FREDA
Founded in 1996, FREDA is a non-political, non-profit and non-government organization in the forestry sector of Myanmar.
26/05/2026
၂၆.၅.၂၀၂၆
မင်းမူနေကြလေပြီ
Dr.စန်းဝင်း(FREDA)
၁၉၈၃ ခုနှစ်သစ်တောဘွဲ့ရပြီး ၁၉၈၄ မှ ၁၉၉၂ အထိ (၉)နှစ်ကြာ သာယာဝတီခရိုင်အတွင်းက လက်ပံတန်း၊ မင်းလှ၊ သာယာဝတီမြို့နယ်များအတွင်းရှိ သစ်တောကြိုးဝိုင်းတွေထဲမှာ တာဝန်ထမ်းခဲ့ ရပါတယ်။ ရွှေဝါမြိုင်မြေပြန့်ကြိုးဝိုင်း၊ မုက္ခာကြိုးဝိုင်း၊ ကဒင်ဘီးလင်းကြိုးဝိုင်း၊ သစ်တောရိုး မြေပြန့်ကြိုးဝိုင်း၊ ကုန်းဘီးလင်း၊ သုံးဆယ်ကြိုးဝိုင်းတွေထဲမှာပေါ့။
ဒီနေရာမှာစကားစပ်မိလို့ပြောရရင် အင်းစိန်ကြက်ဖြူကန်ကြိုးဝိုင်း၊ မှော်ဘီဝါးနက်ချောင်း ကြိုးဝိုင်း၊ သာယာဝတီမြို့ သစ်တောရိုးကြိုးဝိုင်း၊ မင်းလှမြို့ ရွှေဝါမြိုင်ကြိုးဝိုင်း၊ အုတ်ဖိုမြို့ ဆတ်ပုတ်ကြိုးဝိုင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်းမှာ ဘရန်းဒစ်ကံကြီးကြိုးဝိုင်း၊ နတ္တလင်းမှာ ဒမငယ် ကြိုးဝိုင်း ဆိုပြီး ပြည်မြို့ရောက်တဲ့အထိ မြေပြန့်ကြိုးဝိုင်းတွေစီတန်းလျှက်ရှိပါတယ်။ အဲဒီကြိုးဝိုင်း တွေကိုဖြတ်ပြီး၊ တချို့ကြိုးဝိုင်းဆိုအနီးအနားကနေဖြတ်ပြီး ရန်ကုန်-ပြည်ရထားလမ်းဖောက် သွားတာပါ၊ ဆိုလိုချင် တာက ၁၈၇၇ခုနှစ်မှာ ရန်ကုန်-ပြည်ရထားလမ်းစတင်ဖွင့်ခဲ့လို့ အဲဒီတုံးက ပြေးဆွဲခဲ့တဲ့ ရထားက ထင်းလောင်စာကို အသုံးပြုဘွိုင်လာအိုးကိုဆူစေကာ ရလာတဲ့ ရေနွေးငွေ့နဲ့ မောင်းနှင်ရတာပါ၊ ဒီရထားကို လော်ကယ် ရထားလို့ခေါ်ပါတယ်၊ ဒီ Local ရထားကို ထင်း supply လုပ်ဖို့ဖော်ပြပါ မြေညီကြိုးဝိုင်းများ ဖွဲ့ထားတာဖြစ်နိုင်ပြီး အဲဒီကြိုးဝိုင်းတွေကို Local supply လို့ခေါ်ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က Local supply ဆိုရင် ဒေသခံထောက်ပံ့ရေးဆိုပြီး အဓိပ္ပယ်ပေါက်နေကြပါတယ်။
သစ်တောမှာ Teak Eradication Working Circle (TEWC) ဆိုပြီးရှိပါတယ်။ ဒီTEWCပြုလုပ်ရခြင်းရည်ရွယ်ချက်က လယ်ကွက်တွေအကြားမှာပေါက်နေတဲ့ လယ်ကြားကျွန်းကို အပြောင်ခုတ်ချင်တဲ့သဘောပါ၊ အကြောင်းရင်းကလယ်ကွက်တွေအကြားမှပေါက်နေတဲ့ ကျွန်းပင်က အကိုင်းအခက်ထွက်တာများလို့ သူထံကရတဲ့ကျွန်းသီး(အများကတော့ ကျွန်းစေ့လို့ခေါ်တယ်)က ပေါက်လာခဲ့ရင် မိလိုက်ဖသားပီပီအကိုင်းများတဲ့၊ အရည်အသွေးမမီတဲ့ ကျွန်းပင်တွေပေါက်လာမှာ စိုးလို့ ဒီလယ်ကြားကျွန်းပင်တွေကိုခုတ်ခိုင်းရတာပါ၊ ဆိုလိုချင်တာကလယ်ကြားမှာတောင်ကျွန်းပင် တွေရှိနေတာ၊ ကျေးလက်ပြည်သူသုံးဖို့ထင်း/မျောတိုင်ဆိုတာအများကြီးရှိပါတယ် သူတို့အတွက်ကြိုး ဝိုင်းထဲ့က ဝါး၊ ထင်းအတွက် သတ်မှတ်တဲ့အခွန်ဆောင်စေပြီး ထုတ်ယူခွင့်လည်းပြုထားပါတယ်။ သူတို့အတွက် Local Supply ကြိုးဝိုင်းမဖွဲ့စည်းခဲ့လောက်ပါ။
ကဲ မင်းမူတဲ့အကြောင်းဆက်ပြောရအောင်။
၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလက မင်းလှမြို့၊ ရွှေဝါမြိုင်ကြိုးဝိုင်း(ရန်ကုန်-ပြည်လမ်းဘေး) အတွင်းက ရွှေဝါမြိုင်ပျိုးဉယျာဉ်မှာ စတင်တာဝန်ထမ်းဆောင်ရပါတယ်၊ ထိုစဉ်က ပဲခူးတိုင်း၊ သစ်တောဦးစီးမှူး (ထိုစဉ်ကညွှန်ကြားရေးမှူးဟုမခေါ်ပါသေးပါ)ဖြစ်သူ ဦးစိန်ဝင်းက ပျိုးပင်ပေါက်(၃) ပင်ကို စာရေးသူ အားပေးခဲ့ပြီး ပျိုးဉယျာဉ်တွင် ပျိုးထောင်စိုက်ပျိုးရန်မှာခဲ့ပါတယ်။
ယင်းပျိုးပင်များမှာ အကေရှား(Acacia-auriculiformis) အပင်ဖြစ်ပါတယ်။
Acacia genera တွင် မျိုးစိတ် ၁၀၈၀/၁၀၈၅ထိရှိပြီး Acacia အတော်များများ (90%) လောက်၏ မူရင်းဒေသမှာ Australia တိုက်ဖြစ်သည်ဟုသိရပြီး၊ အနဲငယ်သော မျိုးစိတ်များကသာ အရှေ့တောင်အာရှနဲ့ မာဒါစကာအချို့ ပစ္စပိတ်ကျွန်း(ဉပမာ-ဟာဝိုင်ယီ)တို့က မူရင်းဒေသများ ဖြစ်ကြပါတယ်။
Acacia-auriculiformis ၏ မူရင်းဒေသမှာ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှားအရှေ့ပိုင်းဒေသ ဖြစ်သည်ဟုသိရပါတယ်။
Acacia mangium မှာလည်း ဩစတေးလျအရှေ့မြောက်ပိုင်း၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား အရှေ့ဖျား ဖြစ်သည်ဟုသိရသည်။
ဆိုပါစို့တိုင်းဦးစီးမှူး(ထိုစဉ်ကသစ်တောမင်းကြီးဟုလည်းခေါ်)ဦးစိန်ဝင်းက A-auriculiformis (၃)ပင်ပေးခဲ့ပြီး အပင်ကအကြီးမြန်ပြီးထင်းအတွက်အလွန်ကောင်းသည် ဟုပြောခဲ့သည်၊ အကြီး မြန်တဲ့အပင်လို့လည်းပြောသွားပါသေးတယ်။ နောက်ပိုင်းတွင် ထင်းလောင်စာ အတွက် A-auriculiformis သာမက Acacia mangium ပါစိုက်ပျိုး လာသည်ကို တွေ့ရပါတယ်။
မင်းလှ၊ လက်ပံတန်းမြို့နယ်များတာဝန်ထမ်းဆောင်ပြီး သာယာ၀တီမြို့နယ်ရောက်တော့ သုံးဆယ်သစ်တောကြိုးဝိုင်းအပြင် မြေညီမှာရှိတဲ့ သစ်တောရိုးသစ်တောကြိုးဝိုင်းကိုပါ ထင်းစိုက်ခင်း အတွက် ကြီးကြပ်ခဲ့ရတယ်၊ သစ်မျိုးကတော့ Acacia mangium ပေါ့။
ဒီမှာ Acacia mangium ကို ရွာသားတချို့က “အဲဒီသစ်မျိုးက အပွင့်-ပွင့်ရင်-အသက်ရှုကြပ်လာလို့” မစိုက်ကြဖို့ ကန့်ကွက်လာကြပါတယ်။ မန်ဂျီယံအပွင့်က အဝါရောင်ရှိပြီး ဝတ်မှုံ လေး တွေအများအပြား လေထဲလွင့် ကုန်တော့ အသက်ရှုလမ်းကြောင်းထဲက တဆင့်အဆုပ်ကို ရောက်ပြီး အသက်ရှုကြပ်တယ်လို့ထင်ပါတယ် ဆိုပါစို့ ထင်းအတွက်ကောင်းပေမဲ့ ကျန်းမာရေး ရှုထောင့်ကနေ ကန့်ကွက်ခံရဘူး တဲ့သစ်မျိုးပါ။
ပင်စင်ယူပြီးနောက် ဖရီဒါအသင်းမှာဝင်ရောက်လုပ်ကိုင်ပါတယ်၊ မန်ဂျီယံတော့မစိုက်ရပေမဲ့ ဒီရေတော အပင်(၂)မျိုး(၃)မျိုးကို အလေးပေးစိုက်နေရပါတယ်။ (အမှန်ကတော့ မျိုးအစေ့ကလည်း အဲဒီ(၂)မျိုး၊ (၃)မျိုးသာရနေလို့ပါ)၊ ဖရီဒါအသင်းမှာ သူများကကူညီပေးခဲ့တဲ့ ဖားကူးလှေတစင်း ရှိပါတယ်၊ စပါးတင်း(၅၀၀)ဆန့် လောက်လှေကြီးပါ။
လှေကရေချိုရေငံစပ်ဧရိယာဖြစ်တဲ့ မော်လမြိုင်ကျွန်း (မော်ကျွန်းဟုအတိုကောက်ခေါ်) က ဝယ်လာပြီး ရေငံဒေသဖြစ်တဲ့ လပွတ္တာမှာထားတော့ ဒီပိုးကြောင့်လှေဝမ်းဘိုက်မှာ ဆွေးမြေ့ ပေါက်လာပါတယ်၊ ဒေါက်တင်ဖို့ လိုလာပြီပေါ့၊ ဒေါက်တင်တယ်ဆိုတာလှေပြင်တာကို ပြောတာပါ။ သစ်စျေးကို လပွတ္တာရှိလှေလွန်းတင်တဲ့နေရာမှာ မေးကြည့်တော့ ကျွန်းသစ်ကတစ်တန်(ကျပ်သိန်း ၁၅၀-၂၀၀)၊ ပျဉ်းကတိုး က တစ်တန်(၁၁၀)သိန်းနဲ့ အဲဒီမန်ဂျီယံသစ်က ၁ တန်ကို ကျပ် (၄၂)သိန်းတဲ့ ကျန်တဲ့ သကၤန်း၊ ပျဉ်းမကတစ်တန် သိန်း(၈၀)ဝန်းကျင်၊ ဒါပေမဲ့သကၤန်းသားကရှားသွားပြီး စျေးသာရှိ တော့တာ၊ သစ်မရှိတော့ဘူး။ သစ်ပွသားတွေဖြစ်တဲ့ မအူတို့၊ ဘိုင်တို့ ဆိုရင်(သိန်း၄၀)ဝန်းကျင်နဲ့ ပြီတော့ သစ်ပွသားဖြစ်လို့ ခနပဲခံမယ်တဲ့၊ လှေပြင်ခက“ပေ”နဲ့ယူတယ် ၁ ပေ၄၀၀၀ိ/-မှ၄၅၀၀ိ/-တဲ့၊ လှေအခြေအနေပေါ်မူတည်ပြီး ကျပ်သိန်း(၁၂၀) ကုန်ကျနိုင်ပါသတဲ့ “အင်ဂျင်ကိုင်ခမပါသေး” ကိုယ်စိတ်ထဲမှာ လွန်ခဲ့တဲ့အနှစ်(၄၀)ကျော်က အခြေအနေကို တဖြည်းဖြည်း မြင်ယောင် လာပြီး “ထင်းအတွက်သာသုံးတဲ့သစ်၊ ကျန်းမာရေး ထိခိုက်စေလို့ ကန့်ကွက်ခံရတဲ့သစ်ဖြစ်တဲ့ မန်ဂျန် သစ်ပင်တောင်မှ အရေးပါနေပြီး မင်းမူနေပါလားလို့” တွေးမိပါတော့တယ်။
🦉 "ငှက်ကလေးတွေရဲ့ ကမ္ဘာထဲသို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ခြင်း" 🌳
ဖရီဒါအသင်းသူ/အသင်းသားများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ချစ်မြတ်နိုးကြတဲ့ ဆရာ/ဆရာမများနှင့် ညီအစ်ကိုမောင်နှမများတို့ရေ
သဘာဝပတ်ဝန်းကျင် ဂေဟစနစ်မှာ အရေးပါလှတဲ့ ငှက်မျိုးစိတ်လေးတွေအကြောင်းကို စနစ်တကျ လေ့လာနိုင်ဖို့အတွက် ဖရီဒါအသင်း (FREDA) ကြီးက ပထမဦးဆုံးအကြိမ်အဖြစ် "ငှက်ကြည့်ခြင်း (Bird Watching) သင်တန်း" ကို မကြာမီ အချိန်အတွင်းမှာ ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်။ 📢
✨ ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
(၁) ငှက်များရဲ့အမည်ကိုသိလိုသူများနှင့် ငှက်မျိုးစိတ်လေးတွေရဲ့ အပြုအမူနဲ့ အလှတရားကို ခံစားချင်သူများ
(၂) သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို စိတ်ဝင်စားသူများ
(၃) စိတ်အပန်းပြေမယ့် ဝါသနာအသစ်တစ်ခုကို မွေးမြူချင်သူများ
(၄) စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည် 👉
📅 သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေ့ရက်နှင့် သင်တန်းကြေး အသေးစိတ်ကိုတော့ မကြာမီမှာ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ FREDA Page လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
အသေးစိတ်ကို စိတ်ဝင်စားလို့ ကြိုတင်စုံစမ်းချင်တယ်ဆိုရင်တော့ Comment မှာဖြစ်စေ၊ Message Box မှာဖြစ်စေ မေးမြန်းထားနိုင်ပါတယ်ရှင်။ 💚
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
Suite 707, 7th Floor, MWEA Tower, 288-290 Shwedagon Pagoda Road, Dagon Township
Yangon