AM Genius KIDS
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AM Genius KIDS, No. 23, Dagon Thiri Street, Kyaut Myaung(near Yuzana Plaza), Yangon.
02/03/2025
ကလေးများအတွက် အဝတ်အစားရွေးချယ်မှုက ဘယ်လောက်အရေးပါသလဲ 💁♀️
ကလေးများအတွက် အဝတ်အစားရွေးချယ်ခြင်းသည် မျက်မြင်အလှပြင်သာမက၊ ကလေးလေးတွေရဲ့ ကျန်းမာရေး၊ အဆင်ပြေမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်လည်း အလွန်ပဲ အရေးကြီးပါတယ်...😍
🌿 1. ကျန်းမာရေးနှင့်အဆင်ပြေမှု
ကလေးများ၏ အသားအရေက ပိုမိုနူးညံ့ပြီး ဆဲလ်များဖြစ်ပေါ်မှုလျင်မြန်တာကြောင့် Cotton ကဲ့သို့သော သဘာဝအထည်များကိုရွေးချယ်ခြင်းက အသားအရေကို ရောင်ရမ်းခြင်းမှကာကွယ်နိုင်သည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် အသက်ရှူနိုင်သော အထည်များသည် ချွေးထွက်ခြင်းကိုလျော့ချပေးပြီး လွတ်လပ်ပေါ့ပါးစွာကစားနိုင်စေရန်ကူညီပေးပါတယ်။
🕰 2. ရာသီဥတုကို အခြေခံပြီး ရွေးချယ်ခြင်း
ရာသီအလိုက်ကလေး၏ အဝတ်အစားရွေးချယ်ခြင်းကလည်း အရေးကြီးပါတယ်။ နွေရာသီတွင် အပူလျော့စေရန် ပါးလွှာပြီး အေးမြသောအဝတ်အစားများ၊ မိုးရာသီနှင့်ဆောင်းရာသီတွင် ခြင်အန္တရာယ်နှင့် အအေးဒဏ်ကိုကာကွယ်နိုင်သော အနွေးထည်များ၊ အင်္ကျီလက်ရှည် ဘောင်းဘီအရှည်များ၊ ဦးထုပ်များကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။
🌈 3. စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
အဝတ်အစားသည် ကလေးများ၏ စိတ်ခံစားမှုနှင့် ယုံကြည်မှုတိုးတက်မှုကိုပါ ထောက်ပံ့များစွာဖြစ်စေနိုင်ပါတယ်။ သူတို့နှစ်သက်သော အရောင်နှင့် ဒီဇိုင်းများကို ဝတ်ဆင်ခြင်းက ကလေးကို ပိုမိုပျော်ရွှင်မှုနှင့် ကိုယ်ရဲ့ပင်ကိုယ်ရုပ်ဆင်းကို ချစ်ခြင်း ယုံကြည်မှုရှိခြင်းတို့ကို ဖြစ်စေပါတယ်။
💰 4. တာရှည်အသုံးခံမှုနှင့် သက်သာမှု
ကလေးများက မျက်စိအောက်တွက် တနေ့တခြား ထွားလာတတ်ကြတာမို့ အရည်အသွေးမြင့်ပြီး သူတို့ကိုယ်ခန္ဓာအရွယ်အစားနှင့် ကိုက်ညီသော အထည်များကိုကြိုတင်စဉ်းစားပြီး ရွေးခြင်းကလည်း တာရှည်အသုံးခံပြီး တနှစ်တခါ မကြာခဏဝယ်ယူရခြင်းမှလည်းလျော့ချနိုင်သည်။ ငယ်ငယ်က အမေတွေပြောနေကြအတိုင်းပြောရရင် နင်က ထွားလာဦးမှာ နည်းနည်းကြီးတဲ့ဟာကို ယူဆိုတာမျိုးပေါ့...
💡 အနှစ်ချုပ်ရရင် ကလေးအတွက် အဝတ်အစားရွေးချယ်ခြင်းက ကျန်းမာရေးအတွက်အထောက်အကူဖြစ်သလို စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုလည်း ထောက်ပံ့ပေးသော အရေးပါသောပိုင်းကဏ္ဍတစ်ခုဖြစ်ပါတယ်။
ဒါ့ကြောင့် သင့်ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် သက်တောင့်သက်သာရှိစေရန် သင့်လျော်တဲ့ အဝတ်စားများကိုရွေးချယ်မှုတိုင်းက သူတို့ရဲ့ပျော်ရွှင်မှုနှင့်ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ 😊👕👗
မွေးကာစမှစပြီးဘေဘီလေးတို့အတွက် လိုအပ်တဲ့ ကလေးပစ္စည်းမျိုးစုံကို
AM Genius KIDs မှာ လက်ကားဝယ်ယူ ရရှိနိုင်ပါတယ်နော် 😍
စျေးနှုန်းမှန်ကန်ချိုသာပြီး Quality ကောင်းတဲ့ item တွေကိုသာ ရွေးချယ် ရောင်းပေးပါတယ်ရှင် 🛍️
နယ်မှ ပြန်လည်ရောင်းချလိုသူများ အော်ဒါမှာယူလိုပါက ကားဂိတ်အရောက်ပို့ပေးပါတယ်... ပစ္စည်းလေးတွေ ဒီနေ့ငွေလွဲ ဒီနေ့ဂိတ်တန်းချပေးနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးပါတယ် 🚚
🌸ဈေးနူန်းသင့်တင့် အရည်အသွေးမှာ နံပါတ်တစ် ကလေးပစ္စည်းဆို AM Genius Kids 🌸
ဆိုင်လိပ်စာ 🏠
No.23(မြေညီ+ပထပ်) ဒဂုံသီရိလမ်း၊ ကျောက်မြောင်း၊ တာမွေ
(ယုဇနပလာဇာအနီး)၊ ရန်ကုန်
မှာယူလိုပါက ဆက်သွယ်ရန် ☎️
Ph No. 018604827
Viber 09955310492, 09775310492, 095312547, 09792793388
02/03/2025
👨🌾တောင်သူလယ်သမားနေ့ 🌾
Myanmar Peasants' Day
၂၀၂၅၊ မတ်လ ၂ ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့အား AM Genius KIDs မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
ကျေးဇူးရှင်တောင်သူလယ်သမား ဦးကြီးများအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ဘေးရန်များကင်းကွာကြပါစေ၊ သီးနှံများအထွက်တိုး၍ စီးပွားဥစ္စာများတိုးပွားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏
#တောင်သူလယ်သမားနေ့
Click here to claim your Sponsored Listing.
Telephone
Website
Address
No. 23, Dagon Thiri Street, Kyaut Myaung(near Yuzana Plaza)
Yangon
11211
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |