Inya Institute
Advancing the social sciences, the arts and humanities as they are related to Myanmar
11/05/2026
မင်္ဂလာပါ။ Inya Institute၏စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကို ထပ်မံမိတ်ဆက်ထားပါသည်။ စာအုပ်၏အမည်မှာ “Founding an Empire on India’s North-Eastern Frontiers 1790-1840: Climate, Commerce, Polity” ဖြစ်ပါသည်။
ဤစာအုပ်သည် အိန္ဒိယနှင့် ၎င်း၏တောင်တန်းဒေသများ၊ တရုတ်နှင့် မြန်မာစသည့် နိုင်ငံများအကြား ကြားခံနယ်မြေဖြစ်သည့် အပြင် အရေးကြီးသော နယ်မြေဖြစ်သော အိန္ဒိယ၏ အရှေ့မြောက်နယ်စပ်နှင့် ပတ်သက်၍ အလေးပေးရေးသားထားသည့် စာအုပ်ဖြစ်သည်။ စာရေးသူ Gunnel Cederlöf ၏ မှတ်ချက်အရ ၎င်းဒေသသည် အမေရိကန်၊ အာဖဂန်၊ ရှမ်း နှင့် ဉရောပကုန်သည်များသည် ဘင်္ဂါလီ၊ ခါစီ၊ ကချာရီနှင့် မဏိပူရီ လူမျိုးများ အပြင် အခြားလူမျိုးများနှင့် ရာစုနှစ်ပေါင်းများစွာ ကုန်သွယ်မှုပြုလုပ်ရာ နယ်မြေလည်းဖြစ်သည်။ ဤစာအုပ်တွင် စာရေးသူက ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစု အစောပိုင်းကာလများတွင် အရှေ့အိန္ဒိယကုမ္ပဏီ၏ လက်အောက်ခံဖြစ်ခဲ့ရသည့် ၎င်းဒေသအကြောင်းကို နှံ့နှံ့စပ်စပ် သုတေသနပြုလေ့လာထားသည်။ အရှေ့ အိန္ဒိယကုမ္ပဏီသည် အိန္ဒိယတွင် ၎င်း၏ နယ်ချဲ့မှု အစောပိုင်းအဆင့်များတွင် ၎င်းအနေဖြင့် ကုန်သွယ်စီးပွားရေး လုပ်ငန်းအဖြစ် တစ်ခါတစ်ရံ လုပ်ဆောင်ရပြီး အချို့ အချိန်များတွင် နိုင်ငံရေးအာဏာပိုင်များအနေဖြင့်ပါ ဆောင်ရွက်ခဲ့ရသည်။ ထို့ပြင် ဤစာအုပ်တွင် အိန္ဒိယ၏ အရှေ့မြောက်နယ်စပ်၏ ပတ်ဝန်းကျင်ဆိုင်ရာနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ခက်ခဲရှုပ်ထွေးမှုများကိုလည်း အလေးပေး တင်ပြထားသည်။ အိန္ဒိယ၏ အရှေ့မြောက်နယ်စပ်သည် မြစ်ကြောင်းများ မကြာခဏ ပြောင်းလဲခြင်း၊ မုတ်သုံရာသီတွင် စိုက်ပျိုးမြေများသည် ရေကန်များအဖြစ်သို့ ပြောင်းလဲခြင်းတို့ ရှိသည့်အပြင် ရာသီဉတုဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဒေသခံများအနေဖြင့် အလိုက်သင့် ပြောင်းလဲ နေထိုင်ရသည့် အသက်ရှင်နေထိုင်မှုနည်းလမ်းများကို လိုအပ်သည်။ ထို့ကြောင့် အုပ်ချုပ်နေသော Mughal အစိုးရနေရာတွင် အစားထိုးရန် ကြိုးပမ်းရာ၌ ကုမ္ပဏီအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် စီးပွားရေးနှင့် နိုင်ငံရေးနယ်နိမိတ်များသည် အမြဲတမ်းပြောင်းလဲနေပြီး ရာသီဉတုပြောင်းလဲမှု၊ ရေပေါ်ရေအောက် ပတ်ဝန်းကျင်များ ပြောင်းလဲမှု၊ ၁၇၈၉ နှင့် ၁၇၉၅ ကြားဖြစ်ပေါ်ခဲ့သော အယ်နီညို နှင့် ၁၇၇၀ တွင် ဘင်္ဂလား ဒုဗ္ဘိက္ခန္တရကပ် (ငတ်မွတ်ခေါင်းပါးခြင်းဘေး) အပါအဝင် သဘာဝဘေးအန္တရာယ်များ စသည်တို့ကြောင့် ပိုင်နက်နယ်မြေများ သတ်မှတ်ရာတွင် ကုမ္ပဏီအနေဖြင့် အခက်အခဲများစွာလည်း ရှိခဲ့သည်။ ဤစာအုပ်နှင့် ပတ်သက်၍ ဒေသ၏ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများသည် ဒေသရှိ ကုမ္ပဏီ အုပ်ချုပ်သူများ၏ အမြင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို မည်သို့ ပုံဖော်ခဲ့သည်နှင့် ပတ်သက်၍ ပိုမိုလေ့လာဖော်ထုတ်သင့်ကြောင်း ဝေဖန်မှုလည်းရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဤစာအုပ်တွင် စာရေးသူက အိန္ဒိယတွင် ကိုလိုနီလက်အောက်ခံ ပြည်နယ် စတင်ပေါ်ပေါက်လာမှုနှင့် ပတ်သက်၍ သမားရိုးကျ နားလည်မှုကို စိန်ခေါ်ရင်း ကုမ္ပဏီ၏စည်းမျဉ်းများဖြင့် အုပ်ချုပ်ခဲ့သည့် လူသိနည်းသော နှစ်များနှင့် ပတ်သက်၍ ရှားပါးသော အတွေးအမြင်များကို ဖော်ပြရန် နယ်မြေ၊ အစိုးရပုံစံနှင့် လုပ်ငန်းစဉ် သမိုင်းကြောင်းများကို ချိတ်ဆက်ဖော်ပြထားသည်။ ဤစာအုပ်ကို အခန်း (၇) ခန်းဖြင့် ဖွဲ့စည်းတင်ပြထားပြီး Oxford University Press မှ ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
11/05/2026
𝟐𝟎𝟐𝟕 𝐂𝐀𝐎𝐑𝐂 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 𝐍𝐨𝐰 𝐎𝐩𝐞𝐧 𝐟𝐨𝐫 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬
https://www.caorc.org/faculty-development-seminars
The Council of American Overseas Research Centers and its partner centers are pleased to announce a new slate of programs for 2027, now open for applications. Opportunities include fully funded seminars for faculty at US colleges and universities, including community college faculty and administrators, customized seminars for partner cohorts, open-enrollment programs for broader participation, and the Faculty Leadership for International Training and Exchange (FLITE) program. Continue reading for additional details about each program and application information.
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
50 B-1 Thirimingala Street (2)
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |