

🎶အဲ့တာကြောင့် ကိုယ့်ရဲ့ကလေးက Music အဆို၊ အတီး၊ အရေးကို ဝါသနာပါတယ်ဆို အားပေးပါ။

🎼ဒါဟာ သူတို့ရဲ့ ဦးနှောက်ကို ရွှင်လန်းစေပြီး၊ စိတ်ကိုလဲ ပျော်ရွှင်စေတာကြောင့် ကျန်းမာရေးကိုလဲ အထောက်အကူပြုပြီးသားဖြစ်မှာပါ။

ကျန်းမာရွှင်လန်းပါစေ
With love ,
Dr. Erica (UM1)

28/05/2023

🤐သင်က ဆေးကို ရေခဲရေနဲ့ သောက်တက်တဲ့သူ တစ်ယောက်လား… ?

🤷‍♀️ဆေးသောက်ပြီဆိုရင် ရေခဲရေနဲ့သောက်တတ်တဲ့သူတွေရှိကြလား?

🚫ဒါဆိုရင်တော့ အဲ့ဒီအကျင့်လေးကို အခုကနေစပြီးတော့ ပြင်လိုက်ကြတော့နော်..

✅ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့သွေးကြောလေးတွေက အအေးဓာတ်နဲ့ထိတွေ့တဲ့အခါမှာ ပုံမှန်ထက်ပိုပြီးတော့ ကျုံ့သွားလေ့ရှိပါတယ်။ ပုံမှန်အခြေအနေမျိုးတွေမှာ ဆေးသောက်လိုက်ပြီဆိုရင် အစာအိမ်နံရံမှာရှိတဲ့သွေးကြောလေးတွေက ဆေးမှာပါတဲ့ဓာတ်တွေကို စုပ်ယူလိုက်ပြီးတော့ လိုအပ်နေတဲ့နေရာတွေကိုပို့ဆောင်ပေးကြတာပါ။ အကယ်၍ ရေခဲရေနဲ့သာဆေးသောက်လိုက်ပြီဆိုရင် အစာအိမ်နံရံမှာရှိတဲ့သွေးကြောလေးတွေက အအေးဓာတ်ကြောင့် ကျုံ့သွားပြီးတော့ ဆေးရဲ့အာနိသင်တွေကိုကောင်းမွန်စွာ မစုပ်ယူနိုင်တော့ပဲ ဆေးရဲ့အာနိသင်ပျက်ပျယ်သွားတတ်ပါတယ်။

✅နောက်ပြီးတော့ အစာအိမ်ထဲမှာရှိနေပြီးသား အစာတွေကို ရေခဲရေရဲ့ အအေးဓာတ်က အေးခဲသွားအောင် လုပ်နိုင်တာကြောင့် မိမိသောက်လိုက်တဲ့ဆေးတွေကလည်း အဲ့ဒီအစာတွေထဲမှာပဲ ရောထွေးသွားပြီးတော့ ဆေးရဲ့အာနိသင်တွေကိုပျက်ပျယ်သွားစေနိုင်ပါတယ်။

✅ခပ်လွယ်လွယ်ပြောရမယ်ဆိုရင် ရေခဲရေနဲ့ ဆေးသောက်တဲ့အခါ ရေခဲရေရဲ့ အအေးဓာတ် ကြောင့် ခန္ဓာကိုယ်ကနေ ဆေးရဲ့အစွမ်းသတ္တိတွေကို အပြည့်အဝမရနိုင်ပါဘူး။ ဒါကြောင့် ဆေးသောက်မယ်ဆိုရင် ရေခဲရေထက် ရိုးရိုးရေနဲ့သာ သောက်သင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်နော်။

26/05/2023

🔎သင်မသိသေးတဲ့ ရဲယိုသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

😇ကျွန်တော်တို့တွေ နေ့စဉ်စားသုံးနေကျအသီးတွေထဲမှာ မပါဝင်တတ်တဲ့ ရဲယိုသီးဟာ မထင်မှတ်ထားရလောက် အောင်ကို ကျန်းမာရေးအတွက်ကောင်းမွန်စေတာကိုသိပြီးကြပြီလား...?

➡️ ရဲယိုသီးမှာ ပါ၀င်တဲ့ အဟာရဓါတ်တွေကတော့....
🤗ပရိုတင်း၊ အမျှင်ဓါတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။

ရဲယိုသီးစားသုံးခြင်းအားဖြင့် ဒီလိုအကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်...
✅ အကိုက်အခဲသက်သာစေပါတယ်။
✅ ခုခံအားကောင်းစေပါတယ်။
✅ အသားအရည်နဲ့ဆံသားတွေကိုကောင်းမွန်စေပါတယ်။
✅ မှတ်ဥာဏ်ကောင်းစေပါတယ်။
✅ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။
✅ သွေးဖိအားကိုလျှော့ချပေးနိုင်ပါတယ်။
✅ စိတ်ဓာတ်ကျခြင်းကိုကာကွယ်ပေးပြီး တက်ကြွလန်းဆန်းစေပါတယ်။
✅ ပျော်၀င်လွယ်တဲ့ အမျှင်ဓါတ်များစွာပါ၀င်လို့ ၀မ်းမှန်စေပါတယ်။
🧑‍⚕️ဒါကြောင့်မို့ အနံ့ထူးပေမယ့် အကျိုးများစေတဲ့ ရဲယိုသီးကို စားသုံးပေးဖို့ မမေ့ကြပါနဲ့နော်....။

24/05/2023

☘ သင်မကြိုက်တဲ့ နံနံပင်ရဲ့ကောင်းကျိုးများ
🚫အန်တီရေ နံနံပင်မထည့်ဘူးနော် .... အန်တီရေ နံနံပင်တွေ ရှောင်ပေးပါ
မုန့်ဟင်းခါးစားတဲ့အခါမှာဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာပဲဖြစ်ဖြစ် ဟိုနေရာပါ ဒီနေရာပါတာကတော့ နံနံပင်ပါ။

☘ကြိုက်တဲ့သူတွေကျတော့လည်း နံနံပင်ကိုမွှေးတယ်တဲ့။ မကြိုက်တဲ့သူတွေကျတော့လည်း နံနံပင်ကို နံတယ်တဲ့။ ဘာပဲဖြစ်ဖြစ်ပါ။ နံနံပင်မှာလည်း သူ့ကောင်းကျိုးနဲ့သူရှိပါတယ်။

☘နံနံပင်စားခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတော့ ...
✅ ဗီတာမင် K ကြွယ်ဝစွာပါဝင်ခြင်း
✅ ကျောက်ကပ်အတွက်ကောင်းမွန်စေပါတယ်
✅ အရိုးအဆစ်နာတာ သက်သာပျောက်ကင်းစေနိုင်ပါတယ်
✅ ကင်ဆာဖြစ်ပွားနိုင်ချေ လျော့ကျစေနိုင်ပါတယ်
✅ ဆီးချိူရောဂါဖြစ်ပွားမှုနှုန်းလျှော့ချပေးနိုင်ပါတယ်
✅ အစာချေစနစ်အတွက်လည်း ကူညီထောက်ပံ့ပေးခြင်း တို့ပဲဖြစ်ပါတယ်။

👉ဒါကြောင့် အကျိုးကျေးဇူးတွေအများကြီးပါဝင်နေတဲ့ နံနံပင်ကို စားသုံးပေးကြဖို့ မမေ့ကြနဲ့ဦးနော်။

22/05/2023

💦ရေခဏခဏချိုးသင့်လား
🌈ရေချိုးတယ်ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မလုပ်မဖြစ်လုပ်နေကြတဲ့အရာတစ်ခုပါ။ မနက်ခင်းမှာရေမချိုးပဲ အလုပ်သွားတာပဲဖြစ်ဖြစ်၊ အလုပ်ကပြန်လာလို့ ရေမချိုးမိတာပဲဖြစ်ဖြစ် စိတ်မလန်းသလိုလိုခံစားရပြီးတော့ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

❓ဒီတော့ ရေကိုတစ်နေ့ကို ဘယ်နှစ်ခေါက်ချိုးသင့်လဲ? ခဏခဏရေချိုးတာက ကျန်းမာရေးအတွက်ရော စိတ်ချရပါ့မလား?

