TT's Kitchen
Selling goods online. ဈေးနှုန်းမှန်ကန်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတသော စားသောက်ကုန်များအား အွန်လိုင်းမှ အိမ်အရောက် ရောင်းချပေးသွားပါမယ်ရှင်
19/08/2025
ရှေးကာလကပင် သောက်သုံးခဲ့သော လက်ဖက်ရည်ကြမ်းသည် ရေဓာတ်ဖြည့်တင်းမှုထက်ပိုသည်။ ၎င်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ကျန်းမာရေးနှင့်အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး အသက်ရှည်စေသည့် ဒြပ်ပေါင်းများ ပါဝင်သည်။ “လက်ဖက်ရည်ကြမ်းသည် ကယ်လိုရီကင်းစင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း အလွန်ကြွယ်ဝသည်” ဟု အာဟာရနှင့် အစားအသောက်ဆိုင်ရာတက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူ၊ အာဟာရပညာရှင် ဝှစ်တနီ လင်ဆန်မေယာက ပြောကြားခဲ့သည်။
အဆိုပါဂုဏ်သတ္တိများသည် လေဖြတ်နိုင်ခြေ၊ သွေးပေါင်ချိန်နှင့် ကိုလက်စထရောတို့ကို လျှော့ချပေးကာ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ဆယ်စုနှစ်တခုကျော်ကြာ လေ့လာမှုများအရ လက်ဖက်ရည်ကြမ်း ပုံမှန်သောက်သုံးသူများသည် မသောက်သူများထက် သေဆုံးနိုင်ခြေ ကိုးရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းကြား လျော့နည်းကြောင်း ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
14/08/2025
" အလွယ်တကူ #ဝက်ဆီဖတ်ကြော်နည်း "
***********************
ဝက်ဆီဖတ် ကြော်နည်းက
ဝက်သားဆိုင်က ပါးသားလို့ပြောဝယ်ပါ
ဆယ်ပိသာ လောက်ကြော်မ 2.50လောက်ကျန်ပါတယ်
ပါးသားကို အချိန် တစ်ဆယ်ကို
ရေနိုင်နိုင်ဆေး ပြီးရင်မထူမပါး အတုံးကြီး တုံးပါပြီးရင်ဆား5ကျပ်သား
ပဲငံပြာရည် အနောက် ဗူးအဖုံးနဲ့တစ်ဖုံး
အချိုမှုန် (့စားရင် ) 5ကျပ်သား
ထည့်ပြီး ကြော်မယ့်အိုးထဲ ထည့်နှယ်ပါ
မီးဖိုပေါ်တင်ပါ သူ့ဖာသာ ရေထွက်လာပြီး ဆီထွက်လာပါလိမ့်မယ်
ရေလုံးဝမထွက်ရင် ရေအနည်းငယ် မကပ်ရုံလေးပဲထည့်ပေးပါ ရံဖန်ရံခါ မွှေပေးပါ ကျွှပ်ပြီး ကိုယ့်စိတ်ကြိုက်အနေဆို ချပါ
အချဉ်ရည်
မကျဉ်းသီး ရေနွေးဖျောပြီး ငြုပ်ထောင်းထည့် ကြက်သွန်ဖြူထောင်းထည့် သကြားထည့် ကြက်သားမှုန့်ထည့် ဆားထည့်
စားရန် အသင့်ဖြစ်ပါပြီ
#အစားတလိုင်း
#ဟင်းချက်နည်း
16/07/2025
အိမ်သားတွေအကြိုက် #ကြက်သားငပိချက် စပ်စပ်လေး
ချက်နည်းလေးပါ 😋😋
ကြက်သားတွေကို ဆား နနွင်း နယ်ထားပါ
ငရုတ်သီးစိမ်းလှီးထားပါ
စချက်မယ်ဆိုကြက်သွန်နီကြက်သွန်ဖြူကိုထောင်းပြီးဆီသပ်ပါ
ဆီသပ်နွမ်းရင်
ငရုတ်သီးခွဲခြမ်းနဲ့စိမ်းစားငပိထည့်ကြော်ပါ
ကြော်နံ့မွှေးလာရင်
ငရုတ်သီးစိမ်းတွေထည့်ပါ
ပြီးရင်ကြက်သားတွေထည့်ချက်ပါ
ရေထည့်
ငန်ပြာရည် အရသာမှုန့်ထည့်ပြီးကြက်သားတွေနူးတဲ့ထိချက်ပါတယ်
ဆီပြန်အောင်မချက်ပါဘူး
ဆမ်းစားလို့ရအောင်အရည်ချန်ချက်ပါတယ်
ထမင်းမြိန်စေတဲ့
ကြက်သားငပိချက်ရပါပြီ
- ရတနာပုံခန့်ခန့်ကြီး #ဟင်းချက်နည်း #ဟင်းချက်နည်းများ
20/02/2025
#ရှယ်ငပိကြော်နည်း
ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့
ငပိကြော် ကြော်နည်းလေးပါ
ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ
ဒီလိုအကြော်မျိုးစားရတက်ပါတယ်
ကြော်နည်းလေးရေးပေးလိုက်ပါတယ်
ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော်
ပြီးဆီစစ်ထားပါ
မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး
နယ်ထားပါ
ကြော်မယ့်အိုးထဲမှာ
ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့်
ဆီများများနဲ့ကြော်ပါ
ကြက်သွန်တွေကြွပ်ခါနီးမှာ
ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ
ပြီးရင်
မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊
ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ
အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ
မကြာခဏမွှေကြော်ပေးပါ
ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ
ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး
နောက်ဆုံးမှ
ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ
အစပ်ကြိုက်ရင်
ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။
မူရင်းတင်သူအား လေးစားစွာ Crd ပေးပါတယ်
ရှင့်။
20/02/2025
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
South Okkalapa
Yangon