Orio

Orio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Orio, Information Technology Company, Yangon.

04/01/2022

🇲🇲 (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါ၏။ 🇲🇲

31/12/2021

မျှော်လင့်ချက်အသစ်တွေနဲ့ ၂၀၂၂ ဖြစ်ပါစေဗျာ ...

04/11/2021

🪔🪔 Happy Diwali to you all! 🪔🪔

မဂ်လာရှိသော ဒီပါ၀လီနေ့မှာ ပျော်ရွှင်ဘေးကင်းကြပါစေ၊ စိတ်နှလုံး‌ အေးချမ်းကြပါစေ

Orio Agency
Orio Economics

20/10/2021

သီတင်းကျွတ်လပြည့်နေ့လေးမှာ ချစ်ခင်မြတ်နိုးတန်ဖိုးထားရသူများ၊ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း Orio Agency နှင့် Orio Economics အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Orio Agency and Orio Economics team would like to wish you a happy Thadingyut with your families and love ones.

19/09/2021

𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဘာကြောင့်အရေးကြီးသလဲ?

လုပ်ငန်းကြီးတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းအငယ်လေးတွေပဲဖြစ်ဖြစ် အွန်လိုင်းပေါ်ရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအကြောင်းကို Customers တွေဆီရောက်အောင်ပို့ဖို့ content တွေရေးသားကြပါတယ်။ ဒါပေမဲ့ တခါတရံ ပြန်စဉ်စားသင့်တဲ့အချက်က ကျွန်တော်တို့ရေးနေတာ ကြော်ငြာသက်သက်လား၊ Content တခုလား ဆိုတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းအတွက် အဖြေက ကျွန်တော်တို့ဖန်တီးလိုက်တဲ့စာတွေကို ဖတ်တဲ့ စာဖတ်သူတွေကိုယ်တိုင်ပါပဲ။ လူတွေကကြော်ငြာဆိုတာနဲ့ ကျော်သွားတတ်ကြတယ်။ အကယ်၍စာဖတ်သူတွေက မကျော်သွားပဲ စာထဲမှာ သူတို့အတွက် အသုံးဝင်တဲ့အချက်အလက်တွေရှိနေမယ်၊ ဒါမှမဟုတ် သူတို့ရဲ့အမြင်တွေ၊ အတွေးတွေကိုပြောင်းလဲသွားစေတယ်ဆိုရင် သင်ရေးထားတဲ့စာက content တခုလို့ယူဆလို့ရပါတယ်။

Content Marketing ဘယ်လောက်အရေးကြီးသလဲဆိုတာသိဖို့အတွက် အရင်ဆုံး Buying cycle အဆင့် (၄) ဆင့်ကိုသဘောပေါက်ဖို့လိုပါတယ်။ Buying Circle ဆိုတာ Customers တယောက်က ပစ္စည်းတခုဝယ်တဲ့အခါ ဖြတ်သန်းတဲ့အဆင့်တွေဖြစ်ပါတယ်

𝟏. 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬
ပစ္စည်းတခုကို Customer ကလိုအပ်နေပြီဖြစ်ကြောင်း စတင်သိရှိတဲ့အချိန်ပါ။ ဒါပေမဲ့ဒီအဆင့်မှာ သူတို့ဘယ်မှာဝယ်ရမှန်းမသိသေးပါဘူး။
𝟐. 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡
Customer ကတခုခုကိုလိုချင်ပြီဆိုတဲ့အခါ အဲဒီပစ္စည်းအကြောင်း သူတို့တတ်နိုင်တဲ့နည်းနဲ့ ရှာဖွေပါတော့တယ်။ ဥပမာ - ဖုန်းတလုံးလိုချင်လာတဲ့အခါ အင်တာနက်ပေါ်မှာရှာမယ်။ သူငယ်ချင်းတွေကိုမေးမယ်။
𝟑. 𝐂𝐨𝐧𝐬𝐢𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧
သူတို့ရှာတွေ့ထားတဲ့ ပစ္စည်း (သို့မဟုတ်) Brand တွေအားလုံးကိုနှိုင်းယှဉ်ပါတော့တယ်။ Quality ပိုကောင်းတာ ဈေးပိုသက်သာတာတွေကို စစ်ထုတ်ပါတော့တယ်။
𝟒. 𝐁𝐮𝐲
နောက်ဆုံးအဆင့် ဒီပစ္စည်း (Brand)ကိုပဲ ဝယ်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့အဆင့်ဖြစ်ပါတယ်။

ပုံမှန် 𝐭𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 တွေက ပထမအဆင့် (၂) ဆင့်မှာတင် အဆင်ပြေပါတယ်။ Content Marketing ကတော့ သူတို့တခါမှမသိသေးတဲ့၊ မစဉ်းစားဖူးသေးတဲ့အရာကို ဝယ်ချင်လာအောင်ဆွဲဆောင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ ဒီနေရာမှာ Content Marketing ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍက Customer ကိုသူသိဖို့လိုအပ်တဲ့ knowledge နဲ့ educate လုပ်ပေးခြင်းပဲဖြစ်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00