👉ပြောရမှာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ရေခဏခဏချိုးခြင်းဟာ ရေမချိုးခြင်းနဲ့ တူပါတယ်တဲ့။

❓ ဘာဖြစ်လို့ပါလိမ့်?
👉ရေမချိုးဘူးဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ကပ်တွယ်နေနိုင်တာကြောင့် ဖျားနာခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

👉ထို့အတူပဲ ရေခဏခဏ ချိုးနေမယ်ဆိုရင် အသားအရေကို ခြောက်သွေ့အက်ကွဲစေပြီးတော့ ပိုးမွှားတွေကို ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်စေနိုင်ပါတယ်တဲ့။

👉ဒါကြောင့် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေကတော့ တစ်နေ့ကို အနည်းဆုံး ရေတစ်ခေါက်လောက်ပဲ ချိုးခြင်းက ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်စေနိုင်တယ်လို့ အကြံပေးထားပါတယ်ဗျာ ...

19/05/2023

"အမျိုးသားတွေရော သွေးဆုံးတတ်လား….⁉️
အမျိုးသားများအတွက် သွေးဆုံးတယ်ဆိုတာကတော့ ဒီလိုပါ…🤷🏻‍♂️

အမျိုးသမီးများနည်းတူ အသက်ကြီးလာတာနဲ့ အမျှ
ဟော်မုန်းပြောင်းလဲခြင်း ဖြစ်ပေါ်လာသလိုမျိုးနည်းတူ
ခန္ဓာကိုယ်အတွင်း ကျားဟော်မုန်းပြောင်းလဲခြင်းကြောင့်ပဲဖြစ်ပါတယ်။

🤷🏻‍♂️ ဘယ်အချိန်မှာစတင်ဖြစ်ပေါ်တတ်လဲ…..❓
အသက်၃၀ ကျော်လာချိန်မှာ အမျိုးသားများရဲ့ကျားဟော်မုန်းထုတ်လွှင့်တာတဖြည်းဖြည်းနဲ့ လျော့နည်းလာတာကိုစတင်ခံစားလာရပါပြီ….များသောအားဖြင့် အမျိုးသားအများစုက အသက်၅၀ကျော်မှစတင်ဖြစ်လာပါပြီ….

🤷🏻‍♂️ အမျိုးသားများသွေးဆုံးရင် ဘယ်လိုခံစားရတတ်လဲ❓
-ပင်ပန်းနွမ်းနွယ်ခြင်း
-စိတ်ဓါတ်တက်ကြွမှုမရှိခြင်း
-ချွေးထွက်လွန်ခြင်း
-လိင်စိတ်လျော့နည်းခြင်း
- ပန်းသေ ၊ ပန်းညှိုးဖြစ် ခြင်း
-မျိုးပွားနိုင်စွမ်းလျော့ကျခြင်းစတဲ့လက္ခဏာတွေကိုစတင်ခံစားလာရမှာဖြစ်ပါတယ်။

🤷🏻‍♂️ အမျိုးသားများအနေဖြင့် သွေးဆုံးခြင်းကိုကြိုတင် ကာကွယ်လိုပါက ဒီလိုအချက်လေးတွေကိုတော့ပုံမှန်လုပ်ဆောင်ပေးဖို့တော့လိုပါတယ်နော်..
✔️ အိပ်ချိန် မှန်စွာအိပ်စက်ခြင်း
✔️ ဆေးလိပ်ဖြတ်ခြင်း
✔️ အရက်ဖြတ်ခြင်း
✔️ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း…
စတဲ့အချက်လေးတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်
မဖြစ်ခင်ထက် ကြိုတင်ကာကွယ်ထားရာကျလို့ ပိုကောင်းပါတယ်နော်…..။"

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Address


No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon
11061